Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts
7

မိမိအီးမေးလ်ကနေတဆင့် ဘလော့တချို့ဖတ်ရှုချင်ရင်.....

ဘလော့တစ်ချို့မှာ ဘလော့တွေဆီသွားစရာမလိုပဲ အီးမေးလ်ကနေ တဆင့် ဖတ်ရှုလို့ရတဲ့ feedburner အကြောင်းလေးပါ။ သိပြီးသားသူတွေလည်း ရှိမှာပါ။ မသိသေးတဲ့ သူများအတွက် ရေးသားပေးလိုက်ပါတယ်။

ပထမဆုံး feedburner ပြုလုပ်နည်းကို မောင်စေတနာဘလော့က ဒီနေရာလေးမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

ပြီးရင် အီးမေးလ်ကနေတဆင့် မိမိဘလော့ကို ဘယ်နှစ်ယောက် ဖတ်ရှုနေလဲဆိုတဲ့ feedcount ပြုလုပ်နည်းအကြောင်းကိုလည်း ဒီနေရာလေးမှာ ဖော်ပြပေးထားတယ်။

ဒါတွေအားလုံး ကိုယ့်ဘလော့မှာ တင်ပြီးပြီဆိုရင် စာဖတ်တဲ့သူတွေက မိမိရဲ့အီးမေးလ်လိပ်စာထည့်ရုံပါပဲ။ ပြီးရင် ၀င်ပါ ဆိုတဲ့ နေရာကို ကလစ်နှိပ်ပါ။

အဲ့ဒီမှာ "Email Subscription Request... Thank you for your request " ဆိုတဲ့စာသားတွေနဲ့အတူ word verfication ကို သူပေးထားတဲ့အတိုင်းထည့်ပြီး Complete Subscription Request ကို နှိပ်လိုက်ရုံပါပဲ။

ပြီးတော့

Email Subscription Request....

Your request has been accepted! 

Please check your inbox for a verification message from “FeedBurner Email Subscriptions”, the service that delivers email subscriptions for WAING. You will need to click a link listed in this message to activate your subscription.

ဆိုပြီး ပေါ်လာပါလိမ့်မယ်။

အဲ့ဒီအဆင့်ထိ ရောက်သွားပြီဆိုရင် အီးမေးလ်ကနေတဆင့် ဖတ်လို့ရပြီလို့ထင်ရပါတယ်။ ဒီနေရာမှာ တဆင့် လိုပါသေးတယ်။ ရောက်သွားတဲ့ အီးမေးလ်ထဲမှာ အရင် ၀င်စစ်ကြည့်ပါ။

"Activate your Email Subscription to: WAING"

ဆိုပြီး ဒီလိုခေါင်းစဉ်လေးနဲ့ မေးလ်ထဲမှာ ၀င်လာပါ့မယ် အဲ့ဒါကို တချက်ဖွင့်ကြည့်လိုက်ရင် ...

Hello there,

You recently requested an email subscription to WAING. We can't wait to send the updates you want via email, so please click the following link to activate your subscription immediately:

http://feedburner.google.com/fb/a/mailconfirm?k=oh24YNrd64lDjHvyI0uvyqMoAK8

အဲ့ဒီမှာ သူအပေါ်မှာပေးထားတဲ့ http://feedburner.google.com/fb/a/................. ဆိုတဲ့လင့်ကို တချက်ကလစ်နှိပ်ဖို့လိုပါတယ်။ လင့်ကို နှိပ်ပြီးနောက် ......

Email Subscription Confirmed!

A message will be delivered to ...............@gmail.com if the publisher has produced new content on that day. No new content, no email for you.

