7

လူ့ဘ၀ရဲ့သခါင်္ရ

တခါတလေမှာ လူ့လောကဟာ တွေးကြည့်ရင်တော့ သခါင်္ရ သဘောတရားတွေပါပဲ။ တချို့အရာတွေကတော့ ရှောင်လွဲလို့မရတဲ့ လူ့လောကရဲ့ သဘာဝအတိုင်း ဖြစ်နေ ပျက်နေမြဲပဲ။ လိုတာကိုမရ ရတာကို မလိုတဲ့ အခါမျိုးတွေနဲ့လည်း ကြုံဖူးကြမှာပါ။ အတိတ်မှာဖြစ်ပျက်ခဲ့တာတွေကို တခါတလေ ပြန်လည်တမ်းတနေမိတတ်ကြသေးတယ်။ မမြင်ရတဲ့ အနာဂတ်မှာလည်း ကြိုတင်ပူပန် စိုးရိမ်နေကြတာ လူ့လောကရဲ့ ဓမ္မတာတွေပဲနော်။ အခုဖော်ပြမယ့် စာပိုဒ်လေးကတော့ ယခုလက်ရှိ လူသားတွေဟာ ကိုယ်ပိုင်ဆိုင်နေတဲ့အချိန်ကနေ ၁၀နှစ်မတိုင်မီတုန်းကနဲ့ ၁၀နှစ်ကြာသွားပြီးတော့ ကြုံတွေ့နေရတဲ့ ဘ၀အစိတ်အပိုင်းအကြောင်းအချို့ကို တင်ဆက်ပေးထားပါတယ်။

မိဘ

၁၀နှစ်မတိုင်မီ ကျွန်မတို့ဟာ မိဘတွေရဲ့ သားသမီးတွေဖြစ်ခဲ့ကြတယ်။
၁၀နှစ်ကြာပြီးနောက် ကျွန်မတို့ဟာ သားသမီးတွေရဲ့ မိဘဖြစ်လာတယ်။

၁၀နှစ်မတိုင်မီ ကျွန်မတို့ဟာ အိမ်ရဲ့ နွေးထွေးမှုကို မသိခဲ့ဘူး။
၁၀နှစ်ကြာပြီးနောက် ကျွန်မတို့ဟာ အိမ်ရဲ့ နွေးထွေးမှုကို ခံစားနားလည်လာမိတယ်။

၁၀နှစ်မတိုင်မီတုန်းက ကျွန်မတို့ အိမ်နဲ့ဝေးတဲ့တစ်နေရာကို ထွက်သွားချင်တယ်။
၁၀နှစ်ကြာပြီးနောက် ကျွန်မတို့ အိမ်နဲ့ဝေးတဲ့တစ်နေရာကနေ ပြန်လာနိုင်ဖို့ မျှော်လင့်ခဲ့တယ်။

၁၀နှစ်မတိုင်မီ ကျွန်မဟာ အဖေ အမေတို့နဲ့ စကားများတယ်၊ သူတို့ရဲ့ဆူပူမှုတွေ ခံခဲ့ရတယ်။
၁၀နှစ်ကြာပြီးနောက် ကျွန်မဟာ အဖေ အမေတို့ရဲ့ အဆူခံရဖို့ မျှော်လင့်ခဲ့တယ်။

အချစ်ရေး

၁၀နှစ်မတိုင်မီ မင်းဟာ ကိုယ့်ရဲ့ အနီးစပ်ဆုံး နေရာမှာ အမြဲတမ်းရှိနေခဲ့တယ်။
၁၀နှစ်ကြာပြီးနောက် မင်းဟာ ကိုယ့်ရဲ့ဘေးနားကနေ အမှတ်တမဲ့ ထွက်သွားခဲ့တယ်။
၁၀နှစ်မတိုင်မီ မင်းဟာ ကိုယ်နဲ့ သီချင်းတွေ အတူတူ ဆိုခဲ့ဖူးတယ်။
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ မင်းနဲ့ သီချင်းအတူတူ သီဆိုချင်နေတယ်

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ ဘ၀အတွက်အရေးကြီးဆုံးဖြစ်တဲ့ စာမေးပွဲဆိုတာ ရင်ဆိုင်ခဲ့ကြရတယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့ဟာ စာမေးပွဲကလွဲလို့ လောကကြီးမှာ ကြုံတွေ့ရသမျှ အခက်အခဲ အတားအဆီးတွေကို ရင်ဆိုင်ကြရတယ်

၁၀နှစ်မတိုင်မီ ကိုယ်ဟာ မင်းနဲ့ မင်္ဂလာဆောင်ဖို့ပဲ စိတ်အားထက်သန်ခဲ့တယ်။
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ နောက်တစ်ကြိမ် မင်းကို ချစ်ခွင့်ပန်ဖို့ပဲ မျှော်လင့်ခဲ့တယ်။

၁၀နှစ်မတိုင်မီ ကိုယ်ဟာ အချစ်ဆိုတာ မျှော်လင့်ခဲ့ပေမယ့် အချစ်ရဲ့ အဓိပ္ပါယ်ကို နားမလည်ခဲ့ဘူး
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ အချစ်ဆိုတာ နားလည်လာပေမယ့် ထပ်ပြီး မပိုင်ဆိုင်ချင်ပြန်ဘူး

ဘဝ

၁၀နှစ်မတိုင်မီ ကိုယ်ဟာ အိမ်ပြန်လမ်းပေါ်မှာ စက်ဘီးစီးရင်း လေချွန်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ ကာမဂုဏ်အာရုံလမ်းပေါ်မှာ ကိုယ်ပိုင်ကားမောင်းပြီး ၀င်လာသမျှဖုန်းတွေကို အဆက်မပြတ် နားထောင်နေရတယ်။

၁၀နှစ်မတိုင်မီ ကြယ်ငါးလုံး အဆင့်ရှိတဲ့ ဟိုတယ်မှာ နေထိုင်နိုင်ဖို့ မျှော်လင့်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် အဲ့ဒီလို ဟိုတယ်မှာ နေထိုင်နေရပေမယ့် အိမ်ကိုပဲ ပြန်ချင်နေခဲ့တယ်

၁၀နှစ်မတိုင်မီ ကိုယ်ဟာ လေယာဉ်ပျံ တစ်ကြိမ်လောက် စီးဖူးချင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ရဲ့ အကြောက်ဆုံးအရာကတော့ လေယာဉ်စီးရမယ် ဆိုတာပဲ

၁၀နှစ်မတိုင်မီ ကိုယ်ဟာ ဘောလုံးကန်ပြီးတဲ့ အချိန် ကော်ဖီဆိုင်ရှေ့ကဖြတ်လျှောက်နေကျလေ။ အဲ့ဒီကော်ဖီဆိုင်မှာ ကော်ဖီထိုင်သောက်နေတဲ့ မိန်းကလေးရဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေချင်တဲ့သူဟာ ကိုယ်ဖြစ်လိုက်ရင် ကောင်းမှာပဲလို့ စိတ်ကူးမိတယ်။
၁၀နှစ်ကြာပြီးနောက် ကော်ဖီဆိုင်ရှေ့က ဖြတ်လျှောက်ခဲ့ပေမယ့် ဘောလုံးကန်နေတဲ့ ကလေးငယ်တွေထဲက တစ်ယောက်ဟာ ကိုယ်ဖြစ်နေရင် ကောင်းမှာပဲလို့ တွေးမိပြန်တယ်။


၁၀နှစ်မတိုင်မီ ကိုယ်တို့တွေဟာ စာသင်စားပွဲခုံရှေ့မှာ ဆရာသမားတွေရဲ့ ဆူပူကြိမ်းမောင်းမှုတွေ နားထောင်ခဲ့ရဖူးတယ်
၁၀နှစ်ကြာပြီးနောက် သူတို့ဆူပူကြိမ်းမောင်းမှုတွေ နားထောင်ချင်ပေမယ့် စာသင်စားပွဲခုံဆိုတာလည်း မရှိတော့ဘူးလေ

၁၀နှစ်မတိုင်မီ ဟိုတယ်ရှေ့က တံခါးနားမှာ အရက်မူးသမားတွေ မူးနေတာကိုတွေ့တော့ အော့နှလုံးနာပြီး ဒီတစ်သက် အရက်မသောက်တော့ဘူးလို့ သစ္စာပြုခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ ဟိုတယ်ရှေ့က တံခါးနားမှာ အရက်မူးနေခဲ့တယ်

၁၀နှစ်မတိုင်မီ ကိုယ်ဟာ လမ်းအဝေးကြီးမလျှောက်ချင်လို့ ကိုယ်ပိုင်ကားတစ်စီးလောက် လိုချင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ပိုင်ကား မမောင်းချင်တော့ပဲ လမ်းပဲလျှောက်ချင်နေတော့တယ်

၁၀နှစ်မတိုင်မီ ရင့်ကျက်တည်ငြိမ်တဲ့ မျက်နှာမျိုး ပေါ်နေချင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် မျက်နှာပြင်ဆိုင် သွားပြီး အမြဲတမ်းနုပျိုချင်တယ်

