Showing posts with label Health. Show all posts
Showing posts with label Health. Show all posts
12

ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်

(Forward mail ထဲက ဖတ်ရတာပါ မဖတ်ရသေးသူများအတွက် ဗဟုသုတ ရစေချင်လို့ ပြန်လည်မျှဝေလိုက်ပါတယ် )

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် အတွက် ကိုယ်ပိုင် အလေ့အထ ရိုးရာများ ရှိလေ့ရှိပါသည်။ ထိုနိုင်ငံများထဲမှာ နိုင်ငံ ၁၅ ခုရဲ့ အ၀လွန်ခြင်းကို ကာကွယ်နည်းနှင့် ကိုယ်အလေးချိန် လျှော့ချနည်းများကို ဖော်ပြလိုက်ပါသည်။

၁။ ထိုင်း ဟင်းလျာတွင် ငရုတ်သီးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ငရုတ်သီးကို စားလိုက်ပါက ဖြစ်ပေါ်လာသောအပူသည် ဇီဝဖြစ်စဉ်ကို မြန်စေသည်။ ထို့အပြင် စပ်သောကြောင့် အစာစားသောနှုန်းထား နှေးသွားသည်။ အမေရိကန်တို့သည် အစာစား အရမ်းမြန်ကြသည်။ ထို့ကြောင့် သူတို့ဗိုက်ဝသောအချိန်တွင် လူက အလိုလိုနေရင်း အများကြီး စားမိနေပြီ ဖြစ်သည်။ ငရုတ်သီးစားပြီး အစာနှေးနှေးစားပါက ဗိုက်ပြည့်လွယ်သောကြောင့် အများကြီးမစားဖြစ်တော့ပေ။ (ထိုင်း နည်းလမ်း)


၂။ ဆီဖြင့်ကြော်ထားသော အာလူးကြော် အစရှိသည့် အစာများကို လျော့စားပါ။ ဆီအများစုသည် မည်မျှပင်သန့်စေကာမူ ကြော်လိုက်ပါက ပြည့်ဝဆီအဖြစ်သို့ ပြောင်းလဲသွားသည်သာ ဖြစ်သည်။ ထို့ပြင် အကြော်အများစုသည် ဆီဟောင်းများဖြင့် ကြော်သဖြင့် ပိုဆိုးပါသည်။ ထို့ကြောင့် ရှောင်နိုင်က အကောင်းဆုံး ဖြစ်ပါသည်။ (UK နည်းလမ်း)


၃။ နံနက်စာကို ဘိုစာတွေ ပေါင်မုန့်တွေ ယိုတွေ ကိတ်မုန့်တွေ စားမည့်အစား ထမင်းကြမ်းနှင့် ပဲကတ္တီပါကို နယ်ပြီး စားပါက အ၀လွန်ခြင်းကို ကာကွယ်နိုင်ပါသည်။ နေတိုင်းတော့ မည်သူမျှ မစားနိုင်ပါ။ သို့သော် ၀ိတ်ချသူများအတွက်တော့ ဆေးသောက်စရာမလိုသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
(Brazil နည်းလမ်း)


၎။ မူဆလင်ဘာသာဝင်တို့သည် ဥပုဒ်စောင့်သည့်အခါ မည့်သည့်အစာနှင့်ရေကိုမျှ မသောက်မစားဘဲ ဥပုဒ်စောင့်ကြသည်။ အင်ဒိုနီးရှားတွင်မူ ထမင်းနှင့် ရေကို သောက်လို့ရသည်။ ထိုသို့သောနည်းလမ်းဖြင့် ၀ိတ်လျော့ခြင်းကို ပညာရှင်တို့က အားမပေးသော်လည်း ရံဖန်ရံခါသုံးသင့်သည်ဟု အကြံပေးပါသည်။ (Indonesia နည်းလမ်း)


၅။ ပိုလန်းလူမျိုးတို့သည် သူတို့ဝင်ငွေ၏ ၅ ရာခိုင်နှုန်းကိုသာ အိပ်ပြင်ပတွင် စားသောက်ခြင်းအတွက် အသုံးပြုကြသည်။ အမေရိကန်တွေကတော့ ၃၇ ရာခိုင်နှုန်းမျှ အသုံးပြုကြသည်။ သုတေသနပြုချက်အရ ပြင်ပတွင် အစာစားလေ့ရှိသူများသည် ကျန်းမာရေးနှင့် မညီညွတ်သည့် အစာများကို ပိုမိုစားလေ့ရှိပြီး ပိုမို၍လည်း ၀ သည်ကို တွေ့ရပါသည်။ အမေရိကန်တွင်အိမ်မှာ မိသားစု စုံညီထမင်းပွဲများ နည်းပါးလာသည်နှင့်အမျှ အ၀လွန်ရောဂါများလည်း တိုးပွားလာပါသည်။ (Poland နည်းလမ်း)


