Showing posts with label Birthday. Show all posts
Showing posts with label Birthday. Show all posts
12

မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းရခြင်းအကြောင်း


မွေးနေ့ပွဲများ ကျင်းပသောအခါ မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းသောဓလေ့မှာ မြန်မာတို့၏ ထုံးတမ်းစဉ်လာလည်းမဟုတ်ပါ။ သိပ္ပံအမြင် သိပ္ပံသဘောတရားတို့နှင့် သက်ဆိုင်ခြင်းလည်းမရှိပါ။

အင်္ဂလိပ်လူမျိုးတို့က မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းပေးခြင်းသည် မွေးနေ့ရှင်ကို ဂုဏ်ပြုရာရောက်သည်။ နောင်လာမည့် အသက်တစ်နှစ်တာအတွက် ဖယောင်းတိုင်အလင်းက ကံကောင်းခြင်းလက်ဆောင်များကို ယူဆောင်လာနိုင်လိမ့်မည်ဟု ယုံကြည်ကြ ပါသည်။

မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းသော ဓလေ့ကို ရှေးခေတ်ဂရိလူမျိုးတို့က စတင်ခဲ့သည်ဟု လေ့လာတွေ့ရှိရပါသည်။ ဂရိတို့ ကိုးကွယ်သော ဇုနတ်မင်းကြီးနှင့် ၄င်း၏ကြင်ယာတော် လီတို တို့တွင် အမြွှာညီအစ်မနှစ်ဦးရှိလေသည်။ တစ်ဦးမှာ အပိုလို နတ်သမီး (နတ်သား) ဖြစ်ပြီး ကျန်တစ်ဦးမှာ အာတီးမစ်နတ်သမီး ဖြစ်လေသည်။ အပိုလိုနတ်သမီး (နတ်သား) သည (နေ) ကိုစောင့်ရှောက်သော တာဝန်ကို ယူရပြီး အာတီးမစ် နတ်သမီးသည် အမဲလိုက်သူများနှင့် ကလေးသူငယ်များကို စောင့်ရှောက်သည်ဟု ယုံကြည်ကြပါသည်။ ထို့ကြောင့် အာတီးမစ် နတ်သမီး၏ရုပ်ပုံတွင် လေးနှင့်မြားကို ထည့်သွင်းရေးဆွဲလေ့ရှိပါသည်။

(အမှားပြင်ဆင်ထားပါတယ် အခုလို အမှားရှိတာကို ပြင်ပေးခဲ့တဲ့ ကိုဖိုးသင်္ကြန်ကို ကျေးဇူးတင်ပါတယ် အပိုလိုအကြောင်းအသေးစိတ်ကို ဒီမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်ရှင်)

အဆိုပါ အာတီးမစ်နတ်သမီးကို ကိုးကွယ်သူများသည် လစဉ် လဆန်း ၆ ရက်နေ့တိုင်းတွင် သူမအတွက် ပြုလုပ်ထားသော နတ်ကွန်း၌ ကိတ်မုန့်များကို သွားရောက်လှူကာ ပူဇော်လေ့ရှိကြပါသည်။ ကိတ်မုန့်များကို အ၀ိုင်းပုံပြုလုပ်ထားကြပြီး ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်သေးသေးလေးများကို ထွန်းညှိပူဇော်ခဲ့ကြပါသည်။

အဆိုပါအလေ့အထသည် အလယ်ခေတ်တိုင်အောင် ပျံ့နှံ့လာခဲ့ပြီး ထိုခေတ်က ဂျာမန်လယ်သမားကြီးများသည် မွေးနေ့ကိတ်များတွင် ဖယောင်းတိုင်ထွန်းညှိကြကြောင်း သိရှိရပါသည်။ သူတို့သည် မွေးနေ့ရှင် ကလေးငယ်မနိုးခင် မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင် ထွန်းညှိထားကြပါသည်။ ဖယောင်းတိုင်ကိုလည်း ကလေး၏ လက်ရှိအသက်ထက် တစ်နှစ်ပေါင်းပြီး ထွန်းပေးထားရပါသည်။ ဥပမာ ကလေးအသက် ၆ နှစ်ဖြစ်ပါက ဖယောင်းတိုင် ၇ တိုင် ထွန်းထားပေးရပါသည်။ ၄င်းဖယောင်းတိုင်များကို အခြားအစားအသောက်များ စားသုံးပြီးမှ နောက်ဆုံးကြမှ မီးမှုတ်ရပါသည်။

