30 September, 2009

History of Fort Siloso (1878 - 1942)


(21.09.09)

Fort Siloso ဆိုတာ ဒုတိယကမ္ဘာစစ်တုန်းက အင်္ဂလိပ်တပ်သားတွေက စင်ကာပူကျွန်းမှာအမြှောက်ခံတပ်တစ်ခု ဖွဲ့စည်းတည်ဆောက်ခဲ့တဲ့ နေရာတစ်ခုပါ။ ပင်လယ်ဆိပ်ကမ်း အမြှောက်ခံတပ် ၁၂ခုထဲက တစ်ခုအပါအ၀င်လည်းဖြစ်ပါတယ်။ အဲ့ဒီ ခံတပ်ကို 4 hectares (10 acres) ဖြင့် အကာအကွယ် ပြုလုပ်ထားပါတယ်။  ‘Siloso’ ဆိုတာ ဖိလစ်ပိုင် အခေါ်အဝေါ်နဲ့ မနာလို သ၀န်တိုတတ်တဲ့သူ လို့ အဓိပ္ပါယ်ရပါတယ်။

၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ်လူမျိုးတွေဟာ စည်ကားတဲ့ ကပ်ပယ်(Keppel) ဆိပ်ကမ်းတွေနားမှာ ခံတပ်တွေဆောက်လုပ်ခြင်းနဲ့ အလုပ်များနေခဲ့တယ်၊ စင်ကာပူကျွန်းရဲ့ အရှေ့ဘက်မှာရှိတဲ့ တန်ဂျုံ ကတောင်(Tanjong Katong) ခံတပ်နဲ့ အနောက်ဘက်မှာ ပူလာဘရန်နီ(Pulau Brani) ၊ စီလင်စင်း (Silinsing)ခံတပ်နဲ့ တာရာဂါ(Teregah) ခံတပ်တွေကို ဆောက်လုပ်ခဲ့တယ်။

အဲဒီအထဲမှာတော့ စီလိုဆို(Siloso) ခံတပ်ကဖြင့် အဲ့ဒီအချိန်မှာ ထင်ရှားခဲ့တယ်။ Fort Siloso ဆိုတာ စင်ကာပူရဲ့ ပင်လယ်ကမ်းခြေ ခံတပ်တစ်ခုဖြစ်တဲ့အပြင် အင်္ဂလိပ်လူမျိုးတွေဟာ Sentosa ကျွန်းပေါ်မှာ ရှေးဟောင်းအကျဆုံး စစ်တပ်ပုံစံ တည်ဆောက်ထားတဲ့ ခံတပ်နေရာတစ်ခုဖြစ်ပါတယ်။Sentosa ကျွန်းကို ရှေးယခင်က Pulau Blakang Mati ကျွန်းလို့ခေါ်ဝေါ်သုံးစွဲခဲ့ဖူးတယ်။ အင်္ဂလိပ်လူမျိုးတွေဟာ အဲ့ဒီကျွန်းကို မဟာဗျူဟာအရ အရေးပါကြောင်းကို ၁၈၀၀ ခုနှစ်မတိုင်ခင်ကတည်းက သိရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် စူးအက်တူးမြောင်းဖောက်လုပ်ပြီးတဲ့အချိန်အထိ တည်ဆောက်မှု အနည်းငယ်သာ ပြုလုပ်ခဲ့တယ်။

၁၉ရာစုနှစ်ကုန်ပိုင်းမှာ စင်ကာပူဟာ အကြီးကျယ်ဆုံး စီးပွားဖြစ် ဆိပ်ကမ်းမြို့တော်တစ်ခုဖြစ်တဲ့အပြင် သဘောင်္ကုန်သည်တွေနဲ့ ဘုရင့်ရေတပ်အတွက် အရေးကြီး အားထားရတဲ့ မဟာမိတ်နေရာတစ်ခုလည်းဖြစ်လာပါတယ်။

ခံတပ်တွေ၊ စစ်စခန်းတွေ အများကြီးရှိတဲ့အထဲမှာ sentosa ကျွန်းပေါ်မှာရှိတဲ့ စီလိုဆို(Siloso) ခံတပ်ဟာ မူလအတိုင်းတည်ရှိနေတဲ့ ခံတပ်ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း စင်ကာပူအစိုးရက sentosa ကျွန်းကို အပန်းဖြေစခန်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပြီး စီလိုဆို(Siloso) ခံတပ်ကိုလည်း သမိုင်းဝင်နေရာတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါတယ်။ မူလ လက်ရာမပျက်ဘဲ နဂိုအတိုင်းရှိနေတဲ့ စီလိုဆို(Siloso)ခံတပ်ကို ၁၉၇၅ခုနှစ်မှာ အများပြည်သူ၊ ကမ္ဘာလှည့်ခရီးသည်တွေ အတွက် ဖွင့်လှစ်ခဲ့တယ်။

