03 October, 2009

Happy Mid-Autumn Festival & Thadingyut Festival



မြန်မာပြက္ခဒိန်အရ ဒီနေ့ဟာ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) လည်းဖြစ်ပါတယ်။

တရုတ်ပြက္ခဒိန်အရ နှစ်စဉ် ၈လပိုင်း ၁၅ရက်နေ့ရောက်တိုင်း Mid-Autumn Festival - 中秋節 zhong qiu Jie ကို ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်ဟာ ထူးထူးခြားခြား တရုတ်လိုရော ၊ မြန်မာလိုရော တိုက်ဆိုင်တဲ့ အခါကြီးရက်တွေထဲက တစ်ရက်အပါအ၀င်ပါ။ တရုတ်လူမျိုးတွေအနေကတော့ အခုလိုရက်မှာ လမုန့်ပွဲတော်ကျင်းပကြပြီး မြန်မာလူမျိုးတွေကတော့ သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့ သက်ကြီးရွယ်အိုများကို ပူဇော်ကန်တော့တဲ့ ပွဲလည်းဖြစ်ပါတယ်။


လယ်သမားတွေဟာ နွေဦးရာသီအကုန် ကောက်ရိတ်သိမ်းပြီးတဲ့ ဒီလိုနေ့မျိုးမှာ မိသားစုနဲ့အတူ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေနဲ့အတူ ဆောင်းလအ၀င် သာယာလှပတဲ့ လရိပ်အောက်မှာ လမုန့်များ၊ ကျွဲကောသီးများ စားခြင်းဖြင့် Mid-Autumn Festival ကိုကြိုဆိုကြပါတယ်။ အခုလိုကြိုဆိုခြင်းဟာ ရိုးရာဓလေ့တွေဖြစ်တဲ့-

- လရိပ်အောက်မှာ လမုန့်များစားခြင်း
- ကျွဲကောသီးအခွံများကို ဦးထုပ်ပုံစံခွဲပြီး တစ်စုံတစ်ယောက်ရဲ့ ခေါင်းပေါ်တင်ထားခြင်း
- လှပတဲ့ မီးပုံးများဖြင့် အိမ်တိုင်း၊ လမ်းတိုင်းတွင် အလှဆင် ထွန်းညှိခြင်း
- ဆောင်းရာသီအတွက် သစ်ပင်များစိုက်ခြင်း
- မီးနဂါးအကများ ကခြင်း တို့ဖြစ်ပါတယ်။










 

လမုန့်ပွဲတော်အကြောင်း နဲ့ Mid-Autumn Festival အကြောင်း အသေးစိတ်ကို ကိုဇူလိုင်ဘလော့မှာ ရေးထားပါတယ်။


သီတင်းကျွတ်လဖွဲ့
ကြာငါးမည် ကြိုင်သင်းလို့၊
လျှံဝင်းတဲ့ ပြောင်ထိန်။

ရွှေနန်းတောင်တော်ဦးမှာလ၊
ကွန့်မြူး မြင်းမိုရ်မီး ၊ညီးတဲ့ခါချိန်
ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း။

သက္ကစ္စ ဂါရ၀နှင့် ၊ စဉ်အလာ ပူဇော်ပွဲကို
ခဲကြပေတောင်း။

ဒီကဗျာကတော့ စာဆိုတော် ဘိုးသူတော်ဦးမင်း စပ်ဆိုခဲ့တဲ့ သီတင်းကျွတ်လဖွဲ့ ကဗျာလေးပါ။

ပြီးတော့ ဒီနေ့ဟာ မပန်းရင့်ရဲ့ မွေးနေ့လေးလည်း ဖြစ်ပါတယ်။

ပျော်ရွှင်စရာ မွေးနေ့လေး တစ်ရက်ဖြစ်ပါစေ မပန်းရင့်ရေ.....

နောက်ထပ် အောက်တိုဘာလမှာ ကျရောက်တဲ့ ဘလော့ဂါ မောင်နှမတချို့ရဲ့ မွေးနေ့တွေ ရှိခဲ့ရင်လည်း အားလုံးကို "Happy Birthday" ပါလို့.........

နောက်တစ်ခုက လာမယ့် အောက်တိုဘာလ ၉ရက်နေ့ဟာ ၀ိုင်းရဲ့ ဖေဖေ မွေးနေ့ပါ။ မနှစ်ကနဲ့ ဒီနှစ်ကတော့ ၀ိုင်းတို့ သားသမီးတွေ စုံစုံလင်လင်နဲ့ မွေးနေ့ပွဲလေး မကျင်းပနိုင်ဘူးလေ။ အခုလို သီတင်းကျွတ်လမှာ ကျရောက်တဲ့ ပါပါးမွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် မိသားစု စုံစုံလင်လင်နဲ့ ကျန်းမာစွာ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေလို့။ ပြီးတော့ ပါပါးနဲ့မာမားအပေါ် ကာယကံ ၊ ၀စီကံ၊ မနောကံတို့နဲ့ ပြစ်မှားမိခဲ့တာတွေ ရှိခဲ့ရင်လည်း သည်းခံခွင့်လွှတ်ပေးပါရန် ၀န်ချ တောင်းပန် ကန်တော့လိုက်ပါတယ်။





 
 




အားလုံးပဲ အခုလို ပျော်ရွှင်စရာသီတင်းကျွတ်အချိန်အခါမှာ မကောင်းမှုမှန်သမျှ ရှောင်ရှားနိုင်ပြီး ပျော်ရွှင်မှုအပေါင်းနဲ့ ပြီးပြည့်စုံနိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်







6 comments:

စိမ်း... said...

မပန်းရင့်ရေ ဟက်ပီးဘတ်ဒေးပါ...
ဝိုင်းဖေဖေလည်း ပျော်စရာမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်တဲ့မိသားစုနဲ့အတူတူ ကျန်းမာပျော်ရွှင်စွာရှိပါစေလို့....

ဘိုးသူတော်ဦးမင်းကဗျာလေး ခုမှဖတ်ဖူးတယ်... ကျေးဇူး... ၀ိုင်း

Beauty Studio USA Branded Store said...

ဒါဟာ ထူးခြားတဲ့တိုက်ဆိုင်မှုပဲ။

ပန်းရင့်ရောင် said...

ဝိုင်းကို အရမ်းကျေးဇူးတင်ပါတယ်။ကျွန်မမွေးနေ့တွေထဲမှာ ဒီနှစ်က အမှတ်တရပါပဲ။ခုလို ဆုတောင်းပေးတာ ကျေးဇူးပါနော်။

ရွှေပြည်သူ (ShwePyiThu) said...

ဝိုင်းရဲ့ဖေဖေ ဒီမွေးနေ့ကနေ နောင်မွေးနေ့ပေါင်းများစွာကို ချစ်တဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကျန်းမာစွာ ဆင်နွှဲနိုင်ပါစေ။ အပေါ်မှာ တင်ထားတဲ့ ရုပ်ပုံလေးကို သဘောကျလိုက်တာ။

သက်ဝေ said...

သီတင်းကျွတ် ပိုစ့်လေး လာဖတ်ရင်း ညီမလေး ဝိုင်း ရဲ့ ဖေဖေမွေးနေ့ အတွက် ဆုတောင်းသွားပါတယ်...
စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း တို့ ဖြင့် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ဆောင်နိုင်ပြီး အသက်ရာကျော်ရှည်ပါစေ လို့...

Nge Naing said...

ဝိုင်းရဲ့ ဖေဖေ မွေးနေ့အတွက် ၀ိုင်းနဲ့ အတူဆုတောင်းပေးသွားပါတယ်နော့်။

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်