ဖယောင်းတိုင်မီးမှုတ်ရာတွင်လည်း တစ်ကြိမ်တည်းနှင့် ဖယောင်းတိုင်အားလုံးငြိမ်းအောင် မီးမှုတ်နိုင်မှသာ ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြပါသည်။ ထို့အပြင် မိမိလိုချင်သောဆုတောင်းကို အသံထွက်တောင်းလိုက်လျှင် ဆုတောင်းမပြည့်ဖြစ်တတ်သည်ဟုလည်း ယုံကြည်ခဲ့ကြပါသည်။ နောက်ပိုင်းတွင် ဂျာမန်တို့၏ အဆိုပါမွေးနေ့ကိတ်အလေ့အထသည် တဖြည်းဖြည်းပျံ့နှံ့လာပြီး မွေးနေ့များတွင် မွေးနေ့ကိတ်နှင့် ဖယောင်းတိုင်သည် ခေတ်စားလာခဲ့ပါသည်။

မူရင်း လေးက ဒီမှာပါ။

To celebrate your life...yes everyday should be a celebration, but the day you were born, the day you entered this life. A beautiful life that deserves to be celebrated with family and friends.


History of birthday celebration starts before the rise of Christianity. in some culture it is believed that on the birthday evil spirit visit .It is belief that by creating so much noise is such parties scarce away the spirits.

We blow candles every year when we celebrate our birthday. When we blow out our candles we are following actually a tradition or custom created by the ancient Greeks. In the Greek tradition on the sixth day of every month, the birthday of Goddess of the hunt is celebrated. The ancient Greek in her honour made a honey cake which is topped with burning candles. As they blow out each candle, the people make a wish from Goddess for a present. In the same way as we blow each candle on our birthday it means that we believed that all of our wishes will be granted.

In 1982 .patty smith and Mildred hill wrote a song with the title of "good morning to you" for the school students in Kentucky, USA. But now that tune is sung with the words of "happy birthday to you " now that song is sung throughout the world and it popular in the entire world.
You blow out candles on a birthday cake because, before you blow them out, you make a wish, and if you blow them all out in one try, your wish comes true.

................................*******................................
ပြီးတော့ 29.12.2009 မှာ ကျရောက်တဲ့ ကိုတောသားလေး ရဲ့ မွေးနေ့ အတွက်လည်း အမှတ်တရပါ။ ဘလော့ဂါတွေထဲကနေ အကိုအရင်း တစ်ယောက်လို ခင်မင်မိတာအမှန်ပါပဲ။ ပြီးတော့ fb မှာ ဂိမ်းတူတူ ဆော့ဖော်ဆော့ဖက်ပေါ့း)) ကော်ဖီဆိုင်မှာ စားပွဲလည်းထိုးရ ၊ စားသောက်ဆိုင်မှာလည်း စားဖိုမှူးလုပ်ရ၊ ဘောလုံးအသင်းမှာဆိုလည်း ၀င်ကန်ပေးရသေးတယ်လေ၊အခုဆို သူက level တွေလည်း တော်တော်တက်နေပါပြီ :D ဘလော့အတွက် ၊ နိုင်းဆိုဒ်တွေမှာလည်း လိုအပ်တဲ့ အကူအညီတွေ၊ သိတာတွေ ပြောရင်း၊ အကူအညီပေးရင်းနဲ့ ခင်မင်လာခဲ့ကြတာပါ ဒီနေ့လို ကျရောက်လာတဲ့ မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ တိုင်အောင် မိသားစုတွေ၊ နီးစပ်ရာသူငယ်ချင်းတွေ၊ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေ အားလုံးနဲ့ ပျော်ရွှင်စွာ ဘ၀ခရီးလမ်းကို အောင်အောင်မြင်မြင်နဲ့ အခက်အခဲတွေ ရင်ဆိုင် ကျော်ဖြတ်နိုင်ပြီး အမျိုး၊ ဘာသာ၊ သာသနာအတွက် တတ်နိုင်တဲ့ဘက်ကနေ ဓမ္မစာပေများ ဆက်လက်ဖြန့်ဝေ ရေးသားပေးနိုင်ပါစေ၊ ကိုတောသားလေးတစ်ယောက် ကျန်းမာ၊ ချမ်းသာပြီး မွေးနေ့တိုင်း မွေးနေ့တိုင်း ပျော်ရွှင်စွာနဲ့ ဖြတ်သန်းကာ သာ့သနာအကျိုး ဒီ့ထက်မက ဆက်လက် ထမ်းဆောင်နိုင်ပါစေလို့ အဝေးတစ်နေရာကနေ ဆုတောင်းပေးလိုက်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