စင်ကာပူကျွန်းမှာရှိတဲ့ အင်္ဂလိပ်စစ်တပ်ဟာ ပထမကမ္ဘာစစ်အတွင်း စစ်မဆင်နွှဲလိုက်ရပါဘူး။ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အချိန်မှ စီလိုဆို(Siloso)ခံတပ်ဟာ ဂျပန်တွေရဲ့ လေကြောင်းမှာ ဗုံးကြဲမှုတွေကို အကြိမ်ကြိမ်ခံခဲ့ရတယ်။ အင်္ဂလိပ်တွေဟာလည်း သူတို့ရဲ့ ရှိသမျှအင်အားကို စင်ကာပူကျွန်းမှာ ဖြည့်ဆည်းခဲ့ရတယ်။ ဆိပ်ကမ်းအနီးမှာရှိတဲ့ ဂျပန်ဘုရင်တပ်သဘောင်္များကိုလည်း ပစ်ခတ်နစ်မြုပ်ခဲ့တယ်။ စီလိုဆို(Siloso) ခံတပ်ဟာ ဂျပန်လက်ထဲ ကျမသွားအောင် အစွမ်းကုန်ကြိုးစားခဲ့ရတယ်။ နောက်ဆုံးမှာ ဂျပန်တွေ စစ်ရေးနိမ့် လက်နက်ချသွားပြီး စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုကာ စီလိုဆို(Siloso) ခံတပ်မှာပဲ စစ်စခန်းချခဲ့ကြပါတယ်။

ဒါက အဲ့ဒီနေရာကို ကားနဲ့ အရင်သွားရပါတယ်။ ပြီးမှ အဲ့ဒီကနေ ဇုန် ၃ခုခွဲထားပါတယ်။ အ၀ါဇုန်၊ အနီဇုန်၊ အပြာဇုန်ရယ်ဆိုပြီး ဇုန်တွေ ခွဲထားပြီး သွားလေ့လာလို့ရတယ်လေ။ ပထမဆုံး ၀ိုင်းရောက်ခဲ့တာကတော့ အ၀ါဇုန်ပါ။ အဲ့ဒီထဲမှာ စတင်လေ့လာမယ်ဆိုရင် ၃၅မိနစ်၊ အနီဇုန်ဆိုရင် ၄၅ မိနစ်နဲ့ အပြာဇုန်ဆိုရင် မိနစ် ၄၀ဆီ အသီးသီးကြာမြင့်ပါတယ်။ အနည်းဆုံး အချိန် ၂နာရီ ပေးနိုင်ရင် ရပါပြီ။


ပထမဆုံး စတင်ရောက်သွားတဲ့နေရာကတော့ Battery Command Post ဆိုတဲ့ ခံတပ်ကနေ ပင်လယ်ဘက်က လာမယ့် အမြောက်ရန်တွေကနေ ကာကွယ်ပေးနိုင်ဖို့အတွက် အမိန့်ပေးတဲ့နေရာပါ။ အဲ့ဒီထဲကို ရောက်သွားပြီဆိုရင် 1942ခုနှစ်တုန်းက စစ်ဖြစ်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ အမြောက်အသံတွေကို ထည့်ပေးထားပါတယ်။


ဒါကတော့ မြေအောက်ကနေ ခဲယမ်းမီးကျောက်တွေကို သယ်ပေးတဲ့ ၀န်ချီစက်ပါ။



အမြောက်ကျည်ဆံတွေကို အခုလိုသယ်ဆောင်ပြီး မြေအောက်ထဲမှာ သိမ်းထားကြခဲ့တဲ့ပုံတွေပါ။


စစ်ပွဲမှာ အမြောက်နဲ့ပစ်ဖို့ အဆင်သင့် ပြင်နေကြတာလေ။



ဒါကတော့ တဖက်ရန်သူကနေ ပစ်ခတ်လာမယ့် ဗုံးရန်တွေကနေ ကာကွယ်နိုင်ဖို့ အမြောက်ကျည်ဆန်တွေသိမ်းထားတဲ့နေရာပါ


