02 October, 2009

ကမ္ဘာ့အံ့ဖွယ် သုတပန်းခင်း

It's impossible to sneeze with your eyes open!!
- သင်နှာချေရင် မျက်လုံး ဖွင့်ပြီး မချေနိုင်ပါဘူး။

Muscles in your heart have the power to squirt blood 10 meters up in the air!!
- သင့်နှလုံးကြွက်သားရဲ့ ခုန်နှုန်းဟာ လေထဲမှာထားကြည့်ရင် ၁၀မီတာအကွာအဝေး လောက်ထိကို ခုန်နိုင်ပါတယ်။

The word "cemetery" comes from a Greek word "koimetirion" which means dormitory!!
- cemetery(သင်္ချိုင်း) ဆိုတဲ့စကားဟာ ဂရိဘာသာစကား "koimetirion" မှဆင်းသက်လာပြီး အိပ်ဆောင်လို့ အဓိပ္ပါယ်ရပါတယ်။

When the english settlers landed in Australia, they noticed a strange animal that jumped extremely high and far.They asked the aboriginal people using body language and signs trying to ask them about this animal. They responded with "Kan Ghu Ru" the english then adopted the word kangaroo. What the aboriginal people were really trying to say was "we don't understand you", "Kan Ghu Ru".

- အင်္ဂလိပ်လူမျိုးတစ်စုဟာ သြစတြေးလျနိုင်ငံသို့ အခြေစိုက်ရန် ရောက်လာပါတယ်။ သူတို့တွေဟာ ခပ်မြင့်မြင့်နဲ့ အဝေးကိုခုန်နိုင်တဲ့ ထူးဆန်းတဲ့ အကောင်ဟာ သူတို့အရှေ့ကနေဖြတ်ပြေးသွားတာကို သတိထားမိပါတယ်။ အဲ့ဒါနဲ့ ဒါဘာအကောင်လို့ခေါ်လဲဆိုတာကို ဒေသခံ လူတွေကို လက်ဟန်ခြေဟန်နဲ့ သင်္ကေတ ပြပြီး မေးဖို့ကြိုးစားတယ်လေ။ ဒေသခံ လူတွေက “Kan Ghu Ru” လို့ပြန်ဖြေပါတယ်။ အဲ့ဒါနဲ့ အင်္ဂလိပ်လူမျိုးတွေဟာ (သားပိုက်ကောင်) ကို “kangaroo” ဆိုပြီး အင်္ဂလိပ်စကားလုံးအဖြစ် မွေးစားလိုက်ပါတယ်။ အမှန်က ဒေသခံလူတွေပြောတဲ့ “Kan Ghu Ru” ဆိုတာက “we don’t understand you - မင်းတို့ပြောတာ နားမလည်ဘူး” လို့ပြောတာပါတဲ့။

In the past, when soldiers were coming back from the battles, If there were no casualties they would carry a sign that said O.K. and which meant "0 killed"!! That is where the expression "O.K." comes from and it means "everything is alright"!!
- စစ်ဖြစ်ကာလအတွင်းတုန်းက စစ်သားတွေဟာ တိုက်ပွဲကနေပြီး ထိခိုက်အနာတရ အသေအကြေမရှိဘဲ ပြန်လာတဲ့အခါ အားလုံးမြင်နိုင်အောင် ဆိုင်းဘုတ်လေးတစ်ခုထောင်ပြပါတယ်။ အဲ့ဒါကတော့ “0 Killed” - သေဆုံးသူ 0 ပါတဲ့။ အဲ့ဒီကနေစတင်ပြီးတော့ “O.K.” ဆိုတော့ စကားလုံးပေါ်လာတာပါပဲ။ သဘောကတော့ အစစအရာရာ အားလုံးကောင်းမွန် အဆင်ပြေပါတယ်ပေါ့။

Tongue is the strongest muscle in your body!!
- လူ့ခန္ဓာကိုယ်ရဲ့ အသန်စွမ်းဆုံး ကြွက်သားနေရာကတော့ လျှာပဲဖြစ်ပါတယ်။

The giant squid has the largest eyes in the world.
- ကမ္ဘာ့အကြီးဆုံးမျက်လုံးပိုင်ရှင်မှာ ဧရာမရေဘ၀ဲကောင်ဖြစ်သည်။

An ostrich’s eye is bigger than its brain.
- ငှက်ကုလားအုတ်၏ မျက်လုံးသည် ၄င်း၏ဦးနှောက်ထက် ပို၍ကြီးမား၏။