၁၀နှစ်မတိုင်မီ စားသမျှ ထမင်းနပ်တိုင်းကို အသားတွေနဲ့ပဲ စားချင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ထမင်းနပ်တိုင်းကို အရွက်တွေနဲ့ပဲ စားချင်တယ်

အလုပ်အကိုင်

၁၀နှစ်မတိုင်မီတုန်းက ဖုန်းလေးတစ်ခါ ဆက်ဖို့အတွက် အများသုံးတယ်လီဖုန်းကို နေရာအနှံ့ လိုက်ရှာခဲ့ရတယ်
၁၀နှစ်ကြာပြီးနောက် ကိုယ့်အနားမှာ အမြဲတမ်း ဖုန်းရှိပြီး နေရာအနှံ့မှာ လှုပ်ရှားရုန်းကန်နေရတယ်

၁၀နှစ်မတိုင်မီ ကိုယ့်ရဲ့ လစာမျှော်မှန်းချက်ဟာ သောင်းဂဏန်းပဲ သတ်မှတ်ထားတယ်
၁၀နှစ်ကြာပြီးနောက် လစာဟာ သိန်းဂဏန်းအထက် ဖြစ်ပေမယ့် ပျော်ရွှင်မှုဆိုတာ မရရှိခဲ့ဘူး

၁၀နှစ်မတိုင်မီ အကြောက်ဆုံးအရာက ကိုယ့်ကို ဝေဖန်ခံရမှာပဲ
၁၀နှစ်ကြာပြီးနောက် ကိုယ့်ကို ဝေဖန်ခံရမှုဟာ ရှားပါးသလောက် ဖြစ်လာတယ်

၁၀နှစ်မတိုင်မီ တစ်လကို ပိုက်ဆံ ၂၀၀၀ သုံးဖြုန်းနိုင်ခဲ့တယ်
၁၀နှစ်ကြာပြီးနော် ပိုက်ဆံ ၂၀၀၀ ရှိမှပဲ ထမင်းတစ်နပ်စားလို့ရတယ်

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ ကျောင်းဝတ်စုံတူညီစွာဝတ်ပြီး ရိုးသားမှုတွေကြားမှာ ပျော်ရွှင်နေခဲ့ကြတယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့ဟာ နာမည်ကြီး တံဆိပ်မျိုးစုံရဲ့ ၀တ်စုံတွေ ၀တ်ပြီး ချမ်းသာကြွယ်ဝမှု ဂုဏ်ဒြပ်တွေကြားမှာ မွန်းကြပ်မှုတွေ ခံစားနေရတယ်

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ စာသင်ကျောင်းကို ဘိုသီဘတ်သီ ချွေးသံရဲရဲနဲ့ သွားခဲ့ဖူးတယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့ဟာ ကျော့ရှင်းသပ်ရပ်စွာ ၀တ်ဆင်ပြီး မျက်နှာပေါ်မှာ အပြုံးတွေနဲ့ အလုပ်သွားရတယ်

ပြန်လည်တမ်းတ သတိရခြင်း

၁၀နှစ်မတိုင်မီ ကိုယ်ဟာ အချိန်ဆိုတာ ဖြုန်းလို့ရတဲ့ အရာတစ်ခုလို့ သတ်မှတ်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ အချိန်ကလွဲလို့ အရာအားလုံးကို ဖြုန်းတီးပစ်လို့ ရတယ်လို့ သိလိုက်တယ်

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ ငယ်ရွယ်နုပျိုမှုအတွက် နောင်တမရခဲ့ဘူး
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့မှာ ငယ်ရွယ်နုပျိုမှုဆိုတာ မရှိတော့ဘူး

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ ဘ၀ဆိုတာ ဂိမ်းတစ်ခုပဲ လို့ မြင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့ဟာ ဘ၀ရဲ့ ဂိမ်းကစားခြင်းမှာ ပါဝင်နေကြတယ်


ဒီစာတွေ ဖတ်ပြီးနောက်ပိုင်း လူသားတိုင်းဟာ ဟိုး ငယ်စဉ်ကလေးဘ၀ကနေ အသက်အရွယ်ကြီးလာတဲ့အထိ အတွေးအခေါ်၊ အနေအထိုင်၊ အစားအသောက်၊ အလုပ်အကိုင်၊ ပတ်ဝန်းကျင်၊ စိတ်နေစိတ်ထားတွေ အရာအားလုံးဟာ ပြောင်းလဲလာခဲ့တယ်။ ကိုယ်ကိုယ်တိုင်လည်း အရင် ၁၀နှစ်တုန်းကနဲ့ မတူတော့ဘဲ ပြောင်းလဲလာတာတော့ အမှန်ပဲ။ အခုလက်ရှိအချိန်မှာတော့ ကလေးငယ်တွေလို ဖြူစင် အပြစ်ကင်းတဲ့ နုနယ် ငယ်ရွယ်တဲ့ဘ၀ကို ပြန်မရတော့ပေမယ့် တခါတရံမှာတော့ ပြန်လည် သတိရ တမ်းတနေမိတယ် ကုန်ဆုံးသွားတဲ့ အချိန်တွေကို မရတော့မယ့်အတူတူ မမြင်ရသေးတဲ့ မိမိရဲ့ရှေ့ရေးအနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားရှင်သန် ရပ်တည်ရင်း ပျော်ရွှင်စွာနဲ့ဘ၀ခရီးလမ်းကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အားလုံးကိုခင်မင်လေးစားလျက်
ဝိုင်း

8

ဂုဏ်တော် (၁၀၀၀) ပုတီးစိပ်နည်း

ဂုဏ်တော်တစ်ပါးတည်းကို၁၀၀၀ပြည့်အောင်စိပ်ခြင်း(သို့)ဂုဏ်တော်၉ပါးလုံးကို၁၀၀၀ပြည့်အောင်စိပ်ခြင်း။

စိပ်နည်း(၁)
သောဘဂ၀ါ ဣတိပိ အရဟံ=ပုတီးတစ်လုံး(မှ) သောဘဂ၀ါ ဣတိပိ ဘဂ၀ါ=ပုတီးတစ်လုံး(ထိ)စိပ်ပါ။
(ပုတီး၉ပတ်ပြည့်သောအခါ ဂုဏ်တော်၁၀၀၀ကိုရသည်။)

စိပ်နည်း(၂)
သောဘဂ၀ါ ဣတိပိ အရဟံ=ပုတီးတစ်ပတ်(မှ)
သောဘဂ၀ါ ဣတိပိ ဘဂ၀ါ=ပုတီးတစ်ပတ်(ထိ)စိပ်ပါ။
(ဂုဏ်တော်၉ပါး ၉ပတ်ပြည့်သောအခါ ဂုဏ်တော်၁၀၀၀ကိုရသည်။)

စိပ်နည်း(၃)
သောဘဂ၀ါ ဣတိပိ အရဟံမှဘဂ၀ါ ထိ=ပုတီးတစ်လုံး စိပ်ပါ။
(၁၀၈လုံးပုတီးတစ်ပတ်ပြည့်သောအခါ ဂုဏ်တော်၁၀၀၀ကိုရသည်။)

မှတ်ချက်။ ။ဂုဏ်တော်၉၇၂ပါးကိုပင်လျှင် ဂုဏ်တော်၁၀၀၀ဟုခေါ်ဆိုခြင်းဖြစ်သည်။ ပုတီးစိပ်တဲ့အခါ အချိန် ပေးပြီး တသမတ်တည်း အာရုံစိုက် စိပ်ပေးနိုင်ရင် အကောင်းဆုံးပါ။ ပုတီးစိပ်နည်း တွေထဲကမှ အစွမ်းထက်တဲ့ ဂုဏ်တော် (၁၀၀၀) ပုတီးစိပ်နည်းဖြင့် ရှုမှတ်ပွားများနိုင်ကြစေရန် ရည်ရွယ်ပြီး တင်ဆက်လိုက်ရပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

10

If your BIRTHDAY is .......

December 23rd ~ January 1st = Red

January 2nd ~ January 11th = Orange

January 12th ~ January 24th = Yellow

January 25th ~ February 3rd = Pink

February 4th ~ February 8th = Blue

February 9th ~ February 18th = Green

February 19th ~ February 28th = Brown

March 1st ~ March 10th = Aqua

March 11th ~ March 20th = Lime

March 21st = Black

March 22nd ~ March 31st = Purple

April 1st ~ April 10th = Navy

April 11th ~ April 20th = Silver

April 21st ~ April 30th = White

May 1st ~ May 14th = Blue

May 15th ~ May 24th = Gold

May 25th ~ June 3rd= Cream

June 4th ~ June 13th = Grey

June 14th ~ June 23rd = Maroon

June 24th = Grey

June 25th ~ July 4th = Red

July 5th ~ July 14th = Orange

July 15th ~ July 25th = Yellow

July 26th ~ August 4th = Pink

August 5th ~ August 13th = Blue

August 14th ~ August 23rd = Green

August 24th ~ September 2nd = Brown

September 3rd ~ September 12th = Aqua

September 13th ~ September 22nd = Lime

September 23rd = Olive

September 24th ~October 3rd = Purple

October 4th ~ October 13th = Navy

October 14th ~ October 23rd = Silver

October 24th ~November 11th = White

November 12th ~ November 21st = Gold

November 22nd ~ December 1st = Cream

December 2nd ~ December 11th = Grey

December 12th~ December 21st = Maroon

December 22nd = Teal

 

RED
 


Cute and lovable type, You are picky but always in love... and liked to be loved. Fresh and cheerful, but can be "moody" at times. Capable with people nice, soft, and that can love you for the way you are. Likes people that are easy to talk to, and can make you feel. comfortable. 

