03 November, 2009

မွေးနေ့ အကြို အမှတ်တရများ



 နှစ်စဉ် မွေးနေ့ရောက်တော့မယ်ဆိုရင် မွေးနေ့အတွက် ဘာတွေ လုပ်ရင်ကောင်းမလဲလို့ အမြဲတမ်းစဉ်းစားနေကြပါ။ ဒီနှစ်တော့ စင်ကာပူမှာရောက်နေတဲ့အတွက် စင်ကာပူရောက် သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲလုပ်ခဲ့ပါတယ်။


31.10.2009 စနေနေ့မှာ Toa Payoh ဘုန်းကြီးကျောင်းမှာ မွေးနေ့အတွက် ရည်စူးပြီး သင်္ကန်းကပ်လှူခဲ့ပါတယ်။


 1.11.2009 တနင်္ဂနွေနေ့မှာ အိမ်မှာ အစ်မတွေ၊ တက္ကသိုလ်ကျောင်းတုန်းက သူငယ်ချင်းတွေ၊ မြန်မာပြည်မှာတုန်း အလုပ်တူ လုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲ အမှတ်တရ ဆိုပြီး မုန့်ဟင်းခါး ချက်စားကြပါတယ်။ ကျောက်ကျောကိုတော့ အစ်မကြီးရဲ့ ရုံးက သူငယ်ချင်းတစ်ယောက်က လာကြိုပေးပါတယ်။ သာကူလည်း ပါသေး (အစ်မကြီးလက်ရာပါ စားလို့ကောင်းမှကောင်း)။ ၀ိုင်းနဲ့ အစ်မလတ်ကတော့ မုန့်ဟင်းခါးကူဝိုင်းချက်ပေးတာပေါ့။


 
အုန်းနို့ကျောက်ကျော

 
ကန်စွန်းဥ သာကူ

မြန်မာပြည်မှာနေတဲ့ အရင်နှစ်တွေတုန်းကဆိုရင် ၀ိုင်းမွေးနေ့ရောက်တိုင်း မာမားက အိမ်မှာ တစ်ခုခု ချက်ကျွေးတတ်ပါတယ်။ ကော်ရည်ခေါက်ဆွဲတို့၊ နို့ခေါက်ဆွဲတို့၊ တခါတလေ ဒံပေါက် စသဖြင့်  မွေးနေ့ရှင်စိတ်ကြိုက် ချက်ကျွေးနေကျလေ။ မိသားစုနဲ့လည်း စုံစုံလင်လင်ပေါ့။ ဒီနှစ်ကတော့ အိမ်မှာ ညီအစ်မတွေ စုပြီး ကိုယ်တိုင် ချက်ပြုတ်ခဲ့ရတယ်။ မာမားလက်ရာကိုတော့ မမီသေးပါဘူး။ အစ်မတွေကတော့ တတ်နိုင်သလောက် လက်စွမ်းပြထားပါတယ်း))) ပိတ်ရက်မှာ မနားနိုင်ဘဲ ပင်ပင်ပန်းပန်း ၀ိုင်းအတွက် ကူညီချက်ပြုတ်ပေးခဲ့လို့ အစ်မတွေကို အရမ်းကျေးဇူးတင်ပါတယ်။


