14 December, 2009

လူ့ဘ၀ရဲ့သခါင်္ရ

တခါတလေမှာ လူ့လောကဟာ တွေးကြည့်ရင်တော့ သခါင်္ရ သဘောတရားတွေပါပဲ။ တချို့အရာတွေကတော့ ရှောင်လွဲလို့မရတဲ့ လူ့လောကရဲ့ သဘာဝအတိုင်း ဖြစ်နေ ပျက်နေမြဲပဲ။ လိုတာကိုမရ ရတာကို မလိုတဲ့ အခါမျိုးတွေနဲ့လည်း ကြုံဖူးကြမှာပါ။ အတိတ်မှာဖြစ်ပျက်ခဲ့တာတွေကို တခါတလေ ပြန်လည်တမ်းတနေမိတတ်ကြသေးတယ်။ မမြင်ရတဲ့ အနာဂတ်မှာလည်း ကြိုတင်ပူပန် စိုးရိမ်နေကြတာ လူ့လောကရဲ့ ဓမ္မတာတွေပဲနော်။ အခုဖော်ပြမယ့် စာပိုဒ်လေးကတော့ ယခုလက်ရှိ လူသားတွေဟာ ကိုယ်ပိုင်ဆိုင်နေတဲ့အချိန်ကနေ ၁၀နှစ်မတိုင်မီတုန်းကနဲ့ ၁၀နှစ်ကြာသွားပြီးတော့ ကြုံတွေ့နေရတဲ့ ဘ၀အစိတ်အပိုင်းအကြောင်းအချို့ကို တင်ဆက်ပေးထားပါတယ်။

မိဘ

၁၀နှစ်မတိုင်မီ ကျွန်မတို့ဟာ မိဘတွေရဲ့ သားသမီးတွေဖြစ်ခဲ့ကြတယ်။
၁၀နှစ်ကြာပြီးနောက် ကျွန်မတို့ဟာ သားသမီးတွေရဲ့ မိဘဖြစ်လာတယ်။

၁၀နှစ်မတိုင်မီ ကျွန်မတို့ဟာ အိမ်ရဲ့ နွေးထွေးမှုကို မသိခဲ့ဘူး။
၁၀နှစ်ကြာပြီးနောက် ကျွန်မတို့ဟာ အိမ်ရဲ့ နွေးထွေးမှုကို ခံစားနားလည်လာမိတယ်။

၁၀နှစ်မတိုင်မီတုန်းက ကျွန်မတို့ အိမ်နဲ့ဝေးတဲ့တစ်နေရာကို ထွက်သွားချင်တယ်။
၁၀နှစ်ကြာပြီးနောက် ကျွန်မတို့ အိမ်နဲ့ဝေးတဲ့တစ်နေရာကနေ ပြန်လာနိုင်ဖို့ မျှော်လင့်ခဲ့တယ်။

၁၀နှစ်မတိုင်မီ ကျွန်မဟာ အဖေ အမေတို့နဲ့ စကားများတယ်၊ သူတို့ရဲ့ဆူပူမှုတွေ ခံခဲ့ရတယ်။
၁၀နှစ်ကြာပြီးနောက် ကျွန်မဟာ အဖေ အမေတို့ရဲ့ အဆူခံရဖို့ မျှော်လင့်ခဲ့တယ်။

အချစ်ရေး

၁၀နှစ်မတိုင်မီ မင်းဟာ ကိုယ့်ရဲ့ အနီးစပ်ဆုံး နေရာမှာ အမြဲတမ်းရှိနေခဲ့တယ်။
၁၀နှစ်ကြာပြီးနောက် မင်းဟာ ကိုယ့်ရဲ့ဘေးနားကနေ အမှတ်တမဲ့ ထွက်သွားခဲ့တယ်။
၁၀နှစ်မတိုင်မီ မင်းဟာ ကိုယ်နဲ့ သီချင်းတွေ အတူတူ ဆိုခဲ့ဖူးတယ်။
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ မင်းနဲ့ သီချင်းအတူတူ သီဆိုချင်နေတယ်

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ ဘ၀အတွက်အရေးကြီးဆုံးဖြစ်တဲ့ စာမေးပွဲဆိုတာ ရင်ဆိုင်ခဲ့ကြရတယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့ဟာ စာမေးပွဲကလွဲလို့ လောကကြီးမှာ ကြုံတွေ့ရသမျှ အခက်အခဲ အတားအဆီးတွေကို ရင်ဆိုင်ကြရတယ်