****************************
Orange



You are responsible for your own actions, and you know how to treat people.You always have goals to reach and you really work hard to get there, you are competitive. Your friends are really important to you and you appreciate what you have, you sometimes over react that's because you are sensitive. comfortable.

****************************
 Yellow



You are sweet and innocent. Trusted by many people, and have a strong leadership towards relationships. You make good decision and make the right choice at the right time. And always dreaming of Romantic Relationship.

****************************
Blue  



You may have low self-esteem, and can be very picky. You are artistic and like to fall in love, but you let your love pass by, by loving with your mind, not your heart. relationship.

 ****************************

 Pink



You are always trying your best in everything, and like to help and care for other people. But you are not easily satisfied. You have negative thoughts, and you look for romantic love like in a fairytale. relationship.

 ****************************
Green 




 You get along well with new people. You are not really a shy person, but sometimes you can hurt people's feelings by your words... You like to be loved and noticed by your lover, but mostly you are single, waiting for the right person.


****************************
Brown 



You are active and sportive. It's hard for other people to become close with you, but you fall in love easily. But once you find out you can't get something, you give up and let go easily as well.

****************************
Aqua  



Your feelings change suddenly and easily. You are always lonely, and like traveling. You are truthful, but listen and believe other people too easily. It's hard to find love for you, and get lost in love easily, Sometimes get hurt by love.

****************************
Lime 



You are calm, but easily stressed out. You get jealous easily, and complain over little things. You can't get stuck into one thing, but you have a capable personality for everyone to trust you and like you.

****************************
Black 



You are challenging, and have the "guts". But you don't like changes in your life. And once you make a decision, you keep it that way for a long time. Your love life is also challenging, and different.

****************************
Purple



You are Mysterious, never selfish and get interested in things easily. Your day can be Sad or Happy depending on your mood.You are popular between friends but you can act stupid at times,and forget things easliy.You go for a person that's trustworthy.

****************************
Navy  



You are attractive, and love your life.You have a strong feeling towards everything. And very easily distracted.Once you get angry at someone, its hard for you to forgive them.

****************************
Olive 


You are warm and light hearted.You seem to flow well with friends and family. You don't like Violence and know what's right.You are Kind and cheerful but don't evny other people. 

****************************
Silver



You are imaginative and fun, You love trying new things.You like to challenge yourself and you learn things easily, you're easy to talk to and give good advice.When comes to friendship, you find it hard to trust someone, but once you find the right friend, you trust them forever.

****************************
Gold 


You know what's right and what's wrong. You are cheerful and out going. It's hard for you to find the one you want, but once you find the right person, you won't be able to fall in love again for a long time.

****************************  
Cream

 
Competitive and sportive. Don't like losing and always cheerful! You are trustworthy, and very out going. You choose love carefully, and don't fall in love easily. But once you find the right one, you don't let go or a long time.
        
****************************
Grey  
You are attractive, and active. You never hide your feelings, and express everything that's inside. But can be selfish at times. You want to be noticed, and don't like to be treated unequally. You can brighten up peoples day. You know what to say at the right time, and you have a good sense of humor.


****************************
Maroon


You are intelligent, and know what's right. You like to make things go your way, which can sometimes cause trouble for not thinking about other people's feelings. But you be patient when it comes to love.. Once you get a hold of the right person, it's hard for you to find a better love.


****************************
White


You are shiny person,cute and intelligent Person. You like to make friendship with your higher persons, which can sometimes cause trouble.
Your Strength is Your Love towards friends.You always looks to love somebody and u be loved by somebody. Your Intelligence may lead to success in your life 

**************************** 

မိမိရဲ့ မွေးနေ့အလိုက် အရောင်များကို ရွေးချယ် ဖတ်ရှုနိုင်ပါတယ်။ ကိုယ်က ဘယ်နေ့ထဲမှာ ပါဝင်ပြီး ဘယ်အရောင်အမျိုးအစားလဲဆိုတာ သိနိုင်တာပေါ့။ အင်္ဂလိပ်လိုတော့ ဘာသာမပြန်တော့ပါဘူး အားလုံး လွယ်လွယ်လေးတွေပဲ ရေးထားလို့ပါ ၀ိုင်းကတော့ အဖြူရောင် အမျိုးအစားထဲကပါတဲ့...


အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း   

12

Batam သို့ အလည်တစ်ခေါက်

ဝိုင်းတို့ရုံးက သူဌေးက 6.11.2009 ရက်မှာ အင်ဒိုနီးရှားမှာ ကျင်းပမယ့် မင်္ဂလာဆောင် တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ပထမဆုံး သွားဖို့အတွက် အင်ဒိုဗီဇာ စလျှောက်ရပါတယ်။ အာဆီယံနိုင်ငံအသင်းဝင်တွေဆိုရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သွားတဲ့ အခါ ဗီဇာ လျှောက်ဖို့မလိုဘူးလို့ သူတို့တွေ ပြောပေမယ့် အင်ဒိုနီးရှားသံရုံးကို ဖုန်းဆက်မေးကြည့်တော့ ဗီဇာလျှောက်ဖို့လိုပါတယ်တဲ့ ။ မသွားခင် တစ်ပတ်လောက်အလိုကတည်းက ဗီဇာကိစ္စ အောင်မြင်စွာ ပြီးစီးသွားတယ်။ အဲ့ဒါနဲ့ ၅ရက်နေ့ နေ့တ၀က် ရုံးဆင်းတာနဲ့ ရုံးက သူငယ်ချင်းတချို့အပါအ၀င် အားလုံးပေါင်း ၇ယောက်နဲ့ အတူ ညနေ ၃နာရီလောက်မှာ သဘောင်္ဆိပ်ကနေ ထွက်ခွါခဲ့တယ် သဘောင်္စီးချိန်က ၄၅မိနစ်ပဲကြာပြီး ဟိုဘက်ရောက်တော့ သူဌေးရဲ့ အသိ သူငယ်ချင်းက ကားနဲ့လာကြိုတယ် ဟိုတယ်ကို ရောက်တော့ သူဌေးက ရောက်နှင့်နေပြီး ၀ိုင်းတို့ကို တွေ့တာနဲ့ နေ့လည်စာနဲ့ ဧည့်ခံတယ်၊ ပြီးတော့ အခန်းမှာ ခဏနားခဲ့ကြပြီး ညစာကို သူဌေးရဲ့ အသိမိတ်ဆွေတွေနဲ့ တပျော်တပါးကြီး သွားစားခဲ့ကြတယ်




၆ရက်နေ့ မနက်ပိုင်းကနေ စပြီး ရှော့ပင်းထွက်ကြတယ်။ အဲ့ဒီမှာ သူဌေးဖွင့်ထားတဲ့ BCS Mall မှာ ပစ္စည်းတချို့ဝယ်ခဲ့တယ်။ အဲ့ဒီမှာ ပစ္စည်းတွေ အင်္ကျီတွေ အားလုံး စင်ကာပူငွေနဲ့ တွက်ကြည့်ရင် ဈေးသက်သာပါတယ်။ စင်ကာပူ ၁ဒေါ်လာကို အဲ့ဒီတုန်းက ပေါက်ဈေး ၆၇၀၀ နဲ့ တွက်ပြီး ဈေးသက်သာတဲ့ အစားအစာတချို့ရယ်၊ အင်္ကျီ၊ ဂျင်းဘောင်းဘီတချို့ ၀ယ်ခဲ့တယ်။ ဆံပင်ညှပ်ရင်လည်း တစ်ခါ လျှော်၊ ညှပ်ကို အင်ဒိုငွေ ၂သောင်းပဲ ကျတယ်လေ။ အနှိပ်ခန်းတို့ ၊ ကာရာအိုကေဆိုတဲ့ နေရာတို့မှာ လည်း ဈေးသက်သာတယ် ဆိုပါတယ်။