15

မွေးနေ့ အမှတ်တရနှင့် ကျေးဇူးတင်လွှာ (3.11.09)

နံရံမှကပ်ထားတဲ့ နာရီမှ စက္ကန့်လက်တံ မိနစ်လက်တံတွေက တရွေ့ရွေ့လှုပ်ရှားနေသည်။ ကွန်ပျူတာ ဖန်သားပြင်ရဲ့ ညာဘက်ထောင့်မှ မိနစ်ကလည်း တဖြည်းဖြည်းပြောင်းလဲနေသည်။ မိနစ်လေးများကို လှမ်းလှမ်းကြည့်ရတာ အမော။ အမှတ်တရများကို ဘလော့ပို့စ်ရေးရင်း အွန်လိုင်းလည်း ဖွင့်ထားရင်း သူငယ်ချင်းတွေရဲ့ မွေးနေ့အကြို ဆုတောင်းများကို ကျေးဇူးတင်ကြောင်းပြန်လည်ပြောကြားရင်းနှင့်.....၁၂နာရီထိုးဖို့ အချိန်က နီးသထက်နီးရင်း..........

***** 7 *****

***** 6 *****

***** 5 *****

***** 4 *****

***** 3 *****

***** 2 *****

***** 1 *****

" Happy Birthday..........."


၂၀၀၉ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့


 ဒီနေ့ကတော့ ၀ိုင်း အတွက် အမှတ်တရနေ့တစ်ရက်ပါပဲ။ အလည်လာကြသော သူငယ်ချင်းများအားလုံး မွေးနေ့အထိမ်းအမှတ်အနေနဲ့ အားရပါးရ သုံးဆောင်သွားကြပါဦး။


 
 
 



မြန်မာအစားအစာ ကြိုက်နှစ်သက်သူများအတွက်ကတော့....



 



မွေးနေ့အကြို တုန်းက ကျွေးတဲ့ မုန့်ဟင်းခါး (မစားရသေးသူများအတွက်၊ စားပြီးသားသူများလည်း ထပ်သုံးဆောင်နိုင်ပါတယ်)



ကောက်ညှင်းပေါင်း


ထမင်းနဲ


ကရေကရာ


ခေါပြင်


အသားမှာ ၀က်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်တဲ့ 
လက်ဖက်သုပ်လေးလည်း သုံးဆောင်သွားကြပါဦး

ကျေးဇူးတင်လွှာ

မွေးနေ့မတိုင်မီ အိမ်မှာ အလှူလုပ်တုန်းက ရှိခဲ့ကြသော အစ်မကြီး၊ အစ်မလတ်နှင့် အခန်းဖော် မဂျူဂျူး၊ မွေးနေ့ပွဲကိုလာရောက်သွားခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းမှ သူငယ်ချင်း အိဖြူ၊ 阿雪 ၊ 吴世祥 ၊ အလုပ်ကိစ္စများကြောင့် မအားလပ်ဘဲ မလာနိုင်ကြသော သူငယ်ချင်းများအား လည်းကောင်း၊