၆။ ဂျာမနီ လူမျိုး ၇၅ ရာခိုင်နှုန်းသည် နေ့စဉ် နံနက်စာကို ပုံမှန်စားသုံးပါသည်။ အမေ၇ိကန်တို့က ၄၄ ရာခိုင်နှုန်းသာ စားသုံးကြသည်။ သူတို့က အသားညှပ် ပေါင်မုန့်တွေ မစား၊ အသီးအနှံနှင့်ကွေကာအုပ်တို့ကို စားခြင်း ဖြစ်ပါသည်။ သိပ္ပံပညာရှင်များက နံနက်စာ၏အရေးကြီးမှုကို ပြောကြားခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း လိုက်နာသူနည်းပါးလှပါသည်။ နံနက်စာ မစားပါက နေ့လည်စာကို များစွာ စားသုံးတတ်သည်။ထိုအခါ ၀ လာလိမ့်မည်။ (Germany နည်းလမ်း)


၇။ Holland တွင် လူဦးရေ ၁၆ သန်း၌ စက်ဘီး ၁၈ သန်းရှိပါသည်။ Dutch များသည် အလုပ်သွားခြင်းနှင့် ဈေးဝယ်ခြင်းတို့ကိုပင် စက်ဘီးစီးကာ သွားကြသည်။ မီးပွိင့်များကလည်း စက်ဘီး၏ အရှိန်ဖြင့် တွက်ချက်ကာညှိထားကြသည်။ ကိုယ်အလေးချိန် ထိန်းသိမ်းရန် အလွန်ကောင်းသောနည်းလမ်းဖြစ်ပါသည်။ (Holland နည်းလမ်း)


၈။ မဆလာသည် မလေးရှား နှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် အသုံးများသော ဟင်းခက်အမွှေးအကြိုင်တစ်ခု ဖြစ်ပါသည်။ ၎င်းတွင် curcumin ဆိုသည့် ဓာတ်တစ်မျိုး ပါဝင်ပါသည်။ ကြွက်များတွင်စမ်းသပ်ကြည့်သောအခါ မဆလာ စားသည့်ကြွက်များသည် မစားသည့်ကြွက်များထက်ပိန်သည်ကို တွေ့ရပါသည်။ ထို့ကြောင့် ပိန်လိုပါက မဆလာကို အသုံးပြုသင့်သည်။ (Malaysia နည်းလမ်း)


၉။ တောင်အာဖရိကမှာ rooibos ဆိုသည့် လက်ဖက်ရည်တစ်မျိုးကို နေရာတိုင်းတွင် ရနိုင်ပါသည်။ သဘာဝအချိုဓာတ်ရှိပြီး သကြားမလိုပါ။ အမေရိကတွင် ထိုလက်ဖက်ရည်ကြမ်းကို Frappuccino အစားထိုး အဖြစ်သောက်ကြသည်။ နေ့စဉ် သောက်နေကြသည့် လက်ဖက်ရည်နှင့် ကော်ဖီ အစားလက်ဖက်ရည်ကြမ်းကို အစားထိုးသောက်ပါက ကိုယ်အလေးချိန်ကျလာမည်မှာ အမှန်ပင်ဖြစ်သည်။ (South Africa နည်းလမ်း)


၁၀။ နော်ဝေတွင် မိသားစုမျာသည် sunday တိုင်း တောင်တက်ခြင်း စကိတ်စီးခြင်းတို့ကို ပြုလုပ်ကြသည်။ သူတို့ကဲ့သို့ ပြုလုပ်ပါက ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ (Norwayနည်းလမ်း)


၁၁။ ယောဂကျင့်ခြင်းသည် စိတ်ဖိစီးမှုလျော့စေပြီး စိတ်ဓာတ်ခွန်အား တိုးစေသည်ကို လူအများစု သိကြပါသည်။ လူသိနည်းသော အချက်တစ်ချက်မှာ ကိုယ်အလေးချိန်ကိုလည်း ကျစေခြင်းဖြစ်ပါသည်။ ဖြစ်နိုင်သော အကြောင်းပြချက်မှာ ယောဂ ကျင့်ပါကဗိုက်ချောင်ချိန်တွင် ကျင့်ရပြီး မိမိ၏ အနေအထားအပေါ်မူတည်၍ ကြွက်သားများကိုသန်မာအောင် လေ့ကျင့်လို့ရပါတယ်။ သတိလည်း ပိုမိုကောင်းမွန်လာသောကြောင့် အစာကို အလွန်အကျွံ မစားမိတော့ပေ။ (India နည်းလမ်း)


၁၂။ ဂျပန်တွင် လူအများစုသည် နေ့ခါ၌ မိနစ် ၂၀ ခန့် အိပ်လေ့ရှိသည်။ အလုပ်ပင်ပန်းပြီး ကာလကြာရှည် အိပ်ရေးပျက်ခြင်းကို ကာကွယ်ရန် အတွက် ဖြစ်ပါသည်။ ထိုသို့ အိပ်ပျော်ပါက သွေးထဲမှ leptin hormone level တက်လာသည်။ အဆိုပါ ဟော်မုန်းသည် ဗိုက်ပြည့်ခြင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် အလွန်အကျွံ အိမ်ခြင်းသည် အ၀လွန်စေသော်လည်း လုံလောက်သည်အထိသာ အိပ်ပါက အ၀လွန်ခြင်းကို ကာကွယ်နိုင်ပါသည်။ (Japan နည်းလမ်း)


