24 December, 2009

Merry Christmas

တစ်နှစ်မှာ တစ်ခါ တစ်လမှာ တစ်ရက်ဆိုသလို မကြာခင်မှာ ကျရောက်လာတော့မယ့် ခရစ္စမတ် မှာ သူငယ်ချင်းအားလုံး ပျော်ရွှင်စရာ ဒီဇင်ဘာလနဲ့ ပျော်ရွှင်စရာခရစ္စမတ် အားလပ်ရက်ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း........





e-card ထည့်ပုံ (မသိသေးသူများအတွက်ပါ)

၁။ မိမိပို့ချင်တဲ့ e-card လေးကိုရွေးပါ
၂။ ရွေးပြီးပြီဆိုရင် send this ecard ဆိုတဲ့ button ကို မရွေးပါနဲ့ဦး သူ့အောက်ဖက်နားမှာ Shared this ecard ဆိုတာကို နှိပ်လိုက်ပါ။
၃။ အဲ့ဒီမှာ Embed ဆိုတဲ့နေရာမှာ ကုဒ်ဒင်းတွေ့မယ် အဲ့ဒီကုဒ်ဒင်းတွေ အားလုံး copy ကူးပြီး မိမိတင်ချင်တဲ့ ပို့စ်နေရာမှာ paste ချလိုက်ရုံပါပဲ။ လွယ်တယ်ဟုတ်.....

သိသွားပြီဆိုရင် မိမိကြိုက်နှစ်သလောက် e-card တွေ ကိုယ်ပိုင်နေရာတွေ ကိုယ်ပိုင်ဘလော့တွေမှာ ထည့်လို့ရပြီပေါ့... အားလုံး အဆင်ပြေကြပါစေရှင်။







ဒီဇင်ဘာ ၂၅ရက်နေ့ကတော့ ယေရှုကိုယ်တော်မြတ် ဖွားမြင်ခဲ့တဲ့ နေ့ရက်လည်းဖြစ်ပါတယ်











ဒါတွေကတော့ ခရစ်စမတ်အတွက် ချစ်စရာကောင်းလှတဲ့ Disney Christmas Wallpapers ပုံလေးတွေပါ












သူငယ်ချင်းတို့တွေအတွက် ခရစ်စမတ် လက်ဆောင်တွေ အားလုံးပြင်ဆင်ထားတယ်

Jingle Bell


Post Cards



X'mas Gift


လက်ဆောင်တွေအားလုံးကို ကြိုက်သလောက်သာ ယူသွားတော့နော်။ အခုလို ပျော်ရွှင်စရာ ခရစ္စမတ်မှာ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေ အားလုံးနဲ့ ပျော်ပျော်ပါးပါးကြီး ပျော်ရွှင်နိုင်ကြပါစေ။ ဒီနှစ် ခရစ္စမတ်တော့ ၀ိုင်း KL ကို အလည်သွားမှာပါ။ မသွားခင် ဒီပို့စ်လေးနဲ့ သူငယ်ချင်းအားလုံးကို နှုတ်ဆက်ရင်း အကြိုဆုတောင်းပေးလိုက်ပါတယ်။

…………(¯`O´¯)


…………..*♫*.

………, • '*♥* ' • ,

……. '*• ♫♫♫•*'

….. ' *, • '♫ ' • ,* '

….' * • ♫*♥*♫• * '

… * , • Merry' • , * '

…* ' •♫♫*♥*♫♫ • ' * '

..* , • Christmas' • , * '

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

4 comments:

Unknown said...

Merry Christmas,Waing!Be happy with X'Mas!
Yours lovingly
Pannyinkyong

Anonymous said...

ပုံလေးတွေကချစ်စရာ။
ကေအယ်လ်မှာ ဆုံကြမယ်နော်။း)

Welcome said...

ပျော်ရွှင်တဲ့ ခရစ္စမတ်နေ့လေး ဖြစ်ပါစေ

ခင်မင်တဲ့

မြစ်ကျိုးအင်း said...

Merry Christmas ပါ ဝိုင်းရေ
ပျော်ရွှင်ဖွယ်နေ့လေးဖြစ်ပါစေဗျာ

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်