နောက်ပြီး မွေးနေ့ပွဲအကြိုအတွက် ဘလော့ဂါမောင်နှမတွေ စုပြီး ဖိတ်ကျွေးခဲ့ပါတယ်။ မွေးနေ့ပွဲအတွက် အလုပ်တွေရှိရက်နဲ့ မအားလပ်တဲ့ ကြားထဲမှ မပင်မပန်း အားလပ်ချိန်တွေ ပေးပြီး မွေးနေ့ပွဲကို ကိုယ်တိုင်လာရောက်ဆုတောင်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေအားလုံး၊ ပိတ်ရက်မဟုတ်ပဲ ကြားရက် ဖြစ်နေလို့ မအားလပ်ဘဲ မလာနိုင်ကြသောသူများ၊ မေးလ်ပို့တဲ့အချိန် နောက်ကျသွားလို့ မေးလ်ရရှိချိန် နောက်ကျပြီးမှ သိကြတဲ့ ဘလော့ဂါသူငယ်ချင်းများအားလည်းကောင်း၊ မွေးနေ့အကြိုအမှတ်တရများ ဆိုတဲ့ ပို့စ်အောက်မှ ကွန်းမန့်ရေးပေးသွား၊ မွေးနေ့ဆုတောင်းပေးသွားကြသော HOK ၊ ကိုဝင်းဇော်နိုင်၊ ကိုလင်းကြယ်ဖြူ၊ ကိုတောသားလေး၊ ကိုရီနို၊ မငယ်နိုင်၊ မမိုးခါး၊ မခရေညို၊ ကိုရေတမာ၊ နွေးနေခြည်၊ ကိုတလနွန်၊ နှင်းဆီပန်းချစ်တဲ့ ကောင်မလေး၊ ကိုမြစ်ကျိုးအင်း၊ ကိုတောင်ပေါ်သား၊ ကိုသားကြီး၊ ဖြူစင်ကြယ် (Angle Shaper) ၊ မပန်းရင့်ရောင်၊ မကိ တို့အားလည်းကောင်း၊ စီဘောက်စ်မှ ဆုတောင်းပေးသွားကြသေးသော ဆောင်းနှင်းရွက် (သဲသဲ)၊ ကိုတောသားလေး၊ ကိုဏီလင်းညို၊ တလနွန်၊ ကိုမြစ်ကျိုးအင်း၊ ဖြူစင်ကြယ်နှင့် နောက်ထပ်ပြီး ကွန်းမန့်မှာရော၊ စီဘောက်စ်မှာ ဆုတောင်းပေးကြမည့်သူများကိုလည်း ကျေးဇူးတင်ရှိပါတယ်။

3.11.2009 မွေးနေ့ရောက်လို့ မနက်အစောကြီး msg ဖြင့် ပို့လာသော ၀ိုင်းရဲ့ အစ်မလတ်နှင့် အစ်မကြီး၊ HOK ၊ အဝေးကနေပြီး မနက်စောစော ဘုရားသွားပြီး ၀ိုင်းရဲ့ မွေးနံထောင့်မှာ ရေသပ္ပါယ်၊ ဆီမီးကပ်လှူ၊ ဘုရားရှိခိုးပေးတဲ့၊ မွေးနေ့ဆုတောင်းကို လေလှိုင်းကနေတဆင့် ဖုန်းဆက်ပြီး ပြောကြားသွားတဲ့ ၀ိုင်း သိပ်ချစ်ရတဲ့ ကျေးဇူးရှင် ပါပါးနဲ့မာမားတို့အားလည်းကောင်း၊ စာမေးပွဲရှိလို့ မလာနိုင် ဖုန်းမပြောနိုင်တဲ့ ၀ိုင်း အစ်ကိုရင်း အားလည်းကောင်း၊ အခင်ဆုံးသူငယ်ချင်း မမြသက်ခိုင်၊ အဝေးတစ်နေရာမှ သတိတရ ဖုန်းဆက်လာတဲ့ Li ming အားလည်းကောင်း၊

အွန်လိုင်းကနေတဆင့် ၁၂နာရီထိုးပြီးတာနဲ့ အချိန်မီ ဆုတောင်းပေးခဲ့ကြသော ကိုဝင်းဇော်နိုင်၊ politeness kid ၊ ဒေါက်တာဝင်းကိုကိုသိန်း(ကိုသူရ) တို့အားလည်းကောင်း၊

ဂျီတော့ခ်မှတဆင့် မေးလ်မှတဆင့် မွေးနေ့ ဆုတောင်းပေးကြသော ညီမ တ၀မ်းကွဲအေးမြတ်သူ ၊  郑课长 ၊ 冯祖香၊ တက္ကသိုလ်တူတူတက်ခဲ့ကြသော သူငယ်ချင်း ချစ်ပွင့်၊ ချယ်ရီ၊ မထက်ထက်ထွေး၊  ပိုင်ပိုင်၊ ဘလော့ဂါသူငယ်ချင်းများဖြစ်ကြသော ကိုဖိုးသင်္ကြန်၊ ကိုတောသားလေး၊ ကို rafanquee ၊ ကိုရေတမာ၊ ကိုဝင်းဇော်နိုင်၊ ကိုသားသား၊ မောင်လေးထွန်းလင်းဆန်း၊ မွေးနေ့သီချင်း ၂ပုဒ်ပို့ခဲ့ပေးသော မောင်လေးတလနွန်၊ ကိုယုယ၊ ကိုသီဟသစ်၊ မမေလေး၊ ကိုစိုင်းစိုင်း (ဦးရှင်ကြီး)၊ ကိုတောင်ပေါ်သား၊ ဆောင်းနှင်းရွက် (သဲသဲ)၊ ကို July Dream၊ မကောင်းကင်ပြာ၊ ကိုမင်းအိမ်ဖြူ၊ ကိုရီနိုမာန်၊ ကို TNT၊ မေသူ၊ မိုးခါး၊ မေလေး(ဆုံနိုင်ခွင့်)၊ မပန်းရင့်ရောင်၊ ကိုသက်တန့်ချို၊ မနှင်းဟေမာ၊ မက်မက်၊ မမြရေလျင်၊ ဖြူစင်ကြယ် (Angel Shaper) တို့အားလည်းကောင်း၊