၁၃။ Mexican လူမျိုးများသည် ညနေစာကို ၂ နာရီနှင့် ၄ နာရီ အကြားတွင် စားလေ့ရှိသည်။ ထိုသို့စားပါက ညဘက်တွင် ဗိုက်ဆာပြီး နံနက်စာ စောစော ထစားဖြစ်သည်။ နံနက်စောစောပါ ထဖြစ်သောကြောင့်အိပ်ချိန်ကို ကန့်သတ်ပြီးသား ဖြစ်သွားသည်။ ထို့ကြောင့် ကျန်းမာလိုပါကညစာကို နည်းနည်းသာစားပြီး နံနက်စာနှင့် နေ့လည်စာကို များများစားရန်ဖြစ်သည်။ (Mexico နည်းလမ်း)


၁၄။ ပြင်သစ်လူမျိုးအများစုသည် မိသားစုညစာကို အချိန်ကြာကြာယူကာ စားလေ့ရှိပြီး ထိုအချိန်တွင် စကားများများ ပြောလေ့ရှိသည်။ စကားပြောနေပါက အစာစားနှုန်းနှေးသွားပြီး ဗိုက်ပြည့်လွယ်သည်။ (France နည်းလမ်း)


၁၅။ ငါးများများစားခြင်းသည် ဂျပန်လူမျိုးများနှင့် Dutch လူမျိုးများ ၏ ဓလေ့တစ်ခုဖြစ်ပါသည်။ ငါးတွင် ပါဝင်သော omega 3 fatty acid များသည် သွေးအတွင်းရှိ ၀ခြင်းကို ဖြစ်စေသော cortisol ဟော်မုန်းကို ကျစေသည်။ ငါးသည် ဗိုက်ကို ပိုပြည့်စေပြီး ကယ်လိုရီပါဝင်မှု နည်းသောကြောင့် အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သည်။ (Holland and Japan နည်းလမ်း)

မူရင်းရေးသားသူ ။   ။ ဇီဝက (ဆေး-၂)

အထက်ပါ ဖော်ပြထားသော နိုင်ငံအလိုက် ကျန်းမာရေးနည်းလမ်းများ ကျင့်သုံးနိုင်ပြီး လူသားတိုင်း သက်ရှည်ကျန်းမာ အလှတိုးကြပါစေ.......

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

11

လှတာမက်လို့၊ဘ၀မပျက်စေနဲ့

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့လည်ပိုင်းတုန်းက တီဗီမှာ လာတဲ့ အစီအစဉ်လေးတစ်ခု ကြည့်ခဲ့မိပါတယ်။ ကိုယ်တွေ့ဖြစ်ရပ်မှန်အကြောင်းတွေကို အစီအစဉ်တစ်ခုအဖြစ် ရိုက်ကူးထားခြင်းပါ။ ၀ိုင်း ကြည့်ခဲ့ရတဲ့ဇာတ်လမ်းအပိုင်း ကတော့ မိန်းကလေးတစ်ယောက်အကြောင်းပါ။ သူမဟာ ကျောင်းတက်ပညာသင်ယူနေဆဲကျောင်းသူတစ်ဦးဖြစ်တဲ့အပြင် အပျင်းပြေ စာတွေရေးတတ် ဖတ်တတ်တဲ့blogger တစ်ဦးဖြစ်ပါတယ်။ အမေရယ် အဖေရယ် သူမရယ် မိသားစု ၃ယောက်သာရှိတယ်။ အခုရက်ပိုင်းတွေမှာ ကျောင်းမှာ ဆရာတွေက အိမ်စာပေးရင်လည်း တစ်ခုမှ အဆင်မပြေဘူးလေ။ အမြဲတမ်းပညာရေးနဲ့ပတ်သက်ပြီး အမှားတွေပဲ လုပ်မိနေတယ်။ စိတ်တွေလည်းညစ်နေတာပေါ့။ ဒါဟာ ဘယ်လိုကနေ စဖြစ်လာတာလဲဆိုတော့...........