၁၀နှစ်မတိုင်မီ ကိုယ်ဟာ မင်းနဲ့ မင်္ဂလာဆောင်ဖို့ပဲ စိတ်အားထက်သန်ခဲ့တယ်။
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ နောက်တစ်ကြိမ် မင်းကို ချစ်ခွင့်ပန်ဖို့ပဲ မျှော်လင့်ခဲ့တယ်။

၁၀နှစ်မတိုင်မီ ကိုယ်ဟာ အချစ်ဆိုတာ မျှော်လင့်ခဲ့ပေမယ့် အချစ်ရဲ့ အဓိပ္ပါယ်ကို နားမလည်ခဲ့ဘူး
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ အချစ်ဆိုတာ နားလည်လာပေမယ့် ထပ်ပြီး မပိုင်ဆိုင်ချင်ပြန်ဘူး

ဘဝ

၁၀နှစ်မတိုင်မီ ကိုယ်ဟာ အိမ်ပြန်လမ်းပေါ်မှာ စက်ဘီးစီးရင်း လေချွန်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ ကာမဂုဏ်အာရုံလမ်းပေါ်မှာ ကိုယ်ပိုင်ကားမောင်းပြီး ၀င်လာသမျှဖုန်းတွေကို အဆက်မပြတ် နားထောင်နေရတယ်။

၁၀နှစ်မတိုင်မီ ကြယ်ငါးလုံး အဆင့်ရှိတဲ့ ဟိုတယ်မှာ နေထိုင်နိုင်ဖို့ မျှော်လင့်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် အဲ့ဒီလို ဟိုတယ်မှာ နေထိုင်နေရပေမယ့် အိမ်ကိုပဲ ပြန်ချင်နေခဲ့တယ်

၁၀နှစ်မတိုင်မီ ကိုယ်ဟာ လေယာဉ်ပျံ တစ်ကြိမ်လောက် စီးဖူးချင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ရဲ့ အကြောက်ဆုံးအရာကတော့ လေယာဉ်စီးရမယ် ဆိုတာပဲ

၁၀နှစ်မတိုင်မီ ကိုယ်ဟာ ဘောလုံးကန်ပြီးတဲ့ အချိန် ကော်ဖီဆိုင်ရှေ့ကဖြတ်လျှောက်နေကျလေ။ အဲ့ဒီကော်ဖီဆိုင်မှာ ကော်ဖီထိုင်သောက်နေတဲ့ မိန်းကလေးရဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေချင်တဲ့သူဟာ ကိုယ်ဖြစ်လိုက်ရင် ကောင်းမှာပဲလို့ စိတ်ကူးမိတယ်။
၁၀နှစ်ကြာပြီးနောက် ကော်ဖီဆိုင်ရှေ့က ဖြတ်လျှောက်ခဲ့ပေမယ့် ဘောလုံးကန်နေတဲ့ ကလေးငယ်တွေထဲက တစ်ယောက်ဟာ ကိုယ်ဖြစ်နေရင် ကောင်းမှာပဲလို့ တွေးမိပြန်တယ်။


၁၀နှစ်မတိုင်မီ ကိုယ်တို့တွေဟာ စာသင်စားပွဲခုံရှေ့မှာ ဆရာသမားတွေရဲ့ ဆူပူကြိမ်းမောင်းမှုတွေ နားထောင်ခဲ့ရဖူးတယ်
၁၀နှစ်ကြာပြီးနောက် သူတို့ဆူပူကြိမ်းမောင်းမှုတွေ နားထောင်ချင်ပေမယ့် စာသင်စားပွဲခုံဆိုတာလည်း မရှိတော့ဘူးလေ

၁၀နှစ်မတိုင်မီ ဟိုတယ်ရှေ့က တံခါးနားမှာ အရက်မူးသမားတွေ မူးနေတာကိုတွေ့တော့ အော့နှလုံးနာပြီး ဒီတစ်သက် အရက်မသောက်တော့ဘူးလို့ သစ္စာပြုခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ ဟိုတယ်ရှေ့က တံခါးနားမှာ အရက်မူးနေခဲ့တယ်

၁၀နှစ်မတိုင်မီ ကိုယ်ဟာ လမ်းအဝေးကြီးမလျှောက်ချင်လို့ ကိုယ်ပိုင်ကားတစ်စီးလောက် လိုချင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ပိုင်ကား မမောင်းချင်တော့ပဲ လမ်းပဲလျှောက်ချင်နေတော့တယ်

