08 December, 2009

Batam သို့ အလည်တစ်ခေါက်

ဝိုင်းတို့ရုံးက သူဌေးက 6.11.2009 ရက်မှာ အင်ဒိုနီးရှားမှာ ကျင်းပမယ့် မင်္ဂလာဆောင် တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ပထမဆုံး သွားဖို့အတွက် အင်ဒိုဗီဇာ စလျှောက်ရပါတယ်။ အာဆီယံနိုင်ငံအသင်းဝင်တွေဆိုရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သွားတဲ့ အခါ ဗီဇာ လျှောက်ဖို့မလိုဘူးလို့ သူတို့တွေ ပြောပေမယ့် အင်ဒိုနီးရှားသံရုံးကို ဖုန်းဆက်မေးကြည့်တော့ ဗီဇာလျှောက်ဖို့လိုပါတယ်တဲ့ ။ မသွားခင် တစ်ပတ်လောက်အလိုကတည်းက ဗီဇာကိစ္စ အောင်မြင်စွာ ပြီးစီးသွားတယ်။ အဲ့ဒါနဲ့ ၅ရက်နေ့ နေ့တ၀က် ရုံးဆင်းတာနဲ့ ရုံးက သူငယ်ချင်းတချို့အပါအ၀င် အားလုံးပေါင်း ၇ယောက်နဲ့ အတူ ညနေ ၃နာရီလောက်မှာ သဘောင်္ဆိပ်ကနေ ထွက်ခွါခဲ့တယ် သဘောင်္စီးချိန်က ၄၅မိနစ်ပဲကြာပြီး ဟိုဘက်ရောက်တော့ သူဌေးရဲ့ အသိ သူငယ်ချင်းက ကားနဲ့လာကြိုတယ် ဟိုတယ်ကို ရောက်တော့ သူဌေးက ရောက်နှင့်နေပြီး ၀ိုင်းတို့ကို တွေ့တာနဲ့ နေ့လည်စာနဲ့ ဧည့်ခံတယ်၊ ပြီးတော့ အခန်းမှာ ခဏနားခဲ့ကြပြီး ညစာကို သူဌေးရဲ့ အသိမိတ်ဆွေတွေနဲ့ တပျော်တပါးကြီး သွားစားခဲ့ကြတယ်




၆ရက်နေ့ မနက်ပိုင်းကနေ စပြီး ရှော့ပင်းထွက်ကြတယ်။ အဲ့ဒီမှာ သူဌေးဖွင့်ထားတဲ့ BCS Mall မှာ ပစ္စည်းတချို့ဝယ်ခဲ့တယ်။ အဲ့ဒီမှာ ပစ္စည်းတွေ အင်္ကျီတွေ အားလုံး စင်ကာပူငွေနဲ့ တွက်ကြည့်ရင် ဈေးသက်သာပါတယ်။ စင်ကာပူ ၁ဒေါ်လာကို အဲ့ဒီတုန်းက ပေါက်ဈေး ၆၇၀၀ နဲ့ တွက်ပြီး ဈေးသက်သာတဲ့ အစားအစာတချို့ရယ်၊ အင်္ကျီ၊ ဂျင်းဘောင်းဘီတချို့ ၀ယ်ခဲ့တယ်။ ဆံပင်ညှပ်ရင်လည်း တစ်ခါ လျှော်၊ ညှပ်ကို အင်ဒိုငွေ ၂သောင်းပဲ ကျတယ်လေ။ အနှိပ်ခန်းတို့ ၊ ကာရာအိုကေဆိုတဲ့ နေရာတို့မှာ လည်း ဈေးသက်သာတယ် ဆိုပါတယ်။



