26 September, 2009

သင့်ကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ အချက်များ

၁။ ဖုန်းကို ဘယ်ဘက်နားဖြင့်သာ နားထောင်ရန်။
(ဖြည့်စွက်ချက်။  ။ဟမ်းဖုန်းမြည်လာတဲ့ အခါမှာ တဖက်နဲ့ လက်ခံစကားပြောတော့မယ်ဆိုရင် ချက်ချင်း နားနဲ့ အရင်ဆုံး မကပ်လိုက်ပါနဲ့။ ဘာလို့လဲဆိုတာ ဟမ်းဖုန်းတွေမှာ maximum signaling power ပါဝင်နှုန်း 2watts = 33dbi ရှိလို့ပါပဲ။ ဘယ်ဘက်နားနဲ့ နားထောင်ခြင်းဖြင့် ဦးနှောက်ကို ကယ်တင်ရာရောက်ပြီး ညာဘက်နားနဲ့ နားထောင်ပါက ဦးနှောက်ကို တိုက်ရိုက် သွားရောက်ထိခိုက်နိုင်ပါကြောင်း)

၂။ တစ်နေ့ကို ကော်ဖီ ၂ကြိမ် မသောက်ရ။

၃။ ဆေးသောက်ပါက ရေအေးနှင့် မသောက်ရန်။

၎။ ညနေ ၅နာရီ ကျော်ပါက အစာများ အလွန်အကျူးမစားမိစေရန်။

၅။ အစာများတွင် စားသုံးရာတွင် အဆီဓါတ်ပိုလျှံသော အစာများ လျော့စားရန်။

၆။ မနက်ပိုင်းတွင် ရေကိုပိုသောက်ပါ။ ညပိုင်းတွင် ရေကို လျော့သောက်ပါ။

၇။ ဖုန်းအားသွင်းသောနေရာမှ ဝေးကွာသောနေရာတွင် နေပါ။

၈။ Headphones/Earphone တို့ကို အချိန်ကြာမြင့်စွာ မသုံးစွဲပါနှင့်။

၉။ အကောင်းဆုံးသော အိပ်စက်အနားယူချိန်မှာ ည ၁၀နာရီမှ မနက် ၆နာရီအတွင်း ဖြစ်ပါတယ်။

၁၀။ သင်အိပ်မပျော်မီ ဆေးသောက်ပြီးနောက် အိပ်ယာပေါ် ချက်ချင်း မလှဲချလိုက်ပါနှင့်။

အခုပြောမယ့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုအချက်တွေဟာ ဥာဏ်ရည်ထက်မြက်လာစေပြီး ခန္ဓာကိုယ်ဖွံ့ဖြိုး ကြီးထွားစေခြင်းကို ဖြစ်စေပါတယ်။

"Prevention is better than cure."

ကျန်းမာရေးအတွက် သောက်သုံးသင့်သော သစ်သီးဖျော်ရည်များ



မုန်လာဥနီ + ဂျင်း + ပန်းသီး = ရှင်းလင်းပေးတဲ့အရာတွေကို မြှင့်တင်ပေးခြင်း (ဆိုလိုသည်မှာ - အစာချေဖျက်တဲ့နှုန်းကို ပိုမိုမြန်စေခြင်း၊ လည်ချောင်းရှင်းအောင်လုပ်ပေးခြင်းတို့ဖြစ်ပါတယ်)



ပန်းသီး + သခွါးသီး + တရုတ်နံနံ = ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ ကိုလက်စထရော လျော့ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ပါ ပျောက်ကင်းစေပါတယ်








ခရမ်းချဉ်သီး + မုန်လာဥနီ + ပန်းသီး = အသားရေလှပခြင်းနဲ့ အသက်ရှူကြပ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်










ကြက်ဟင်းခါးသီး + ပန်းသီး + နွားနို့ = အသက်ရှူကြပ်ခြင်းနှင့် ကိုယ်ခန္ဓာတွင်း အပူများခြင်းတို့ကို ပျောက်ကင်းစေပါတယ်








လိမ္မော်သီး + ဂျင်း + သခွါးသီး = အသားရေ ချောမွတ်လှပ စိုပြေလာခြင်းနဲ့ ကိုယ်ခန္ဓာတွင်း အပူကင်းခြင်းတို့ကို ဖြစ်ပေါ်စေတယ်







နာနတ်သီး + ပန်းသီး + ဖရဲသီး = အငန်ဓါတ်ပိုလျှံနေမှုများ ပပျောက်စေခြင်း၊ ဆီးအိမ်နှင့် ကျောက်ကပ်အတွက် ကောင်းမွန်စေခြင်း










ပန်းသီး + သခွါးသီး + ကီဝီသီး = အသားရေ ကောင်းမွန်စေခြင်း 



ပန်းသစ်တော်သီး + ဌက်ပျောသီး = သကြားဓါတ်ပါဝင်မှု ထိန်းပေးခြင်း



မုန်လာဥနီ + ပန်းသီး + ပန်းသစ်တော်သီး + သရက်သီး = အပူကင်းခြင်း၊ အစာ အဆိပ်တောက်ဖြစ်ခြင်းမှ ချေဖျက်ပေးခြင်း၊ သွေးတိုးကျစေခြင်း၊ ဓါတ်တိုးခြင်းကို လျော့ကျစေခြင်း(ခန္ဓာကိုယ်ထဲမှာရှိတဲ့ chemical တွေဓါတ်မတိုးအောင် တားထားခြင်း)


