03 February, 2010

စင်ကာပူမှ ဓါတ်တော်ကျောင်းတိုက် Kallang သို့ပြောင်းရွှေ့ခြင်း

ယခင်က Eunos MRT အနားတွင် ရှိသော ဓါတ်တော်ကျောင်းတိုက်ကို ယခုအခါတွင် Kallang MRT အနီးသို့ ပြောင်းရွှေ့သွားပါပြီ။ ဇန်န၀ါရီ ၂၄ ရက်နေ့တုန်းက ၀ိုင်းရဲ့ အစ်မ၀မ်းကွဲတစ်ယောက် အဲ့ဒီကျောင်းတိုက်မှာရှိတဲ့ ဘုရားတစ်ဆူကို အိမ်သို့ပင့်ဆောင် ပူဇော်ချင်တဲ့အတွက်ကြောင့် ဘုန်းကြီးကျောင်းသို့ သွားရောက်ဖူးမြော်ခဲ့ပါတယ်။ စုစုပေါင်း ၄ထပ်ရှိပြီး ဘုရားခန်းကတော့ တတိယထပ်နဲ့ စတုတ္ထထပ်မှာ ပူဇော်ထားတာတွေ တွေ့ရပါတယ်။

 

  

  


ဒါကတော့ စတုတ္ထထပ်မှာရှိတဲ့ ဘုရားဓါတ်တော်တွေကို မှန်ဘောင်တွေနဲ့ သပ္ပါယ်စွာ ဌာပနာထားတာတွေပါ
  

  

  

  

  

  

  

  

  

  

  

 


လိပ်စာက Blk 59 Lor 4 ၊ Kallang MRT မှာဆင်းပြီး bus no. 7, 12, 32, 33, 158, 197 ဖြင့် ၂မှတ်တိုင်စီးရုံပါပဲ။ အရင် Eunos မှာရှိတဲ့ ကျောင်းတုန်းက အလုပ်တွေရှုပ်နေတာနဲ့ မရောက်ဖူးလိုက်ပေမယ့် အခုကျောင်းသစ်တော့ သွားဖြစ်အောင်ကို သွားခဲ့လိုက်ပါတယ်။ မရောက်ဖူးသေးသော ဓမ္မမိတ်ဆွေများကိုယ်တိုင်ကိုယ်ကျ သွားရောက် ဖူးမြော်ကုသိုလ်ပွားများနိုင်ပါကြောင်း နှိုးဆော်တိုက်တွန်း သတင်းကောင်းပါလိုက်ပါတယ်ရှင်။
 
အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

6 comments:

Nge Naing said...

ဝိုင်းရေ ဘုရားလာဖူးသွားပါတယ်။ ဘုရားတွေ သပ္ပယ်လိုက်တာ။ ဒါနဲ့ ဘုန်းကြီးကျောင်းတွေ၊ ပြတိုက်တွေက ဘုရားကို အိမ်ပင့်ပြီး ဖူးလို့ရတယ်ဆိုတာ တခါမှ မကြားဖူးပါဘူး။ ၀ိုင်းအစ်မက အိမ်ပင့်ပြီး ဖူးတယ်ဆိုလို့ အံ့သြနေတယ်။ တကယ်ကော ရလို့လား။

လင်းကြယ်ဖြူ said...

ဟုတ်တယ်နော်
ကြည်နူးစရာပါပဲ
ကောင်းမြတ်တဲ့ လုပ်ဆောင်မှုတစ်ခုပါပဲခင်ဗျာ
ပျော်ပါစေ
*.*.*

သုခုမလေဒီ said...

ဘုရားရှင်ရဲ့ ဓါတ်တော်မွေတော်တွေကို လာရောက်ဖူးမြှော် သွားပါတယ်။ ပုံတော်တွေ အသေအချာဖူးမြှော်ရအောင် ဓါတ်ပုံတွေတင်ထားပေးတာ ကျေးဇူးပါပဲ။
အဆင်ပြေပျော်ရွှင်ပါစေ။

Waing said...

မငယ်နိုင်ရေ >> ဘုရားကတော့ အစ်မ၀မ်းကွဲရဲ့ သူငယ်ချင်းတစ်ယောက်က တခြားနိုင်ငံကနေ လက်ဆောင်အဖြစ်ပေးလိုက်တာပါ ပြီးတော့ ဘုန်းကြီးကျောင်းမှာ သိဒ္ဓိတင်ပြီး အိမ်မှာ ပင့်ဆောင်ပူဇော်ဖို့ သွားရောက်ခဲ့ခြင်းပါ
အလည်လာရောက်ပြီး သတိတရ ကွန်းမန့်ပေးသွားတာတွေကို ကျေးဇူးတင်ပါတယ်

ဆောင်းနှင်းရွက် said...

သွားဖြစ်အောင် သွားလိုက်အုံးမယ် ...
တစ်ခါမှ မရောက်ဖူးပါ ...
အဲ့လို ရှိမှန်း သိတောင် မသိပါ ...
ကျေးဇူးပဲ ၀ိုင်းရေ .. !

Anonymous said...

http://forums.hardwarezone.com.sg/showpost.php?p=43780986&postcount=856

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်