08 October, 2009

ရေခဲသေတ္တာပေါ်ပေါက်လာပုံ

ဝင်ရိုးစွန်းဒေသများတွင်နေထိုင်သော အက်စကီးမိုးလူမျိုးများသည် သားငါးများရှာဖွေပြီးနောက် ရရှိလာသော သားငါးများကို ရေခဲလွှာအောက်တွင် နှစ်ပြီးသိမ်းထားလေ့ရှိသည်။ ထိုအလေ့ကို အနောက်နိုင်ငံသားများတွေ့ရှိသောအခါ သားငါးများကို ရေခဲရိုက်ကာ သိမ်းထားရန်အကြံရလာသည်။နောက်ပိုင်းတွင် ထိုသို့ရေခဲရိုက်သိမ်းထားမည့်အစား ရေခဲသေတ္တာဖြင့် သိမ်းလျှင် ပိုကောင်းမည်ဟု ကြံစည်မိကြသည်။


၁၈၀၅ ခုနှစ်တွင် Oliver Evans က ပထမဆုံး စတင်တီထွင်ခဲ့သူဖြစ်ပေမယ့် ထို့နောက် ၁၈၃၄ ခုနှစ်တွင် အမေရိကန်လူမျိုး ဂျက်ကော့ပါကင် (Jacob Perkins) ဆိုသူက ရေခဲသေတ္တာကို ထပ်မံတီထွင်ခဲ့သည်။ သူသည် သူ၏တီထွင်ချက်ကို မူပိုင်မှတ်ပုံတင် ပြုလုပ်ခဲ့သော်လည်း တိုးတက်ကောင်းမွန်အောင် ဆက်လက်မကြိုးစားခဲ့ပေ။ ပါကင်နှင့် တစ်ချိန်တည်း လိုလိုမှာပင် ဂျိမ်းဟာရီဆင် ဆိုသူကလည်း သြစတြေးလျတွင် ရေခဲသေတ္တာကို တီထွင်လျက်ရှိသည်။ သူသည် ဈေးသက်သာလှသော သြစတြေးလျက အသားများကို ဗြိတိန်နိုင်ငံသို့တင်ပို့ရန် စိတ်ကူးရာမှ တဆင့် ရေခဲသေတ္တာနှင့်ရေခဲခန်းများကို တီထွင်ရန် စိတ်ကူးမိခြင်းဖြစ်သည်။ ဟာရီဆင်၏ရေခဲသေတ္တာကို ပိုမိုကောင်းအောင် အဆင့်ဆင့်ပြုပြင်သဖြင့် ၂၀ရာစုအစပိုင်း အစာသိုလှောင်ရေးတွင် လူတို့က တွင်ကျယ်စွာ အသုံးပြုလာကြသည်။

(အရင်တုန်းကဖတ်ဖူးတဲ့  မဂ္ဂဇင်းစာအုပ်တစ်အုပ်ထဲက ဗဟုသုတရစရာ တွေ့လို့ တင်လိုက်ရခြင်းဖြစ်ပါတယ်။)

အားလုံးကိုခင်မင်လေးစားလျက်


5 comments:

ခရေညို said...

ဪ ဂလိုကိုး

Beauty Studio USA Branded Store said...

ဗဟုသုတတိုးဖွယ်ရာလေးပါညီမရေ။တီထွင်သူတွေကိုတော့ လေးစားမိပါတယ်။

kiki said...

ဗဟုသုတ တမျိုး တိုးစေတဲ့  ဝိုင်း ရေ ကျေးဇူးပါ ...

ရေခဲသေတ္တာ တီထွင်သူ များ ပြီးတော့ ရေခဲတိုက် အကြောင်းများ ဆက်မှာလား လို့ တွေးနေတာ .. ဟိဟိ

ညီညီ said...

ကျေးဇူးဗျာ သိသွားပြီ.

ညီညီ said...
This comment has been removed by the author.
 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်