05 January, 2010

Kuala Lumpur (K.L. ကွာလာလမ်ပူ ခရီးစဉ်) 1st day



၂၀၀၉ခုနှစ် ဒီဇင်ဘာ ၂၅ရက်နေ့ကနေ ၂၇ရက်နေ့ထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ၃ရက်ကြာ အလည်အပတ်ခရီးသွားရောက်ခဲ့ပါတယ် ခရီးစဉ် အစအဆုံးကို package ကားနဲ့သွားတာဖြစ်လို့ စားဖို့၊ နေဖို့၊ သွားဖို့ လာဖို့ အားလုံး သူတို့စီစဉ်ထားတာတွေနဲ့ပဲ လိုက်ပါရတယ်။ စင်ကာပူကနေ မနက် ၇နာရီ outram park mrt မှာ စုရပ်လုပ်ပြီး အဲ့ဒီကမှတဆင့် စင်ကာပူ နဲ့ မလေး immigration အသီးသီးဖြတ်ပြီးနောက်ပိုင်း မနက် ၉နာရီအချိန် မလေးရှားနိုင်ငံ J.B (Johor Bahru) မှာ ကိုယ့်အစီအစဉ်နဲ့ မနက်စာစားခဲ့တယ် (exclude breafast) ။ ကားပေါ်မှာတော့ အခုလို tour guide (Mr. William) က မလေးရှားနိုင်ငံအကြောင်းတွေ ရှင်းပြပါတယ်။ K.L. ဆိုတာ မလေးရှားနိုင်ငံရဲ့ အကြီးဆုံးမြို့တော်တစ်ခုအဖြစ်အပါအ၀င်ပါ။ ၂၀၀၆ခုနှစ်ထိ လူဦးရေ စစ်တမ်းကောက်ထားချက်အရ ခန့်မှန်းခြေ လူဦးရေ သန်းပေါင်း 1.6 ရှိနေပါပြီ စီးပွားရေးရော လူဦးရေ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် တည်ရှိနေတယ်လို့ ဆိုပါတယ်။



J.B ကနေတဆင့် K.L. မြို့တော်ထဲ ၀င်ရောက်လာပြီး မလေးရှားနိုင်ငံရဲ့ လောင်းကစားပွဲရုံ (casino) ဖြစ်တဲ့ Genting (ဂန်းတင်း) ဆိုတဲ့ တိမ်တောင်ပေါ် 云顶(ယွင်သိမ်) နေရာကို မောင်းနှင်လာပါတယ် ကားစီးချိန် ၄နာရီကျော်လောက်ကြာတယ်။ ကားပေါ်မှာတော့ ခရီးသည်ပေါင်း ၂၇ယောက်ပါလာတယ် ကံဆိုးစွာနဲ့ပဲ နောက်ဆုံးခုံမှာပဲ နေရာရလာတယ်လေ တလမ်းလုံး အိပ်မရခဲ့ပါဘူး အိပ်ပျော်ခါနီး ကားကခုန်လိုက်၊ tour guide က တစ်နေရာရောက်ပြီလို့ နှိုးလိုက်နဲ့ပေါ့ ကောင်းကောင်း မငိုက်ခဲ့ရဘူးလေး(


ဒါကတော့ နေ့လည် ၂နာရီမှ လမ်းတ၀က်မှာ စားခဲ့တဲ့ စားသောက်ဆိုင်ပါ (include lunch)

Genting ကို သွားတဲ့ လမ်းတလျှောက်မှာ ကားပေါ်ကနေ မြင်တွေ့ခဲ့ရတဲ့ အဆောက်အဦ၊ ရှုခင်းတွေ





 



 