facebook မှာ ဆုတောင်းပေးကြသော ကျောင်းတုန်းက သူငယ်ချင်း အိခင်၊ မွေးနေ့ကဒ် အမှတ်တရပေးသော အစ်မကြီးတို့အားလည်းကောင်း၊ သူငယ်ချင်းများဖြစ်ကြသော ခင်ဇာဖြူခိုင်၊ အစ်မ၀မ်းကွဲခင်ငြိမ်းမြင့်၊ Steven Ke၊ ဇော်ဇော်အောင်၊ Elvin Chaung၊ ကိုထင်သော်ကောင်း၊ ကိုဇော်မျိုးအောင်၊ ကိုထက်အောင်၊ ကိုအောင်ပြည့်ကောင်း တို့အားလည်းကောင်း၊ ဘလော့ဂါသူငယ်ချင်းများဖြစ်သော Star Kingofstar ၊ မောင်လေးသံလွင်၊ မကောင်းကင်ပြာ၊ ကိုရေတမာ၊ ကိုဝင်းဇော်နိုင်တို့အားလည်းကောင်း ၊

ရုံးမှ လောင်ပန်နဲ့တကွ တခြားသော လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလည်းကောင်း၊

ဒါကတော့ မေးလ်ဖြင့် လက်ခံရရှိခဲ့သော မွေးနေ့လက်ဆောင် အမှတ်တရ ပုံတွေပါ........


facebook မှတဆင့် အစ်မကြီးပေးတဲ့ လက်ဆောင်


ကို ranfanquee ရဲ့ အမှတ်တရ မွေးနေ့လက်ဆောင်



ဒါကတော့ မက်မက်ပေးတဲ့ မွေးနေ့လက်ဆောင်
[ ဆုတောင်းစကား - မွေးနေ့မှ စပြီး ထာဝရ ပျော်ရွှင်ပါစေ...
မွေးနေ့လက်ဆောင်က အာဝါးးး အမြှောက်တစ်သိန်းနော်... :D ]



ကိုသက်တန့်ချိုရဲ့ မွေးနေ့လက်ဆောင်


[ ဆုတောင်းစကား - ၀ိုင်းရေ....မွေးနေ့မှာပျော်ရွှင်ပါစေနော်......နှစ်ပေါင်း ၁၂၀ ထိတိုင်အောင် ချစ်သော သူငယ်ချင်းတွေနဲ့ အသက်ထက်ဆုံးနေထိုင်နိုင်ပါစေ..........]

ecard နဲ့လည်း ပို့လာသေးတဲ့ ကိုသက်တန့်ချိုရဲ့ လက်ဆောင်ပါ

 
 


မပန်းရင့်ရောင်ရဲ့ မွေးနေ့လက်ဆောင်တချို့ပါ

ဝိုင်းအတွက် မွေးနေ့ အမှတ်တရ ကဗျာလေးပါ

ခင်တယ်ဆိုတာ
အချိန်ကာလနဲ့ မဆိုင်ပါဘူး
လူနှစ်ဦး တစ်နေရာရာမှာ
တွေ့ဆုံကြပြီး
ခင်မင်သွားကြနိုင်ပါတယ်...
ခဏလေးပဲတွေ့လို့
သိပ်မခင်ဘူးဆိုတာ
ငယ်ငယ်တည်းကခင်လို့
အရမ်းခင်တာတွေဆိုတာ
ခင်မင်မှုအတိုင်းအတာကို
ပိုင်းဖြတ်နိုင်တဲ့
စည်းမဟုတ်ပါဘူး....
နားလည်မှုတွေ
ပျော်ရွှင်မှု
မျှဝေခံစားပေးမှုတွေနဲ့
တည်ဆောက်ထားတဲ့
ခင်မင်မှု အတိုက်အမြုံလေးပါပဲ.....