ရှေးဟောင်းမီးအိမ်နဲ့ မီးအိမ်တွေကို ထိန်းသိမ်းထားတဲ့နေရာပါ။


ဒုတိယကမ္ဘာစစ်အတွင်း ရန်သူတွေကို တွန်းလှန်ကာကွယ် ခုခံနိုင်ဖို့အတွက် ဖွဲ့စည်းလိုက်တဲ့ အထူးပြောက်ကျားတပ်သား အဖွဲ့ Force 136 နဲ့
အဲ့ဒီအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တပ်သား Lt. Yuen Wai Cheong


စစ်ဖြစ်ကာလအတွင်း စားနပ်ရိက္ခာတွေ သိုလှောင်ထားပုံ၊ စတိုခန်း၊ ရေလှောင်ကန်နဲ့ စားနပ်ရိက္ခာတချို့


သင်္ဘောပေါ်မှာ နေထိုင်ရတဲ့ စစ်သားတွေရဲ့ဘဝ

စစ်ဗိုလ်ချုပ်ကြီး နေတဲ့ အခန်းတဲ့ အိပ်တင် ကုတင်နေရာ

စစ်သားတွေနေတဲ့ စစ်တန်းလျား (Barrack room)


Laundry Room & Taylor Room


Cook House

12 pounder QF Gun (1942)

17th & 18th Century of Malayan Canons

Parbuckling (အမြောက်တွေကို တောင်ကုန်းပေါ်သယ်တဲ့အခါ အောက်ဖက်တွင်သစ်သားတုံး၊ကြိုး၊ လုံးဝန်းသော ပင်စည် (ပုံတွင်မြင်ရသည့်အတိုင်း) စသည်တို့ဖြင့် အသုံးပြုရွေ့လျားစေခြင်း)


အသုံးမပြုသော အမြောက်တချို့



တောင်ကုန်းပေါ်ကနေ လှမ်းမြင်နေရတဲ့ Labrador Park


ဂျပန်တွေ အရေးနိမ့်လို့ လက်နက်ချ အညံ့ခံတဲ့နေရာ (Surrender Chambers)



British surrender - ford motors boardroom (15th Feb 1942)
Janpanese Delegation - 11 person , British Delegation - 4 person (total 15 persons)


ဂျပန်နဲ့ အင်္ဂလိပ်တို့ စစ်ပြေငြိမ်းရေး သဘောတူစာချုပ်ချုပ်ဆိုနေစဉ်



Supreme allied commander S.E.A (Admiral Lord Louis MountBatten)



လက်မှတ်ထိုးအခမ်းအနားပြီးနောက် ပြည်သူလူထုနှင့်အတူ အောင်ပွဲခံပွဲ တက်ရောက်နေတဲ့ MountBatten

စီလိုဆို(Siloso) ခံတပ်ရဲ့ ကျော်ကြားလှတဲ့ ဒဏ္ဍာရီလေးတစ်ခုကတော့ အဲ့ဒီခံတပ်မှာရှိတဲ့ အမြောက်တွေဟာ ဒုတိယကမ္ဘာစစ်မှာ ရန်သူဂျပန်တပ်တွေကို တစ်ချက်မှ မပစ်ခတ်လိုက်ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီလိုဆို(Siloso) ခံတပ်ဟာ ရေကြောင်းတိုက်ပွဲအတွက် ပင်လယ်ပြင်ဘက်ကို မျက်နှာမူပြီး တည်ဆောက်ထားခဲ့တာပါ။ တကယ်တော့ ဂျပန်တွေဟာ စင်ကာပူကျွန်းကို ၀င်ရောက်သိမ်းပိုက်တာဟာ ကုန်းပိုင်းကနေသာ ၀င်ရောက်ခဲ့တာလေ ဒါကြောင့် အမြောက်တွေဟာ ကုန်းတွင်းဘက်ကိုလှည့်ပြီး ပစ်ခတ်နိုင်စွမ်းမရှိခဲ့ဘူးလို့ သိခဲ့ရပါတယ်။

(နောက်ထပ် သမိုင်းဝင်အကြောင်းတွေကို ဗီဒီယိုရိုက်ကူးခဲ့တာ ၂ဖိုင်ကျန်ပါသေးတယ် ဖိုင်ဆိုဒ်ကြီးလို့ တင်လို့မရဖြစ်နေတာနဲ့ပဲ ဓါတ်ပုံတွေပဲ တင်ပေးလိုက်တာပါ ဓါတ်ပုံတွေကို အကြီးမြင်ချင်တယ်ဆိုရင် ပုံပေါ်မှာသာ ကလစ်နှိပ်ပြီး ကြည့်လိုက်ရုံပဲနော်)

အားလုံးကိုခင်မင်လေးစားလျက်

14 comments:

ခရေညို said...