နောက်ဆုံးပေါ်လာမယ့်စာသားတွေပါ။ အဲ့ဒါဆိုရင် မိမိကိုယ်တိုင် အီးမေးလ်ကနေတဆင့် ပို့စ်အသစ်ရေးတိုင်း စောင့်မျှော်ဖတ်ရှုလို့ရပါပြီ။ အထူးသဖြင့် နည်းပညာ IT ပိုင်းရေးတဲ့ ဘလော့ဂါတချို့၊ ဗဟုသုတတွေ အမြဲပေးတတ်တဲ့ ဘလော့တချို့တွေမှာ အခုလို feedburner တွေထည့်ပေးထားကြပါတယ်။ ကိုသံလုံငယ်၊ မောင်စေတနာ၊ ကိုရင်ပြည့်စုံ၊ ကိုဝင်းဇော်နိုင်၊ ကိုလဂွန်းအိမ် ၊ ဧရာဝတီ စာကြည့်တိုက် စတဲ့ ဘလော့ဂါ အချို့ဆီမှာ အီးမေးလ်ကနေ တဆင့် စောင့်မျှော်ဖတ်ရှုလျက်ပါ.... အပေါ်က ရေးထားတဲ့စာတွေကို အတိုချုပ်အနေနဲ့ ပြောရရင် မိမိအီးမေးလ်လိပ်စာထည့်ပြီးတာနဲ့ မေးလ်ထဲဝင်လာလို့ရမယ့် Activate link ကိုသာ ကလစ်နှိပ်ဖို့မမေ့ဖို့ပဲ လိုတာပါ။ မိမိကြိုက်နှစ်သက်ရာ ဘလော့ပို့စ်တွေကို အီးမေးလ်ကနေ စောင့်မျှော်ဖတ်ရှုရင်း ပညာဗဟုသုတများ တိုးတက်နိုင်ကြပါစေ။

အားလုံးကို ခင်မင်လေးစားလျက်

5

Blog မရေးခင် သိသင့်တဲ့ အချက်

ကိုယ့်ရဲ့ စိတ်ခံစားချက်ကလေးတွေကို အင်တာနက်ထဲက သူငယ်ချင်း အပေါင်းအသင်းတွေဆီကို မျှဝေဖို့ ကြိုးစား ကြည့်ချင် နေပြီလား။ Blog စပြီး ပို့ဖို့ ဆုံးဖြတ် ပြီးပြီလား ခဏလေး နေလိုက်ပါဦး။ ဟောဒီ မေးခွန်းလေးတွေကို အရင် ဖတ်ကြည့်ပြီးမှ ကိုယ်ပိုင် Blog ကလေး တစ်ခုကို အပြစ် အနာ အဆာ ကင်းကင်းနဲ့ တည်ဆောက် ကြရအောင်။ Blog ကိုအပျော်သဘောနဲ့ပဲရေးရေး အခကြေးငွေနဲ့ပဲ ရေးရေး ဘယ်လိုပဲရေးရေး ဒီအချက်လေးတွေ အရင်ဆုံးဖတ်ကြည့်ပါဦး။


၁။ browser မျိုးစုံနဲ့ စမ်းသပ်ပြီလား။


ကိုယ်ရေးသားထားတဲ့ Blog ဟာ browser မျိုးစုံ IE, opera, flock, firefox, sarafi, chrome, gecko စတဲ့ browser မျိုးစုံပေါ်မှာ တင်ပြီး ကွဲပြား ခြားနားတာတွေကို စစ်ကြောကြည့်မိရဲ့လား။ ဒါဟာ blogger သမား အတော်များများရဲ့ အဓိကနဲ့ အများဆုံးကျူးလွန်တတ်တဲ့ အမှားတစ်ခုပါပဲ။ များသောအားဖြင့် လူတစ်ယောက်ဟာ သူအားသန်တဲ့ browser ပေါ်မှာသာ စမ်းသပ်လေ့ရှိကြပါတယ်။ အဲဒီမှာ ပြောရရင် browser တစ်ခုချင်းရဲ့ image နဲ့ text အတွက် လက်ခံမှုချင်းဟာ မတူညီပါဘူး။ ဒါကြောင့် browsershots.org လိုမျိုး service တွေနဲ့ multiple browsers တွေပေါ်မှာ စမ်းသပ်သုံးစွဲပြီးမှ blog ကို လူသိစေတာ ဟာ ပိုပြီး ကောင်းပါတယ်။ နို့မို့ ဆိုရင် ဖြစ်လေ့ဖြစ်တတ်တဲ့အတိုင်း banner တွေရဲ့ width နဲ့ height တွေ အချိုးအစား မတူညီတာတွေကစလို့ အမှားတွေ တွေ့လာရပါတယ်။

