13 October, 2009

ဘ၀မှာ ပျော်ရွှင်စွာနေနိုင်ဖို့ အချက်(၅)ချက်ပဲ လိုတယ်နော်

(1) Free your heart from hatred (သင့်ရင်ထဲက အမုန်းတရားတွေကို လွှတ်ချထားလိုက်ပါ)

(2) Free your mind from worries (သင့်စိတ်ထဲက စိုးရိမ်ပူပန်မှုတွေကို လွှတ်ချထားလိုက်ပါ)

(3) Live simply (ရိုးရှင်းစွာ နေထိုင်ပါ)

(4) Give more (များများပေးဆပ်ပါ)

(5) Demand less, expect miracles in life (ရယူမှုနည်းပါးစွာနဲ့ ဘ၀ကို မျှော်လင့်ပါ)

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

9 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ Waing ရေ..

တကယ့်ကို တန်ဘိုးကြီးမားတဲ့ အချက် ၅ ချက်ပါပဲ။

သတိမေ့နေတာ။ အခု သတိရသွားပြီ။ ကျေးဇူးပါ waing ရေ...


ခင်မင်စွာဖြင့်
ကိုမျိုး

စိမ်း... said...

thanx 4 yr sharin' Waing !!!! :)

မိုးခါး said...

ဝိုင်းရေ
နေနိုင်ရင်တော့ ကောင်းမယ်နော်
သိပ်တော့လည်း မလွယ်ပြန်ဘူး :D
ကြိုးစားရမှာပေါ့ နော့ကွယ် ..း))

ခရေညို said...

ညီမလေးဝိုင်းရေ
အဲဒီအချက် ၅ ချက်ကလွယ်မလိုနဲ့အတော် ခက်ခဲပါတယ်
လိုက်နာနိုင်တဲ့သူကတော့အကောင်းဆုံးပေါ့ကွယ်

တောင်ပေါ်သား said...

မျှဝေတာ ကျေးဇူးပါဗျာ မှတ်ထားပါ့မယ်။ လိုက်လုပ်ဖို့က လူစိတ်ဆိုတာက မလွယ်ဘူးရယ် ဒုက္ခ


လေးစားလျက်
တောင်ပေါ်သား

မြစ်ကျိုးအင်း said...

ကိုယ့်စိတ်ကိုယ် တော်တော်လေး လေ့ကျင့်ထားမှ ရနိင်မယ်နဲ့တူပါရဲ့။ သေချာတာတော့ အလွယ်တကူ လိုက်မလုပ်နိင်ကြတာပဲ။

အေးလေ ဒါကြောင့်လည်း .................။

ပြန်လည်ဝေမျှပေးတာ ကောင်းမွန်ပါတယ်။

ငချမ်းကောင် said...

မှတ်သားထားပါ့မယ်ခင်ဗျ။ အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း။

တောသားလေး said...

ညီမ ရေဒီအချက်ငါးချက်ကတကယ်ကိုတန်ဖိုးရှိပါတယ်။

ဆွေလေးမွန် said...

ဟုတ်တယ် ၀ိုင်းရေ ဘ၀မှာ ဒီလိုစိတ်ထားမျိုးတွေ ရှိနိုင်ရင် အေးချမ်းပြီး..မှတ်သားပြီး တတ်နိုင်သမျှ ကြိုးစားကြည့်ပါ့မယ်..

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်