29 October, 2009

ကျန်းမာကြပါစေ...


(၁) အပူချိန်တက်ခြင်းနှင့် အစားအသောက်ပျက်ခြင်း

သစ်သီးဖျော်ရည်များနှင့် အခြားအင်အားပြည့်စေတဲ့ ပရိုတင်းဓာတ်များ ပါဝင်သည့်ဖျော်ရည်များကို သောက်သုံးပါ။ အစာပျော့ပျော့လေးကို နည်းနည်း နှင့်မကြာခဏသုံးဆောင်ပါ။

(၂) လည်ချောင်းနှင့် အာခေါင်နာခြင်း

အချဉ်ဓာတ်များသော အသီးအနှံများ၊ ခရမ်းချဉ်သီးနှင့် ပူစပ်သော အစားအစာများကို ရှောင်ကြဉ်ပါ။ အချိုဓာတ်လွန်ကဲသောအစာများကို ရှောင်ပါ။     အင်အားပြည့်ဖြိုးစေသော ပရိုတင်းဓာတ်များများပါဝင်သည့် ဖျော်ရည်များကို သောက်သုံးပါ။ အစာကြေလွယ်သော အစာများဖြစ်သည့် အာလူး(သို့) မုန်လာဥနီကို ပြုတ်ခြေထားသော အစာနှင့်အချဉ်ဓာတ်နည်းပါးသော ဟင်းသီးဟင်းရွက်၊အသီးအနှံများကိုစားပါ။

(၃) ပျို့အန်ခြင်း

အစာပျော့ပျော့ကို နည်းနည်းနှင့် မကြာခဏစားသောက်ပါ။ အစာကိုအ၀စားခြင်းကို ရှောင်ကြဉ်ပါ။ ရိုးရိုးနှင့် အဖြူထည်လေးပြင်ဆင်ထားသော အစာကို      သုံးဆောင်ပါ။ အနံ့စူးရှသော အစာများကိုရှောင်ကြဉ်ပါ။ အသီးဖျော်ရည်ကျဲကျဲ အခြားသော ဖျော်ရည်များနှင့် ဟင်းချိုများကို သောက်သုံးပါ။ ရိုးရှင်းစွာပြုတ်ချက်ထားသော အစာများဖြစ်သည့် ဆန်ပြုတ်၊ အာလူးပြုတ်၊ ပဲမျိုးစုံပြုတ်များကို စားသုံးနိုင်ပါသည်။

(၄) ၀မ်းပျက်ခြင်း

ဌက်ပျောသီး၊ ထမင်းပျော့ပျော့ သို့မဟုတ် ဆန်ပြုတ်ကို စားသုံးသင့်ပါသည်။ အစာကို နည်းနည်းနှင့် မကြာခဏစားပေးပါ။ နို့နှင့် နို့ထွက်ပစ္စည်းများကြောင့် ၀မ်းပျက်ခြင်းဖြစ်ပါက ယင်းတို့ကို ရှောင်ကြဉ်ပါ။ အဆီဓါတ်များသော အစာများကို မစားသင့်ပါ။ အစာမကြေလွယ်သော အစာများ၊ အမျှင်ဓါတ်များသော အစာများကို မစားသင့်ပါ။ အရည်များကို မကြာခဏ သောက်ပေးပါ။


(၅) အဆီမချေဖျက်နိုင်ခြင်း


ဆီများ၊ ထောပတ်၊ မာဂျရင်းနှင့်၎င်းတို့နှင့် ပြုလုပ်ထားသော အစာများကို ရှောင်ရှားသင့်သည်။ အဆီမရှိသော အသားကိုသာ စားသုံးပါ။ အသီးအနှံနှင့်ဟင်းသီးဟင်းရွက် အပါအ၀င် အဆီဓာတ်နည်းသောအစာများကိုသာ စားသောက်ပါ။


(၆) ၀မ်းလျှောခြင်း


အရည်များကို ခဏခဏသောက်ပေးပါ။ ဓာတ်ဆားရည်သောက်ပါ။ ဖျော်ရည်ကျဲကျဲများကို သောက်လျှင်သင့်လျော်ပါသည်။ ဌက်ပျောသီး၊ ဆန်ပြုတ်၊      ထမင်းပျော့ပျော့များကို စားသုံးနိုင်ပါသည်။


(၇) မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခန်းခြင်း


လတ်ဆတ်သော အသီးအနှံများကို စားသောက်ပါ။ အာဟာရရှိစေမည့် သရေစာကို မကြာခဏစားသုံးပါ။ အားအင်ပြည့်ဖြိုးစေသော ပရိုတင်းဓာတ်များ      များပါဝင်သော အရည်နှင့် ဖျော်ရည်များကိုသောက်ပါ။


မူရင်း လေးက ဒီမှာပါ။ စာဖတ်သူအားလုံး အသိပညာပေး ကျန်းမာရေးအကြောင်းများ ဖတ်ရှုလေ့လာမှတ်သားခြင်းဖြင့် အနာရောဂါအပေါင်းမှ ကင်းဝေးပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေကြောင်း.........

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

6 comments:

စိမ်း... said...

ခုတလော အစားအသောက်ပျက်နေတာနဲ့ အတော်ပဲ... ခုမှ နည်းသိတော့တယ် ကျေးဇူး ၀ိုင်းရေ... :)

chocothazin said...

ကျေးဇူး ဝိုင်းရေ

ခရေညို said...

အမကတော့ အစားအသောက်ပျက်ရင် လျှောက်သီးသုပ်စပ်စပ်လေးကို ဟင်းခါးလေးနဲ့
တွဲပြီး ရှူးရှူး ရှဲရှဲ နဲ့စားပြစ်လိုက်တာပဲ။
ကျန်းမာရေးနဲ့ တော့မညီညွတ်ဘူးပေါ့။
ညီမလေး ဝိုင်းေ၇
ကျေးဇူးပါကွယ်။

Nge Naing said...

ကျန်းမာရေး ပညာပေးလေး လာဖတ်သွားပါတယ်။ ကျန်းမာရေး လိုက်စားတာ လူတိုင်းအတွက် ကောင်းပါတယ်။

လင်းကြယ်ဖြူ said...

တကယ်ကို ဗဟုသုတ တိုးပွါးစေတဲ့ စာစုကောင်းတစ်ခုပါပဲ
ကျေးဇူးတင်ပါတယ်
မှတ်သားစရာမို့
မှတ်ထားလိုက်ပါတယ်
ပျော်ပါစေ

Anonymous said...

နောက်တစ်ခေါက်လာပြီး ကျွေးသမျှအကုန်စားသွားပါတယ်ဗျို့.....

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်