12 December, 2009

ဂုဏ်တော် (၁၀၀၀) ပုတီးစိပ်နည်း

ဂုဏ်တော်တစ်ပါးတည်းကို၁၀၀၀ပြည့်အောင်စိပ်ခြင်း(သို့)ဂုဏ်တော်၉ပါးလုံးကို၁၀၀၀ပြည့်အောင်စိပ်ခြင်း။

စိပ်နည်း(၁)
သောဘဂ၀ါ ဣတိပိ အရဟံ=ပုတီးတစ်လုံး(မှ) သောဘဂ၀ါ ဣတိပိ ဘဂ၀ါ=ပုတီးတစ်လုံး(ထိ)စိပ်ပါ။
(ပုတီး၉ပတ်ပြည့်သောအခါ ဂုဏ်တော်၁၀၀၀ကိုရသည်။)

စိပ်နည်း(၂)
သောဘဂ၀ါ ဣတိပိ အရဟံ=ပုတီးတစ်ပတ်(မှ)
သောဘဂ၀ါ ဣတိပိ ဘဂ၀ါ=ပုတီးတစ်ပတ်(ထိ)စိပ်ပါ။
(ဂုဏ်တော်၉ပါး ၉ပတ်ပြည့်သောအခါ ဂုဏ်တော်၁၀၀၀ကိုရသည်။)

စိပ်နည်း(၃)
သောဘဂ၀ါ ဣတိပိ အရဟံမှဘဂ၀ါ ထိ=ပုတီးတစ်လုံး စိပ်ပါ။
(၁၀၈လုံးပုတီးတစ်ပတ်ပြည့်သောအခါ ဂုဏ်တော်၁၀၀၀ကိုရသည်။)

မှတ်ချက်။ ။ဂုဏ်တော်၉၇၂ပါးကိုပင်လျှင် ဂုဏ်တော်၁၀၀၀ဟုခေါ်ဆိုခြင်းဖြစ်သည်။ ပုတီးစိပ်တဲ့အခါ အချိန် ပေးပြီး တသမတ်တည်း အာရုံစိုက် စိပ်ပေးနိုင်ရင် အကောင်းဆုံးပါ။ ပုတီးစိပ်နည်း တွေထဲကမှ အစွမ်းထက်တဲ့ ဂုဏ်တော် (၁၀၀၀) ပုတီးစိပ်နည်းဖြင့် ရှုမှတ်ပွားများနိုင်ကြစေရန် ရည်ရွယ်ပြီး တင်ဆက်လိုက်ရပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

8 comments:

Ree Noe Mann said...

လာလေ့လာသွားပါတယ် ဝိုင်းရေ

သိင်္ဂါကျော် said...

အမြဲတမ်း စိပ်နိုင်ရင် အရမ်းကိုကောင်းတဲ့ ပုတီးစိပ်နည်းပါ...

လင်းကြယ်ဖြူ said...

တန်ဖိုးရှိတဲ့ ဝေမျှမှုလေးအတွက်
ကျေးဇူးပါနော
ပျော်ပါစေခင်ဗျာ
လေးစားစွာ
*.*.*

လင်းကြယ်ဖြူ said...

တန်ဖိုးရှိတဲ့ ဝေမျှမှုလေးအတွက်
ကျေးဇူးပါနော
ပျော်ပါစေခင်ဗျာ
လေးစားစွာ
*.*.*

flowerpoem said...

မျှဝေပေးတာ ကျေးဇူးတင်ပါတယ်..

Nge Naing said...

ဝိုင်းရေ မျှဝေပေးတာကောင်းတယ် ဒါပေမဲ့ ပုတီးတော့ တခါမှ မစိပ်ဖြစ်ဘူး။ တရားပဲ မှတ်ဖြစ်တယ်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ၀ိုင်းရေ..

လာဖတ်တိုင်းလည်း ကွန်မန့်ပေးရတာ အဆင်မပြေဖြစ်ဖြစ် နေပါတယ် ၀ိုင်းရေ... ဒီနေ့တော့ ထူးထူးခြားခြား အဆင်ပြေနေလို့ ၀မ်းသာစွာဖြင့် ရေးလိုက်ပါတယ်။ ကျနော့ ရုံးက ကွန်ပြူတာနဲ့ဆို အခု ၀ိုင်းရဲ့ ဆိုဒ်ကို ၀င်တာ အဆင်မပြေတာ များတယ်။ ဘာဖြစ်လဲ မသိဘူးလေ။ အခုလို ပုတီးစိတ်နည်းလေးတွေ ဝေမျှပေးတာ ကျေးဇူးပါ။ အသစ်တင်တိုင်းလဲ လာဖြစ်ပါတယ် ၀ိုင်းရေ..

ခင်မင်စွာဖြင့်
ကိုမျိုး

Anonymous said...

အခုလိုမျှဝေပေးတာ ကျေးဇူးပါဗျား။

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်