29 December, 2009

မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းရခြင်းအကြောင်း


မွေးနေ့ပွဲများ ကျင်းပသောအခါ မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းသောဓလေ့မှာ မြန်မာတို့၏ ထုံးတမ်းစဉ်လာလည်းမဟုတ်ပါ။ သိပ္ပံအမြင် သိပ္ပံသဘောတရားတို့နှင့် သက်ဆိုင်ခြင်းလည်းမရှိပါ။

အင်္ဂလိပ်လူမျိုးတို့က မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းပေးခြင်းသည် မွေးနေ့ရှင်ကို ဂုဏ်ပြုရာရောက်သည်။ နောင်လာမည့် အသက်တစ်နှစ်တာအတွက် ဖယောင်းတိုင်အလင်းက ကံကောင်းခြင်းလက်ဆောင်များကို ယူဆောင်လာနိုင်လိမ့်မည်ဟု ယုံကြည်ကြ ပါသည်။

မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းသော ဓလေ့ကို ရှေးခေတ်ဂရိလူမျိုးတို့က စတင်ခဲ့သည်ဟု လေ့လာတွေ့ရှိရပါသည်။ ဂရိတို့ ကိုးကွယ်သော ဇုနတ်မင်းကြီးနှင့် ၄င်း၏ကြင်ယာတော် လီတို တို့တွင် အမြွှာညီအစ်မနှစ်ဦးရှိလေသည်။ တစ်ဦးမှာ အပိုလို နတ်သမီး (နတ်သား) ဖြစ်ပြီး ကျန်တစ်ဦးမှာ အာတီးမစ်နတ်သမီး ဖြစ်လေသည်။ အပိုလိုနတ်သမီး (နတ်သား) သည (နေ) ကိုစောင့်ရှောက်သော တာဝန်ကို ယူရပြီး အာတီးမစ် နတ်သမီးသည် အမဲလိုက်သူများနှင့် ကလေးသူငယ်များကို စောင့်ရှောက်သည်ဟု ယုံကြည်ကြပါသည်။ ထို့ကြောင့် အာတီးမစ် နတ်သမီး၏ရုပ်ပုံတွင် လေးနှင့်မြားကို ထည့်သွင်းရေးဆွဲလေ့ရှိပါသည်။

(အမှားပြင်ဆင်ထားပါတယ် အခုလို အမှားရှိတာကို ပြင်ပေးခဲ့တဲ့ ကိုဖိုးသင်္ကြန်ကို ကျေးဇူးတင်ပါတယ် အပိုလိုအကြောင်းအသေးစိတ်ကို ဒီမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်ရှင်)

အဆိုပါ အာတီးမစ်နတ်သမီးကို ကိုးကွယ်သူများသည် လစဉ် လဆန်း ၆ ရက်နေ့တိုင်းတွင် သူမအတွက် ပြုလုပ်ထားသော နတ်ကွန်း၌ ကိတ်မုန့်များကို သွားရောက်လှူကာ ပူဇော်လေ့ရှိကြပါသည်။ ကိတ်မုန့်များကို အ၀ိုင်းပုံပြုလုပ်ထားကြပြီး ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်သေးသေးလေးများကို ထွန်းညှိပူဇော်ခဲ့ကြပါသည်။

အဆိုပါအလေ့အထသည် အလယ်ခေတ်တိုင်အောင် ပျံ့နှံ့လာခဲ့ပြီး ထိုခေတ်က ဂျာမန်လယ်သမားကြီးများသည် မွေးနေ့ကိတ်များတွင် ဖယောင်းတိုင်ထွန်းညှိကြကြောင်း သိရှိရပါသည်။ သူတို့သည် မွေးနေ့ရှင် ကလေးငယ်မနိုးခင် မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင် ထွန်းညှိထားကြပါသည်။ ဖယောင်းတိုင်ကိုလည်း ကလေး၏ လက်ရှိအသက်ထက် တစ်နှစ်ပေါင်းပြီး ထွန်းပေးထားရပါသည်။ ဥပမာ ကလေးအသက် ၆ နှစ်ဖြစ်ပါက ဖယောင်းတိုင် ၇ တိုင် ထွန်းထားပေးရပါသည်။ ၄င်းဖယောင်းတိုင်များကို အခြားအစားအသောက်များ စားသုံးပြီးမှ နောက်ဆုံးကြမှ မီးမှုတ်ရပါသည်။