 
Honeydew(ဆောင်းရာသီပေါ် ဖရဲသီးမျိုး) + စပျစ်သီး + ဖရဲသီး + နွားနို့ = ဗီတာမင်C နဲ့ B2 ဓါတ်များကြွယ်ဝစေလို့ ဆဲလ်လုပ်ဆောင်မှုများတိုးလာခြင်း၊ ခန္ဓာကိုယ်ထွားကျိုင်းခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်


 
သဘောင်္သီး + နာနတ်သီး + နွားနို့ = ဗီတာမင် C ဓါတ်၊ ဗီတာမင် E ဓါတ်၊ သံဓါတ်များကြွယ်ဝခြင်း၊ အသားရေ ကောင်းမွန်စေခြင်း၊ အစာချေတာ အညစ်အကြေးစွန့်တာတွေကိုပြောတာ




ဌက်ပျောသီး + နာနတ်သီး + နွားနို့ = အာဟာရပြည့်ဝစေတဲ့ ဗီတာမင်ဓါတ်များနှင့် ၀မ်းချုပ်ခြင်းတို့မှ ကာကွယ်ပေးပါတယ် 

forward mail ထဲက ပို့လာတဲ့ ကျန်းမာရေးအတွက် သိသင့်တဲ့ အချက်လေးတွေကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီပို့စ်လေးရေးသားပြီးစီးနိုင်ဖို့ ၀ိုင်း အတွက် ဘာသာပြန်တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့ အခက်အခဲတွေကို မပန်းရင့်ရောင်နဲ့ ကိုနွယ်ရိုးတို့က ကူညီပေးခဲ့ပါတယ်။ သူတို့ကို ဒီပို့စ်လေးမှတဆင့် ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။




အားလုံးကို ခင်မင်လေးစားလျက်


 

11 comments:

စိမ်း... said...

အင် ... တစ်ခုမှလည်း မကိုက်ဘူး...
ဒုက္ခပဲ အသက်တိုတော့မလား သိဘူး... :(

တလနွန် said...

ဖုန်းအားသွင်းတဲ့နေရာက ခေါင်းအုံးထက်မှာဗျို့ ။ ကြောက်တောင် ကြောက်လာပြီး :P
ဆင်ခြင်စရာတွေ ဝေမျှပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။

ခင်မင်ခြင်းနှင့်
တလနွန်

ရွှေရတုမှတ်တမ်း said...

နံပါတ်၎နဲ့၉ ကလွဲရင်ကျန်တာတွေလိုက်နာပါသည်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတိမမူ မိတာလေးတွေ ရော.. လိုက်နာစရာလေးတွေရော ဖော်ပြပေးလို့ ကျေးဇူးပါ။ အဖိုးတန် ရတနာ လေးတွေပါပဲ။

ခင်မင်စွာဖြင့်
ကိုမျိုး

ပန်းရင့်ရောင် said...

လာဖတ်သွားတယ် ၀ိုင်းရေ။လာလည်ပေးတာလည်း ကျေးဇူးတင်ပါတယ်။ခုလို ကျန်းမာရေးအကြောင်းရေးပေးတာ ကျေးဇူးပါ။

ခင်တဲ့ ပန်းရင့်ရောင်

maylay said...

ကျေးဇူးတင်လိုက်တာ ဝိုင်းရေ။ သတိမမူမိတာတွေလေ ဖုန်းကိုဆို ကိုယ့်ဘေးနားမှာတင် ဘက်ထရီသွင်းရင်း အိပ်ပျော်တာ။ ညနေဘက်လည်း အစာစားဖြစ်နေတုန်းပဲ။ တခု မရှင်းတာက ဖုန်းကို ဘာဖြစ်လို့ ဘယ်ဘက်နဲ့ နားထောင်ရတာလဲ။ ဘာဖြစ်နိုင်လို့လဲဟင် မေလေး သိချင်လို့။ ကျေးဇူးနော် ဝိုင်း
အောက်က စာအမဲတွေကျ မမြင်ရဘူးကွယ်။ ပန်းရင့်နဲ့ ကိုနွယ်ရိုးကိုလည်း ကျေးဇူးတင်ပါတယ်လို့။ ကျန်းမာပျော်ရွှင်ပါစေ

လင်းကြယ်ဖြူ said...

မှတ်သား စရာတွေမို့ မှတ်ထား လိုက်ပါတယ်ခင်ဗျာ..
ပျော်ပါစေ..

ရေတမာ said...

ခုလိုဝေမျှပေးတာ ကျေးဇူးပါ

Beauty Studio USA Branded Store said...

ဗဟုသုတတွေ လာလေ့လာသွားတယ်။မှတ်သားစရာတွေလဲ အများကြီးပါ။

Waing said...

ဝိုင်း>>> မေလေး
ဟမ်းဖုန်းမြည်လာတဲ့ အခါမှာ တဖက်နဲ့ လက်ခံစကားပြောတော့မယ်ဆိုရင် ချက်ချင်း နားနဲ့ အရင်ဆုံး မကပ်လိုက်ပါနဲ့။ ဘာလို့လဲဆိုတာ ဟမ်းဖုန်းတွေမှာ maximum signaling power ပါဝင်နှုန်း 2watts = 33dbi ရှိလို့ပါပဲ။ ဘယ်ဘက်နားနဲ့ နားထောင်ခြင်းဖြင့် ဦးနှောက်ကို ကယ်တင်ရာရောက်ပြီး ညာဘက်နားနဲ့ နားထောင်ပါက ဦးနှောက်ကို တိုက်ရိုက် သွားရောက်ထိခိုက်နိုင်ပါကြောင်း......

Anonymous said...

ကျနော်နဲ့ တခုမှ အဆင်မပြေဘူးဗျို့ အားလုံးက ပြောင်းပြန် ဖြစ်နေတာဗျ..။

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်