ကျေးဇူးပဲ ညီမလေးဝိုင်းရေ
အမလဲအဲဒီနေရာကိုသွားမယ်သွားမယ်နဲ့
မသွားဖြစ်သေးဘူး

စိမ်း... said...

အဲ့လိုနေရာ ရှိမှန်းတောင် မသိခဲ့ပါဘူးကွယ် ခုမှသိတယ်
ကျေးဇူး ၀ိုင်းရေ...

HOK said...

ကျွန်တော်တို့တွေ Sentosa island ကို သွားနေခဲ့ကျတာ၊ ဘယ်သူမှ အဲဒီ Fort Siloso ကို ရောက်ခဲ့ကျတာ မဟုတ်ပါဘူး၊။ ဒါပေမယ့် အဲ့ဒီ နေရာလေး က အချိန်ပေးပြီး ၀င်ရောက်လေ့လာသင့်တဲ့ နေရာတစ်ခုပါ။ ဗဟုသုတတွေကိုဖြန့်ပေးခဲ့တဲ့ ၀ိုင်း ကို ကျေးကျေးပါ။

မြစ်ကျိုးအင်း said...

ပုံတွေကို ကိုယ်ကိုတိုင်ရောက်သွားသလို မြင်ခွင့်ရတဲ့ အပြင် အောက်က ရှင်းပြပေးထားတဲ့ စာလေးတွေ ကြောင့် ဗဟုသုတတွေ ရပါတယ်။

အချိန်ပေးပြီး ပြန်မျှဝေပေးတာ ကျေးဇူးပါ။

သက်တန့်ချို said...

ဗဟုသုတအရမ်းရပါတယ်ဝိုင်းေ၇....ကျေးဇူးပါနော်...

မိုးခါး said...

ကျေးဇူး ၀ိုင်းရေ
ဗဟုသုတရသွားတယ် .. မရောက်ဘူးဘူး
သွားတာမခေါ်လို့ စိတ်ဆိုးဒယ် .. :P

တလနွန် said...

ဗဟုသုတတွေကြီးပဲ။ မရောက်ဖူးသေးဘူးဗျာ။ မိုးခါးပြောသလိုပဲ သွားတာမခေါ်လို့  စိတ်ဆိုးတယ် :P

ခင်မင်ခြင်းနှင့်
တလနွန်

Waing said...

မိုးခါး၊ ကိုတလနွန်တို့ လိုက်နိုင်သေးလို့လား ပူလာအူဘင်မှာကတည်းက ပင်ပန်းနေတယ်ထင်လို့ မခေါ်မိတာပါ ၀ိုင်းကတော့ ပိတ်ရက်ကို အခုလိုမျိုး အကျိုးရှိစွာ လည်ပတ်ခဲ့ပါကြောင်း.....

Anonymous said...

Parbuckling တဲ့လား ။
ကန်ဇွန်းဥတွေလိုပဲ စားရတယ်ထင်ပါရဲ့ သနားပါတယ်..
ဗဟုသုတရပါတယ် ကျေးဇူး.. ။

Beauty Studio USA Branded Store said...

အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းဝင်နေရာပဲဗျာ။ဓာတ်ပုံတွေ ကြည့်ရလို့ ကျေးဇူးတင်ပါတယ်။

မချစ်ရ said...

ပုံလေးတွေကြည့်သွားတယ်နော်ဝိုင်း
စီဘောက်မတွေ့လို့

တောသားလေး said...

လာလည်တဲ့အတွက်ကျေးဇူးပါ။ကျွန်တော်လည်းလာဖတ်သွားပါတယ်။နည်းပညာလေးတွေလည်းဖတ်ရတာ
ကောင်းပါတယ်။စီဘောက်မတွေ့လို့ဒီမှာဘဲရေးခဲ့ပါတယ်။လင့်လည်းယူသွားပါတယ်ခင်ဗျာ။

Anonymous said...

ဒီအကြောင်းတွေ ဖတ်ဖူးတယ်ဗျ..။ တိတိကျကျ သေသေချာချာ စလုံးအကြောင်းတော့ မဟုတ်ဘူးပေါ့နော်... ခုမှသေချာ ဖတ်ဖူးတာပါ ကျေးဇူးပါ..။

Anonymous said...

မခရေညိုရေနာမည်လေးပြောင်းလိုက်ပါဗျာ
ဘူးတွေလှောင်လိမ့်မယ်။ကိုယ်လည်းဘူးထဲကတဘူးပါ
ဝိုင်းလေးကိုတော့Thanks

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်