ဖယောင်းတိုင်မီးမှုတ်ရာတွင်လည်း တစ်ကြိမ်တည်းနှင့် ဖယောင်းတိုင်အားလုံးငြိမ်းအောင် မီးမှုတ်နိုင်မှသာ ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြပါသည်။ ထို့အပြင် မိမိလိုချင်သောဆုတောင်းကို အသံထွက်တောင်းလိုက်လျှင် ဆုတောင်းမပြည့်ဖြစ်တတ်သည်ဟုလည်း ယုံကြည်ခဲ့ကြပါသည်။ နောက်ပိုင်းတွင် ဂျာမန်တို့၏ အဆိုပါမွေးနေ့ကိတ်အလေ့အထသည် တဖြည်းဖြည်းပျံ့နှံ့လာပြီး မွေးနေ့များတွင် မွေးနေ့ကိတ်နှင့် ဖယောင်းတိုင်သည် ခေတ်စားလာခဲ့ပါသည်။

မူရင်း လေးက ဒီမှာပါ။

To celebrate your life...yes everyday should be a celebration, but the day you were born, the day you entered this life. A beautiful life that deserves to be celebrated with family and friends.


History of birthday celebration starts before the rise of Christianity. in some culture it is believed that on the birthday evil spirit visit .It is belief that by creating so much noise is such parties scarce away the spirits.

We blow candles every year when we celebrate our birthday. When we blow out our candles we are following actually a tradition or custom created by the ancient Greeks. In the Greek tradition on the sixth day of every month, the birthday of Goddess of the hunt is celebrated. The ancient Greek in her honour made a honey cake which is topped with burning candles. As they blow out each candle, the people make a wish from Goddess for a present. In the same way as we blow each candle on our birthday it means that we believed that all of our wishes will be granted.

In 1982 .patty smith and Mildred hill wrote a song with the title of "good morning to you" for the school students in Kentucky, USA. But now that tune is sung with the words of "happy birthday to you " now that song is sung throughout the world and it popular in the entire world.
You blow out candles on a birthday cake because, before you blow them out, you make a wish, and if you blow them all out in one try, your wish comes true.

................................*******................................
ပြီးတော့ 29.12.2009 မှာ ကျရောက်တဲ့ ကိုတောသားလေး ရဲ့ မွေးနေ့ အတွက်လည်း အမှတ်တရပါ။ ဘလော့ဂါတွေထဲကနေ အကိုအရင်း တစ်ယောက်လို ခင်မင်မိတာအမှန်ပါပဲ။ ပြီးတော့ fb မှာ ဂိမ်းတူတူ ဆော့ဖော်ဆော့ဖက်ပေါ့း)) ကော်ဖီဆိုင်မှာ စားပွဲလည်းထိုးရ ၊ စားသောက်ဆိုင်မှာလည်း စားဖိုမှူးလုပ်ရ၊ ဘောလုံးအသင်းမှာဆိုလည်း ၀င်ကန်ပေးရသေးတယ်လေ၊အခုဆို သူက level တွေလည်း တော်တော်တက်နေပါပြီ :D ဘလော့အတွက် ၊ နိုင်းဆိုဒ်တွေမှာလည်း လိုအပ်တဲ့ အကူအညီတွေ၊ သိတာတွေ ပြောရင်း၊ အကူအညီပေးရင်းနဲ့ ခင်မင်လာခဲ့ကြတာပါ ဒီနေ့လို ကျရောက်လာတဲ့ မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ တိုင်အောင် မိသားစုတွေ၊ နီးစပ်ရာသူငယ်ချင်းတွေ၊ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေ အားလုံးနဲ့ ပျော်ရွှင်စွာ ဘ၀ခရီးလမ်းကို အောင်အောင်မြင်မြင်နဲ့ အခက်အခဲတွေ ရင်ဆိုင် ကျော်ဖြတ်နိုင်ပြီး အမျိုး၊ ဘာသာ၊ သာသနာအတွက် တတ်နိုင်တဲ့ဘက်ကနေ ဓမ္မစာပေများ ဆက်လက်ဖြန့်ဝေ ရေးသားပေးနိုင်ပါစေ၊ ကိုတောသားလေးတစ်ယောက် ကျန်းမာ၊ ချမ်းသာပြီး မွေးနေ့တိုင်း မွေးနေ့တိုင်း ပျော်ရွှင်စွာနဲ့ ဖြတ်သန်းကာ သာ့သနာအကျိုး ဒီ့ထက်မက ဆက်လက် ထမ်းဆောင်နိုင်ပါစေလို့ အဝေးတစ်နေရာကနေ ဆုတောင်းပေးလိုက်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