BCS (Batam City Square) Mall


ညပိုင်းမှာ သူဌေးရဲ့ တူမ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့တယ်။ မင်္ဂလာပွဲက ခမ်းခမ်းနားနားနဲ့ အပြင်အဆင်တွေလည်း အရမ်းကောင်းတယ်။ စားပွဲဝိုင်းပေါင်း တစ်ရာကျော် ဆန့်တဲ့ မင်္ဂလာခန်းမထဲမှာ ဖိတ်ခေါ်ထားတဲ့ ဧည့်ပရိသတ်ကလည်း နိုင်ငံ အသီးသီးကပါ။ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ မြန်မာ၊ ဂျကာတာ၊ ပကန်ဘာရူးနဲ့ တခြားအင်ဒိုနီးရှားနိုင်ငံကနေ လာရောက်ကြတဲ့ သူတွေ အစုံအလင်ပါပဲ။ တည်ခင်း ဧည့်ခံတဲ့ ဟင်းပွဲတွေမှာလည်း သူတို့ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဌက်သိုက်ဟင်းချိုနဲ့ တခြား နာမည်ကြီး ဟင်းမျိုးစုံလင်စွာ ပါဝင်ပါတယ်။





 


 


မင်္ဂလာပွဲမှာ ဖိတ်ခေါ်ထားတဲ့ အဆိုတော်တွေကလည်း သီချင်းတွေနဲ့ သီဆို ဖျော်ဖြေတယ် မိမိကြိုက်နှစ်သက်ရာ သီချင်းတွေကိုလည်း စာရွက်နဲ့ရေးပြီး တောင်းဆိုလို့ရပါသေးတယ်။ အဲ့ဒီမှာ မင်္ဂလာပွဲ အခမ်းအနားတင်ဆက်သူက မြန်မာပြည်က လာတဲ့ အထူးဧည့်သည်တော်ကို ဖိတ်ခေါ်ပါတယ်ဆိုပြီး ကြော်ငြာတော့ ၀ိုင်းလည်း ဘာမှ အဆင်သင့် မရှိဘဲ စင်ပေါ်တက်ခဲ့ရတယ်။ စင်ပေါ်ရောက်တော့ နှုတ်ခွန်းဆက်စကားပြော၊ သတို့သား သတို့သမီးအတွက် မင်္ဂလာဆုတောင်းစကားပြောပြီး သီချင်း တစ်ပုဒ်နဲ့ သီဆို ဂုဏ်ပြုခဲ့တယ်။ သီချင်းခေါင်းစဉ်ကတော့ 月亮代表我的心 (လမင်းကြီးက ကိုယ့်ရဲ့ နှလုံးသားကို ကိုယ်စားပြုတယ်) သီချင်းပါ။ သီချင်းဆိုအပြီး ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို သူတို့ကို သင်ပေးခဲ့တယ်လေ။







မင်္ဂလာပွဲရဲ့ နောက်ဆုံးမှာ သတို့သားနဲ့ သူ့သူငယ်ချင်းတွေ အားလုံး စုပေါင်းပြီး 朋友 (သူငယ်ချင်း) သီချင်းကို သံပြိုင် တူညီစွာသီဆိုကြတယ်။ သူတို့တွေရဲ့ ဖော်ရွေတဲ့ အပြုံး၊ လွတ်လပ်ပွင့်လင်းတဲ့ ဆက်ဆံမှု၊ ဧည့်ဝတ်ကျေပွန်တဲ့ ဧည့်ခံမှုတွေနဲ့ မင်္ဂလာပွဲ အခမ်းအနားကြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။


နောက်နေ့ရောက်တော့ အနီးအနားက Shopping center တွေ ထပ်သွားခဲ့ပြီး စင်ကာပူစံတော်ချိန် ည၈နာရီမှာပြန်လည်ရောက်ရှိခဲ့ပါတယ်။ အပြန်ခရီးလမ်းမှာတော့ သူဌေးဖိတ်ခေါ်ခဲ့တဲ့ မင်္ဂလာပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တက်ရောက်ခဲ့ရတဲ့ အတွက် စိတ်ထဲမှာ အတိုင်းမသိ ၀မ်းသာကြည်နူးမိပါတယ်။ သွားတုန်းက အချိန်ကလည်း သိပ်မရခဲ့လို့ ဈေးသိပ်မ၀ယ်ခဲ့ရပေမယ့် ၀ယ်ခဲ့တဲ့ အင်္ကျီတွေပဲ အမှတ်တရ လက်ဆောင်အဖြစ် သတ်မှတ်ပြီး ကြိုက်သလောက်သာ ယူသွားကြနော်။



