23 September, 2009

Pulau Ubin (ပူလာအူဘင်)ရဲ့ အမှတ်တရ ခရီးစဉ်

(20.09.09)

ဒီခရီးစဉ်လေးမသွားခင်၂ရက်လောက် အလိုမှာ ၀ိုင်းနေမကောင်းဖြစ်နေတာပါ။ အအေးပတ်ပြီး လည်ချောင်းတွေနာနေတာလေ။ MC Leave တောင် ယူလိုက်ရသေးတယ်။ နောက်တော့ အဖျားပျောက်ပြီဆိုတော့ တနင်္ဂနွေပိတ်ရက်လေး အပြင်တစ်နေရာလောက် ထွက်လည်ချင်ရော။ အဲ့ဒါနဲ့   ၀ိုင်း ဒီစင်ကာပူမှာ မရောက်ဖူးတဲ့နေရာတွေ စဉ်းစားကြည့်တော့ Pulau Ubin ဆိုတဲ့ ကျွန်းကို စဉ်းစားမိတယ်လေ။ အဲ့ဒီချိန်မှာ မရောင်တို့၊ ကိုတောင်ပေါ်သားတို့ စုပေါင်းတိုင်ပင်ကြပြီး Pulau Ubin ကို သွားမယ်ဆိုပြီး မေသူ့ဆီမှတဆင့် မေးလ်ဝင်လာပါတယ်။ ဒါနဲ့ပဲ အဲ့ဒီခရီးစဉ်မှာ လိုက်ဖို့ ကိုတောင်ပေါ်သားကို နာမည်စာရင်းပေးပြီး ၀ိုင်းနဲ့ ၀ိုင်းရဲ့ တက္ကသိုလ်တုန်းကကျောင်းတူ သူငယ်ချင်း (အိဖြူ) တို့ လိုက်ပါခဲ့ပါတယ်။


မသွားခင် ၁ရက်အလိုမှာ ၁၁နာရီနောက်ဆုံးအရောက် Pasir Ris MRT လို့သတ်မှတ်ထားတယ်လေ။ နောက်တော့ စုရပ်မယ့် နေရာက Outram Park MRT ဖြစ်သွားလို့ အဲ့ဒီကနေ Changi Village ဆီ Taxi စီးပြီး သွားကြပါတယ်။ အဲ့ဒီရောက်တော့မှ မနက်စာစား ခဏ အနားယူ လူစုကြပြီးနောက် လှေစီးပြီး Pulau Ubin ကျွန်းဆီကို သွားကြရော။ လှေတစီးမှာ အနည်းဆုံး ၁၂ယောက်လိုက်ပါခွင့်ရပါတယ်။          ၀ိုင်းတို့ ဘလော့ဂါအုပ်စုတွေကလည်း အားလုံးစုစုပေါင်း ၁၂ယောက်ဖြစ်နေတဲ့အတွက် လှေတစီးလုံးမှာ အပြင်လူတွေမပါ ကိုယ့်အဖွဲ့တွေချည်းပဲလေ။ လှေစီးခက အသွားခရီး တစ်ယောက်ကို $2.50 ပေးရပါတယ်။ လှေပေါ်မှာလည်း အုပ်စုလိုက် စကြ နောက်ကြ ဓါတ်ပုံတွေရိုက်ကြရင်း ကျွန်းဆီကို တဖြည်းဖြည်း လှေက ဆိုက်ကပ်သွားပါတယ်။ အဲ့ဒီကိုရောက်တော့ နေ့လည်ထမင်းစာကို seafood centre ဆိုတဲ့ ဆိုင်မှာ စားဖြစ်ကြတယ်။ စားရင်းနဲ့ ဘလော့ဂါတွေ အားလုံးရဲ့ ဘလော့နာမည်တွေကို မိတ်ဆက်ကြတယ်လေ။ အဲ့ဒီမှာ                 ၀ိုင်းမသိခဲ့တဲ့ ကိုမျိုးထက်ဇော်၊ ကိုငချမ်းကောင်၊ ကိုတလနွန်၊ မမြရေလျင်၊ မဆောင်းနှင်းရွက်တို့နဲ့ တွေ့ဆုံရင်းနှီးခွင့်ရခဲ့ပါတယ်။ တပျော်တပါးကြီး စားသောက်ပြီးကြတဲ့အခါ စက်ဘီးစီးဖို့ စက်ဘီးဌားဆိုင်ကို ထွက်လာကြပြီး ၂ယောက်စီးစက်ဘီးကို တစ်စီးကို $20 နှုန်းနဲ့ ၆စီးဌားပါတယ်။ စက်ဘီးတွေရဲ့ နောက်မှတော့ အိမ်ကနေ သယ်လာကြတဲ့ စားစရာ သောက်စရာတွေကို ခြင်းလေးတွေထဲ ထည့်ပြီး Pulau Ubin ခရီးစဉ်လေး စတင်ခဲ့ပါတော့တယ်။



