02 March, 2010

To include Myanmar language support in Windows

Microsoft Corporation တွင် ‘လူဦးရေ ၅ သိန်းကျော်က အသုံးပြုသော ကမ္ဘာ့ ဘာသာစကား အားလုံးကို Microsoft Windows တွင် ထည့်သွင်းပေးရမည်’ ဆိုသည့် official policy ရှိပါသည်။ သို့သော် အကြောင်းကြောင်းကြောင့် မြန်မာဘာသာမှာ မပါဝင်နိုင်သေးဘဲ ရှိနေဆဲဖြစ်ရာ၊ ယခု ကျွန်ုပ်တို့ အားလုံးမှ စုပေါင်း၍ မိုက်ခရိုဆော့ ကော်ပိုရေးရှင်းသို့ စာဖြင့် ထိရောက်အောင် မြန်မာ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း) ဘာသာ အသုံးပြူသူများ အားလုံးကိုယ်စား တောင်းဆိုမည့် အစီအစဉ် ဖြစ်ပါသည်။

လက်မှတ် ရေးထိုးသူ အသင့်အတင့် များလာပြီဆိုလျှင်၊ ဤတောင်းဆိုချက် အပြည့်အစုံကို စာရွက်ပေါ်တွင် ရိုက်နှိပ်ပြီး၊ ဘီလ်ဂိတ်နှင့် စတီး ဘော်လ်မာ တို့ထံ ပေးပို့ပါမည်။ မိုက်ခရိုဆော့တွင် အလုပ်လုပ်နေသော မြန်မာ ပညာရှင်များမှလည်း ဝိုင်းဝန်းကူညီကြမည် ဖြစ်ပါသည်။ မိမိနာမည်အပြင်၊ မိမိ ကိုယ်တိုင် ဖြည့်စွက်ပြောဆိုလိုသည်များကိုလည်း အောက်တွင် (အင်္ဂလိပ်ဘာသာဖြင့်) ဖြည့်စွက် ရေးသားနိုင်ပါသည်။


Microsoft Corporation has official policy to include language support for all languages over 500,000 users. For various reasons, Myanmar language has not been included in Microsoft Windows. Please sign this petition asking Microsoft to include Myanmar language in Windows in next versions. We will print out and send this list of requests and send to Bill Gates and Steve Ballmar of Microsoft Corporation.

ဒီလင့်လေးကို နှိပ်ပြီး Windows တွင် မြန်မာဘာသာ ပါဝင်လာရန် သင့်လက်မှတ် ရေးထိုးတောင်းဆိုပါ မိမိအပေါင်းအသင်း မိတ်ဆွေများကိုလည်း ဝိုင်းဝန်းလက်မှတ် ရေးထိုးပေးပါရန် သတင်းဖြန့်ပေးပါ၊ ဖြစ်နိုင်လျှင် web page, blog များမှ အောက်ပါ URLသို့ link လုပ်ပေးပါ ဟုလည်း ကျွန်ပ်တို့မှ မေတ္တာရပ်ခံလိုပါသည်။

http://myanmar-myanmar.net/microsoft/

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

1 comments:

Nge Naing said...

ဝိုင်းရေ လာဖတ်သွားပါတယ်။ အစ်မဘလော့ဂ်မှာလည်း ကိုဒီရေ လာတင်ထားလို့ အစ်မလည်း သွားအစိုင်းထိုးပြီးပြီ။

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်