၂။ Feed တွေ အလုပ်လုပ်ရဲ့လား။

ကိုယ့်ရဲ့blog.com/feeds အဲဒီကနေတစ်ဆင့် ကိုယ့် Blog ထဲမှာရှိတဲ့ သတင်းအသစ်တွေကို ဖြန့်ချိရမှာဖြစ်ပါတယ်။ Subscriber တွေကလဲ feed တွေအတွက် Email ချန်ထားခဲ့ပြီး mail box ကနေသာ access လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် Feed တွေ အလုပ်လုပ်ဖို့ သိပ်အရေးကြီးပါတယ်လို့ “www.feedburner.com” ကို သုံးစွဲမယ်ဆိုရင် ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ Feed ကို ကိုယ့် Email နဲ့ အရင်ဆုံး စမ်းသပ်ကြည့်ပါ။ သေချာပြီ၊ news တွေကို feed အနေနဲ့ လက်ခံရပြီဆိုရင် အဆင်ပြေပါပြီ။ နောက်ပြီး feed button ကို blog အောက်ခြေမှာ နေရာမချဖို့ အကြံပေးပါရစေ။ အကောင်းဆုံးနေရာက ညာဘက် Sidebar ခေါင်းစဉ်နဲ့ မနီးလွန်း၊ မဝေးလွန်း ရှိရမယ့်နေရာပေါ့။ တချို့တွေကတော့ banner အပေါ်မှာကို နေရာချလေ့ရှိပါတယ်။

၃။ Sitemap တိကျရဲ့လား။

Sitemap ကလဲ အရေးကြီးတဲ့ နေရာမှာကို ရှိပါတယ်။ Search engine တွေမှာရှိတဲ့ ရှာဖွေရေး ယန္တရားတွေဟာ အဲဒီ sitemap တွေကနေတစ်ဆင့် သူတို့ရဲ့ engine ထဲကို အချက်အလက် စုဆောင်းဖြည့်ဆည်းတာမျိုး ဖြစ်ပါတယ်။ SEO နဲ့ ranking အတွက် ဘယ်အရာက အရေးကြီးဆုံးလဲ ဆိုတာကို လေ့လာနိုင်သလို လိုအပ်တဲ့အကူအညီတွေလဲ ရနိုင်တဲ့နေရာတစ်ခုရှိပါတယ်။ http://www.google.com/webmasters ဖြစ်ပါတယ်။

၎။ ‘About’ နဲ့ ‘contact’ ရဲ့ အလုပ်လုပ်ပုံ သေချာရဲ့လား။

Blogger တိုင်းလိုလို about နဲ့ content ကို လျစ်လျူရှုမိတတ်ကြပါတယ်။ အများအားဖြင့် ‘default’ page အနေနဲ့ပဲ ထားလိုက်ပြီး အရေးမကြီးလို့ ယူဆထားကြပုံပါပဲ။ Dafault about page ဟာ အပြည့်အဝ မကူညီနိုင်ပါဘူး။ ဒါဟာ blogger အတွက် ရေးနိုင်ရင် ရေးနိုင်သလောက် ဝင်ငွေရရှိနိုင်မယ့် စာမျက်နှာနှစ်ခုဖြစ်ပါတယ်။ တကယ်လို့ about နဲ့ contact မှာသာ blogger ရဲ့ စာမျက်နှာတချို့ ရှိမနေဘူးဆိုရင် တခြား advertising ကြော်ငြာရှင်တွေဆီကနေ ဘယ်လိုမျိုး ဝင်ငွေ ရရှိနိုင်ပါတော့မလဲ။

၅။ Link တွေ အကုန်လုံးကို စစ်ဆေးပြီးပြီဆိုတာ သေချာသလား။

Blog ကို လွှတ်တင်ဖို့ဆိုတာဟာ လွယ်ကူပါတယ်။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ Blog ထဲမှာ ချိတ်ဆက်ထားတဲ့ link တွေ အလုပ်လုပ်ဖို့ဆိုတာကတော့ သိပ်ကိုအရေးကြီးပါတယ်။ about, content နဲ့ တခြားအရေးကြီးတဲ့ link တွေဟာ blog အတွင်းမှာ ချိတ်ဆက်ပြီး အလုပ်လုပ်တာ မှန်ကန်ရဲ့လား၊ မလိုလားအပ်တဲ့ နေရာတွေကို ရောက်နေသေးသလားဆိုတာ ပြန်စစ်ဖို့ အရေးကြီးပါတယ်။