တစ်နေ့မှာ သူမတို့မိသားစု ထမင်းလက်ဆုံစားတဲ့အချိန် အမေဟာ သူမကို "နင် ထမင်းအများကြီးစားမနေနဲ့ နောက်ဆို နင်လည်း နင့်အဖေလိုဖြစ်မှာပဲ" ဆိုပြီး အမှတ်တမဲ့ပြောလိုက်တယ်။ သူ့အဖေဟာ ၀၀ဖိုင့်ဖိုင့် လူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီတော့ သူမဟာ သူ့အဖေလို လုံးဝ မ၀ချင်ဘူးလေ။ အဲ့ဒီတော့ ပိန်အောင်ကြိုးစားမယ်ဆိုပြီး အဲ့ဒီနေ့မှ စတင်ကာ ပိန်လာအောင် နည်းမျိုးစုံနဲ့ စမ်းသပ်ပါတော့တယ်။ တကယ်တော့ သူမပုံစံဟာ လုံးဝ မ၀ပါဘူး။ သာမန်မိန်းကလေးတစ်ဦးရဲ့ ကိုယ်ခန္ဓာမှာ ရှိသင့်တဲ့ အလေးချိန်လောက်ပါပဲ။ ဒါပေမယ့် သူမဟာ ဒီထက်လည်း မ၀ချင်တော့ပါဘူး။ ပြောပြီးတဲ့ နေ့ကတည်းက စတင်ပြီး သူမဟာ .............ပိန်လာအောင်ဆိုပြီး အားကစားတစ်ခုအဖြစ် သူငယ်ချင်းတွေနဲ့ ဘော်လီဘော ကစားခြင်းမှာ ပါဝင်ကစားတယ်။ gym တွေမှာ အပြင်းအထန် လေ့ကျင့်ခန်းတွေလုပ်တယ်။ ညဘက်ရောက်ရင် ညစာ မစားဘူး။ သန်းခေါင်ယံညဉ့်နက်အချိန် မအိပ်ဘဲ အပြေးထလေ့ကျင့်တယ်လေ။ ပြီးတော့ နေ့လည်ဘက်ဆိုရင် သူအရင်က အရမ်းကြိုက်ခဲ့တဲ့ burger တို့၊ အာလူးကြော်တို့ကို သူငယ်ချင်းတွေနဲ့ အတူတူ စားနေကျဆိုင်မှာ သွားစားဖြစ်တယ်။ သူငယ်ချင်းတွေ စားတဲ့အခါမှာ သူမက ဘာမှ မစားဘဲ ရေပဲသောက်နေခဲ့တယ်လေ။ သူမကို ဘာပဲကျွေးကျွေး အားလုံးကို စားသောက်ဖို့ ငြင်းဆန်ခဲ့တယ်။ အိမ်မှာ ညဘက်ဆို အမေက သူမကို ထမင်းကျွေးဖို့ခေါ်လည်း သူမက
" သမီး စားခဲ့ပြီးပြီ မဆာဘူး" ဆိုတာချည်းပဲ အကြိမ်ကြိမ်ငြင်းခဲ့ပြန်တယ်။

အဲ့ဒီလိုနဲ့ နေ့တွေ ကြာလာတော့ သူမဟာ နည်းနည်းလေး ပိန်လာပါတယ်။ သူငယ်ချင်းတွေ အချင်းချင်းဆုံတွေ့တဲ့အခါ " ဟယ် နင် ပိန်သွားတယ် အရင်ကထက် ပိုပြီးလည်း လှလာတယ်နော် " ဆိုပြီး ချီးကျူးစကားတွေ ပြောသွားတာပေါ့။ နောက်ဆုံး သူမ ကြားချင်တာ ဖြစ်ချင်တာက ဒီစကားတွေပဲလေ။ ဒါနဲ့ သူမ ပိန်သွားပြီ ပိန်အောင်လုပ်တဲ့နည်းကို အောင်မြင်သွားပြီ ဆိုပြီး ဘလော့မှာ ရေးသားကာ ပျော်မိသေးတယ်။

ဒီလိုနဲ့ နောက်ရက်တွေမှာ သူငယ်ချင်းတွေ စုပြီး စုဝေးပွဲတစ်ခုလုပ်ကြတယ်။ သူငယ်ချင်းတွေက အစားအစာတွေ စားတာ မြင်တဲ့အခါကျတော့ သူမလည်း လိုက်စားချင်တယ်လေ။ ဒါပေမယ့် တချို့သူငယ်ချင်းကပြောတယ် "သူတို့တွေက ဘယ်လောက်ပဲစားစား ဘယ်တော့မှ ၀လာမယ့်လူစားမျိုးမဟုတ်ဘူး" တဲ့။ အမေပြောဖူးတဲ့စကားကို သွားပြန်ကြားယောင်မိတယ် " နောက်ဆို နင်လည်း နင့်အဖေလိုဖြစ်မှာပဲ... နင့်အဖေလိုဖြစ်မှာပဲ........" ဆိုတဲ့ စကားဟာ ပဲ့တင်သံလို အကြိမ်ကြိမ်နားထဲ ရောက်ရောက်လာခဲ့တယ်လေ။ ဒါနဲ့ သူမ စားချင်တာတွေကို မစားတော့ပဲနဲ့ အစာစားခြင်းကို မျိုသိပ်နေခဲ့ပါတယ်။ အဲ့ဒီလို အစာမစားတဲ့ ရက်တွေကြာလာတော့ သူမဟာ နောက်ပိုင်း အစာအိမ်ထဲကို ဘာတစ်ခုမှ စားမ၀င်တော့ပါဘူး။ တကယ်လို့ နည်းနည်းလေး စားမိရင်တောင် အစာအိမ်က လက်မခံနိုင်တော့လို့ ပြန်ပြန် အန်ထွက်ပါတယ်။ သူမ အမေဟာလည်း သူ့သမီး တစ်ခုခု ထူးခြားနေတာကို ရိပ်မိတော့တာပေါ့။