12 comments:

flowerpoem said...

ဒါကြောင့် မွေးနေ့ကိတ်ပေါ်မှာ ဖယောင်းတိုင်ထွန်းတာကိုး ခုတော့ သိပြီ
ဝိုင်းကို ကျေးဇူးပဲ

Welcome said...

လူပေါ် လူဇော် လုပ်ဖို့ အသိတစ်ခုတိုးသွားပြီ..

ကျေးဇူး

လှပတဲ့ နှစ်သစ်နေ့တွေ ပိုင်ဆိုင်နိုင်ပါစေ

သူကြီးမင်း (တုံးဖလား) said...

မှတ်သားစရာတစ်ခုပါဘဲ။ ဒီလို သိလိုက်ရတော့လဲ အော်... ဒီလိုပါလားဆိုပြီး ဗဟုသုတယူသွားပါတယ်။
တကယ်သိသင့်တဲ့အရာပါ။

Nge Naing said...

ဝိုင်းရေ မျှဝေပေးတာ ကျေးဇူးပဲ အခုမှပဲ သိတော့တယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

နွေဆူးလင်္ကာ said...

ဗဟုသုတ ရပါတယ်။

တောသားလေး said...

ညီမရေ မွေးနေ့ကိတ်လေးအကြောင်းကိုလာ
ဖတ်သွားပါတယ်။အကိုမွေးနေ့အတွက်ဆု
တောင်းပေးတာကိုအထူးကိုကျေးဇူးတင်ပါတယ်။ညီမလည်းစာပေများကိုဒီထက်မကဆက်လက်မျှ
ဝေပေးနိုင်ပါစေလို့နှစ်သစ်မှာအကိုဆုတောင်း
ပေးလိုက်ပါတယ်။
ညီမပျော်ရွင်ချမ်းမြေ့ပါစေ။
ခင်မင်လျှက်
တောသားလေး

minthant2009 said...

Thanks for sharing knowledge. :D

လင်းကြယ်ဖြူ said...

ဗဟုသုတ တစ်ခုတိုးသွားရပါတယ်..ကျေးဇူးပါ..
ပြီးတော့
မွေးနေ့ရှင်ရော မွေးနေ့ဆုတောင်း စာစုလေးရေးသူရော
အားလုံး
ပျော်ပါစေ
*.*.*

ခရေညို said...

မှတ်သားစရာတစ်ခုပါဘဲ။
ကျေးဇူးပါ..၀ိုင်းရေ

~ဏီလင်းညို~ said...

ဝိုင်းရေ...
အပေါ်က သူငယ်ချင်းတွေပြောသွားသလိုပဲ...။
တစ်ကယ့်ကိုကျေးဇူးးးး...။
ခင်မင်တဲ့
ဏီလင်းညို

ခရေညို said...

ဟားဟား
ညီမလေးဝိုင်း ရေ
အမဖြင့် မှားမှန်းတောင်မသိဘူး အဟိ

~ဏီလင်းညို~ said...

ဝိုင်းရေ...
ဟုတ်ပဗျာ...။
မှားမှန်းတောင်မသိဘူး....း)
စေတနာကောင်းပါပေ့...။
ခင်မင်တဲ့
ဏီလင်းညို

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်