အဲ့ဒီလိုနဲ့ ညနေ ၄နာရီလောက် Genting တောင်ပေါ်ကို ရောက်သွားတယ် ခရစ်စမတ်နေ့ရောက်သွားတော့ ရောက်တဲ့နေရာတိုင်းမှာ လူတွေ စည်ကားနေတာပဲ ဟိုတယ်မှာတည်းဖို့တောင် check in တန်းစီရတာ အတန်းကြီးကလည်း အရှည်ကြီးပဲလေ ၁နာရီကျော်လောက် တန်းစီလို့ စောင့်နေတုန်းမှာ tour guide က လာပြောတယ် သူတို့ ကုမ္ပဏီက ပထမဆုံးနေ့အစီအစဉ်က အမှန်မှာ K.L. ဖြစ်ပြီး ဒုတိယနေ့မှ Genting ဖြစ်တယ်တဲ့။ အစီအစဉ်မှားယွင်းစွာ စီစဉ်မှုကြောင့် ဒီကိုရောက်လာတာတဲ့လေ အဲ့ဒါနဲ့ ညနေ၅နာရီခွဲမှာ တောင်အောက်ပြန်ဆင်းရပြီး K.L. မှာရှိတဲ့ Hotel Equatiorial မှာ တည်းရပါမယ်တဲ့။ တောင်ပေါ်တက်ပြီး ချက်ချင်း တောင်အောက်ပြန်ဆင်းရတာ နားထဲကို လေ၀င်ပြီး နားကိုက်တာကတော့ ၂ရက်တိတိ ကောင်းကောင်း နေလို့မရခဲ့ဘူး

 
 KL ရောက်တော့ ဟိုတယ်မရောက်ခင် တွေ့ခဲ့ရတဲ့ အဆောက်အဦတွေ
 
 

ည၇နာရီအချိန် ဟိုတယ်ရောက်တော့ check in ၀င်ပြီးနောက်ပိုင်း မလေးရှားနိုင်ငံရောက်နေတဲ့ ဘလော့ဂါများဖြစ်တဲ့ ကို Thomas၊ ကို Neo၊ ကိုရဲရင့်နီ ၊ မောင်လေး Craton တို့နဲ့တွေ့ဆုံကြပြီး ညစာအဖြစ် ကိုThomasတို့ မိသားစု အိမ်မှာ  ကြာဇံချက်စားခဲ့တယ်။ စားကောင်းကောင်းနဲ့ စားခဲ့ရတာ ဓါတ်ပုံရိုက်ဖို့တောင် သတိမရလိုက်ဘူး :)) အဲ့ဒီမှာ မလေးရှားနိုင်ငံက နေရာတချို့အကြောင်း၊ သမိုင်းဝင်အကြောင်း၊ မလေးရှားနိုင်ငံရောက် မြန်မာလူမျိုးတို့ရဲ့ ဘ၀တစိတ်တဒေသအကြောင်းတွေ ရှင်းပြပြီး စကားလက်ဆုံကျခဲ့တယ်။ တစ်ခါမှ မတွေ့ခဲ့ဖူးကြပေမယ့် တကယ်တမ်းတွေ့တော့ မောင်နှမအရင်းတွေလို ပါပဲ။ အခုလို အမှတ်တမဲ့ ဆုံတွေ့ခွင့်ရတာ ရင်ထဲမှာ အတိုင်းမသိ ၀မ်းသာကြည်နူးမိပါတယ်။ ည၉နာရီလောက် အိမ်ကနေ နှုတ်ဆက်ထွက်လာပြီး china town မှာ ဆုံဖို့ tour guide က မှာထားတာကြောင့် အဲ့ဒီကို ကို Neo၊  ကိုရဲရင့်နီရယ်၊ မောင်လေး Craton တို့ လိုက်ပို့ပေးပါတယ် တရုတ်တန်းဈေးဆိုတော့ သူတို့နဲ့ ချိန်းထားတဲ့ နေရာကို မနည်းတွေ့အောင် လိုက်ရှာပေးခဲ့ရတဲ့ အကိုတို့ကို အားလည်းနာတယ် တကယ်လည်း ကျေးဇူးတင်မိပါတယ်လို့  ထပ်ပြောပါရစေနော် (ရှာလိုက်ရတာ ဆိုင်တွေကလည်းများ ၊ လူတွေကလည်းများနဲ့ တော်တော်လေးကို ခေါင်းမူးမှပဲ ရှာတွေ့တာ အမှန်ပါ :P )

ည ၁၀နာရီခွဲထိ ဈေးထဲမှာလျှောက်ကြည့်ရင်း ဟိုတယ်ဘက်ကို Monorail ရထားစီးပြီး ပြန်တယ်။ ရထားကဒ် လက်မှတ်ကို မလေးရင်းဂစ် 1.20 ၀ယ်ပြီး စီးခဲ့ကြတယ်။







 



အဲ့ဒီကနေ ဟိုတယ်ကို ၁၁ခွဲပြန်ရောက်တယ်။ ဟိုတယ်အနီးအနားက ပုံတွေပေါ့


Hotel Reception


 
 