တစ်နေ့တော့ သူမဟာ ၀က်ဘ်ဆိုဒ် တစ်ခုကနေ အမှတ်တမဲ့ရှာဖွေတွေ့ရှိခဲ့တယ်။ "ပိန်သူတွေရဲ့ နောက်ကွယ်က" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မော်ဒယ်လ်မလေးတွေက အရိုးခြောက်တွေလို (အရိုးပေါ် အရည်တင်) ဖြစ်နေတာကို သွားတွေ့မိတယ်လေ။ သူမ အရမ်း ထိတ်လန့် ကြောက်ရွံ့သွားတယ်။ သူမ ဘာဆက်လုပ်ရမလဲ ဘာဆက်လုပ်သင့်လဲ ဆိုပြီး အကြိမ်ကြိမ် စဉ်းစားမိနေတယ်။

ဒါပေမယ့် သူမ သိရှိလိုက်ရတဲ့ အချိန်တွေဟာ အရမ်းကို နှောင်းခဲ့ပါပြီ။ တစ်နေ့ကျောင်းသွားတဲ့ အချိန်မှာ လမ်းလျှောက်ရင်း ရုတ်တရက် မူးလဲ ပျော့ခွေသွားပါတော့တယ်။ နီးစပ်ရာ သူငယ်ချင်းတွေက သူမကို ဆေးရုံ အချိန်မီ တင်ခဲ့ပေးတယ်။ နောက်ဆုံး ဆရာဝန်ပြောစကားအရ သူမမှာ အစာအိမ်ပြွန်ရောင် ရောဂါရှိနေပြီး နောက်နောင် ဘာအစားအစာကိုမှ လက်ခံလို့ ရတော့မှာ မဟုတ်ပါဘူးတဲ့။ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ အစာရေဆာ ပြတ်လပ်မှုကြောင့် ဘ၀နိဂုံးချုပ်ရတော့မယ့် အချိန်ကို စောင့်စားရင်း စောင့်စားရင်းနဲ့ပေါ့ .................

ဒီဇာတ်လမ်းတိုလေးကို ကြည့်ပြီးနောက်ပိုင်း ဘယ်လိုမှ မျက်စိအာရုံထဲက လွယ်လွယ်နဲ့မေ့ဖျောက်ပစ်လို့မရနိုင်ခဲ့ပါဘူး ။ သူမလိုပဲ ပိန်ချင်လွန်းလို့ အားကစားတွေ အပြင်းအထန် လုပ်ပြီး အစားမစားပဲ နေ၊ ပြီးတော့ ပိန်ရင် လှလာတယ်လို့ ပြောတဲ့ စကားတွေမှာ စီးဝင်နစ်မျောနေကြတဲ့ သူမအပြင် တခြား မိန်းကလေးတွေလည်း ရှိကောင်းရှိကြမှာပါ ။ ခန္ဓာကိုယ်ဆိုတာ ၀တိုင်းလည်း မကောင်းသလို ပိန်တိုင်းလည်း မကောင်းပါဘူး။ အစားအစာကိုအချိန်မှန်၊ ပုံမှန်အာဟာရရှိအောင် စားမယ်။ အိပ်ချိန်မှာ အိပ်မယ်၊ နားချိန်မှာ နားမယ်၊ အားကစားလုပ်သင့်တဲ့ အချိန်မှာ လုပ်မယ်ဆိုရင် နောင်တစ်ချိန်မှာ ကျန်းမာ ပျော်ရွှင်စွာနဲ့ အသက်ရှင်သန်ခွင့်ရပြီး သက်ရှည်စွာနဲ့ဘ၀ပန်းတိုင်ကိုအောင်မြင်စွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

အခုတော့ မှားယွင်းတဲ့ အတွေးအခေါ်၊ နည်းလမ်းမမှန်တဲ့ ပိန်အောင်လုပ်တဲ့ နည်းတွေကိုအတုခိုးပြီး အလှကိုမက်တဲ့စိတ်ကြောင့် ရခဲလှတဲ့လူ့ဘ၀မှာ တန်ဖိုးရှိတဲ့ အသက်တစ်ချောင်း ဆုံးရှုံးလိုက်ရတာပဲနော်။ လှတာမက်ခဲ့မယ်ဆိုရင်တော့ အခုလိုအဖြစ်ဆိုးမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာမလွဲဧကန်အမှန်ဖြစ်ပါတယ်။

ဖော်ပြပါဇာတ်လမ်းလေးမှတဆင့် လူသားတိုင်း နည်းမှန်လမ်းမှန်နဲ့ ကျန်းမာပျော်ရွင်စွာ ဘ၀ခရီးလမ်းကိုဖြတ်သန်းနိုင်တဲ့အသိအမြင်လေးများရရှိနိုင်ပါစေလို့ ဆုတောင်းရင်းနိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကျန်းမာပျော်ရွင်သောဘ၀လေးကိုပိုင်ဆိုင်နိုင်ကြပါစေ.
 
အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

6

ကျန်းမာကြပါစေ...


(၁) အပူချိန်တက်ခြင်းနှင့် အစားအသောက်ပျက်ခြင်း

သစ်သီးဖျော်ရည်များနှင့် အခြားအင်အားပြည့်စေတဲ့ ပရိုတင်းဓာတ်များ ပါဝင်သည့်ဖျော်ရည်များကို သောက်သုံးပါ။ အစာပျော့ပျော့လေးကို နည်းနည်း နှင့်မကြာခဏသုံးဆောင်ပါ။

(၂) လည်ချောင်းနှင့် အာခေါင်နာခြင်း

အချဉ်ဓာတ်များသော အသီးအနှံများ၊ ခရမ်းချဉ်သီးနှင့် ပူစပ်သော အစားအစာများကို ရှောင်ကြဉ်ပါ။ အချိုဓာတ်လွန်ကဲသောအစာများကို ရှောင်ပါ။     အင်အားပြည့်ဖြိုးစေသော ပရိုတင်းဓာတ်များများပါဝင်သည့် ဖျော်ရည်များကို သောက်သုံးပါ။ အစာကြေလွယ်သော အစာများဖြစ်သည့် အာလူး(သို့) မုန်လာဥနီကို ပြုတ်ခြေထားသော အစာနှင့်အချဉ်ဓာတ်နည်းပါးသော ဟင်းသီးဟင်းရွက်၊အသီးအနှံများကိုစားပါ။

(၃) ပျို့အန်ခြင်း

အစာပျော့ပျော့ကို နည်းနည်းနှင့် မကြာခဏစားသောက်ပါ။ အစာကိုအ၀စားခြင်းကို ရှောင်ကြဉ်ပါ။ ရိုးရိုးနှင့် အဖြူထည်လေးပြင်ဆင်ထားသော အစာကို      သုံးဆောင်ပါ။ အနံ့စူးရှသော အစာများကိုရှောင်ကြဉ်ပါ။ အသီးဖျော်ရည်ကျဲကျဲ အခြားသော ဖျော်ရည်များနှင့် ဟင်းချိုများကို သောက်သုံးပါ။ ရိုးရှင်းစွာပြုတ်ချက်ထားသော အစာများဖြစ်သည့် ဆန်ပြုတ်၊ အာလူးပြုတ်၊ ပဲမျိုးစုံပြုတ်များကို စားသုံးနိုင်ပါသည်။

(၄) ၀မ်းပျက်ခြင်း

ဌက်ပျောသီး၊ ထမင်းပျော့ပျော့ သို့မဟုတ် ဆန်ပြုတ်ကို စားသုံးသင့်ပါသည်။ အစာကို နည်းနည်းနှင့် မကြာခဏစားပေးပါ။ နို့နှင့် နို့ထွက်ပစ္စည်းများကြောင့် ၀မ်းပျက်ခြင်းဖြစ်ပါက ယင်းတို့ကို ရှောင်ကြဉ်ပါ။ အဆီဓါတ်များသော အစာများကို မစားသင့်ပါ။ အစာမကြေလွယ်သော အစာများ၊ အမျှင်ဓါတ်များသော အစာများကို မစားသင့်ပါ။ အရည်များကို မကြာခဏ သောက်ပေးပါ။


(၅) အဆီမချေဖျက်နိုင်ခြင်း


ဆီများ၊ ထောပတ်၊ မာဂျရင်းနှင့်၎င်းတို့နှင့် ပြုလုပ်ထားသော အစာများကို ရှောင်ရှားသင့်သည်။ အဆီမရှိသော အသားကိုသာ စားသုံးပါ။ အသီးအနှံနှင့်ဟင်းသီးဟင်းရွက် အပါအ၀င် အဆီဓာတ်နည်းသောအစာများကိုသာ စားသောက်ပါ။


(၆) ၀မ်းလျှောခြင်း


အရည်များကို ခဏခဏသောက်ပေးပါ။ ဓာတ်ဆားရည်သောက်ပါ။ ဖျော်ရည်ကျဲကျဲများကို သောက်လျှင်သင့်လျော်ပါသည်။ ဌက်ပျောသီး၊ ဆန်ပြုတ်၊      ထမင်းပျော့ပျော့များကို စားသုံးနိုင်ပါသည်။


(၇) မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခန်းခြင်း


လတ်ဆတ်သော အသီးအနှံများကို စားသောက်ပါ။ အာဟာရရှိစေမည့် သရေစာကို မကြာခဏစားသုံးပါ။ အားအင်ပြည့်ဖြိုးစေသော ပရိုတင်းဓာတ်များ      များပါဝင်သော အရည်နှင့် ဖျော်ရည်များကိုသောက်ပါ။


မူရင်း လေးက ဒီမှာပါ။ စာဖတ်သူအားလုံး အသိပညာပေး ကျန်းမာရေးအကြောင်းများ ဖတ်ရှုလေ့လာမှတ်သားခြင်းဖြင့် အနာရောဂါအပေါင်းမှ ကင်းဝေးပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေကြောင်း.........