၆။ Technorati လို social bookmarking တွေမှာ ကြော်ငြာနိုင်မှာလား။


blog တစ်ခုဟာ ဘယ်လိုနည်းပညာမျိုးနဲ့ အကောင်းဆုံးဖွဲ့စည်းထားတာဖြစ်ပါစေ လူမလာရင် အလကားပါပဲ။ လူလာဖို့ဆိုတာကလည်း ကိုယ့် blog ကို လူသိစေဖို့ လိုပါတယ်။ အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ social network နဲ့ bookmarking site တွေမှာ register လုပ်ပြီး ကြော်ငြာရပါမယ်။ Stumple upon, delicious နဲ့ Technorati တို့ဟာ သူတို့ ကိုယ်တိုင်တွေလဲ blog အလုပ်ကိုလုပ်သလို bookmarking အလုပ်တွေကိုပါ ကူညီလုပ်ဆောင်ပေးလေ့ရှိပါတယ်။ ဒါကြောင့် blogger တွေက သူ့ရဲ့ blog ဟာ ဘယ်လိုဖွဲ့စည်းထားပြီး ဘယ်လိုအကြောင်းအရာမျိုးတွေ ပုံမှန်ပါဝင်နေပါတယ်ဆိုတာကို သွားရောက်ပြီး ကြော်ငြာ မောင်းခတ်ရပါတယ်။