လမ်းခရီးတလျှောက် တောင်တက် တောင်ဆင်းလမ်းတွေကို အသီးသီးကျော်ဖြတ်ကာ ပထမဆုံး စိမ်းပြာရေကန်ကြီးကို ရောက်ရှိသွားပါတယ်။ ၀ိုင်းနဲ့တူတူ စက်ဘီးစီးလာတဲ့ ကိုတလနွန်တစ်ယောက် အဲ့ဒီ တောင်ပေါ်က ကန်လည်းအရောက် အစာမကြေဖြစ်ပါသေးတယ်။ ပြီးတော့ နောက်ပိုင်း နေလို့ကောင်းသွားပြီး ပါလာတဲ့ စားစရာတွေ၊ အသီးတွေ ထုပ်စားကာ ပျော်ရွှင်စွာ ဓါတ်ပုံရိုက်ကြ စကြ နောက်ကြ ရယ်မောခဲ့ကြရပါတယ်။ ခရီးစဉ်လေးကို အဲ့ဒီကနေတဆင့် သွားလို့ရတဲ့ လမ်းတွေ့ရင် စက်ဘီးနဲ့ သွားကြ၊ သွားလို့မရတော့တဲ့ လမ်းတွေ့တော့ နောက်ပြန်ကွေ့ပြီး တခြားတနေရာ သွားကြနဲ့ တော်တော်လေးလည်း စက်ဘီးနင်းခဲ့ရ ၊ မောပန်းခဲ့ရပါတယ်။ အရိပ်ကောင်းတဲ့နေရာ၊ ရေသောက်လို့ရတဲ့နေရာ၊ နားလို့ကောင်းတဲ့နေရာတွေမှာ ခဏတာ အနားယူအပန်းဖြေ၊ ဂိမ်းကစားနည်းမျိုးစုံနဲ့ ကစားခဲ့ ပျော်ခဲ့ရပါသေးတယ်။ နောက်ဆုံး အလုပ်သွားရမယ့် သူတွေပါတာနဲ့ပဲ ညနေ ၆နာရီမှာ စက်ဘီးအသီးသီးအပ်ပြီး လှေစီးကာ အဲ့ဒီကျွန်းလေးကနေ ထွက်ခွါလာခဲ့ပါတော့တယ်။ ဒီခရီးစဉ်လေးကတော့        
ဝိုင်းအနေနဲ့ပြောရရင်ဒုတိယအကြိမ်မြောက်စင်ကာပူရောက်ဘလော့ဂါမောင်နှမတွေနဲ့ တွေ့ဆုံရင်းနှီးခွင့်ရခဲ့တဲ့အချိန်လေး အမှတ်တရနေ့လေးတစ်ရက်ပဲပေါ့။ ၀ိုင်းနဲ့အတူတူ ပါလာခဲ့ကြတဲ့ ဘလော့ဂါသူငယ်ချင်းတွေ အားလုံး (ကိုတောင်ပေါ်သားကိုရေတမာကိုသံလွင်(ဟီးရိုး)ကိုတလနွန်ကိုငချမ်းကောင်ကိုမျိုးထက်ဇော်မမိုးခါး၊ တချိန်လုံး ရယ်စရာတွေကို မနားတမ်း ပြောတဲ့ မမြရေလျင်မဆောင်းနှင်းရွက်မေသူ၊ ပြီးတော့      ၀ိုင်းရဲ့ သူငယ်ချင်း အိဖြူ ) တို့ကို ၀ိုင်းကနေပြီး ဒီပို့စ်လေးကနေတဆင့် ကျေးဇူးတင်၊ ပျော်ရွှင်ခဲ့ရပါတယ်ဆိုတဲ့အကြောင်း ပြောပါရစေနော်။ ခရီးစဉ်တလျှောက် တွေ့ခဲ့၊ ဆုံခဲ့၊ ရင်းနှီးခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းသံယောဇဉ်တွေကို ဘယ်တော့မှ မေ့ပျောက်လို့ ရတော့မှာ မဟုတ်ဘူးဆိုတာတော့ အမှန်ပါပဲရှင်....