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

11

သင့်ကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ အချက်များ

၁။ ဖုန်းကို ဘယ်ဘက်နားဖြင့်သာ နားထောင်ရန်။
(ဖြည့်စွက်ချက်။  ။ဟမ်းဖုန်းမြည်လာတဲ့ အခါမှာ တဖက်နဲ့ လက်ခံစကားပြောတော့မယ်ဆိုရင် ချက်ချင်း နားနဲ့ အရင်ဆုံး မကပ်လိုက်ပါနဲ့။ ဘာလို့လဲဆိုတာ ဟမ်းဖုန်းတွေမှာ maximum signaling power ပါဝင်နှုန်း 2watts = 33dbi ရှိလို့ပါပဲ။ ဘယ်ဘက်နားနဲ့ နားထောင်ခြင်းဖြင့် ဦးနှောက်ကို ကယ်တင်ရာရောက်ပြီး ညာဘက်နားနဲ့ နားထောင်ပါက ဦးနှောက်ကို တိုက်ရိုက် သွားရောက်ထိခိုက်နိုင်ပါကြောင်း)

၂။ တစ်နေ့ကို ကော်ဖီ ၂ကြိမ် မသောက်ရ။

၃။ ဆေးသောက်ပါက ရေအေးနှင့် မသောက်ရန်။

၎။ ညနေ ၅နာရီ ကျော်ပါက အစာများ အလွန်အကျူးမစားမိစေရန်။

၅။ အစာများတွင် စားသုံးရာတွင် အဆီဓါတ်ပိုလျှံသော အစာများ လျော့စားရန်။

၆။ မနက်ပိုင်းတွင် ရေကိုပိုသောက်ပါ။ ညပိုင်းတွင် ရေကို လျော့သောက်ပါ။

၇။ ဖုန်းအားသွင်းသောနေရာမှ ဝေးကွာသောနေရာတွင် နေပါ။

၈။ Headphones/Earphone တို့ကို အချိန်ကြာမြင့်စွာ မသုံးစွဲပါနှင့်။

၉။ အကောင်းဆုံးသော အိပ်စက်အနားယူချိန်မှာ ည ၁၀နာရီမှ မနက် ၆နာရီအတွင်း ဖြစ်ပါတယ်။

၁၀။ သင်အိပ်မပျော်မီ ဆေးသောက်ပြီးနောက် အိပ်ယာပေါ် ချက်ချင်း မလှဲချလိုက်ပါနှင့်။

အခုပြောမယ့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုအချက်တွေဟာ ဥာဏ်ရည်ထက်မြက်လာစေပြီး ခန္ဓာကိုယ်ဖွံ့ဖြိုး ကြီးထွားစေခြင်းကို ဖြစ်စေပါတယ်။

"Prevention is better than cure."

ကျန်းမာရေးအတွက် သောက်သုံးသင့်သော သစ်သီးဖျော်ရည်များ



မုန်လာဥနီ + ဂျင်း + ပန်းသီး = ရှင်းလင်းပေးတဲ့အရာတွေကို မြှင့်တင်ပေးခြင်း (ဆိုလိုသည်မှာ - အစာချေဖျက်တဲ့နှုန်းကို ပိုမိုမြန်စေခြင်း၊ လည်ချောင်းရှင်းအောင်လုပ်ပေးခြင်းတို့ဖြစ်ပါတယ်)



ပန်းသီး + သခွါးသီး + တရုတ်နံနံ = ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ ကိုလက်စထရော လျော့ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ပါ ပျောက်ကင်းစေပါတယ်








ခရမ်းချဉ်သီး + မုန်လာဥနီ + ပန်းသီး = အသားရေလှပခြင်းနဲ့ အသက်ရှူကြပ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်










ကြက်ဟင်းခါးသီး + ပန်းသီး + နွားနို့ = အသက်ရှူကြပ်ခြင်းနှင့် ကိုယ်ခန္ဓာတွင်း အပူများခြင်းတို့ကို ပျောက်ကင်းစေပါတယ်








လိမ္မော်သီး + ဂျင်း + သခွါးသီး = အသားရေ ချောမွတ်လှပ စိုပြေလာခြင်းနဲ့ ကိုယ်ခန္ဓာတွင်း အပူကင်းခြင်းတို့ကို ဖြစ်ပေါ်စေတယ်







နာနတ်သီး + ပန်းသီး + ဖရဲသီး = အငန်ဓါတ်ပိုလျှံနေမှုများ ပပျောက်စေခြင်း၊ ဆီးအိမ်နှင့် ကျောက်ကပ်အတွက် ကောင်းမွန်စေခြင်း