BCS (Batam City Square) Mall


ညပိုင်းမှာ သူဌေးရဲ့ တူမ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့တယ်။ မင်္ဂလာပွဲက ခမ်းခမ်းနားနားနဲ့ အပြင်အဆင်တွေလည်း အရမ်းကောင်းတယ်။ စားပွဲဝိုင်းပေါင်း တစ်ရာကျော် ဆန့်တဲ့ မင်္ဂလာခန်းမထဲမှာ ဖိတ်ခေါ်ထားတဲ့ ဧည့်ပရိသတ်ကလည်း နိုင်ငံ အသီးသီးကပါ။ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ မြန်မာ၊ ဂျကာတာ၊ ပကန်ဘာရူးနဲ့ တခြားအင်ဒိုနီးရှားနိုင်ငံကနေ လာရောက်ကြတဲ့ သူတွေ အစုံအလင်ပါပဲ။ တည်ခင်း ဧည့်ခံတဲ့ ဟင်းပွဲတွေမှာလည်း သူတို့ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဌက်သိုက်ဟင်းချိုနဲ့ တခြား နာမည်ကြီး ဟင်းမျိုးစုံလင်စွာ ပါဝင်ပါတယ်။





 


 


မင်္ဂလာပွဲမှာ ဖိတ်ခေါ်ထားတဲ့ အဆိုတော်တွေကလည်း သီချင်းတွေနဲ့ သီဆို ဖျော်ဖြေတယ် မိမိကြိုက်နှစ်သက်ရာ သီချင်းတွေကိုလည်း စာရွက်နဲ့ရေးပြီး တောင်းဆိုလို့ရပါသေးတယ်။ အဲ့ဒီမှာ မင်္ဂလာပွဲ အခမ်းအနားတင်ဆက်သူက မြန်မာပြည်က လာတဲ့ အထူးဧည့်သည်တော်ကို ဖိတ်ခေါ်ပါတယ်ဆိုပြီး ကြော်ငြာတော့ ၀ိုင်းလည်း ဘာမှ အဆင်သင့် မရှိဘဲ စင်ပေါ်တက်ခဲ့ရတယ်။ စင်ပေါ်ရောက်တော့ နှုတ်ခွန်းဆက်စကားပြော၊ သတို့သား သတို့သမီးအတွက် မင်္ဂလာဆုတောင်းစကားပြောပြီး သီချင်း တစ်ပုဒ်နဲ့ သီဆို ဂုဏ်ပြုခဲ့တယ်။ သီချင်းခေါင်းစဉ်ကတော့ 月亮代表我的心 (လမင်းကြီးက ကိုယ့်ရဲ့ နှလုံးသားကို ကိုယ်စားပြုတယ်) သီချင်းပါ။ သီချင်းဆိုအပြီး ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို သူတို့ကို သင်ပေးခဲ့တယ်လေ။







မင်္ဂလာပွဲရဲ့ နောက်ဆုံးမှာ သတို့သားနဲ့ သူ့သူငယ်ချင်းတွေ အားလုံး စုပေါင်းပြီး 朋友 (သူငယ်ချင်း) သီချင်းကို သံပြိုင် တူညီစွာသီဆိုကြတယ်။ သူတို့တွေရဲ့ ဖော်ရွေတဲ့ အပြုံး၊ လွတ်လပ်ပွင့်လင်းတဲ့ ဆက်ဆံမှု၊ ဧည့်ဝတ်ကျေပွန်တဲ့ ဧည့်ခံမှုတွေနဲ့ မင်္ဂလာပွဲ အခမ်းအနားကြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။


နောက်နေ့ရောက်တော့ အနီးအနားက Shopping center တွေ ထပ်သွားခဲ့ပြီး စင်ကာပူစံတော်ချိန် ည၈နာရီမှာပြန်လည်ရောက်ရှိခဲ့ပါတယ်။ အပြန်ခရီးလမ်းမှာတော့ သူဌေးဖိတ်ခေါ်ခဲ့တဲ့ မင်္ဂလာပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တက်ရောက်ခဲ့ရတဲ့ အတွက် စိတ်ထဲမှာ အတိုင်းမသိ ၀မ်းသာကြည်နူးမိပါတယ်။ သွားတုန်းက အချိန်ကလည်း သိပ်မရခဲ့လို့ ဈေးသိပ်မ၀ယ်ခဲ့ရပေမယ့် ၀ယ်ခဲ့တဲ့ အင်္ကျီတွေပဲ အမှတ်တရ လက်ဆောင်အဖြစ် သတ်မှတ်ပြီး ကြိုက်သလောက်သာ ယူသွားကြနော်။



Polo shirt (For women)







Polo shirt (For men)


နောက်တစ်ခေါက်လည်း အချိန်ရခဲ့မယ်၊ အခွင့်အရေး ရှိခဲ့မယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကြီး နေရာတချို့နဲ့ တခြားကျွန်းတွေဆီ အလည်တစ်ခေါက်သွားချင်သေးတယ်။ ဒီခရီးစဉ်ကတော့ ၀ိုင်းအတွက် မမေ့နိုင်တဲ့ အမှတ်တရ ခရီးစဉ်တစ်ခုအဖြစ် ကျန်ရှိနေမှာ အမှန်ပါပဲရှင်.......


အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

5

၁၂ရာသီဖွားများအတွက်

ဆရာသက်နှင်းဆွေ (ပုပ္ပါး) ရေးသားသော ၁၂ရာသီဖွားများအတွက်လက်ဆောင် ဆိုတဲ့ ပို့စ်ထဲမှ တဆင့် ဖတ်ရတာတွေပါ။


ဗြိစ္ဆာရာသီဖွားများ (အောက်တိုဘာလ ၂၄ မှ နိုဝင်ဘာလ ၂၂ ရက်အတွင်း) (တန်ဆောင်မုန်းလ)

ဗြိစ္ဆာရာသီသည် ရာသီစက်ဝန်း၏ ရှစ်ခုမြောက် ရာသီခွင်ဖြစ်၏။ အနောက်တိုင်း နက္ခတ်တွင် (scorpio) ဟုခေါ်တွင်၏။ ဤရာသီခွင်ရှိ ကောင်းကင်ကြယ်စုတို့သည် ကင်းမြီးကောက်တစ်ကောင်၏ အသွင်သဏ္ဍာန်တည်ရှိကြ၏။ အာပေါဓါတ် (ရေဓါတ်) ကြီးစိုးသော ရာသီခွင်ဖြစ်၏။ အင်္ဂါဂြိုလ်မှ ပိုင်စိုး၏။ (၉) ဂဏန်းတို့စွမ်းအား သက်ရောက်မှုရှိ၏။ (သတွဂုဏ်) (သစ္စာကြီးမား၍ ဖြောင့်မတ်မှုဂုဏ်) သက်ရောက်၏။ နှစ်စဉ် အောက်တိုဘာလ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများသည် ဗြိစ္ဆာရာသီဖွားများ ဖြစ်၏။ ထိုသို့ ရက်အတိအကျမသိဘဲ တန်ဆောင်မုန်းလအတွင်းမွေးဖွားသူများသည်လည်း ဗြိစ္ဆာရာသီဖွားများဟု တစ်ထစ်ချမှတ်ယူရမည်ဖြစ်၏။ (မ) ရာသီ၊ (သောမ) ရာသီလည်းဖြစ်ပေ၏။





ဗြိစ္ဆာရာသီဖွားတို့၏ ပင်ကိုယ်သဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ

ဗြိစ္ဆာရာသီဖွားတို့သည် သစ္စာတရားဦးထိပ်ပန်ဆင်သူများ ဖြစ်ကြ၏။ ဖြောင့်မတ်သော စိတ်ထားရှိ၏။ သို့သော်စိတ်ထဲ၌ အငြိုးအတေးထားတတ်ကြ၏။ ကိုယ့်အပေါ် ထိပါးစော်ကားသူတို့အား တစ်နည်းနည်းဖြင့် တုံ့ပြန်ကလဲ့စားချေတတ်ကြ၏။ ဗြိစ္ဆာရာသီဖွားတို့၏ စိတ်၌ ခံစားချက်ဒဏ်ရာများဖြင့် ပြည့်နှက်နေတတ်၏။ ထို့အတူ ကိုယ်တိုင်အပင်ပန်းခံ ရုန်းကန်ရခြင်းများလည်း များစွာရှိ၏။ ဘ၀အစတွင် ခက်ခဲကြမ်းတမ်း၏။ ခက်ခဲသည်ဆိုရာတွင် မောင်နှမသားချင်းအတူတူမှာပင် ကိုယ်က ပိုပြီး ခက်ခဲပင်ပန်း၏။ အနစ်နာခံကြိုးစားရ၏။ သို့သော်အဖက်ဖက်မှ အခက်အခဲများကို ဇွဲနှင့်စွဲမြဲစွာ လုပ်ကိုင်ကြိုးစားရင်း သာမန်ထက်ပိုအောင်မြင်သွားတတ်၏။ ဗြိစ္ဆာရာသီဖွားတို့၏ ဘ၀တွင် မိမိအပေါ်နားလည်ပေးသူနည်း၏။ ထို့ကြောင့်လည်း တစ်ကိုယ်တည်းကျိတ်ပြီး ခံစားရသော ဒဏ်ချက်များတို့ကို ပြင်းထန်စွာ ခံစားရင်း အငြိုးအတေးစိတ်များ ထွက်ပေါ်လာရတတ်၏။ ဗြိစ္ဆာရာသီဖွားတို့သည် မိမိအပေါ် လွှမ်းမိုးခြင်းကို လုံးဝလက်မခံနိုင်ကြချေ။ အထူးလွတ်လပ်ပေါ့ပါးစွာ၊ သန့်ရှင်းစွာ နေထိုင်ရှင်သန်လိုကြ၏။ သို့သော် သူတို့ဘ၀တွင် အဘွား၊ အမေ၊ အစ်မ၊ အဒေါ် စသော အမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုကို (ကောင်းသော သဘောဖြင့်ဖြစ်စေ၊ ဆိုးသောသဘောဖြင့်ဖြစ်စေ) သက်ရောက်မှုရှိနေတတ်၏။ ဗြိစ္ဆာရာသီဖွားတို့သည် စိတ်အား၊ လူအားကောင်း၏။ ဘ၀တွင်ကြီးမြင့် ထင်ပေါ်ချင်တတ်၏။ ဘ၀၏ အောင်မြင်မှုကို တိုက်ပွဲပမာ တိုက်ယူလိုကြ၏။ အပင်ပန်းခံပြီး ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားယူကြ၏။ ဘ၀အစတွင် ကျပ်တည်းသလောက် နောက်ဆုံးတွင် အောင်မြင်ကြရ၏။ အချိန်ကိုလည်း စောင့်ဆိုင်းလုပ်ကိုင်တတ်ကြ၏။ ဦးဆောင်နေရာထိပ်ဆုံးသို့ ရည်မှန်း၍ လုပ်တတ်ကြ၏။ စိတ်မြန်၏။ ဒေါသဖြစ်လွယ်၏။ သို့သော် အချို့ကိစ္စတို့တွင် ငါသိငါတတ်သဘောဖြင့် တဇွတ်ထိုးလုပ်မိတတ်ကြ၏။ အငြင်းလည်းသန်၏။ ကိုယ်ယုံကြည်ရာကို ခေါင်းမာစွာ ကိုင်စွဲထားတတ်၏။ ထို့အတွက် ငြင်းခုံရန်လည်း ၀န်မလေးချေ။ စိတ်မထိန်းချုပ်နိုင်ဘဲ ပျက်စီးနစ်နာတတ်၏။ အထူးသဖြင့် ဗြိစ္ဆာရာသီဖွား အမျိုးသားများ အမျိုးသမီးနှင့်ပတ်သက်ပြီး ပျက်စီးနစ်နာတတ်၏။ ဗြိစ္ဆာရာသီဖွားတို့သည် အပြောချို၏။ တစ်ခါတစ်ရံ မာနကြီးတတ်၏။ စိတ်ထဲမထင်လျှင် ဘယ်လူကြီး လူကောင်းကိုပင်ဖြစ်စေ မခေါ်ဘဲ ဥပေက္ခာပြု နေနိုင်တတ်၏။ ဘယ်သူ့ကိုမှ ဂရုမစိုက်။ စိတ်အခန့်မသင့်က အငြိုးအတေးပင် ထားတတ်သေး၏။ အသက်ရှည်တတ်၏။ စီးပွားဥစ္စာ ချမ်းသာတတ်၏။ ရုပ်သန့်၏။ စကားပြောဆိုလျှင် စိတ်ပါလက်ပါ ပြောဆိုလာပါက ပြင်းထန်လာ၏။ လူ့သဘာဝကို သဘောပေါက်ကာ ပရိယာယ်သဘောများလည်း တတ်ကျွမ်း၏။ အခြွေအရံများ၏။ အ၀တ်ကောင်း၊ အစားကောင်းများ ၀တ်ရတတ်၏။ မိဘနှင့် ဝေးကွာနေတတ်၏။ အချို့ပညာရပ်တို့တွင် တစ်ပိုင်းတစ်စ ဖြင့်ရပ်ထားရတတ်၏။ ဗြိစ္ဆာရာသီဖွား အမျိုးသားများ အရက်သေစာ၊ ဆေးလိပ်တို့ကို ကြိုက်နှစ်သက်တတ်၏။ တစ်ခါတစ်ရံ ကြမ်းတမ်းခက်ထန် ပြုမူမိတတ်၏။ တစ်ခါတစ်ရံ မိဘ၊ ဆရာသမား အကြီးအကဲတို့စကားကို နားမထောင်ဘဲ နေတတ်၏။ အထက်လူကြီး၊ မင်းအစိုးရတို့၏ ချီးမြှင့်မှုကိုခံရကာ ဘ၀တွင်ကြီးပွားအောင်မြင်တတ်ကြလေ၏။ ထို့အပြင် ဗြိစ္ဆာရာသီဖွားတို့သည် မမြင်အပ်သော မြင့်မြတ်သည့် နာမ်လောကမှ ပုဂ္ဂိုလ်ထူးတို့၏ ပါရမီပဋ္ဌာန်းဆက်ဖြင့် စောင့်ရှောက်မှုကိုလည်း သိသာစွာ ခံရတတ်၏။

ဗြိစ္ဆာရာသီဖွားတို့၏ အချစ်ရေးနှင့် အိမ်ထောင်ရေး

ဗြိစ္ဆာရာသီဖွားတို့သည် အသိရခက်၏။ အကဲခတ်ရခက်၏။ ပတ်ဝန်းကျင်အမြင်အရ တစ်မျိုး၊ ကိုယ့်ခံစားမှုကတစ်သွယ် ဖြစ်နေတတ်ကြ၏။ ကိုယ်ကလည်း ကိုယ့်ခံစားချက်ကို အသိရခက်အောင်မျိုသိပ်နိုင်စွမ်းရှိ၏။ သပ်ရပ်သန့်ပြန့် ခန့်ထည်စွာ နေတတ်သဖြင့် အများနှင့်မတူ ထင်ရှား၏။ စန်းပွင့်၏။ မျက်နှာပွင့်၏။ ဆန့်ကျင်ဘက်လိင်တို့၏ စွဲမက်စိတ်ဝင်စားခြင်းကို အထူးခံရတတ်၏။ နှလုံးသားရေးရာတွင် ချစ်မိပြီဆိုက ဘ၀ကိုပင် ပုံအပ်ရန် ၀န်မလေးသူများ ဖြစ်ကြ၏။ ချစ်သူအပေါ် အလိုလိုက်၏။ စိတ်ရောကိုယ်ပါ ချစ်ခင်တတ်၏။ အပြန်အလှန် နားလည်မှုရှိ၏။ သို့သော် အချစ်ကြီးသကဲ့သို့ပင် စိတ်အပြောင်းအလဲမြန်၏။ မသင့်လျော်ဘူးဟု ဆုံးဖြတ်ပြီးက အချစ်ခံစားမှု၊ စိတ်ခံစားမှုကို မရမက မျိုသိပ်ထားတတ်ပြန်၏။ အချစ်ဦးနှင့် ဆုံဆည်းခွင့်မရှိတတ်ကြ။ ချစ်သူအပေါ် အနွံတာခံလျက် ပေးဆပ်ပြီးချစ်တတ်သလောက် ခံနိုင်စွမ်းကုန်သောအခါ အရွဲ့တိုက်တတ်ကြတော့၏။ အငြိုးအတေးထားတတ်ကြတော့၏။ ထို့ကြောင့် အချစ်ကြီးသူကိုပင် အလွန်မုန်းတီး နာကျည်းသွားတတ်ကြပြန်၏။ သို့သော် ဗြိစ္ဆာရာသီဖွားတို့သည် အများအားဖြင့် သစ္စာရှိ၏။ ဖြောင့်မတ်၏။နူးညံ့သိမ်မွေ့၏။ တည်ငြိမ်အေးချမ်းစွာ နေပေါ်လာတတ်၏။ အမိ၊ အစ်မတို့၏ ပတ်သက်စွတ်ဖက်မှုလည်း ရှိတတ်ချေ၏။