Polo shirt (For women)







Polo shirt (For men)


နောက်တစ်ခေါက်လည်း အချိန်ရခဲ့မယ်၊ အခွင့်အရေး ရှိခဲ့မယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကြီး နေရာတချို့နဲ့ တခြားကျွန်းတွေဆီ အလည်တစ်ခေါက်သွားချင်သေးတယ်။ ဒီခရီးစဉ်ကတော့ ၀ိုင်းအတွက် မမေ့နိုင်တဲ့ အမှတ်တရ ခရီးစဉ်တစ်ခုအဖြစ် ကျန်ရှိနေမှာ အမှန်ပါပဲရှင်.......


အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

13 comments:

တောသားလေး said...

ညီမရေလာလည်သွားပါတယ်။ခုလိုခရီးသွား
တော့အတွေ့အကြုံတွေအများကြီးရတာပေါ့။
လက်ဆောင်တွေကိုကြည့်ပြီးပြန်သွားတယ်။
ညီမအဆင်ပြေပျော်ရွင်ပါစေ။

Nge Naing said...

ဝိုင်းရေ လာဖတ်သွားတယ် ၀ိုင်းဘလော့ဂ်ကို အစ်မ၀င်တိုင်း အင်တာနက် အမြဲပြုတ်ကျတယ် ဘာဖြစ်လို့မှန်းမသိဘူး။ ဟိုတခါတုန်းက မှတ်မိလားမသိ အရောင်အကြောင်း ရေးထားတဲ့ ပို့စ်ကစတယ် အခုထိပဲ။ အခုလည်း စမ်းပြီး မှတ်ချက်တင်ကြည့်လိုက်ဦးမယ်။

Welcome said...

ခရီးသွားပို့စ်လေး ဖတ်လိုက်ရလို့ ၀မ်းသာတယ်။

နောင်လဲ မျှဝေနိုင်ပါစေ ....

ဆောင်းနှင်းရွက် said...

အဲ့လို
လက်ဆောင်ကို ဓာတ်ပုံနဲ့တင်ပြနဲ့လေ ...း(

လင်းကြယ်ဖြူ said...

ပျော်စရာကြီးဗျ..နော်....

An Asian Tour Operator said...

Kamu bahagia?

flowerpoem said...

ဝိုင်းရေ ပျော်စရာကြီး Tshirt တွေလည်းလှတယ်

မြစ်ကျိုးအင်း said...

သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်လေးပါ တွဲတင်ထားသင့်တယ် :)

ဏီ(န်)ကင်း said...

ဂုဏ်ယူပါတယ်...
ဒီလိုလေးတလေးတစားဆက်ဆံတာရှားပါတယ်...
ဧကန်ဒအမကတော်တော်မြင့်လို့ရှိန်တာဖြစ်မယ်..ဟီး
(မြှောက်ပြောတာ)..
နောက်လဲသွားတာလာတာလေးတွေရေးပါဦး...

ညလင်းအိမ် said...

ခရီးသွားရတာ ပျော်စရာနော်...

အနော်လည်း သွားချင်လိုက်တာဗျာ...

Anonymous said...

အောက်ကပိုလိုရှပ်တွေက ဝယ်လာတာလား၊ ဆိုင်ကဟာတွေ ရိုက်လာတာလားဟင်.... ဟီ မသိလို့နော်.. ဝယ်လာတာဆို တထည်လောက် တောင်းမလို့..ဟီး

Anonymous said...

အင်္ကျီတွေက ယောက်ျားဝတ်ရော မိန်းမ၀တ်ရော..
သီချင်းဆိုတာကျွမ်းတယ်လား.. :P

ဆောင်းချမ်းမိုး

အင်ကြင်းသန့် said...

ဝိုင်းရေ...
ပျော်စရာကြီးနေမှာနော်...
နောက်လည်းအဲဒီလို မျှဝေနိုင်ပါစေ

ခင်တဲ့
အင်ကြင်း

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်