ဝိုင်း မွေးနေ့မှာပျော်ရွှင်ပါစေ။လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ပါစေ လို ဆုတောင်းပေးလျှက်.....
ခင်မင်မှု များစွာနဲ့ ပန်းရင့်ရောင်

Ning ဆိုဒ်မှ အမှတ်တရ မွေးနေ့ကဒ်လက်ဆောင် အမြောက်အမြားပေးကြသော ကိုတောသားလေး၊ ငွေဦး၊ ကိုပြေ၊ VKO ၊ ကိုဟိန်းထက်ဇော်၊ ကို kyoe ၊ ကိုနတ်လူမုန်း၊ မဆောင်းတို့အားလည်းကောင်း အထူးပင် ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်ရန် ကျန်ရှိခဲ့သော နာမည်များရှိခဲ့ရင် ခွင့်လွှတ်သည်းခံပေးကြပါရန် တောင်းပန်ပါတယ်။

ဝိုင်းအတွက်တော့ ဒီနေ့ဟာ  အမြဲတမ်း အမှတ်တရရှိနေမယ့်နေ့လေးတစ်ရက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ ၀ိုင်းဝန်းပြီး မွေးနေ့ဆုတောင်းပေးကြတာဟာ ၀ိုင်းအတွက်တော့ အတိုင်းမသိ ကြည်နူးဝမ်းသာ ပီတိ မျက်ရည်ဝဲမိပါတယ်။ အထူးသဖြင့် ဘလော့ကို ၂၀၀၉ခုနှစ် မေလ ၁၄ရက်ကနေ စတင် တည်ထောင်ခဲ့ပြီး ဗဟုသုတရဖွယ်များပို့စ်များ စတင်ရေးသားခဲ့ပါတယ်။ ၀ိုင်းရဲ့ ဘလော့ကို လာလည်ကြသူများ၊ အီးမေးလ်မှ တဆင့် ဖတ်ရှုနေကြသူများ၊ ကွန်းမန့်များ၊ စီဘောက်စ်များတွင် အမှတ်တရများ ရေးပေးသွားကြသော ဘလော့ဂါ မောင်နှမတွေ အားလုံးနဲ့ နိုင်ငံအသီးသီးမှ တခြားသော ဘလော့ဂါမောင်နှမများအားလုံး အားလုံးကို ဆက်လက်ပြီး စာပေဗဟုသုတ အသိပညာတွေ ပေးနိုင်ပြီး စာကောင်းပေမွန်တွေ ဖတ်ရှုလေ့လာ မှတ်သားခြင်းဖြင့် ပညာအလင်း ထွန်းလင်းတောက်ပကာ ဘ၀ခရီးလမ်း ဖြောင့်ဖြူးသာယာ ချောမွေ့နိုင်ကြပါစေကြောင်း အကြိမ်ကြိမ် ထပ်တလဲလဲ ဆုတောင်းပေးနေမိမှာပါ။ မွေးနေ့ဆုတောင်းများ နောက်ကျပြီးမှ ဆုတောင်းပေးကြသော်လည်း ၀ိုင်းရဲ့ ရင်ထဲမှာတော့ သူငယ်ချင်း တစ်ယောက်စီ တစ်ယောက်စီတိုင်းဟာ အမြဲတမ်း နံပါတ်(၁) နေရာမှာ ရှိနေမှာပါနော်။

ဒီပို့စ်လေးကို ရုံးကနေ မအားလပ်တဲ့ ကြားထဲက ရေးထားပါတယ် မနက်ကတည်းက ညနေ ရုံးဆင်းချိန်အထိ အားလပ်တဲ့အချိန်ကို လုပြီး ရေးသားလိုက်ရတဲ့အတွက် အမှားအယွင်းများ တစုံတရာ ပါရှိခဲ့ပါက ခွင့်လွှတ်သည်းခံပေးကြပါရန် ထပ်လောင်းပြောကြားချင်ပါသေးတယ်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ....