A rat can survive longer without water than a camel.
- ကြွက်သည် ကုလားအုတ်ထက် ရေမရှိပဲ အချိန်ကြာမြှင့်စွာ အသက်ရှင်နိုင်သည်။

A dolphin sleeps with one eye open.
- လင်းပိုင်သည် မျက်လုံးတစ်ဖက်ဖွင့်၍ အိပ်စက်သည်။

A crocodile cannot stick its tongue out.
- မိချောင်းသည် ၄င်း၏ လျှာကိုအပြင်သို့မထုတ်နိုင်ပါ။

A goldfish has a memory span of three seconds.
- ရွှေငါးတစ်ကောင်၏ မှတ်ဥာဏ်မှာ သုံးစက္ကန့်မျှသာရှိသည်။

Camels will spit if they are annoyed.
- ကုလားအုတ်များသည် စိတ်အနှောင့်အယှက်ပြုခံရလျှင် တံတွေးဖြင့် ထွေးတတ်သည်။

Only female mosquito bites.
- ခြင်အမများသာ ကိုက်တက်သည်။

The only bird that can fly backwards is the humming bird.
- နောက်ပြန်ပျံသန်းနိုင်သည့် တစ်မျိုးတည်းသောငှက်မှာ “ငှက်ပိတုန်း” ဖြစ်သည်။

All polar bears are left handed.
- ပိုလာဝက်ဝံလေးတွေအားလုံးဟာ ဘယ်သန်တွေ ဖြစ်ပါတယ်။

A cockroach can live 9 days without it's head. It only dies because it cannot eat.
- ပိုးဟပ်တွေဟာ သူတို့ရဲ့ ဦးခေါင်းပြတ်သွားရင်တောင် ၉ရက်ကြာတဲ့အထိ အသက်ရှင်နိုင်ပါတယ်။ သူတို့တွေဟာ အစာမစားရလို့သာလျှင် သေဆုံးကြရတာပါ။

A mammal's blood is red, an insect's blood is yellow and a lobster's blood is blue.
- နို့တိုက်သတ္တ၀ါ၏သွေးသည် အနီရောင်၊ ပိုးမွှား၏သွေးသည် အ၀ါရောင်၊ ပုဇွန်တုပ်၏သွေးသည် အပြာရောင်အသီးသီးဖြစ်ကြသည်။

Loud, fast music makes termites chew faster.
- ကျယ်လောင်ပြီး မြန်ဆောင်သောဂီတသံသည် ခြကောင်များအား အစားအစာကို ပိုမိုလျင်မြန်စွာ           ၀ါးစားစေသည်။

A blue whale's tongue weights more than an elephant.
- ဝေလငါးအပြာ၏လျှာသည် ဆင်ကြီးတစ်ကောင်ထက် ပို၍ လေးသည်။

Bats always exit a cave to the left.
- လင်းနို့များ ဂူထဲမှ အပြင်သို့ထွက်လျှင် ၀ဲဘက်သို့ ပျံသန်းတက်ကြသည်။

Tigers have striped skin, not just striped fur.
- ကျားများ၏သားမွေးများသည် အစင်းကျားများဖြစ်ရုံသာမက အရေခွံပါ အစင်းကျားများ ဖြစ်သည်။

The heart of a giraffe weights more than 25 lb, and is 2 feet wide.
- သစ်ကုလားအုတ်၏ နှလုံးသည် (၂၅) ပေါင် ကျော်လေးပြီး အကျယ် နှစ်ပေရှိသည်။

Elephants are not afraid of mice.
- ဆင်များသည် ကြွက် ကိုမကြောက်ပါ။

Camels have three eyelids to protect their eyes from blown sand.
- ကန္တာရအတွင်းရှိ သဲမှုန်များမှ ကာကွယ်ရန် ကုလားအုတ်များတွင် မျက်ခွံသုံးထပ်စီရှိကြသည်။

Slugs have four noses.
- ပတ်ကျိတွင် နှာခေါင်းပေါက်လေးခုရှိသည်။

Snakes are immune to their own venom.
- မြွေများသည် ၄င်းတို့၏ကိုယ်ပိုင်အဆိပ်ကို ခံနိုင်စွမ်းရှိသည်။

