ဒီတစ်ခါ အပျင်းပြေအနေနဲ့ ဂဏန်းသင်္ချာရဲ့ လှည့်ကွက်လေးတွေကို စမ်းသပ်ကြည့်ကြပါဦး။
အမြဲတမ်း (၅)
၁။ သင့်စိတ်ကြိုက် ကိန်းဂဏန်း တစ်စုံတစ်ခုကို ယူလိုက်ပါ (ကိန်းတလုံးဖြစ်စေ၊ နှစ်လုံးဖြစ်စေ၊ ကြိုက်ရာ)
၂။ ၎င်းကိန်းထက် ၁ ကြီးသော ကိန်းနှင့်ပေါင်းစေပါ။
၃။ ရလာသောအဖြေကို (၉) နှင့်ပေါင်းပါ။
၎။ ပေါင်းရသောကိန်းကို (၂)ဖြင့်စားပါ။
၅။ စားလဒ်အား ပထမဆုံး သင်စိတ်ကြိုက်ရွေးခဲ့သော ကိန်းထဲမှ နုတ်ပါ။
အဖြေသည် အမြဲတမ်း (၅) ဖြစ်ပါသည်။
ဥပမာ.... မိမိယူထားသော စိတ်ကြိုက်ကိန်း... ၁၁၃
၁၁၃ + ၁၁၄ = ၂၂၇ + ၉ =၂၃၆ /၂ = ၁၁၈ - ၁၁၃ = ၅
ဒါကတော့ ကိန်းဘယ်နှစ်လုံးပဲ စိတ်ကြိုက်ရွေးပြီးတွက်တွက် နောက်ဆုံး အဖြေက အမြဲတမ်း (၅) ပဲ ရခြင်းဖြစ်ပါတယ်။
အမြဲတမ်း ၆ အတွက် ( နံပါတ် ၃။ ရသောအဖြေကို (၁၁) နှင့်ပေါင်းပါ။ ကျန်တာအားလုံးတွက်ပုံခြင်းအတူတူပါ)
အမြဲတမ်း ၇ အတွက် ( နံပါတ် ၃။ ရသောအဖြေကို (၁၃) နှင့်ပေါင်းပါ။ ကျန်တာအားလုံးတွက်ပုံခြင်းအတူတူပါ)
အမြဲတမ်း ၈ အတွက် ( နံပါတ် ၃။ ရသောအဖြေကို (၁၅) နှင့်ပေါင်းပါ။ ကျန်တာအားလုံးတွက်ပုံခြင်းအတူတူပါ)
အမြဲတမ်း ၉ အတွက် ( နံပါတ် ၃။ ရသောအဖြေကို (၁၇) နှင့်ပေါင်းပါ။ ကျန်တာအားလုံးတွက်ပုံခြင်းအတူတူပါ)
အမြဲတမ်း ၁၀ အတွက် ( နံပါတ် ၃။ ရသောအဖြေကို (၁၉) နှင့်ပေါင်းပါ။ ကျန်တာအားလုံးတွက်ပုံခြင်းအတူတူပါ)
အမြဲတမ်း A အတွက် ( နံပါတ် ၃။ ရသောအဖြေကို (2A-1) နှင့်ပေါင်းပါ။ ကျန်တာအားလုံးတွက်ပုံခြင်းအတူတူပါ)
အမြဲတမ်း (၉)
၁။ သင်ကြိုက်ရာ၅လုံးပါသောဂဏန်း(သိန်းဂဏန်း)ကိုယူပါ၊
၂။ ပြောင်းပြန်လှန်ပြီးကြီးတဲ့ဂဏန်းထဲကငယ်တဲ့ဂဏန်းကိုနှုတ်ပါ၊
၃။ အဖြေမှာရသမျှဂဏန်းအားလုံး(တစ်လုံးတည်းဖြစ်အောင်)ပေါင်းပါ၊
အမြဲတမ်း ၉ ရလိမ့်မည်။
ဥပမာ....
အဆင့်(၁) မိမိယူထားသော စိတ်ကြိုက် ဂဏန်း ၅လုံး ... ၁၁၂၂၃၃
အဆင့်(၂) ၃၃၂၂၁၁ - ၁၁၂၂၃၃ = ၂၁၉၉၇၈
အဆင့်(၃) ၂+၁+၉+၉+၇+၈ = ၃၆ = ၃+၆ = ၉
အမြဲတမ်း (၁၀၉၉၈၉) အတွက်ကတော့
စိတ်ကြိုက် မည်သည့်ဂဏန်း(၅)လုံးပါ ကိန်းတစုံကို ယူသည်ဖြစ်စေ ၊ သင့်အဖြေသည် အမြဲတမ်း (၁၀၉၉၈၉) ဖြစ်ပါသည်။စာရွက်လွတ် တခုပေါ်တွင် -
ဥပမာ.....
၁။ သင်ရေးသော ကိန်း ........................................ ၀၉၈၆၆
၂။ ရှေ့ဆုံးကိန်းနှင့် နောက်ဆုံးကိန်းပြောင်းခြင်း.......... ၆၉၈၆၀
၃။ များသောကိန်းမှ ငယ်သောကိန်းကိုနုတ်ခြင်း.......... ၆၉၈၆၀-၀၉၈၆၆=၅၉၉၉၄
၎။ ရသောဖြေကိုရေးချခြင်း................................... ၅၉၉၉၄
၅။ အစွန်းနှစ်ဘက် ကိုနေရာပြောင်းရေးခြင်း ............ ၄၉၉၉၅
၆။ ပေါင်းခြင်း ...................................................(၅၉၉၉၄+၄၉၉၉၅)= ၁၀၉၉၈၉
အကယ်၍ ကိန်းဂဏန်း (၆)လုံး ယူလျှင် .... အဖြေသည် ၁၀၉၉၉၈၉
ကိန်းဂဏန်း (၇) လုံးယူလျှင်.................. အဖြေသည် ၁၀၉၉၉၉၈၉ ဖြစ်မည်
အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း
3 comments:
ပေါင်း ၊နှုတ် ၊ မြှောက် ၊ စား တွေ နဲ့  ဒီလောကကြီးထဲ သချာင်္ တွက်တတ်ဖို့  အရေးကြီးလှချည်လား ကွယ်ရို့  ....
ဂစ် ဂစ် ဂစ် .....း))
သင်္ချာမေဂျာပေမယ့်မေ့ကုန်ပြီ
သိတော့ဘူးးးးးးးးးး
ခေါင်းမူးလို့နောက်မှပဲလာတွက်ချက်တော့မယ်နော်
စိတ်ဝင်စားဖို့ ကောင်းတယ် ..း)) ပျော်စရာပဲ .. ကျေးဇူး ၀ိုင်းရေး))
Post a Comment