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

19

မွေးနေ့ အကြို အမှတ်တရများ



 နှစ်စဉ် မွေးနေ့ရောက်တော့မယ်ဆိုရင် မွေးနေ့အတွက် ဘာတွေ လုပ်ရင်ကောင်းမလဲလို့ အမြဲတမ်းစဉ်းစားနေကြပါ။ ဒီနှစ်တော့ စင်ကာပူမှာရောက်နေတဲ့အတွက် စင်ကာပူရောက် သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲလုပ်ခဲ့ပါတယ်။


31.10.2009 စနေနေ့မှာ Toa Payoh ဘုန်းကြီးကျောင်းမှာ မွေးနေ့အတွက် ရည်စူးပြီး သင်္ကန်းကပ်လှူခဲ့ပါတယ်။


 1.11.2009 တနင်္ဂနွေနေ့မှာ အိမ်မှာ အစ်မတွေ၊ တက္ကသိုလ်ကျောင်းတုန်းက သူငယ်ချင်းတွေ၊ မြန်မာပြည်မှာတုန်း အလုပ်တူ လုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲ အမှတ်တရ ဆိုပြီး မုန့်ဟင်းခါး ချက်စားကြပါတယ်။ ကျောက်ကျောကိုတော့ အစ်မကြီးရဲ့ ရုံးက သူငယ်ချင်းတစ်ယောက်က လာကြိုပေးပါတယ်။ သာကူလည်း ပါသေး (အစ်မကြီးလက်ရာပါ စားလို့ကောင်းမှကောင်း)။ ၀ိုင်းနဲ့ အစ်မလတ်ကတော့ မုန့်ဟင်းခါးကူဝိုင်းချက်ပေးတာပေါ့။


 
အုန်းနို့ကျောက်ကျော

 
ကန်စွန်းဥ သာကူ

မြန်မာပြည်မှာနေတဲ့ အရင်နှစ်တွေတုန်းကဆိုရင် ၀ိုင်းမွေးနေ့ရောက်တိုင်း မာမားက အိမ်မှာ တစ်ခုခု ချက်ကျွေးတတ်ပါတယ်။ ကော်ရည်ခေါက်ဆွဲတို့၊ နို့ခေါက်ဆွဲတို့၊ တခါတလေ ဒံပေါက် စသဖြင့်  မွေးနေ့ရှင်စိတ်ကြိုက် ချက်ကျွေးနေကျလေ။ မိသားစုနဲ့လည်း စုံစုံလင်လင်ပေါ့။ ဒီနှစ်ကတော့ အိမ်မှာ ညီအစ်မတွေ စုပြီး ကိုယ်တိုင် ချက်ပြုတ်ခဲ့ရတယ်။ မာမားလက်ရာကိုတော့ မမီသေးပါဘူး။ အစ်မတွေကတော့ တတ်နိုင်သလောက် လက်စွမ်းပြထားပါတယ်း))) ပိတ်ရက်မှာ မနားနိုင်ဘဲ ပင်ပင်ပန်းပန်း ၀ိုင်းအတွက် ကူညီချက်ပြုတ်ပေးခဲ့လို့ အစ်မတွေကို အရမ်းကျေးဇူးတင်ပါတယ်။


သူငယ်ချင်းတွေရဲ့ မွေးနေ့လက်ဆောင်ပါ

အဲ့ဒီနေ့က မာမားတို့ဆီဖုန်းဆက်လိုက်ပါတယ် ၀ိုင်းတို့ လမ်းထဲမှာ တန်ဆောင်မုန်းလပြည့်နေ့အတွက် နိဗ္ဗာန်ဈေးပျော်ပွဲရွှင်ပွဲလုပ်ပါတယ်။ အရင်နှစ် နိဗ္ဗာန်ဈေးတုန်းကဆို ၀ိုင်းတို့ မိသားစုတွေ ပျော်ပျော်ပါးပါးနဲ့ နိဗ္ဗာန်ဈေး မဲလိပ် လိပ်ပြီး လမ်းထဲက အသိမိတ်ဆွေများနဲ့ အတူတူ အလှူပြုလုပ်ခဲ့ပါတယ်။ မဲလိပ်တွေထဲမှာတော့ အထူးဆုမဲများနှင့်တကွ တခြားမဲပေါင်း ၂၀၀ ကျော် မဲပေးခဲ့ပါတယ်။ တချို့သူတွေက စားစရာ သောက်စရာများနဲ့ အလှူလုပ်ကြတာမျိုးလည်း ရှိတယ်။ ဒါပေမယ့် ပါပါးက အဲ့ဒီလိုမျိုး အလှူလုပ်ရတာ ပိုပြီး ၀မ်းသာဖို့ကောင်းတယ်တဲ့လေ။ ဒါနဲ့ ၀ိုင်းတို့မိသားစုတွေလည်း အလှူမဲအတွက် ကူညီပြီးလုပ်ပေးတာပေါ့။ ဆွေမျိုးတွေလည်း လာရောက် အားပေးကြတယ်။ ဒီနှစ်လည်း ၀ိုင်းတို့ ညီအစ်မတွေ မရှိပေမယ့် အရင်နှစ်တွေက အတိုင်းပဲ ဆက်လုပ်ဖြစ်ပါတယ်။ ဆွေမျိုးတွေလည်း စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနဲ့ မဲတွေ ဖောက်ပေးခဲ့ကြတယ်လို့ မာမားက ၀မ်းသာအားရ ဖုန်းထဲမှာပြောပြတယ်လေ။ တစ်ချိန်တည်းမှာ အိမ်ကို ပြန်ချင်တဲ့စိတ်တွေများ ၀င်လာလိုက်တာ ဖြစ်နိုင်ရင် ချက်ချင်းကို ပြန်လိုက်ပြီး ပါပါး၊ မာမား၊ ဆွေမျိုးတွေနဲ့ တူတူ ပျော်လိုက်ချင်သေးတယ်။ ဒါပေမယ့် ဖြစ်ချင်တဲ့စိတ်ကို မျိုသိပ်ထားရင်းပေါ့ တနေ့နေ့တော့ မိသားစုတွေ ပြန်ဆုံချင်ပါတယ်။

