01 September, 2009

"သီတဂူဆရာတော်ဘုရားကြီး၏ မေတ္တာပို့"

-ကိုယ်စိတ်နှစ်ဖြာ ၊ ဘေးရန်ကွာ ၊ ချမ်းသာကြပါစေ။

-မေတ္တာနှလုံး ၊ ကိုယ်စီသုံး ၊ ရွှင်ပြုံးကြပါစေ။

-မေတ္တာရန်သူ ၊ ဒေါသမူ ၊ အပူကင်းပါစေ။

-မေတ္တာရေစမ်း ၊ ကိုယ်စီဖြန်း ၊ အေးချမ်းကြပါစေ။

-ခန္တီ၏ရန် ၊ ဒေါသမာန် ၊ တွန်းလှန်နိုင်ပါစေ။

-ခန္တီနှလုံး ၊ အစဉ်သုံး ၊ ရွှင်ပြုံးကြပါစေ။

-တို့မေတ္တာစွမ်း ၊ ကမ္ဘာလွှမ်း ၊ ငြိမ်းချမ်းကြပါစေ။



"မေတ္တာနိသာကရော၊လောကေသမ္မာ ဘာတုသုခံကရော၊

မေတ္တာသီ တလရံသီဟိ သုခန္တု ဖုသိတာပဇာ။"

လောကေ - သတ္တ၀ါအလီလီ ခိုမှီပေါလတ် လောကဓါတ် ကမ္ဘာအတွင်း၌
မေတ္တာနိသာကရော - မေတ္တာအေးလူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်
သမ္မာ - သတ္တ၀ါတတွေ အေးမြစေဖို့ အသရေရွှန်းကာ ကောင်းမွန်စွာ
သုခံကရော - သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယ္ခု ချမ်းသာကိုပြုလျှက်
ဘာတု - ရန်လည်းကင်းဝေး ဘေးလည်းမခ အအေးရဖို့ ရွှန်းမြအသရေ ထွန်းပပါစေသတည်း
(မေတ္တာသီတလရံသီဟိ - မေတ္တာဖွေးလျှ အအေးဓါတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့် ) ၂ သည်
ဖုသိတာ - ဖုံဖုံလွှမ်းထုံ မွှမ်းမလပ် တွေ့ထိအပ်ကုန်သော
ပဇာ - ကမ္ဘာခေတ်ဘွေ အပြည်ပြည်၌ တည်နေများစွာသတ္တ၀ါတို့သည်
သုခန္တု - ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါ စေကုန်သတည်း။


သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

2 comments:

Anonymous said...

တန်ဖိုးရှိသလို ဒီလိုစာတွေ ဖတ်ရတာအေးချမ်း ပါပေ့ဗျာ။

မချစ်ရ said...

မေတ္တာပို့သွားပါတယ်နော်

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်