05 March, 2010

Photoshop လုံးဝ မသုံးထားသော ပုံများ

ရေခဲမုန့် စားချင်တယ်


ဘယ်ဘက်က မိန်းကလေးက မှန်ထဲကနေမြင်ရပြီး ညာဘက်ကမိန်းကလေးကတော့ တဖက်သူရဲ့မျက်နှာချင်းဆိုင်မှာ မတ်တပ်ရပ်နေခြင်းပါ

မှန်ထဲက မြင်ကွင်းတစ်ခု


ကောင်းကင်ပေါ်မှာ အိပ်စက်ခြင်း


ပေပေါင်း ၃၆၀ မြင့်တဲ့ victoria ရေတံခွန် အနီးမှာ သဘာဝ ကျောက်ဆောင် ကျောက်တုံးကြီးတွေရှိတဲ့ Devil's pool ရေကန်ကြီးရှိပါတယ် စက်တင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းဆို ရေကန်ကြီးရဲ့ ရေမျက်နှာပြင်ဟာ နိမ့်ကျနေတတ်တယ် ဓါတ်ပုံကိုကြည့်လိုက်လို့ မသိရင် ဟိုး အမြင့်ကြီးပေါ်က ခုန်ချနေသယောင်ထင်ရတယ်နော်း-)

ဒီရေပိုက်ခေါင်းပုံ ရေပန်းကတော့ ကြည့်လိုက်လို့ရှိရင် မျက်လှည့်လိုလို၊ Photoshop နဲ့ လုပ်ထားသလိုလိုပါပဲ အမှန်တကယ်က ထွက်ကျလာတဲ့ ရေလုံးကြီးတွေရဲ့နောက်ဘက်မှာ ပိုက်လုံးကို
ဝှက်ထားပါတယ် ဒီရေပန်းလေးကတော့ စပိန်နိုင်ငံ Aqualand မှာ တည်ရှိပါတယ်။

မြို့တော်ကြီးတစ်ခုလုံးကို အခုလိုလက်နဲ့ ဆုပ်ကိုင်ထားမယ်


ခေါင်းပြတ်နေတဲ့ မြင်းတစ်ကောင်လို့ ထင်ရပါတယ် အမှန်တော့ မြင်းဟာ အဲ့ဒီအချိန်မှာ တခြားဖက်ကို လှည့်နေလို့ဖြစ်ပါတယ်

ဒါက မြင်းကျားစပ်ထားတဲ့ မြင်းအစစ်ပါ


ကြည့်လိုက်ရင် laptop ကြီးက တစ်ဖက်ကိုတောင် ဖောက်ထွင်း မြင်ရတယ်လို့ ထင်ရပါတယ် လှည့်ကွက်လုပ်ထားတဲ့ desktop ပုံပါ

ဝါးးးးးးးးးးရေငတ်လိုက်တာ
ပျော်ရွှင်ကြပါစေ.........
အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

6 comments:

ရွက်လွင့်ခြင်း said...

နောက်ဆုံး ပုံက ညီမလက်ရာလား
း))

မျှော်လင့်သူ said...

မ၀ိုင်းက အာမခံတယ် ဆိုပါတော့း)

Nge Naing said...

ဝိုင်းရေ ဓါတ်ပုံတွေ လာကြည့်သွားပါတယ်။ အစ်မဘလော့ဂ်မှာလည်း ဗန်ဂူးဝါး အိုလံပစ်အခမ်းအခနား ဖွင့်ပွဲ/ပိတ်ပွဲပုံလေးတွေ ထပ်ဖြည့်ထားပါတယ်နော့်။

noblemoe said...

ဓါတ်ပုံတွေလာကြည့် သွားပါတယ်
သာယာချမ်းမြေ့ပါစေနော်
မိုး

ဝက်ဝံလေး said...

ဝိုင်း ဝိုင်း စက်စက် လမင်းရေ ဟိဟိ (ခင်လို့စတယ် ဟဟဟ) ပုံလေးတွေက ချစ်ချာလေးတွေ ဝက်အတိုင်းပဲနော် (ဟိဟိ ဒူမှပြောလို့ ကိုယ့်ဟာကို ပြောသွားတယ် ဟက်)

Flower said...

စိတ်ဝင်စာစရာလေးတွေ
တစ်ပုံချင်းကိုသေချာကြည့်သွားတယ် ၀ိုင်းရေ..
ရှာဖွေဝေမျှပေးပါ ကျေးဇူးနော်...

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်