03 September, 2009

How to download flash video?


You Tube မှာ တင်ထားတဲ့ ဗီဒီယိုတွေကို ကိုယ့်အတွက် သိမ်းထားချင်တာမျိုးအတွက် အခက်အခဲ ရှိပါတယ်..။ ပုံမှန်အားဖြင့် အဲဒီ ဗီဒီယိုဖိုင်လေးတွေက Flash Video (FLV) တွေအနေနဲ့ ရှိနေတာပါ..။ အဲဒီ flv file တွေကို သိမ်းချင်တယ်ဆိုရင် သိမ်းရိုးသိမ်းစဉ်အတိုင်း right click နှိပ်ပြီး သိမ်းလို့အဆင်မပြေနိုင်ပါဘူး..။ Flash file ဖြစ်တဲ့အတွက်ကြောင့်ပါ..။ အခုနောက်ပိုင်း website တော်တော်များများမှာ အဲဒီ Flash Video Format ဘာကြောင့် သုံးသလဲဆိုတော့ ချုံ့နိုင်စွမ်းပိုရှိတာရယ်၊ ဘယ် browser ကနေမဆို လွယ်လွယ်ကူကူ ခေါ်ယူ ကြည့်ရှု့နိုင်တာရယ်၊ အရည်အသွေး ကောင်းတာရယ်ကြောင့် အသုံးပြုကြတာ များပါတယ်..။ 
အဲဒီ Flash Video file ကိုအလွယ်ကူဆုံးနဲ့ အရှင်းလင်းဆုံးသိမ်းတဲ့နည်း ရှိပါတယ်..။ KeepVid ဆိုတဲ့ web-site ကို အသုံးချပြီး သိမ်းတဲ့နည်းပါပဲ..။ ဘာ software ကိုမှ download လုပ်စရာမလိုအပ်ဘဲ အဲဒီ web-site ပေါ်မှာတင်ပဲ လွယ်လွယ်ကူကူနဲ့ လုပ်နိုင်ပါတယ်..။ ပထမအဆင့်အနေနဲ့ ကိုယ်သိမ်းချင်တဲ့ video file link ကို copy လုပ်ပြီး KeepVid က ပေးထားတဲ့ text box ကလေးမှာ paste လုပ်လိုက်ရပါမယ်..။ ဒုတိယ အဆင့်ကတော့ ဘေးမှာရှိတဲ့ drop down box ကလေးကနေ ကိုယ် ဘယ်ကနေ download လုပ်သလဲဆိုတဲ့ site အမျိုးအစားကို ရွေးချယ်ပေးရပါမယ်..။
အဲဒီနောက်မှာတော့ download ဆိုတဲ့ button လေး လင်းလာပါလိမ့်မယ်..။ အဲဒီမှာ နှိပ်လိုက်ပါ..။ ဒါဆိုရင် download ဆိုတဲ့ link တစ်ခုကို ထုတ်ပေးပါလိမ့်မယ်..။ အဲဒီစာသားလေးမှာ click လုပ်လိုက်ရင် ကိုယ့်ရဲ့computer မှာ သိမ်းဖို့ လမ်းကြောင်းရွေပေးပြီး သိမ်းဆည်းလို့ရပါပြီ..။ ဒါပေမယ့် ကိုယ့်ရဲ့ file extension (.flv) ဆိုတာကို .mp4 အနေနဲ့ ပြောင်းပေးဖို့တော့ လိုအပ်ပါတယ်..။ ဒါဆိုရင် You Tube က Flash video တွေကို သိမ်းတဲ့နည်းလမ်း ရပြီပေါ့..။ You Tube တင် မဟုတ်ပါဘူး.. ဘယ် Flash Video file တွေမဆို သိမ်းလို့ရတဲ့နည်းလမ်းပေါ့။ 


နောက်တစ်ခုကလည်း Software မသုံးဘဲ File Format ပြောင်းချင်ရင်ရပါသေးတယ်။ ပြောင်းနိုင်တဲ့ Format Type တွေလည်း တော်တော်စုံတယ်။ Image Format မှာဆိုရင် bmp, gif, ico, jpg, tiff စသည်ဖြင့်၊ Document Format မှာဆိုရင် doc, html, pdf, xls စသည်ဖြင့်၊ Music Format မှာဆိုရင်လည်း wav, mp3, wma စသည်ဖြင့် တော်တော်စုံပါတယ်။ ဒီ Website ကနေတစ်ဆင့် Format ပြောင်းခိုင်းမယ်ဆိုရင် Sing Up လုပ်စရာမပါဘူး။ Email Address ပေးလိုက်ရင် Mail ထဲကို ပြောင်းပြီးသား Format ချက်ချင်း ပို့ပေးပါလိမ့်မယ်။ Download ဆွဲလိုက်ရုံပါပဲ။ သူကတော့ ပိုပြီးမြန်ချင်ရင် File Size ကြီးကြီး ပိုပြီးပြောင်းချင်ရင် Register လုပ်ပါလို့တော့ မြူဆွယ်ထားသေးတယ်လေ။

url: http://www.zamzar.com

website လေးများအား ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ အသုံးပြုရတာ အဆင်ပြေ လွယ်ကူနိုင်ကြပါစေ။

အားလုံးကို ခင်မင်လေးစားလျက်

0 comments:

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်