2.11.2009 တနလာင်္နေ့မှာ ဘလော့ဂါ မောင်နှမတွေ ဖိတ်ချင်တာနဲ့ မေးလ်နဲ့ သတင်းပို့ကာ မွေးနေ့ ဖိတ်ကြားလွှာပို့ခဲ့ပါတယ်။ မွေးနေ့အကြိုပွဲကို လာခဲ့သူများကတော့ မိုးခါး၊ ဖိုးသင်္ကြန်၊ ကိုသားသား၊ မောင်လေး တလနွန်၊ ကိုစည်သူ၊ ကိုဝင်းဇော်နိုင်နဲ့ နောက်ဆုံးမှ ရောက်လာသူကတော့ ကိုရေတမာတို့ဖြစ်ကြပါတယ်။ ဘလော့ဂါမောင်နှမတွေရဲ့ ခင်မင်ရင်းနှီးစွာ ပြောဆိုခဲ့ ၊ ဟာသတွေပြောပြီး ရယ်မောခဲ့တာတွေကတော့ ပျော်စရာတကယ်ကောင်းတယ်။ ၀ိုင်းမွေးနေ့အတွက် ဒီနှစ်မွေးနေ့ကတော့ ၀ိုင်းရဲ့ ညီအစ်မတွေ၊ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေ၊ အလုပ်တူလုပ်ခဲ့ကြသော သူငယ်ချင်းတွေ၊ ပြီးတော့ စင်ကာပူမှ ဘလော့ဂါသူငယ်ချင်းတွေနဲ့ မွေးနေ့ကို ကျော်ဖြတ်ရတာ ၀ိုင်းရင်ထဲမှာ တကယ့်ကို မမေ့နိုင်စရာ နေ့တွေပါပဲ။ ကိုဝင်းဇော်နိုင်ကလည်း ၀ိုင်းမွေးနေ့အတွက် အမှတ်တရ ဘလော့ပို့စ် ဒီနေရာမှာ တင်ပေးထားပါတယ်။မွေးနေ့မတိုင်ခင်ကတည်းက အကြိုမွေးနေ့ ဆုတောင်းပေးကြသော ခင်မင်ရင်းနှီးရသောသူငယ်ချင်းများ၊ မြန်အောင်သူငယ်ချင်းများ နိုင်ဆိုဒ်မှ ကိုတောသားလေး၊ မွေးနေ့ပွဲကို မလာနိုင်ကြပေမယ့် မေးလ်ကနေတဆင့် မွေးနေ့ဆုတောင်းပေးကြသော ဘလော့ဂါမောင်နှမများအားလုံးကို ၀ိုင်းက ဒီပို့စ်မှတဆင့် အားလုံး အားလုံး အားလုံးကို အထူးတလည် ကျေးဇူးတင် မိကြောင်း အကြိမ်ကြိမ် အခါခါ ပြောနေမိပါတော့တယ်ရှင်.... အားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်စွာနဲ့ ဘ၀ခရီးလမ်းကို အောင်မြင်စွာ ဖြတ်သန်းနိုင်ကြပါစေ။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း


 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်