သူငယ်ချင်းတွေရဲ့ မွေးနေ့လက်ဆောင်ပါ

အဲ့ဒီနေ့က မာမားတို့ဆီဖုန်းဆက်လိုက်ပါတယ် ၀ိုင်းတို့ လမ်းထဲမှာ တန်ဆောင်မုန်းလပြည့်နေ့အတွက် နိဗ္ဗာန်ဈေးပျော်ပွဲရွှင်ပွဲလုပ်ပါတယ်။ အရင်နှစ် နိဗ္ဗာန်ဈေးတုန်းကဆို ၀ိုင်းတို့ မိသားစုတွေ ပျော်ပျော်ပါးပါးနဲ့ နိဗ္ဗာန်ဈေး မဲလိပ် လိပ်ပြီး လမ်းထဲက အသိမိတ်ဆွေများနဲ့ အတူတူ အလှူပြုလုပ်ခဲ့ပါတယ်။ မဲလိပ်တွေထဲမှာတော့ အထူးဆုမဲများနှင့်တကွ တခြားမဲပေါင်း ၂၀၀ ကျော် မဲပေးခဲ့ပါတယ်။ တချို့သူတွေက စားစရာ သောက်စရာများနဲ့ အလှူလုပ်ကြတာမျိုးလည်း ရှိတယ်။ ဒါပေမယ့် ပါပါးက အဲ့ဒီလိုမျိုး အလှူလုပ်ရတာ ပိုပြီး ၀မ်းသာဖို့ကောင်းတယ်တဲ့လေ။ ဒါနဲ့ ၀ိုင်းတို့မိသားစုတွေလည်း အလှူမဲအတွက် ကူညီပြီးလုပ်ပေးတာပေါ့။ ဆွေမျိုးတွေလည်း လာရောက် အားပေးကြတယ်။ ဒီနှစ်လည်း ၀ိုင်းတို့ ညီအစ်မတွေ မရှိပေမယ့် အရင်နှစ်တွေက အတိုင်းပဲ ဆက်လုပ်ဖြစ်ပါတယ်။ ဆွေမျိုးတွေလည်း စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနဲ့ မဲတွေ ဖောက်ပေးခဲ့ကြတယ်လို့ မာမားက ၀မ်းသာအားရ ဖုန်းထဲမှာပြောပြတယ်လေ။ တစ်ချိန်တည်းမှာ အိမ်ကို ပြန်ချင်တဲ့စိတ်တွေများ ၀င်လာလိုက်တာ ဖြစ်နိုင်ရင် ချက်ချင်းကို ပြန်လိုက်ပြီး ပါပါး၊ မာမား၊ ဆွေမျိုးတွေနဲ့ တူတူ ပျော်လိုက်ချင်သေးတယ်။ ဒါပေမယ့် ဖြစ်ချင်တဲ့စိတ်ကို မျိုသိပ်ထားရင်းပေါ့ တနေ့နေ့တော့ မိသားစုတွေ ပြန်ဆုံချင်ပါတယ်။

2.11.2009 တနလာင်္နေ့မှာ ဘလော့ဂါ မောင်နှမတွေ ဖိတ်ချင်တာနဲ့ မေးလ်နဲ့ သတင်းပို့ကာ မွေးနေ့ ဖိတ်ကြားလွှာပို့ခဲ့ပါတယ်။ မွေးနေ့အကြိုပွဲကို လာခဲ့သူများကတော့ မိုးခါး၊ ဖိုးသင်္ကြန်၊ ကိုသားသား၊ မောင်လေး တလနွန်၊ ကိုစည်သူ၊ ကိုဝင်းဇော်နိုင်နဲ့ နောက်ဆုံးမှ ရောက်လာသူကတော့ ကိုရေတမာတို့ဖြစ်ကြပါတယ်။ ဘလော့ဂါမောင်နှမတွေရဲ့ ခင်မင်ရင်းနှီးစွာ ပြောဆိုခဲ့ ၊ ဟာသတွေပြောပြီး ရယ်မောခဲ့တာတွေကတော့ ပျော်စရာတကယ်ကောင်းတယ်။ ၀ိုင်းမွေးနေ့အတွက် ဒီနှစ်မွေးနေ့ကတော့ ၀ိုင်းရဲ့ ညီအစ်မတွေ၊ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေ၊ အလုပ်တူလုပ်ခဲ့ကြသော သူငယ်ချင်းတွေ၊ ပြီးတော့ စင်ကာပူမှ ဘလော့ဂါသူငယ်ချင်းတွေနဲ့ မွေးနေ့ကို ကျော်ဖြတ်ရတာ ၀ိုင်းရင်ထဲမှာ တကယ့်ကို မမေ့နိုင်စရာ နေ့တွေပါပဲ။ ကိုဝင်းဇော်နိုင်ကလည်း ၀ိုင်းမွေးနေ့အတွက် အမှတ်တရ ဘလော့ပို့စ် ဒီနေရာမှာ တင်ပေးထားပါတယ်။မွေးနေ့မတိုင်ခင်ကတည်းက အကြိုမွေးနေ့ ဆုတောင်းပေးကြသော ခင်မင်ရင်းနှီးရသောသူငယ်ချင်းများ၊ မြန်အောင်သူငယ်ချင်းများ နိုင်ဆိုဒ်မှ ကိုတောသားလေး၊ မွေးနေ့ပွဲကို မလာနိုင်ကြပေမယ့် မေးလ်ကနေတဆင့် မွေးနေ့ဆုတောင်းပေးကြသော ဘလော့ဂါမောင်နှမများအားလုံးကို ၀ိုင်းက ဒီပို့စ်မှတဆင့် အားလုံး အားလုံး အားလုံးကို အထူးတလည် ကျေးဇူးတင် မိကြောင်း အကြိမ်ကြိမ် အခါခါ ပြောနေမိပါတော့တယ်ရှင်.... အားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်စွာနဲ့ ဘ၀ခရီးလမ်းကို အောင်မြင်စွာ ဖြတ်သန်းနိုင်ကြပါစေ။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း


19 comments:

HOK said...