The fastest bird is the peregrine falcon and can fly faster than 190 miles per hour.
- အမြန်ဆုံးပျံသန်းနိုင်သော ငှက် မှာ "ပယ်ရာဂရင်းန်" လင်းယုန်ငှက်ဖြစ်ပြီး တစ်နာရီလျှင် မိုင်(၁၉၀) နှုန်းမက ပျံသန်းနိုင်သည်။

Mosquitoes are attached to the colour blue more than any other colour.
- ခြင်များသည် အခြားအရောင်များထက် အပြာရောင်၏ ဆွဲဆောင် ခြင်းကို ပို၍ခံရသည်။

Cats cannot taste sweet things.
- ကြောင်များသည် ချိုသောအရသာကိုမခံစားနိုင်ပါ။

The largest egg is laid by the ostrich and can be 8 inches in length and 6 inches in diameter.
- ကမ္ဘာ့အကြီးဆုံးဥမှာ ငှက်ကလားအုတ်၏ ဥဖြစ်ပြီး၊ အလျှား (၈) လက်မ၊ အချင်း (၆) လက်မရှိသည်။


မူရင်းတချို့ကို ဒီနေရာ ကနေ တဆင့် ဘာသာပြန် တင်ဆက်ထားတာပါ။ တချို့အချက်လေးတွေက ပို့စ်အဟောင်းလေးမှာ ဖော်ပြပြီးသားပါ။ ဖတ်ဖူးကြမယ် ထင်ပါတယ်။ ဒီနေရာ လေးကနေလည်း ကူးယူဖော်ပြပေးထားပါတယ်။ အားလုံးကို တစုတစည်းတည်း ပေါင်းစည်းပေးထားတာပါ။ စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတများ တိုးပွားနိုင်ကြပါစေ။

အားလုံးကိုခင်မင်လေးစားလျက်

10 comments:

ခရေညို said...

ညီမလေးဝိုင်း ရဲ့ သုတပန်းခင်းက တော့တန်ဖိုးရှိလှပါတယ်ကွယ်။ ကျေးဇူးနော်

သက်တန့်ချို said...

သုတပန်းခင်းလေးဆီရောက်လာတယ်ဝိုင်းရေ...ဗဟုသုတ
လေးတွေသိခွင့်ရလို့ ကျေးဇူးပါနော်တယ်ရင်း..

Nge Naing said...

ဝိုင်းရေ စုစည်းတင်ပြတာ ကျေးဇူးတင်ပါတယ်။ ဗဟုသုတရသွားတယ်။ အော်စီမှာနေပြီး သားပိုက်ကောင်ရဲ့ မူရင်း အဓိပ္ပါယ်ကို အခုမှပဲ သိတော့တယ်။

flowerpoem said...

TV မှာအဲလိုညဏ်စမ်းတွေမေးတယ် ၀ိုင်းရဲ့ စာတွေကို ကူးပြီးသွားဖြေမယ်နော် ကျေးဇူး :)
ဝိုင်းလည်း ပျော်ရွင်ဖွယ် သီတင်းကျွတ်ဖြစ်ပါစေနော်

စိမ်း... said...

ဟယ် ထူးထူးဆန်းဆန်းတွေ... ခုမှသိတယ်.. ကျေးဇူး..

Beauty Studio USA Branded Store said...

ဗဟုသုတအမြဲရတယ်ညီမရေ။နှာချီမိရင်တော့သတိထားကြည့်ဦးမှပဲ။
သီတင်းကျွတ်ဆုတောင်းလေးအတွက်လဲ ကျေးဇူးပါ။ညီမလဲ သီတင်းကျွတ်မှာ ပေိာ်ရွှင်သာယာချမ်းမြေ့ပါစေကွယ်။

ဝက်ဝံလေး said...

ဗဟုသုတလေး လာဖတ်သွားပါတယ် ဝိုင်းရေ

သီတင်းကျွတ်မှာ ဝိုင်းလဲ ပျော်ရွှင်ပါစေနော် ဘိုင် တာ့တာ

Beauty Studio USA Branded Store said...

ကုလားအုတ်တိုင်းပြည်မှာသာနေရတယ် မြင်လဲမြင်ဖူးတယ်။စီးဖူးတယ်။ညီမရေတဲ့ ကုလားအုန်အချက်သုံးချက် အသေအချာမှန်သွားတယ်။မသိရအမှန်ပါ။ :)

Anonymous said...

သုတစွယ်စုံ ပါပဲဗျာ.. ကျေးဇူးပါ.။

Anonymous said...

ကျေးဇူး

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်