 ဒီ ၃ပုံကတော့ Culinaire Malaysia 2009 တုန်းက Remy's World by Shiu Siew Ling သူရဲ့ ရွှေတံဆိပ်ဆုရပုံပါ


ဒါကတော့ ဟိုတယ် အ၀င်မှာ ခရစ်စမတ်အတွက် ခင်းကျင်းပြထားတဲ့ ဆိုင်ခန်းတွေ

 
 
ဒါက ညဘက် တည်းခဲ့တဲ့ အခန်းပါ

ခရစ်စမတ်နေ့ကတော့ အဲ့ဒီလိုနဲ့ပဲ တစ်နေ့တာ ကုန်ဆုံးသွားခဲ့ရပါတယ် တီဗီကလာတဲ့ မျက်လှည့်ဇာတ်လမ်းကြည့်ရင်းနဲ့ မနက်ဖြန်မှာ မနက် ၇နာရီ မနက်စာစားပြီး ဟိုတယ်ကနေ ၈နာရီခွဲထွက်ခွါမယ့် အစီအစဉ်ကြောင့် တစ်နေကုန် ကားပေါ်မှာရော တောင်ပေါ်မှာပါ မအိပ်ခဲ့ရတာတွေရော အတိုးချပြီး နေ့တစ်နေ့ကို အခုလို ဖြတ်ကျော်ကုန်ဆုံးရင်း....zzzzzzzzzzz

25.12.2009 (သောကြာနေ့)

ဆက်ပါဦးမည်။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

15 comments:

ခရေညို said...

စိတ်ဝင်စားစရာခရီးစဉ်လေးပါပဲ
စောင့်ဖတ်နေပါအုန်းမည်

Flower said...

ကိုယ်တိုင်ရောက်နေရသလိုပါဘဲ . အတွေ့အကြုံ ဝေမျှတဲ့ ညီမလေးကို ကျေးဇူးတင်ပါတယ်.. နောင်လဲခရီးများများ ထွက်နိုင်ပြီး ပြန်လည်မျှဝေနိုင်ပါစေနော်..

Nge Naing said...

ဝိုင်းရေ
ပျော်စရာကြီးနေမှာပဲနော့်။ အဲဒီလို Tour နဲ့ သွားတာတောင် ကိုယ့်အစီစဉ်နဲ့ ကိုယ် သူငယ်ချင်းတွေ ထွက်တွေ့လို့ရ တာ ကောင်းတောပေါ့။ Thomas တို့အိမ်မှာ ကြာဇံချက်စားတယ်ဆိုရင်တော့ ဓါတ်ပုံပြန်ကြည့်လိုက်ဦးမယ်။ ဓါတ်ပုံထဲမှာ ၀ိုင်းပါလားလို့။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

Anonymous said...

ဟိဟိ အဲ့ညက ချွေးတောင်ထွက်တာအမှန်.. အိမ်ပြန်ဖို့ကလည်းနောက်ကျနေပြီလေ.. စကားကလည်းကောင်း.. ပြန်ကလည်းမပြန်ချင်သေး အဲ့လိုဖြစ်နေတာ။
ခရီးပန်းခဲ့မှာတော့ အသေအချာပဲဟုတ်?
ဧည့်ဝတ်ကျေပါတယ်နော် ဒီကလူတွေ.. ဟဲဟဲ

တီငယ်နိုင်.. ဓါတ်ပုံထဲမှာ သားသားကိုလိုက်ရှာ!
:DD

မြစ်ကျိုးအင်း said...

မရောက်ဖူးတဲ့နေရာက ဓါတ်ပုံလေးတွေ ကြည့်ခွင့်ရသလို ခရီးသွား အတွေ့အကြုံတွေ လည်း ဖတ်ခွင့်ရတာ ကျေနပ်စရာပါ။ ဘလော့ မောင်နှမတွေနဲ့ တွေ့ဖြစ်တယ်ဆိုလို့ အားကျမိတယ်။

မြစ်ကျိုးအင်း said...

မီးဖိုခန်းထဲက ကြွက်ကို မောင်းမထုတ် ကြဘူးလား :)

~ဏီလင်းညို~ said...

ဝိုင်းရေ...
ကျွန်တော်တို့ မလက်ကာမြို့ကျတော့မရောက်ခဲ့ဖူးပေါ့...။
ကွာလာလမ်ပူထက်..အားကြီးပိုလှတယ်ဗျ...။
သမိုင်းဝင်မြို့လေးလေဗျာ...။ (ကြုံတုန်းဝင်ကြွားသွား၏)
ခင်မင်တဲ့
ဏီလင်းညို

kaungkinpyar said...