အိမ်ထောင်ပြုသောအခါ ကိုယ့်ထက်ကြီးသူနှင့် အိမ်ထောင်ပြုရတတ်ပြီး ဗြိစ္ဆာရာသီဖွား အမျိုးသမီး အများစုမှာ ကိုယ့်ထက်အသက်ငယ်သူနှင့် အိမ်ထောင်ပြုရတတ်၏။ အိမ်ထောင်မပြုမီ အမျိုးမျိုးရွေးချယ်စီစစ်ပြီးမှ အိမ်ထောင်ပြုတတ်၏။ သို့သော် တကယ်တမ်း အိမ်ထောင်ပြုသောအခါ သနားချစ်ဖြင့် ပြုမိတတ်၏။ အထူးသဖြင့် ဗြိစ္ဆာရာသီဖွား အမျိုးသမီးများ သနားချစ်ဖြင့် အိမ်ထောင်ဖက်ရွေးချယ်ရင်း ဒုက္ခရောက်တတ်၏။ အိမ်ထောင်ရေးသောက ခံစားရတတ်၏။ ဗြိစ္ဆာရာသီဖွားတို့သည် တဇွတ်ထိုးလုပ်တတ်သော၊ အေးစက်စက်နှင့် ရက်စက်တတ်သော၊ ဘေးစကားကို ယုံလွယ်သောသူကိုမှ ရွေးချယ်မိတတ်၏။ ထို့ကြောင့် အိမ်ထောင်ရေးတွင် စိတ်ပင်ပန်းစရာများစွာကြုံတတ်၏။ အထူးရွေးချယ်ပြီးမှ လက်တွဲသင့်၏။ သို့သော် ဘာပဲဖြစ်ဖြစ် တည်ကြည်အေးဆေးသော၊ သစ္စာရှိသော၊ နူးညံ့သိမ်မွေ့သော မိမိ၏ ပင်ကိုယ်စိတ်စေတနာကောင်းတို့ကြောင့် မိမိချစ်သူ၊ မိမိအိမ်ထောင်ဖက်တို့ကလည်း တဖြည်းဖြည်း နားလည်လာကာ အိမ်ထောင်ရေး သာယာလာပါမည်။

ဗြိစ္ဆာရာသီဖွားတို့၏ အလုပ်အကိုင်နှင့် စီးပွားရေးအနေအထားများ

ဗြိစ္ဆာရာသီဖွားတို့သည် အလွန်ထူးခြားသော ဘ၀ပိုင်ရှင်များဖြစ်ပြီး ဘ၀အကွေ့အပြောင်းများစွာ ကြုံရတတ်၏။ အေးတိအေးစက်နှင့် ပြန်မပြော နားမထောင် ကိုယ်ထင်ရာ တဇွတ်ထိုးလုပ်တတ်၏။ ကိုယ်ပိုင်လွတ်လပ်မှုနှင့် အရာရာ အနှောင်အဖွဲ့မပါဘဲ လုပ်ကိုင်လိုတတ်၏။ရောက်ရာအရပ်တွင် တွေ့သောသူနှင့် လိုက်လျောညီထွေ နေတတ်၏။ ပေါင်းတတ်၏။ ပြောတတ်၏။ လုပ်တတ်၏။ စကားကတိကို တန်ဖိုးထား၏။ အလုပ်တစ်ခုမလုပ်မီ အပြန်ပြန်အလှန်လှန် စဉ်းစား၏။ မလုပ်မီ နောက်တွန့်နေတတ်၏။ စလုပ်ပြီဆိုသည်နှင့် ကျော်လွှားနိုင်၏။ ထို့ကြောင့် ထိပ်ဆုံးသို့ရောက်တတ်၏။ ထို့အပြင် ဘာမဆို သိုသိုသိပ်သိပ် လုပ်တတ်၏။ အများနှင့်မတူသော ရှုထောင့်မှတွေး၍ လုပ်တတ်၏။အများနှင့်တွဲ၍ လုပ်သည်ထက် ကိုယ်တစ်ဦးတည်းလုပ်က ပိုအောင်မြင်တတ်၏။ ထို့ထက် ကိုယ့်စိတ်တိုင်းကျလုပ်ကိုင်လေ ပိုအောင်မြင်လေ ဖြစ်၏။ စိတ်ကူးဥာဏ်အလွန်ကောင်း၏။ ထို့အပြင် အခြားသူတို့နှင့် ပြေလည်အောင် နေတတ်ပြီး ကူညီတတ်သော စရိုက်ကြောင့် မိတ်ကောင်း ဆွေကောင်းရတတ်၏။ သမရိုးကျ လမ်းဟောင်းအတိုင်းလုပ်ခြင်းထက် အရာရာကို ကိုယ်တိုင်လမ်းသစ်ထွင်ပြီး လုပ်က ပိုပြီးအောင်မြင် တတ်၏။ ခေတ်နှင့်အညီ လိုက်လျောညီထွေလုပ်က ပိုပြီးအောင်မြင်၏။ ရေရှည်လုပ်ငန်းထက် ပေါ်ပင်လုပ်ငန်းများက ပို၍ကောင်းကျိုးပေး၏။ ၀န်ထမ်းလုပ်က စာရင်းအင်းဘက်တွင် မလုပ်သင့်ပါ။ အလုပ်လုပ်ရာတွင် အကျိုးအမြတ်ဖြစ်အောင် တွက်ချက်ပြီး လုပ်တတ်သော်လည်း တကယ်လုပ်သောအခါ စိတ်ချမ်းသာမှုကို ရှေ့တန်းတင်၍ စိတ်အေးလက်အေးလုပ်တတ်၏။ ဘာပဲလုပ်လုပ် ဆုံးဖြတ်ပြီးက မြန်မြန်လုပ်ပါ။အချိန်ဆွဲမိက အလုပ်မဖြစ်တတ်ပါ။ ဆုံးဖြတ်ပြီးက တွန်းတိုက်လုပ်ပါလေ။ ဆန်းသစ်မှု၊ တီထွင်မှု၊ စွန့်စားမှု၊ ဥပဒေပညာ၊ ခွဲစိတ်ကုသမှု၊ သတင်းထောက်လှမ်းမှု၊ စူးစမ်းမှုတို့တွင် ၀ါသနာထုံပြီး ပါရမီရှိ၏။ လောကီပညာမှစ၍ ဗေဒင်၊ နက္ခတ်၊ မှော်ပညာ၊ နတ်ပိုင်းဆိုင်ရာ၊ ဓါတ်ပိုင်းဆိုင်ရာကိစ္စတို့ပါ ၀ါသနာထုံ၏။ သို့သော်လူသိမခံဘဲ လေ့လာလိုက်စားတတ်၏။ ဘာသာရေးတွင်လည်း ထူးချွန်၏။

အထူးကောင်းကျိုးပေးသော အလုပ်များမှာ နာမည်ကျော် စာရေးဆရာ၊ ပန်းချီဆရာ၊ ထောက်လှမ်းရေး၊ ကျောက်မျက်ရတနာ၊ တွင်းထွက်ပစ္စည်းမျိုးစုံနှင့် လျှပ်စစ်ပစ္စည်း၊ ပန်းတိမ်အလုပ်၊ ဖိနပ်လုပ်ငန်း၊ စိုက်ပျိုးရေးအလုပ်တို့တွင် ကောင်းကျိုးပေး၏။
ဘာပဲလုပ်လုပ် ဗြိစ္ဆာရာသီဖွားတို့သည် ကောင်းမွန်သောအလုပ်တို့ကိုသာ လုပ်သင့်၏။ ပင်ကိုယ်ဗီဇတွင်ပင် ကြီးပွားစေတတ်သော ပါရမီပါပြီးဖြစ်၏။ ဘာသာတရားကို ဦးထိပ်ပန်ဆင်ပြီး သမ္မာအာဇီဝကျကျ လုပ်သွားက စီးပွားဖြစ်ထွန်းတတ်၏။ ဥပဒေမလွတ်ကင်းသော အလုပ်တို့လုပ်က ဒုက္ခတွေ့တတ်၏။ ကောင်းမွန်စွာနေက ဘာအခက်အခဲရှိရှိ အောင်မြင်သွားတတ်ကြလေ၏။

ဗြိစ္ဆာရာသီဖွားတို့၏ သဘာဝဘေးအန္တရာယ်များ

ဗြိစ္ဆာရာသီဖွားတို့သည် မီးဘေး၊ လက်နက်ပေါက်ကွဲမှုဘေး၊ လျှပ်စစ်မီးရှော့ခ်ဖြစ်ခြင်းတို့ ကြုံတတ်၏။ အနည်းဆုံး အပူလောင်ခြင်းမျိုး မကြာခဏကြုံတတ်၏။ ဘုရားဂုဏ်တော် (၉) ပါးကို အမြဲပွားထုံသင့်၏။ စတီး(လ်) အစစ်ကိုဆောင်ထားသင့်၏။ အထူးသဖြင့် လျှပ်စစ်မီးတို့ကို ကိုင်တွယ်သုံးစွဲရာတွင် ကြိုတင်သတိရှိက ထိုအန္တရာယ်မှ လွတ်မြောက်ပေမည်။

