02 November, 2009

ဂဏန်းသချာင်္ပြကွက်ဆန်း

ဒီတစ်ခါ အပျင်းပြေအနေနဲ့ ဂဏန်းသင်္ချာရဲ့ လှည့်ကွက်လေးတွေကို စမ်းသပ်ကြည့်ကြပါဦး။

အမြဲတမ်း (၅)

၁။ သင့်စိတ်ကြိုက် ကိန်းဂဏန်း တစ်စုံတစ်ခုကို ယူလိုက်ပါ (ကိန်းတလုံးဖြစ်စေ၊ နှစ်လုံးဖြစ်စေ၊ ကြိုက်ရာ)
၂။ ၎င်းကိန်းထက် ၁ ကြီးသော ကိန်းနှင့်ပေါင်းစေပါ။
၃။ ရလာသောအဖြေကို (၉) နှင့်ပေါင်းပါ။
၎။ ပေါင်းရသောကိန်းကို (၂)ဖြင့်စားပါ။
၅။ စားလဒ်အား ပထမဆုံး သင်စိတ်ကြိုက်ရွေးခဲ့သော ကိန်းထဲမှ နုတ်ပါ။

အဖြေသည် အမြဲတမ်း (၅) ဖြစ်ပါသည်။

ဥပမာ.... မိမိယူထားသော စိတ်ကြိုက်ကိန်း... ၁၁၃

၁၁၃ + ၁၁၄ = ၂၂၇ + ၉ =၂၃၆ /၂ = ၁၁၈ - ၁၁၃ = ၅

ဒါကတော့ ကိန်းဘယ်နှစ်လုံးပဲ စိတ်ကြိုက်ရွေးပြီးတွက်တွက် နောက်ဆုံး အဖြေက အမြဲတမ်း (၅) ပဲ ရခြင်းဖြစ်ပါတယ်။

အမြဲတမ်း ၆ အတွက် ( နံပါတ် ၃။ ရသောအဖြေကို (၁၁) နှင့်ပေါင်းပါ။ ကျန်တာအားလုံးတွက်ပုံခြင်းအတူတူပါ)
အမြဲတမ်း ၇ အတွက် ( နံပါတ် ၃။ ရသောအဖြေကို (၁၃) နှင့်ပေါင်းပါ။ ကျန်တာအားလုံးတွက်ပုံခြင်းအတူတူပါ)
အမြဲတမ်း ၈ အတွက် ( နံပါတ် ၃။ ရသောအဖြေကို (၁၅) နှင့်ပေါင်းပါ။ ကျန်တာအားလုံးတွက်ပုံခြင်းအတူတူပါ)
အမြဲတမ်း ၉ အတွက် ( နံပါတ် ၃။ ရသောအဖြေကို (၁၇) နှင့်ပေါင်းပါ။ ကျန်တာအားလုံးတွက်ပုံခြင်းအတူတူပါ)
အမြဲတမ်း ၁၀ အတွက် ( နံပါတ် ၃။ ရသောအဖြေကို (၁၉) နှင့်ပေါင်းပါ။ ကျန်တာအားလုံးတွက်ပုံခြင်းအတူတူပါ)
အမြဲတမ်း A အတွက် ( နံပါတ် ၃။ ရသောအဖြေကို (2A-1) နှင့်ပေါင်းပါ။ ကျန်တာအားလုံးတွက်ပုံခြင်းအတူတူပါ)

အမြဲတမ်း (၉)

၁။ သင်ကြိုက်ရာ၅လုံးပါသောဂဏန်း(သိန်းဂဏန်း)ကိုယူပါ၊

၂။ ပြောင်းပြန်လှန်ပြီးကြီးတဲ့ဂဏန်းထဲကငယ်တဲ့ဂဏန်းကိုနှုတ်ပါ၊

၃။ အဖြေမှာရသမျှဂဏန်းအားလုံး(တစ်လုံးတည်းဖြစ်အောင်)ပေါင်းပါ၊

အမြဲတမ်း ၉ ရလိမ့်မည်။

ဥပမာ....

