1. Create a new folder on desktop .
2. Name it " Boss "
3. Right Click then select Delete
4. Your PC will ask you, "Are you sure you want to remove Boss to the Recycle Bin?"
5. Answer calmly, "Yes" and press the mouse button firmly....
6. Feel better ????
P.S. increasing working hour suddenly :(
Showing posts with label ခံစားချက်. Show all posts

9
How to start ur day with a positive attitude ?
9
ဘ၀မှာ ပျော်ရွှင်စွာနေနိုင်ဖို့ အချက်(၅)ချက်ပဲ လိုတယ်နော်
(1) Free your heart from hatred (သင့်ရင်ထဲက အမုန်းတရားတွေကို လွှတ်ချထားလိုက်ပါ)
(2) Free your mind from worries (သင့်စိတ်ထဲက စိုးရိမ်ပူပန်မှုတွေကို လွှတ်ချထားလိုက်ပါ)
(3) Live simply (ရိုးရှင်းစွာ နေထိုင်ပါ)
(4) Give more (များများပေးဆပ်ပါ)
(5) Demand less, expect miracles in life (ရယူမှုနည်းပါးစွာနဲ့ ဘ၀ကို မျှော်လင့်ပါ)
အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း
ဝိုင်း
8
အချစ်ဆိုတာက သရေပင် တစ်ကွင်းနဲ့ တူတယ် အချစ်ဆိုတာကို သရေပင်နဲ့ ခိုင်းနှိုင်းပြောပြချင်ပါတယ်။
ချစ်သူနှစ်ဦး ချစ်မိပြီ ဆိုရင် သရေပင် တစ်ကွင်းကို တစ်ဖက်စီ ဆွဲကြတာနဲ့အတူတူဘဲတဲ့ ။သိပ်ချစ်ကျလေ သရေပင် ကို တင်းတင်း ဆွဲကျလေပေါ့ အရမ်းချစ်လွန်းတော့ သရေပင်ကို အရမ်းတင်းနေအောင် ဆွဲကျတယ်
နောက်ဆုံး အရမ်းတင်းနေတဲ့ သရေပင်က အထိမခံတော့ဘူးလေ နည်းနည်းလေး မှားလိုက်တာနဲ့ ပြတ်တော့မှာ။ ဒါကြောင့် အရမ်းချစ်ခဲ့ကျရင် အမှားမခံတော့ဘူး မှားလိုက်တာနဲ့ ပြတ်ကုန်ကျရောဘဲ
အဲဒီလို တင်းနေတဲ့ အချိန်မှာ သူ့ထက် ခိုင်မာတဲ့ ကြိုးတစ်ချောင်းနဲ့ ထပ် ချည်ထားဖို့တော့လိုလိမ့်မယ်
နောက်တစ်ခုက အဲဒီ သရေပင်ကို ဆွဲထားကြရင်းနဲ့ တစ်ယောက်ယောက်က လမ်းခွဲကျတော့မယ်ဆိုရင်တော့ အချစ်ကို ဆုပ်ကိုင်ထားတဲ့ သူက ခံစားကျရတာဘဲလေ တင်းနေအောင် ဆွဲထားကျရင်းနဲ့ မလိုချင်တဲ့ သူက တစ်ဖက်တစ်ချက်ကို လွှတ်လိုက်ရင် ဆုပ်ကိုင်ထားတဲ့ သူရဲ့လက်ကတော့ နာကျန်ခဲ့မှာဘဲဘယ်လောက်ပဲ ပြိုင်တူ လွှတ်လွှတ် မရဘူး ဟုတ်တယ်မလား
မယုံရင် စမ်းကြည့်ပေါ့.......
သရေပင်ကို လက်နှစ်ဘက်နဲ့ တင်းနေအောင် ဆွဲထားပြီး ကိုယ့်လက်နဲ့ဘဲ ပြိုင်တူ လွတ်ကြည့်ပါလား
မရဘူး တစ်ဘက်ဘက်တော့ နာမှာဘဲလေ မနာအောင် တစ်ဖက်တစ်ချက်ဆီမှာ ရှိတဲ့ လက်တွေကို တစ်ဖြည်းဖြည်းခြင်း လျှော့ချပေါ့ နောက်ဆုံးကျရင် သရေပင်လေးဟာ သူ့ကွင်းလေးအတိုင်း သူ့အနေအထားကို ပြန်ရောက်မှ လွှတ်ကျရင် ဘယ်သူမှ မနာကျတော့ဘူး မဟုတ်လား
ဒီလိုဘဲလေ သံယောဇဉ်ကို ဖြည်းဖြည်းချင်း ဖြတ်ပြီးတော့၊ နောက်ဆုံး ခံနိုင်ရည် ရှိတဲ့ အချိန်ကျမှ လမ်းခွဲကျရင် ပိုကောင်းတာပေါ့.......
နှစ်ဦးနှစ်ဖက်လုံး ခံနိုင်ရည်ရှိဖို့တော့ လိုမယ်နော်။
သရေပင်နဲ့ တူတဲ့ အချစ် (သီအိုရီ)

ဝိုင်းသူငယ်ချင်းတစ်ယောက်ရဲ့ အချစ်ဆိုတဲ့ အရာနဲ့ ပတ်သက်တဲ့ ခံစားချက်လေးပါ။
သူ့ရဲ့ခံစားချက်လေးတွေကို ပို့စ်အဖြစ် တင်ဆက်ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ သင်တို့နဲ့ သဘောထား၊ အယူအဆချင်း၊ ခံစားချက်ချင်း တူချင်မှ တူမှာပါ။
ဒါပေမယ့် ၀ိုင်းကတော့ အချစ်ဆိုတာကို အခုထိ မခံစားဖူးသေးဘူး။ နားလည်း မလည်သေးလို့ပါ။ ချစ်သူတွေ အချင်းချင်း နောက်ဆုံးမှာ သင့်သင့်မြတ်မြတ်နဲ့ ဘ၀လက်တွဲဖော်အဖြစ် ထာဝရ လက်တွဲသွားကြနိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။ ချစ်သူမဟုတ်၊ မဖြစ်ခဲ့ကြရင်လည်း သူငယ်ချင်းအဖြစ်နဲ့ တသက်လုံး တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်း စောင့်ရှောက်ခွင့်လေးတော့ ရှိသင့်တယ်လို့ ၀ိုင်း အနေနဲ့ ယူဆပါတယ်။
အားလုံးကို ခင်မင်လေးစားလျက်
Subscribe to:
Posts (Atom)