ပန်းသီး + သခွါးသီး + ကီဝီသီး = အသားရေ ကောင်းမွန်စေခြင်း 



ပန်းသစ်တော်သီး + ဌက်ပျောသီး = သကြားဓါတ်ပါဝင်မှု ထိန်းပေးခြင်း



မုန်လာဥနီ + ပန်းသီး + ပန်းသစ်တော်သီး + သရက်သီး = အပူကင်းခြင်း၊ အစာ အဆိပ်တောက်ဖြစ်ခြင်းမှ ချေဖျက်ပေးခြင်း၊ သွေးတိုးကျစေခြင်း၊ ဓါတ်တိုးခြင်းကို လျော့ကျစေခြင်း(ခန္ဓာကိုယ်ထဲမှာရှိတဲ့ chemical တွေဓါတ်မတိုးအောင် တားထားခြင်း)


 
Honeydew(ဆောင်းရာသီပေါ် ဖရဲသီးမျိုး) + စပျစ်သီး + ဖရဲသီး + နွားနို့ = ဗီတာမင်C နဲ့ B2 ဓါတ်များကြွယ်ဝစေလို့ ဆဲလ်လုပ်ဆောင်မှုများတိုးလာခြင်း၊ ခန္ဓာကိုယ်ထွားကျိုင်းခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်


 
သဘောင်္သီး + နာနတ်သီး + နွားနို့ = ဗီတာမင် C ဓါတ်၊ ဗီတာမင် E ဓါတ်၊ သံဓါတ်များကြွယ်ဝခြင်း၊ အသားရေ ကောင်းမွန်စေခြင်း၊ အစာချေတာ အညစ်အကြေးစွန့်တာတွေကိုပြောတာ




ဌက်ပျောသီး + နာနတ်သီး + နွားနို့ = အာဟာရပြည့်ဝစေတဲ့ ဗီတာမင်ဓါတ်များနှင့် ၀မ်းချုပ်ခြင်းတို့မှ ကာကွယ်ပေးပါတယ် 

forward mail ထဲက ပို့လာတဲ့ ကျန်းမာရေးအတွက် သိသင့်တဲ့ အချက်လေးတွေကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီပို့စ်လေးရေးသားပြီးစီးနိုင်ဖို့ ၀ိုင်း အတွက် ဘာသာပြန်တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့ အခက်အခဲတွေကို မပန်းရင့်ရောင်နဲ့ ကိုနွယ်ရိုးတို့က ကူညီပေးခဲ့ပါတယ်။ သူတို့ကို ဒီပို့စ်လေးမှတဆင့် ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။




အားလုံးကို ခင်မင်လေးစားလျက်


 

2

Calculate BMI

လူငယ် ၊ လူလတ်ပိုင်းမှာ ကိုယ်အလေးချိန် ရှိသင့်သည်ထက် ပိုနေပါက ၊ လူကြီးဘ၀တွင် ကင်ဆာရောဂါဖြင့် သေဆုံးနိင်သော အခွင့်အလမ်း ပိုများပါတယ်တဲ့။

( ၁၁ ) ပေါင်ပိုလာလျှင်

အနောက်ပိုင်း အင်္ဂလန်ရှိ ( University Of Bristol ) မှ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်က ကိုယ်အလေးချိန် ရှိသင့်သည်ထက် ၁၁ ပေါင် ပိုလာပါက ကင်ဆာနှင့် သေဆုံးနိင်သော အခွင့်အလမ်း စတင်ဖြစ်ပေါ်နိင်သည်ဟု ပြောပါတယ်။ ၄င်းတို့၏ တွေ့ရှိမှုများသည် လူလတ်ပိုင်းတွင် ရောက်ရှိနေကြသူများ၏ ကိုယ်အလေးညွှန်းကိန်း BMI ( Body Mass Index ) နှင့် ၄င်းတို့ လူကြီးဖြစ်လာသည့်အခါ သေဆုံးရနှုန်းနှင့် ဆက်သွယ်မှု တိုက်ရိုက် အချိုးကျ ရှိနေကြောင်း ဖော်ပြထားပါတယ်။

BMI

၎င်းကိုတွက်ချက်ရာ၌ ကီလိုဂရမ်အားဖြင့် ဖော်ပြသော ကိုယ်အလေးချိန်ကို ၊ မီတာဖြင့်ဖော်ပြထားသော အရပ်အမောင်း ပမာဏ၏ နှစ်ထပ်ကိန်းဖြင့် စားရပါမည်။


BMI Categories:
  • Underweight = <18.5
  • Normal weight = 18.5-24.9
  • Overweight = 25-29.9
  • Obesity (အလွန်ဝခြင်း) = BMI of 30 or greater
လို့ သက်မှတ်နိင်ပါတယ်။

ဒီနေရာလေး မှာ သွားရောက် တွက်လို့ရပါတယ်နော်။

အားလုံးကို ခင်မင်လေးစားလျက်

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်