ဗြိစ္ဆာရာသီဖွားတို့၏ ကျန်းမာရေးအခြေအနေများ

ဗြိစ္ဆာရာသီဖွားတို့သည် ရောဂါဖြစ်ခဲတတ်၏။ ဖြစ်ခဲ့လျှင်လည်း အဖျားကြီးသော ရောဂါဖြစ်တတ်၏။ ထို့အပြင် ကူးစက်သော ရောဂါများ ဖြစ်တတ်၏။ ထို့အပြင် ခန္ဓာကိုယ်၏ လျှို့ဝှက်အင်္ဂါအစိတ်အပိုင်းတို့တွင် အနာရောဂါဖြစ်ခြင်း၊ ကျောက်ကပ်၊ အစာအိမ်နှင့် ဆီးရောဂါတို့ဖြစ်တတ်၏။ သို့သော် အန္တရာယ်ကြီးမားစွာ မဖြစ်တတ်ပါ။ ဗြိစ္ဆာရာသီဖွားတို့သည် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်ကောင်းတို့ကို ပင်တိုင်ဓာတ်စာအဖြစ် စားပေးသင့်၏။ အမြဲမှီဝဲပေးခြင်းဖြင့် ရောဂါကင်းစင်ကာ ကျန်းမာရွှင်လန်းရတတ်၏။ အထူးသဖြင့် ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ပင်တိုင် စားသုံးပေးသင့်၏။

ဗြိစ္ဆာရာသီဖွားတို့၏ ဘ၀ကံကြမ္မာ အခြေအနေများ

ဗြိစ္ဆာရာသီဖွားတို့သည် ထူးခြားသော ဘ၀ပိုင်ရှင်များ ဖြစ်၏။ အထူးသဖြင့် ကိုယ်ကမှန်သည်ဟု ဆုံးဖြတ်ထားသည့်အပေါ်တွင် ခိုင်မြဲစွာ ရပ်တည်၍ လုပ်ပေရာ ကောင်းသော လမ်းကြောင်းပေါ် ရပ်တည်မိက ထိပ်ဆုံးရောက်အောင် ဖြစ်ထွန်းသွားတတ်ကြလေ၏။ ထိုသို့မဟုတ်ဘဲ မကောင်းသောလမ်းပေါ်ရောက်သွားကလည်း အ၀ီစိရောက်အောင် မိုက်တတ်၏။
ထို့ပြင် ဗြိစ္ဆာရာသီဖွားတို့သည် ကိုယ့်စိတ်ထဲတွင် မကြိုက်တော့က ဘယ်လိုပုဂ္ဂိုလ်ကြီးကိုမှ ဂရုမစိုက်တော့ချေ။ ပင်ကိုယ်သဘောထား လိုတတ်၏။ သို့သော် ဘ၀ပေး အခြေအနေအရပင် အချစ်ရေးတို့၌ အနှောက်အယှက်များ အလွန်ကောင်းပြီး သူတစ်ပါးထက်ပို၍ သည်းခံခွင့်လွှတ်တတ်၏။ ခွင့်လွှတ်နိုင်စွမ်းဘောင်ကျော်လာကလည်း အမျက်ကြီးကာ ရက်စက်စွာ တုံ့ပြန်တတ်၏။ ထို့နောက် ထိုသူမျိုးတို့ကို လုံးဝဥပေက္ခာပြုပစ်တတ်၏။ ကိုယ်ပိုင်အကြံဖြင့် ထိပ်ဆုံးရောက်တတ်၏။ သူတစ်ပါးတွေကလည်း ကိုယ့်ကိုကိုယ်လိုက်ပြီး တုပတတ်ကြ၏။ အပေါင်းအသင်းမက်၏။ သို့သော် အစွဲမထားတတ်။ အချစ်ရေး၊ အိမ်ထောင်ရေး အားနည်း၏။ ရှုပ်ထွေး၏။ အလွန်ချစ်သူကို ပစ်ခွာခဲ့ပြီး အခြားသူကိုပြောင်းချစ်ရန်လည်း ၀န်မလေးချေ။ အိမ်ထောင်တစ်ဆက်တည်း ထူထောင်ပါက ထိပ်ဆုံးရောက်အောင် ကြီးပွားတတ်၏။ တစ်ပါးသူတို့ကလည်း ကိုယ့်အပေါ် အခွင့်အရေးယူကာ ဒုက္ခပေးတတ်၏။ သူတစ်ပါးအကူအညီ ယူမိကလည်း အခြားပြဿနာတို့တွင် အသုံးချသွားတတ်ပြန်၏။ ထို့ကြောင့် သီးသန့်တစ်ကိုယ်တော်နေလေ ကောင်းလေဖြစ်၏။ ဆွေမျိုးရင်းထက် သူစိမ်းတို့က ပိုကောင်းတတ်၏။ ဘ၀တွင် အခြေခံမှစပြီး အမြင့်ဆုံးရောက်အောင် ကြိုးစားနိုင်စွမ်းကြလေ၏။ အခက်အခဲရှိသူများကိုပင် ကိုယ်ကျိုးမငဲ့ဘဲ ကူညီခြင်းသည် ဗြိစ္ဆာရာသီဖွားတို့၏ ဘ၀အဓိပ္ပါယ်ဖြစ်၏။ သတိပြုရန်မှာ လူ့အသိုင်းအ၀ိုင်းက သိပ်မဆက်ဆံလိုသူတို့ကို ကိုယ်က တန်းတူရည်တူ ပေါင်းသဖြင့် ကိုယ့်သိက္ခာထိပါးတတ်၏။ နှလုံးသားကို ဦးစားပေးသဖြင့် ခံစားချက် ပြင်းထန်၏။ ချစ်ဦးသူနှင့်ကွဲကာ အချစ်ဆက်ထုံးများစွာကြုံတတ်၏။ လူမျိုးခြား၊ ဘာသာခြား ကိုရှောင်ပါ။ နှလုံးသားတွင် အရွဲ့တိုက်လိုသော စိတ်များပေါ်တတ်၏။ ကိုယ့်ချစ်သူကို ကိုယ်ကပင် အသည်းခွဲ ကလဲ့စားချေတတ်၍ ကိုယ်တိုင်သာ အသည်းကွဲရတတ်၏။ စီးပွားရေးတွင် အစပိုင်း၌ အမျိုးမျိုးပြောင်းပြီး လုပ်ကိုင်ပြီးမှ မမျှော်လင့်ဘဲ မိတ်ဆွေကောင်းတွေ့ကာ မထင်မှတ်သော အထောက်အကူတို့ရရှိကာ မထင်မှတ်ထားသောထိပ်တန်းသို့ ရောက်ရှိသွားတတ်၏။ အသက် (၂၀)၊ (၂၃)၊ (၂၅)၊ (၂၈)၊ (၃၁) အရွယ်တို့တွင် အရွယ်နှင့်မမျှအောင် အောင်မြင်တိုးတက်မှုတို့ကြုံရမည်။ သတိပြုပါ။ အောင်မြင်ကျော်ကြားမှု၊ စီးပွားဥစ္စာတို့က ကိုယ့်ကိုဒုက္ခပြန်ပေးတတ်၏။(၃၁) မှ (၃၆) ကြားတွင် တက်လိုက်ကျလိုက်ဖြစ်နေမည်။ (၃၆)၊ (၃၈)၊ (၄၀)၊ (၄၁)၊ (၄၄)၊ (၄၇)တို့တွင်ထူးခြားစွာ ထိပ်တန်းရောက်အောင် ကံကောင်းသွားမည်။ အထူးသဖြင့် (၃၅)၊ (၃၆)၊ (၅၆)၊ တို့တွင် မင်းစိုးရာဇာ ချီးမြှင့်ခံရခြင်း၊ ကြီးစွာအောင်မြင်ခြင်း၊ စည်းစိမ်တိုးခြင်း တို့ဖြစ်မည်။ အသက် (၇၀) ကျော်အောင်ရှည်တတ်၏။