၁၀နှစ်မတိုင်မီ ရင့်ကျက်တည်ငြိမ်တဲ့ မျက်နှာမျိုး ပေါ်နေချင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် မျက်နှာပြင်ဆိုင် သွားပြီး အမြဲတမ်းနုပျိုချင်တယ်

၁၀နှစ်မတိုင်မီ စားသမျှ ထမင်းနပ်တိုင်းကို အသားတွေနဲ့ပဲ စားချင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ထမင်းနပ်တိုင်းကို အရွက်တွေနဲ့ပဲ စားချင်တယ်

အလုပ်အကိုင်

၁၀နှစ်မတိုင်မီတုန်းက ဖုန်းလေးတစ်ခါ ဆက်ဖို့အတွက် အများသုံးတယ်လီဖုန်းကို နေရာအနှံ့ လိုက်ရှာခဲ့ရတယ်
၁၀နှစ်ကြာပြီးနောက် ကိုယ့်အနားမှာ အမြဲတမ်း ဖုန်းရှိပြီး နေရာအနှံ့မှာ လှုပ်ရှားရုန်းကန်နေရတယ်

၁၀နှစ်မတိုင်မီ ကိုယ့်ရဲ့ လစာမျှော်မှန်းချက်ဟာ သောင်းဂဏန်းပဲ သတ်မှတ်ထားတယ်
၁၀နှစ်ကြာပြီးနောက် လစာဟာ သိန်းဂဏန်းအထက် ဖြစ်ပေမယ့် ပျော်ရွှင်မှုဆိုတာ မရရှိခဲ့ဘူး

၁၀နှစ်မတိုင်မီ အကြောက်ဆုံးအရာက ကိုယ့်ကို ဝေဖန်ခံရမှာပဲ
၁၀နှစ်ကြာပြီးနောက် ကိုယ့်ကို ဝေဖန်ခံရမှုဟာ ရှားပါးသလောက် ဖြစ်လာတယ်

၁၀နှစ်မတိုင်မီ တစ်လကို ပိုက်ဆံ ၂၀၀၀ သုံးဖြုန်းနိုင်ခဲ့တယ်
၁၀နှစ်ကြာပြီးနော် ပိုက်ဆံ ၂၀၀၀ ရှိမှပဲ ထမင်းတစ်နပ်စားလို့ရတယ်

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ ကျောင်းဝတ်စုံတူညီစွာဝတ်ပြီး ရိုးသားမှုတွေကြားမှာ ပျော်ရွှင်နေခဲ့ကြတယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့ဟာ နာမည်ကြီး တံဆိပ်မျိုးစုံရဲ့ ၀တ်စုံတွေ ၀တ်ပြီး ချမ်းသာကြွယ်ဝမှု ဂုဏ်ဒြပ်တွေကြားမှာ မွန်းကြပ်မှုတွေ ခံစားနေရတယ်

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ စာသင်ကျောင်းကို ဘိုသီဘတ်သီ ချွေးသံရဲရဲနဲ့ သွားခဲ့ဖူးတယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့ဟာ ကျော့ရှင်းသပ်ရပ်စွာ ၀တ်ဆင်ပြီး မျက်နှာပေါ်မှာ အပြုံးတွေနဲ့ အလုပ်သွားရတယ်

ပြန်လည်တမ်းတ သတိရခြင်း

၁၀နှစ်မတိုင်မီ ကိုယ်ဟာ အချိန်ဆိုတာ ဖြုန်းလို့ရတဲ့ အရာတစ်ခုလို့ သတ်မှတ်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ အချိန်ကလွဲလို့ အရာအားလုံးကို ဖြုန်းတီးပစ်လို့ ရတယ်လို့ သိလိုက်တယ်

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ ငယ်ရွယ်နုပျိုမှုအတွက် နောင်တမရခဲ့ဘူး
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့မှာ ငယ်ရွယ်နုပျိုမှုဆိုတာ မရှိတော့ဘူး

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ ဘ၀ဆိုတာ ဂိမ်းတစ်ခုပဲ လို့ မြင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့ဟာ ဘ၀ရဲ့ ဂိမ်းကစားခြင်းမှာ ပါဝင်နေကြတယ်