ပျော်စရာကြီးနော်...း)သွားချင်တယ်..

Welcome said...

တီတီဝိုင်း

ပျော်ရွှင်တဲ့ အပန်းဖြေခရီးလေး ဖြစ်ပါစေ ..

လေးစားလျက်

ဧပရယ်လ်ပူး@ပူးတေ said...

ပူးတေတို့လဲ နိုဝင်ဘာတုန်းက ( Hari Raya နေ့မတိုင်ခင် တပတ်အလိုက) Genting ကို သွားခဲ့ကြသေးတယ်။ နောက်အားမှ ပုံတွေတင်ဦးမယ်နော်။ ဝိုင်းကို အားကျလို့။ :)
နှင်းတွေအရမ်းကျမနေဘူးလား Genting မှာ။ ပူးတေတို့သွားတုန်းကတော့ အရမ်းအေးတယ်။ ပထမနေ့မှာ နှင်းမိုးတွေရွာနေလို့ Outdoor theme park က ကစားကွင်းတွေအားလုံးပိတ်ထားတယ်။ နောက်ရက်မှ ရာသီဥတုကောင်းမှ ပြန်ဖွင့်ပေးတယ်။ နေလို့ကောင်းတယ်နော်။ :)

Ree Noe Mann said...

စောင့်ဖတ်နေပါတယ် ဝိုင်းရေ

မေဇင် said...

တိုက်တိုက် ဆိုင်ဆိုင်...နောင့် လဲ ... 25 ရက်ကနေ 27 ရက်နေ့ အထိ မလေး ကို သွားလည်ခဲ့တယ်..။ နောင့် တို့က ကိုယ့်အစီအစဉ်နဲ့ ကိုယ် ..အစ်ကိုတွေနဲ့ သူငယ်ချင်းတွေက ချိုင်းနား တောင်း မှာ ဟိုတယ် ငှားထားပေးတာ .. 25 ရက်နေ့ မြို့ထဲလည်ပြီး 26 ရက်နေ့ တောင်ပေါ် ကားငှားပြီးတတ်တယ်...း))... လူတွေ များလွန်းလို့... 79RM ပေးပြီး ၀ယ်ထားတဲ့ ကစားကွင်းလက်မှတ်လေး..ဘာမှ မစီးခဲ့ရပဲ (မစီးရဲတာ) ဒီတိုင်းပြန်လာခဲ့ရတယ်...း))

An Asian Tour Operator said...

အကြာကြီးမနေတဲ့ အတွက်စိတ်ဆိုးပါသည်...။ ဓါတ်ပုံလည်းရိုက်သွားပြီးပျောက်သွားတယ်လို့ ယူဆရပါသည်...။

Unknown said...

အကြာကြီးနေရင်...မိုးအရမ်းချုပ်သွားပြီး ဓါတ်ပုံတွေ မရိုက်လိုက်ရမှာစိုးလို့ပါ...
ဓါတ်ပုံတွေကလည်း Copyright ရှိလို့ပါဗျာ..
ညီမရေ.. ညီမကိုယ်စားဖြေပေးလိုက်ပြီ.. :)

Waing said...

ပူးတေ >> အဲ့တုန်းက အပြင်ဘက်မှာမိုးရွာနေတယ်လေ ကစားကွင်းဘက်တောင် မသွားဖြစ်လိုက်ဘူး first world plaza ထဲမှာပဲ တစ်ညကုန်သွားရတာ

မေဇင် >> စီးဖို့လက်မှတ်တောင် ရတယ်ဆိုတော့ ၀ိုင်းတို့ထက်တောင် ကံကောင်းတာပေါ့ အဲ ဒါပေမယ့် မြင်ရက်နဲ့ မစီးခဲ့ရတော့လည်း ကံပဲပေါ့ကွယ် နောက်တစ်ခေါက် ထပ်သွားဦးပေါ့ လူနည်းမယ့် အချိန်ဆို အဆင်ပြေမယ် ထင်ပါတယ်

AATO >> ဓါတ်ပုံတွေကို မေးလ်ကနေ ပို့ပေးထားပါတယ် မပျောက်ပါ ပျောက်သူကသာ အကိုပါး))

ကိုရဲရင့်နီ >> ကျေးဇူးပါ ကူပြီးဖြေပေးတာ

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်