(p.s - ဓါတ်ပုံတွေကိုတော့ သိပ်မရိုက်ခဲ့ပါဘူး။ စက်ဘီးစီးရင်း ရိုက်ထားတဲ့ ပုံတွေက လက်မငြိမ်လို့        မကြည်လင်တဲ့ပုံတွေများနေတာကြောင့် မတင်တော့ပါဘူး။  အသေးစိတ် Pulau Ubin ကျွန်းအကြောင်းလေးကို သိချင်ရင်တော့ ဒီနေရာမှာ သွားကြည့်လို့ရပါတယ်နော်။)

ဆက်ရန်ကတော့ 21.09.09 နေ့မှာ မမောနိုင် မပန်းနိုင်သွားခဲ့တဲ့ Sentosa ကျွန်းက Fort Siloso နဲ့ Siloso Beach လေးအကြောင်းကိုတော့ နောက်ပို့စ်တွေကျမှပဲ ဓါတ်ပုံတွေနဲ့အတူတင်ပါတော့မယ် :)

အားလုံးကို ခင်မင်လေးစားလျက်


9 comments:

ဆောင်းနှင်းရွက် said...

ဝိုင်းလည်း
ကင်းခြေများ နဲ့
အမျိုးတော် လား မသိဘူးးး ..။
အဟိ ..း)

ခင်လို့ စတာပါနော် ..။

ပုံ့မေ said...

ဝိုင်းရေ...ရေးထားတာ နေ့ လည်ကတည်းက ဖတ်ရတယ်...ခုညနေ အိမ်ပြန်ရောက်မှ ကော်မန့် ရေးဖြစ်တယ်တော့...

ဒီကလေးမ တနင်္ဂနွေလဲ အိမ်မနေပဲ ဘယ်လျှောက်သွားခဲ့ပြန်တာတုန်း.... ဂယ်ပဲ..

:P

သဲပြောတဲ့ ကင်းခြေများဇာတ်လမ်း မေသူလဲ မသိလိုက်ရပါလား... လွတ်သွားတယ် ထင်တယ်... :)

သံလွင် HeRo said...

မဝိုင်း...မှတ်မိလား
မမြရေလျဉ်ပြောခဲ့သလိုပဲ
ဒီက ဘလော့ဂါမောင်နှမတွေနဲ့စည်းစည်းလုံးလုံး
မန္တလေး၊ပုဂံ၊ပုပ္ပါးသွားချင်တယ်ဗျာ...
အခွင့်ရရင်တော့ ပျော်ကြတာပေါ့...
အားလုံးအေးချမ်းပြီး အဆင်ကြပါစေ။

ဝေလေး said...

အဲကို တစ်ခေါက်ပဲရောက်ဖူးတယ်။ ဝေလေးတို့က စက်ဘီးမစီးဘူး လမ်းလျှောက်ကြတာ ကျွန်းတစ်ကျွန်းလုံးလည်း မနှံ့လိုက်ပါဘူး။ ခြေထောက်တွေညောင်းလာတာနဲ့ ပြန်လာကြရော :)

လင်းကြယ်ဖြူ said...

ပျောစရာတော်တော်ကို ကောင်းတာပဲနော်..
တွေးကြည့်တာနဲ့ တောင် အဲ့သလိုခရီးထွက်ချင်လာတယ်
ပျော်ပါစေခင်ဗျာ

တလနွန် said...

တနင်္လာနေ့ မှာထပ်ပြီး ခရီးဆက်နိုင်သေးတာကိုတော့ လေးစားတယ်ဗျာ :) ကင်းခြေများ တဲ့ (ကျနော မပြောဖူး အပေါ်ကလူ ပြောသွားတာ :))) )
ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့  ပျော်စရာကောင်းတဲ့ ဒီခရီးကိုတော့ အမှတ်ရနေပါတယ်

ခင်မင်ခြင်းများစွာနှင့်
တလနွန်

Myoe Htet Zaw said...

တဖြေးဖြေးနဲ့ ရေးဖိုးရာသွေးအေးလာပါပြီ ပြန်ရောက်ရောက်ချင်း ရေးနိုင်တဲ့ သူတွေ့ကိုတော့ ချီးကျူးရတော့မယ် ။ ဝိုင်းရေ

မိုးခါး said...

ဝိုင်းက ဆန်တိုဆာတောင် လစ်ပြီးပြီထင်တယ် .. :D
နောက်လလည်း အစီအစဉ်ရှိတယ်နော် ..း))

Anonymous said...

ဝိုင်းလေးရေအခုsundayကျရင်anonymousကိုရောအလည်ခေါ်ပါလား။

ခင်တဲ့
T.W
ခေတ္တမြန်မာရွာ

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်