ဗြိစ္ဆာရာသီဖွားတို့၏ ဘ၀အောင်မြင်ရန် အဆောင်၊ အရောင်များ

ဤရာသီဖွားတို့သည် အတိုက်အခံအလွန်များ၏။ ကိုယ်ကလည်း မဟုတ်မခံစိတ် သတ္တိဗျတ္တိနှင့် အတိုက်အခံလုပ်တတ်၏။ အနက်ရောင်ရှောင်ပါ။ အနီရောင်၊ ကြက်သွေးရောင်၊ အ၀ါရောင်၊ အပြာရင့်တို့ကိုဝတ်ပါ။ အနီရင့်အကောင်းဆုံးဖြစ်၏။ ပတ္တမြားလက်စွပ် ၀တ်ပါ။ ကျောက်အနီဆောင်ပါ။ စတီးလ်အစစ်ဝတ်ပါ။ ရဲစွမ်းသတ္တိနှင့်ပြည့်စုံကာ ရန်အပေါင်းနိုင်မည်။ ခြေသည်း လက်သည်းရှည် မထားသင့်။ခြေထောက်ဖုံးအောင် လုံချည်၊ ဘောင်းဘီမ၀တ်သင့်။ မလိုအပ်ဘဲ မျက်မှန်မတပ်သင့်။ ဆွဲကြိုးဆွဲက အရှည်ကြီးမဆွဲဘဲ တိုတိုဆွဲကာ လည်တိုင်အလှဖော်ပါ။ မျက်ခွံပေါ်မှာ ဆေးမချယ်သင့်။ ဖရိုဖရဲပုံစံကို နှစ်သက်၏။ ဘိုသီဘတ်သီနေခြင်းကိုက ထူးခြား၏။ ခေတ်မီ ထူးခြားတတ်၏။ ခေတ်မီစတိုင်နှင့် ရှေးဟောင်းစတိုင် တွဲဖက်ဝတ်တတ်၏။ ထိုသို့ဝတ်ခြင်းကိုက ထူးခြားတတ်၏။ မျက်မှောင်ကြုတ်မနေဘဲ အမြဲပြုံးနေပါ။ အလွန်အမင်းမပြင်ဆင်ဘဲနေလေ ပေါ်လွင်လေဖြစ်၏။ သာမန်နေထိုင်ခြင်းထက် ဓါတ်ပုံရိုက်က ပိုထင်ပေါ်တတ်၏။ ကြီးလွန်းသောပစ္စည်း၊ ထူထဲလွန်းသောအ၀တ်များ နှင့်မလိုက်ဖက်။ ပေါ့ပါးလွတ်လပ်စွာ ၀တ်စားပါ။ နေထိုင်ပါ။ စကားပြောသောအခါ လိုရင်းပြောလေ ညှို့ဓါတ်ပါလေဖြစ်၏။ ဗြိစ္ဆာရာသီဖွားတို့သည်အထူးသဖြင့် (၁) အယုံလွန်ခြင်း၊ (၂) ကူညီတတ်လွန်းခြင်း၊ (၃) ကိုယ်ယုံကြည်ရာ တဇွတ်ထိုးလုပ်တတ်ခြင်းကြောင့် ထင်ရာစိုင်းသလို ဖြစ်သွားခြင်းတို့ကို အထူးရှောင်ပါ။ (၄) ခေတ်နှင့်အညီ အပြောင်းအလဲ၊ အသစ်ထွင်ပါ။ အကြံသစ်တွေကို လက်တွေ့လုပ်ဆောင်ပါ။ ရဲရဲလုပ်ပါ။ မုချအောင်မြင်ပါလိမ့်မည်။ ဘ၀တွင် (၃၊၆၊၉) ဂဏန်းတို့ကောင်းကျိုးပေး၏။ အ၀တ်ကောင်းများကိုလည်း ၀တ်ရတတ်၏။ ဗြိစ္ဆာရာသီဖွား အမျိုးသားများ အရက်သေစာ စွဲမက်သွားတတ်သဖြင့် အထူးရှောင်ပါ။ စကားပြောပြင်းထန်ခြင်းနှင့်မဟုတ်မခံအငြိုးကြီးခြင်းတို့ကိုရှောင်ပါ။စစ်မှန်သောသတ္တိရှိသူများဖြစ်သည့်အတွက်သတ္တိကိုမှန်ကန်စွာအသုံးပြုခြင်းဖြင့် ဘ၀အောင်မြင်မှု ထိပ်ဆုံးသို့ရောက်ရှိနိုင်မည် ဖြစ်ပေသတည်း။

ဒါကတော့ ၀ိုင်းရဲ့ ရာသီဖွားအတွက်ဖော်ပြပေးထားတာပါ။ ဖတ်ရသလောက်တော့ တချို့အချက်တွေဟာ ဘ၀နဲ့ ထပ်တူညီ မှန်ကန်နေလို့ပါပဲ။ တခြားရာသီဖွားတွေအတွက်လည်း လင့်ထည့်ပေးလိုက်ပါတယ် လင့်ကနေတဆင့် သွားရောက်ဖတ်ရှုနိုင်ပါတယ်

မိဿရာသီဖွားများအတွက် (မတ်လ ၂၁ရက်မှ ဧပြီလ ၂၀ရက်အတွင်းမွေးဖွားသူများ)

ဓနုရာသီဖွားများအတွက် (နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁ရက်အတွင်း မွေးဖွားသူများ)

ကန်ရာသီဖွားများအတွက် (သြဂုတ် ၂၄ရက်မှ စက်တင်ဘာ ၂၂ရက်အတွင်း မွေးဖွားသူများ)

တူရာသီဖွားများအတွက် (စက်တင်ဘာ ၂၃ ရက်မှအောက်တိုဘာ ၂၃ ရက်အတွင်း မွေးဖွားသူများ)

မေထုန်ရာသီဖွားများအတွက် (မေလ ၂၂ ရက်မှ ဇွန်လ ၂၁ ရက်အတွင်း မွေးဖွားသူများ) 

ကုမ်ရာသီဖွားများအတွက် (ဇန်န၀ါရီလ ၂၁ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ)

ကရကဋ်ရာသီဖွားများအတွက် (ဇွန် ၂၂ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)

သိဟ်ရာသီဖွားများအတွက် (ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၂၃ ရက်အတွင်းမွေးဖွားသူများ)  

မကာရရာသီဖွားများအတွက် (ဒီဇင်ဘာ ၂၂ မှ ဇန်န၀ါရီ ၂၀ အတွင်းမွေးဖွားသူများ)

မိန်ရာသီဖွားများအတွက် (ဖေဖော်ဝါရီ ၁၉မှ မတ်လ ရက်၂၀အတွင်း မွေးဖွားသူများ)

ဒီကြားထဲ ဒီဇင်ဘာလ ၅ရက်နေ့နဲ့ ၆ရက်နေ့ မှာ ဘာတန်ကျွန်းကို အလည်သွားမှာဖြစ်လို့  သူငယ်ချင်း အားလုံးကို ဒီမှာပဲ နှုတ်ဆက်ခဲ့ပါတယ် ခရီးက ပြန်လာမှပဲ ပို့စ်အသစ်တင်နိုင်ပါတော့မယ်

[P.S. ၆ရက်နေ့မှာ ဆင်ကဘူက ဆောင်းဆောင်းရဲ့ မွေးနေ့ပွဲ အစီအစဉ်မှာ ပိုင်အဲလာ(စပိန် ပင်လယ်ထမင်းကြော်)၊ မုဆာခါ (ဂရိ)၊ စပါကတ်တီ (အီတာလျှံ ခေါက်ဆွဲ) တို့လည်း လွတ်ပြီ ပြီးတော့ ဇာတ်ပွဲလည်း မကြည့်လိုက်ရတော့မှာကို စိတ်မကောင်းဘူးကွာ :P အခုကတည်းက မွေးနေ့အတွက် ဆုတောင်းပေးလိုက်ပါတယ် Happy Birthday ပါ ဆောင်းဆောင်းရေ... ထာဝရ ပျော်ရွှင်နိုင်ပါစေ]

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

2

Jobs Sites In Singapore

http://www.jobs.st701.com/

http://www.jobnation.sg/

http://www.singaporejobsonline.com/

http://www.singaporeitjobs.com/

http://www.singaporejobsonline.com/index.php/

http://www.singapore.recruit.net/

http://www.monster.com.sg/

http://www.bestjobs.com.sg/


http://www.jobscentral.com.sg/

http://www.jobsdb.com/

http://www.sg.jobstreet.com/

http://www.singapore.job-q.com/

http://www.jobsearchworld.com/

http://www.jobsf1.com/

http://www.jobmarket.com.sg/

http://www.careertips.com/

http://www.careerzone.com.sg/

http://www.jobs.singaporeexpats.com/

http://www.cyberspacejobs.com/

http://www.entersingapore.info/

http://www.expatforum.com/expats/singapore-expat-forum-expats-living-singapore/

http://www.expatriates.com/classifieds/singapore/

http://www.jobs.agilent.com/

http://jobscentral.com.sg/

http://www.jobcyclone.com/

http://www.jobscity.net/pls/jobs/browsejobs

http://www.jobsupermart.com/

http://www.sgadsonline.com/

http://www.bestjobs.com.sg/

http://www.streetdirectory.com/

http://www.efinancialcareers.sg/

http://worksingapore.com/

http://www.singaporejobsearch.com/

http://www.aicgonline.com/

http://www.expatforum.com/

www.micron.com/jobs/asiapacific/singapore

http://www.jobscity.net/

http://www.moe.gov.sg/

http://www.4icj.com/sg/

http://www.jobs.efinancialcareers.com/

http://www.zdnetasia.com/

http://www.efinancialcareers.com/

http://www.jobs.efinancialcareers.sg/

http://www.asianspider.com/

http://www.jobseek.com.sg/

http://www.worksingapore.com/

http://www.asianspider.com/jobparadise/Singapore.aspx

http://www.careertips.com/Singapore_Jobs.htm

အလုပ်ရှာဖွေနေသူများအတွက် အင်တာနက်မှာ ရှာဖွေရလွယ်ကူအောင် စုစည်းတင်ပြပေးလိုက်ပါတယ်။ အားလုံး အဆင်ပြေ အောင်မြင်နိုင်ကြပါစေ.....

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

9

How to start ur day with a positive attitude ?

1. Create a new folder on desktop .

2. Name it " Boss "

3. Right Click then select Delete

4. Your PC will ask you, "Are you sure you want to remove Boss to the Recycle Bin?"

5. Answer calmly, "Yes" and press the mouse button firmly....

6. Feel better ????

P.S.  increasing working hour suddenly :(