မွေးနေ့ မင်္ဂလာပါ ၀ိုင်း....

ဝိုင်းရဲ့ ဒီနေ့ မွေးနေ့မှ သည် နောက်နှစ်ပေါင်း မြောက်မြားစွာ အထိ ပျော်ရွှင်သော မွေးနေ့များကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်.....

အကို

Anonymous said...

Perfect Birthday to Waing

On your birthday I wish you much pleasure and joy;
I hope all of your wishes come true.
May each hour and minute be filled with delight,
And your birthday be perfect for you!

---------
ဖတ်ခဲ့ပီနော်... ပျော်စရာကြီးပဲ....
အခုမှာပဲ လာတဲ့သူတွေရဲ့ နာမည်ကိုသိတော့တယ်....

တောသား... ကြားဖူးသလိုပဲ.... သိသလိုပဲ..... တကယ်လို့ သိတဲ့ တောသားမှန်ရင် ကိုယ့်ကတိလေး လုပ်ပါဦး.... တလတပုဒ်ဆိုဆိုတာလေးပေါ့... မဟုတ်ရငတော့ ဆောရီးပါ... အဟီး... ဟုတ်မယ်ထင်ပါတယ်......

လင်းကြယ်ဖြူ said...

***H*A*P*P*Y****B*I*R*T*H*D*A*Y***
ပျော်စရာကောင်းတဲ့ မွေးနေ့ပွဲလေးမှ
နောင်နှစ်ပေါင်းများစွာတိုင်
ကောင်းသောလိုရာခရီး ဖြောင့်ဖြူးလို့
ပျော်ပါစေ ခင်ဗျာ...

တောသားလေး said...

ညီမရေ မွေးနေ့ကိုလာလည်သွားပါတယ်။ညီ
မမွေးနေ့မှာပျော်ရွင်ပါစေ။ဒီထက်မကလည်း
ကုသိုလ်များကိုမွေးဖွားပေးနိုင်ပါစေလို့ဆု
တောင်းပေးခဲ့ပါတယ်။

Ree Noe Mann said...

happy Birthday ပါ ဝိုင်းရေ

ခင်တဲ့ ကိုရီနို

Nge Naing said...

Happy birthday ပါ ၀ိုင်း၊ ကျန်းမာပျော်ရွှင်စွာဖြင့် မွေးနေ့ ၁၀၀ကျော်အောင် ဖြတ်သန်းရပါစေ။ မုန့်ဟင်းခါးတော့ သိပ်ကြိုက်တယ်။ မုန့်ဟင်းခါးထဲထည့်စားတဲ့ အမယ်တွေက တယ်များပါလား။ မြန်မာမုန့်ဟင်းခါးကို အသီးအရွက်ထဲက နံနံပင် ဒါမှမဟုတ် ပူစီနံ ပဲတောင့်ရှည်တို့ပဲ ထည့်စားဖူးတယ်။ အခုဝိုင်း ပြင်ထားတာ ဂေါ်ဖီထုပ်တွေ ကြက်သွန်စိမ်းတွေလည်း တွေ့တယ်။ အရည်မဲမဲတွေလည်း တွေ့တယ်။ ပြီးတော့ ဟင်းခါးရည်လည်း မတွေ့ဘူး။ အဲဒါဘာမုန့်ဟင်းခါးလဲ ၀ိုင်း။

moekhar said...

ပျော်ရွှင်ဖွယ်မွေးနေ့လေးပါ ၀ိုင်းရေ
း))

ခရေညို said...

ဟတ်ပီး ဘတ်ဒေးပါကွယ်
ဒီနှစ်တွင်ကျရောက်သော မွေးနေ့မှသည် နှောင်နှစ်ပေါင်းများစွာ အထိမိဘကို အလုပ်အကျွေး ပြုနိုင်သော သမီးရတနာလေး ဖြစ်ပါစေ လို့ ဆုတောင်း
ပေးလိုက်ပါတယ်

ညီမလေးဝိုင်းရေ အမအလုပ်တွေရှုပ် နေလို့အခုမှ အလည်လာနိုင်တယ်။ အသစ်ရော အဟောင်းရော ဖတ်သွားပါတယ်။

ရေတမာ said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ၀ိုင်းရေ

နွေးနေခြည် said...