အဆင့်(၁) မိမိယူထားသော စိတ်ကြိုက် ဂဏန်း ၅လုံး ... ၁၁၂၂၃၃


အဆင့်(၂) ၃၃၂၂၁၁ - ၁၁၂၂၃၃ = ၂၁၉၉၇၈

အဆင့်(၃) ၂+၁+၉+၉+၇+၈ = ၃၆ = ၃+၆ = ၉


အမြဲတမ်း (၁၀၉၉၈၉) အတွက်ကတော့


စိတ်ကြိုက် မည်သည့်ဂဏန်း(၅)လုံးပါ ကိန်းတစုံကို ယူသည်ဖြစ်စေ ၊ သင့်အဖြေသည် အမြဲတမ်း (၁၀၉၉၈၉) ဖြစ်ပါသည်။စာရွက်လွတ် တခုပေါ်တွင် -

(၁) သင့်စိတ်ကြိုက် ဂဏန်း (၅)လုံးပါ ကိန်းတစ်စုံတစ်ခုကို ရေးပါ ၊
(၂) ရှေ့ဆုံးဂဏန်းနှင့် နောက်ဆုံးဂဏန်းကို နေရာပြောင်းလိုက်ပါ ။
(၃) ပြီးလျှင်များသော ကိန်းမှ နည်းသောကိန်းကိုနုတ်ပါ ။
(၄) ရသောအဖြေကို တစ်နေရာတွင် မှတ်သားထားပါ။
(၅) ၎င်းရသောအဖြေ၏အောက်တွင်ပင်၎င်းကိန်း၏ရှေ့ဆုံးဂဏန်းနှင့်၊ နောက်ဆုံးဂဏန်းကို နေရာပြောင်း၍ရေးပါ။
(၆) ၎င်းကိန်းနှစ်ခုကို ပေါင်းပါ။ သင့်အဖြေသည် (၁၀၉၉၈၉) ဖြစ်ရမည်။

ဥပမာ.....
၁။ သင်ရေးသော ကိန်း ........................................ ၀၉၈၆၆


၂။ ရှေ့ဆုံးကိန်းနှင့် နောက်ဆုံးကိန်းပြောင်းခြင်း.......... ၆၉၈၆၀


၃။ များသောကိန်းမှ ငယ်သောကိန်းကိုနုတ်ခြင်း.......... ၆၉၈၆၀-၀၉၈၆၆=၅၉၉၉၄


၎။ ရသောဖြေကိုရေးချခြင်း................................... ၅၉၉၉၄


၅။ အစွန်းနှစ်ဘက် ကိုနေရာပြောင်းရေးခြင်း ............ ၄၉၉၉၅


၆။ ပေါင်းခြင်း ...................................................(၅၉၉၉၄+၄၉၉၉၅)= ၁၀၉၉၈၉

အကယ်၍ ကိန်းဂဏန်း (၆)လုံး ယူလျှင် .... အဖြေသည် ၁၀၉၉၉၈၉

ကိန်းဂဏန်း (၇) လုံးယူလျှင်.................. အဖြေသည် ၁၀၉၉၉၉၈၉ ဖြစ်မည်
 
forward mail ထဲမှ တဆင့် ဖတ်ရခြင်းပါ။ သချာင်္နဲ့ပတ်သက်ပြီး အပျင်းပြေ တွက်နိုင်ပါတယ် တခြား နည်းလမ်းတွေလည်း အများကြီးရှိပါသေးတယ် ဒီအထဲကမှ တချို့တ၀က်ကိုသာ အားလုံးအတွက် ဗဟုသုတရစေချင်လို့ ပြန်လည် ဝေမျှပေးလိုက်တာပါ။ သချာင်္တွက်ရင်း စိတ်ပျော်ရွှင်လန်းဆန်းနိုင်ကြပါစေ။
 
အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

3 comments:

kiki said...

ပေါင်း ၊နှုတ် ၊ မြှောက် ၊ စား တွေ နဲ့  ဒီလောကကြီးထဲ သချာင်္ တွက်တတ်ဖို့  အရေးကြီးလှချည်လား ကွယ်ရို့  ....
ဂစ် ဂစ် ဂစ် .....း))

မချစ်ရ said...

သင်္ချာမေဂျာပေမယ့်မေ့ကုန်ပြီ
သိတော့ဘူးးးးးးးးးး
ခေါင်းမူးလို့နောက်မှပဲလာတွက်ချက်တော့မယ်နော်

မိုးခါး said...

စိတ်ဝင်စားဖို့ ကောင်းတယ် ..း)) ပျော်စရာပဲ .. ကျေးဇူး ၀ိုင်းရေး))

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်