ဒီစာတွေ ဖတ်ပြီးနောက်ပိုင်း လူသားတိုင်းဟာ ဟိုး ငယ်စဉ်ကလေးဘ၀ကနေ အသက်အရွယ်ကြီးလာတဲ့အထိ အတွေးအခေါ်၊ အနေအထိုင်၊ အစားအသောက်၊ အလုပ်အကိုင်၊ ပတ်ဝန်းကျင်၊ စိတ်နေစိတ်ထားတွေ အရာအားလုံးဟာ ပြောင်းလဲလာခဲ့တယ်။ ကိုယ်ကိုယ်တိုင်လည်း အရင် ၁၀နှစ်တုန်းကနဲ့ မတူတော့ဘဲ ပြောင်းလဲလာတာတော့ အမှန်ပဲ။ အခုလက်ရှိအချိန်မှာတော့ ကလေးငယ်တွေလို ဖြူစင် အပြစ်ကင်းတဲ့ နုနယ် ငယ်ရွယ်တဲ့ဘ၀ကို ပြန်မရတော့ပေမယ့် တခါတရံမှာတော့ ပြန်လည် သတိရ တမ်းတနေမိတယ် ကုန်ဆုံးသွားတဲ့ အချိန်တွေကို မရတော့မယ့်အတူတူ မမြင်ရသေးတဲ့ မိမိရဲ့ရှေ့ရေးအနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားရှင်သန် ရပ်တည်ရင်း ပျော်ရွှင်စွာနဲ့ဘ၀ခရီးလမ်းကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အားလုံးကိုခင်မင်လေးစားလျက်
ဝိုင်း

9 comments:

ahphyulay said...

အရာရာဟာ ဘယ်တော့ မှ မတည်မြဲတဲ့  ပြောင်းလဲခြင်းတွေနဲ့ 
ပဲ မမြဲတဲ့  အချိန်တွေကို ကျော်လွန်ဇြတ်သန်းနေခဲ့ ကြ
ရင်းနဲ့ ပဲ ပြောင်းလဲလာတဲ့ ပြောင်းလဲမှု တစ်ခုကတော့ 
ရင့် ကြက်လာမှုပါလို့ ၊ အဇြစ်တို့ မတူတော့ သလို တွေးတာမြင်တာခြင်းလဲ မတူတော့ တာပါလေ။

Anonymous said...

ဘယ်လိုပြောရမလဲ ဖြစ်ပျက်နေခဲ့၊ ဖြစ်ပျက်နေတဲ့၊ ဖြစ်ပျက်လာမဲ့၊ လူ့ဘဝရဲ့ အကြောင်းတွေပါပဲဗျာ...။

တောသားလေး said...

ညီမရေလူ့ဘ၀ရဲ့မတည်မြဲဘဲပြောင်းလဲနေ
တဲ့သဘောတရားတွေကို အကို
လာပြီးဖတ်သွားပါတယ်။
နောင်လည်းစာပေများကိုဒီထက်မကဆက်လက်
ရေးသားနိုင်ပါစေ။

Nge Naing said...

ဝိုင်းရေ ဘာသာပြန်လေးက ကောင်းလှချည်လား။ ဒါကို ဘာသာပြန်ဖို့ အကြံရပြီး မျှဝေပေးလိုတဲ့ စေတနာကို ချီးကျူးပါတယ်။

လင်းကြယ်ဖြူ said...

တည်မြဲနေတဲ့ မတည်မြဲခြင်းရဲ့ ကောက်ကြောင်းတစ်ခု
ကို အခုလို ပီပီပြင်ပြင် ရေးခြစ်ပြလိုက်တော့
ခံစားမှု တွေက ပီပြင်တဲ့ ရုပ်ပန်းချီတစ်ခုလို အထင်းသားနဲ့ အတွေးတွေထဲမှာ ရောင်စုံ တောက်ပ စေခဲ့ပေါ့နော.....
ပျော်ပါစေ

An Asian Tour Operator said...

စာကောင်းလေးတွေကိုဝေမျှချင်တဲ့စေတနာကိုလေးစားပါတယ်ညီမငယ်။

flowerpoem said...

အနှစ်သာရရှိတဲ့ ပို့စ်လေးပါ ကြိုက်တယ်..

သုခုမလေဒီ said...

ဟုတ်တယ်၊ အရာအားလုံးကပြောင်းလဲခြင်းများနဲ့ရှင်သန် နေကြရတယ်။ ဘာသာပြန်ပိုစ့်လေးကိုကူးယူသွားတယ် နော်၊ ပြန်ဖတ်နိုင်ဖို့ပါ။ အဆင်ပြေပျော်ရွှင်ပါစေ။

Beauty Studio USA Branded Store said...

ဘဝရဲ့ အနိမ်အမြင့်ရေလှိုင်းကြီးကတော့ တက်လိုက်ကျလိုက်နဲ့ဗျာ။ အတွေးကောင်းလေးပဲ ညီမရေ။ =)

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်