၇။ မာတိကာ ရှိရဲ့လား။
Content ဖွဲ့စည်းပုံကောင်း၊ မကောင်းဆိုတာ blog နဲ့တင် သက်ဆိုင်တာမဟုတ်ဘဲ တခြားပြင်ပ subject တွေနဲ့ပါ သက်ဆိုင်ပါတယ်။ လုပ်ငန်းတစ်ခုအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ‘management’ ရှိဖို့ လိုအပ်သလို Online ဂျာနယ်ဖြစ်တဲ့အတွက် ‘မာတိကာ’ မျိုးစုံပါဝင်ရပါမယ်။ ကိုယ်အဓိက ဦးတည်တဲ့ ပရိသတ်အပေါ်မူတည်ပြီး subject မျိုးစုံခွဲထုတ်ပေးနိုင်မှသာ ဖြစ်ပါမယ်။ ဥပမာအားဖြင့် နည်းပညာ (technology) ဘလော့ဂ် ဆိုပါတော့၊ ပါဝင်သင့်တဲ့ ခေါင်းစဉ်ငယ်တွေဟာ (google, apple, web2.0, tips, trids) စသဖြင့် ပါဝင်သင့်ပြီးတော့ gmail အတွက်ဆိုရင် google ခေါင်းစဉ်အောက်ကနေ ပြန်လည် ခွဲထုတ်ပေးရပါမယ်။
၈။ ဖော်ပြမယ့် အကြောင်းအရာတွေ အဆင်သင့်ရှိပြီလား။
ဖော်ပြမယ့် အကြောင်းအရာ အဆင်သင့် ရှိ၊ မရှိဆိုတာဟာ အနည်းနဲ့အများအပေါ်မှာ မူတည်နေသလို တစ်ခါတစ်ရံ ကုမ္ပဏီကြီးတွေ လုပ်တတ်တဲ့ ဟောက်လုံးတွေနဲ့လဲ သက်ဆိုင်တတ်ပါတယ်။ ဥပမာအားဖြင့် google ဆိုပါတော့၊ သူတို့ကနေ ကြော်ငြာလိုက်တယ်။ နောက်ထပ် download ရနိုင်ပါပြီဆိုပြီး ကြော်ငြာလိုက်တယ်။ အဲဒီမှာ စတင်ပြီးလှုပ်ရွ သွားတော့တယ်။ တကယ့်အမှန်က နောက်ထပ် ၁၀ နာရီမှသာ သူတို့ဘက်က အဆင်သင့်ဖြစ်မှာပါ။ ဒါက တစ်မျိုးပါ၊ ကိုယ့်ဆီမှာရှိတဲ့ အကြောင်းအရာတွေက နည်းနည်းပဲရှိသလား။ ဒါဆိုရင် ထပ်စုဆောင်းလိုက်ပါဦး။ ဘာပြီးရင် ဘာထည့်မယ်ဆိုတဲ့ ’schedule’ ကို blog တွေထဲမှာ စီစဉ်ထားလို့ရတဲ့အတွက် အလောတကြီးနဲ့ posting မလွှတ်တင်ပါနဲ့။ စိတ်အေးလက်အေးနဲ့ အမှားနည်းအောင်သာ ကြိုးစားပါ။
၉။ ကိုယ့်ရဲ့နာမည်ကို ဘယ်နှစ်ယောက် သိသလဲ။
တစ်ခါတလေမှာတော့ ဒီအချက်ဟာ အသုံးမဝင်ပါဘူး။ Techrun ရဲ့ blogger ဟာ သူငယ်ချင်းမရှိ၊ ဘာမရှိနဲ့ အပျင်းပြေရေးသားရင်းနဲ့ နာမည်ကျော်သွားရတာပါ။ ဒါပေမယ့် စည်းမျဉ်းအရတော့ ကိုယ်သုံးစွဲမယ့် Blog နဲ့ ခေါင်းစဉ် (ဒါမှမဟုတ်) နာမည်ဝှက်ကို သုံးစွဲပြီး forum တွေနဲ့ တခြား blog တွေမှာ လှုပ်ရှားပြီးနာမည်ကို လူသိများအောင် လုပ်ဆောင်စေဖို့ တိုက်တွန်းထားပါတယ်။ လူသိများခြင်းဟာ အလုပ်ပြီးမြောက်စေမှုတစ်ခုကို ဖြစ်လာနိုင်ပါတယ်။
၁၀။ blog ကို ဘယ်လို ကြော်ငြာ ဖြန့်ချိမလဲ။
ပြင်ပလောကမှာ promotion လုပ်ဆောင်တဲ့အတိုင်းတော့ စိတ်ရှိသလို စွမ်းဆောင်နိုင်မှာ မဟုတ်ပေမယ့် Online ပေါ်မှာ ကြော်ငြာဖို့ဆိုတာဟာ အလွန့်ကိုလွယ်ကူပြီး ငွေကုန်ကြေးကျလည်း သက်သာစေပါတယ်။ ဥပမာအားဖြင့် blog directory တွေပေါ်မှာ ရှိနေပါစေ။ widget တွေကိုလဲ ချိတ်ဆက်ထားပါ။ Strategic Link တွေနဲ့ တခြား comment တွေကနေ တစ်ဆင့် ကိုယ်ရည်ရွယ်တဲ့ အမည်နာမတစ်ခုကို လူသိများစေဖို့ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် နေရာမျိုးစုံ လျှောက်သွားပြီး အချို့ site တွေကို ဝင်ပါ။ Register လုပ်ပါ။ တစ်ဖက်ကလည်း blog ဟာ ဦးတည်ချက် ကောင်းကောင်းနဲ့ မရိုးအီစေတဲ့ အကြောင်းအရာကောင်းတွေကို ပုံမှန်တင်ဆက်သွားမယ်ဆိုရင် ကိုယ့်ရဲ့ blog ဟာ ပထမ ၆ လအတွင်းမှာ နေ့စဉ်ဖတ်သူ ၂၀ ကျော် ရရှိလာပါလိမ့်မယ်။ 
ဝိုင်းဖတ်ရတဲ့ ဘလော့ဂ်အကြောင်းသိကောင်းစရာလေးတွေပါ။ ဘလော့ဂါမောင်နှမတွေ အားလုံး ဘလော့ဂ်သုံးရတာ အဆင်ပြေချောမွေ့ အောင်မြင်နိုင်ပါစေကြောင်း..... 
အားလုံးကို ခင်မင်လေးစားလျက်

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်