Happy Birthday သူငယ်ချင်းလေး ၀ိုင်း

တလနွန် said...

Happy Birthday !!!!!

Many Happy Returns !!!!

ပျော်ရွှင်ပါစေ မဝိုင်းရေ

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

Happy Birthday ပါ ဝိုင်းရေ
မနေ့က မလာနိုင်တာ ဆောတီးပါနော်။

Waing said...

မငယ်နိုင်ရေ.... မုန့်ဟင်းခါးက ဓါတ်ပုံရိုက်တုန်းမှာ ဟင်းရည်မရသေးတာနဲ့ ရှိတာတွေပဲ ရိုက်လိုက်မိတာပါ။
ဓါတ်ပုံမှာပါတဲ့ဟာတွေက မုန့်ဖတ်၊ အီကြာကွေး၊ ပဲကြော်၊ ကြက်ဥနဲ့ မုန့်ဖက်သုပ်စားဖို့ ကြက်သွန်စိမ်း၊ နံနံပင်၊ပဲကျက်မှုန့်၊ ငရုတ်သီးမှုန့်နဲ့ မည်းမည်းအရည်ဆိုတာ မန်ကျည်းသီးအရည်ပါး)))

သူငယ်ချင်းအားလုံးရဲ့ မွေးနေ့ဆုတောင်းများအတွက် အားလုံး အားလုံးကို အထူးကျေးဇူးတင်ပါတယ် ထာဝရပျော်ရွှင်နိုင်ကြပါစေ

မြစ်ကျိုးအင်း said...

မွေးနေ့ မင်္ဂလာပါ ၀ိုင်းရေ
အစစအရာရာ အဆင်ပြေပါစေနော်
အခက်အခဲတွေလည်း ခဏချင်းဖြေရှင်းနိင်ပါစေ


မအားလပ်လို့ အခုမှရောက်ဖြစ်တာပါ မုန့်ဟင်းခါးတော့ စားချင်သေးတယ် အင်း ကျောက်ကျောလေးလဲ စားရရင် ကောင်းမယ် :)

တောင်ပေါ်သား said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ။ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာ ချစ်သောမိသားစု၊ သူငယ်ချင်းများစွာနဲ့ ခင်မင်စွာ တူတူနေရပါစေဗျာ

လေးစားလျက်
တောင်ပေါ်သား

သားကြီး said...

happy birthdayပါ ဝိုင်း
ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးဖြစ်ပါစေ
ကိုသက်တန့်ချိုဆီကနေရောက်လာတာပါ
ဆုတောင်းကနောက်တောင်ကျနေပြီ
ဆောတီး :)

Angel Shaper said...

ချစ် ၀ိုင်းကြီး အဟဲ..ချွဲတာ ချွဲတာ..
နောက်ကျသွားတော ခွေးလွှတ်ပါ။ အဲလေ ခွင့်လွတ်ပါ။
ဖိတ်စာမရောက်ပေမယ့် အရောက်လာတယ်နော်။ ဟွန်းးးး
ဒီမွေးနေ့မှ မနက်ဖြန်များစွာမှာ အောင်မြင်ပျော်ရွှင်ပါစေနော်။

ပန်းရင့်ရောင် said...

ဝိုင်းရေ
မွေးနေ့မှာပျော်ရွှင်ပါစေ။
အောင်မြင်ပါစေ။
နောင် နှစ်ပေါင်းများစွာအထိ ပျော်ရွှင်စွာ နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေ။

ခင်တဲ့ ပန်းရင့်ရောင်

kiki said...

HaPpY bIrThDaY ပါ ဝိုင်းရေ ...
နောင်နှစ်ပေါင်းများစွာ ထိ ခုလို ပျော်ရွှင်ဖွယ်ရာ မွေးနေ့ ပေါင်းများစွာ ဖြတ်သန်း နိုင်ပါစေ ။
လိုရာဆန္ဒ ပြည့်ဝ ပြီး မိဘကျေးဇူး ဆပ်နိုင်တဲ့ သမီး လိမ္မာ လေး ဖြစ်ပါစေ .....
နောက်ကျပြီး မှ ဆုတောင်း ပေးလိုက်ရတာ ခွင့်ပြု ပါ ..ခုမှ လာလည် ဖြစ်လို့ ပါနော် ..
မုန့် ဟင်းခါး နဲ့ သာကူ လေး ကိုတော့ မျက်စိ နဲ့ စားသွား ပါတယ် ။း)

ခင်မင်လျှက်
မကိ

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်