03 November, 2009

မွေးနေ့ အမှတ်တရနှင့် ကျေးဇူးတင်လွှာ (3.11.09)

နံရံမှကပ်ထားတဲ့ နာရီမှ စက္ကန့်လက်တံ မိနစ်လက်တံတွေက တရွေ့ရွေ့လှုပ်ရှားနေသည်။ ကွန်ပျူတာ ဖန်သားပြင်ရဲ့ ညာဘက်ထောင့်မှ မိနစ်ကလည်း တဖြည်းဖြည်းပြောင်းလဲနေသည်။ မိနစ်လေးများကို လှမ်းလှမ်းကြည့်ရတာ အမော။ အမှတ်တရများကို ဘလော့ပို့စ်ရေးရင်း အွန်လိုင်းလည်း ဖွင့်ထားရင်း သူငယ်ချင်းတွေရဲ့ မွေးနေ့အကြို ဆုတောင်းများကို ကျေးဇူးတင်ကြောင်းပြန်လည်ပြောကြားရင်းနှင့်.....၁၂နာရီထိုးဖို့ အချိန်က နီးသထက်နီးရင်း..........

***** 7 *****

***** 6 *****

***** 5 *****

***** 4 *****

***** 3 *****

***** 2 *****

***** 1 *****

" Happy Birthday..........."


၂၀၀၉ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့


 ဒီနေ့ကတော့ ၀ိုင်း အတွက် အမှတ်တရနေ့တစ်ရက်ပါပဲ။ အလည်လာကြသော သူငယ်ချင်းများအားလုံး မွေးနေ့အထိမ်းအမှတ်အနေနဲ့ အားရပါးရ သုံးဆောင်သွားကြပါဦး။


 
 
 



မြန်မာအစားအစာ ကြိုက်နှစ်သက်သူများအတွက်ကတော့....



 



မွေးနေ့အကြို တုန်းက ကျွေးတဲ့ မုန့်ဟင်းခါး (မစားရသေးသူများအတွက်၊ စားပြီးသားသူများလည်း ထပ်သုံးဆောင်နိုင်ပါတယ်)



ကောက်ညှင်းပေါင်း


ထမင်းနဲ


ကရေကရာ


ခေါပြင်


အသားမှာ ၀က်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်တဲ့ 
လက်ဖက်သုပ်လေးလည်း သုံးဆောင်သွားကြပါဦး

ကျေးဇူးတင်လွှာ

မွေးနေ့မတိုင်မီ အိမ်မှာ အလှူလုပ်တုန်းက ရှိခဲ့ကြသော အစ်မကြီး၊ အစ်မလတ်နှင့် အခန်းဖော် မဂျူဂျူး၊ မွေးနေ့ပွဲကိုလာရောက်သွားခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းမှ သူငယ်ချင်း အိဖြူ၊ 阿雪 ၊ 吴世祥 ၊ အလုပ်ကိစ္စများကြောင့် မအားလပ်ဘဲ မလာနိုင်ကြသော သူငယ်ချင်းများအား လည်းကောင်း၊

နောက်ပြီး မွေးနေ့ပွဲအကြိုအတွက် ဘလော့ဂါမောင်နှမတွေ စုပြီး ဖိတ်ကျွေးခဲ့ပါတယ်။ မွေးနေ့ပွဲအတွက် အလုပ်တွေရှိရက်နဲ့ မအားလပ်တဲ့ ကြားထဲမှ မပင်မပန်း အားလပ်ချိန်တွေ ပေးပြီး မွေးနေ့ပွဲကို ကိုယ်တိုင်လာရောက်ဆုတောင်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေအားလုံး၊ ပိတ်ရက်မဟုတ်ပဲ ကြားရက် ဖြစ်နေလို့ မအားလပ်ဘဲ မလာနိုင်ကြသောသူများ၊ မေးလ်ပို့တဲ့အချိန် နောက်ကျသွားလို့ မေးလ်ရရှိချိန် နောက်ကျပြီးမှ သိကြတဲ့ ဘလော့ဂါသူငယ်ချင်းများအားလည်းကောင်း၊ မွေးနေ့အကြိုအမှတ်တရများ ဆိုတဲ့ ပို့စ်အောက်မှ ကွန်းမန့်ရေးပေးသွား၊ မွေးနေ့ဆုတောင်းပေးသွားကြသော HOK ၊ ကိုဝင်းဇော်နိုင်၊ ကိုလင်းကြယ်ဖြူ၊ ကိုတောသားလေး၊ ကိုရီနို၊ မငယ်နိုင်၊ မမိုးခါး၊ မခရေညို၊ ကိုရေတမာ၊ နွေးနေခြည်၊ ကိုတလနွန်၊ နှင်းဆီပန်းချစ်တဲ့ ကောင်မလေး၊ ကိုမြစ်ကျိုးအင်း၊ ကိုတောင်ပေါ်သား၊ ကိုသားကြီး၊ ဖြူစင်ကြယ် (Angle Shaper) ၊ မပန်းရင့်ရောင်၊ မကိ တို့အားလည်းကောင်း၊ စီဘောက်စ်မှ ဆုတောင်းပေးသွားကြသေးသော ဆောင်းနှင်းရွက် (သဲသဲ)၊ ကိုတောသားလေး၊ ကိုဏီလင်းညို၊ တလနွန်၊ ကိုမြစ်ကျိုးအင်း၊ ဖြူစင်ကြယ်နှင့် နောက်ထပ်ပြီး ကွန်းမန့်မှာရော၊ စီဘောက်စ်မှာ ဆုတောင်းပေးကြမည့်သူများကိုလည်း ကျေးဇူးတင်ရှိပါတယ်။

3.11.2009 မွေးနေ့ရောက်လို့ မနက်အစောကြီး msg ဖြင့် ပို့လာသော ၀ိုင်းရဲ့ အစ်မလတ်နှင့် အစ်မကြီး၊ HOK ၊ အဝေးကနေပြီး မနက်စောစော ဘုရားသွားပြီး ၀ိုင်းရဲ့ မွေးနံထောင့်မှာ ရေသပ္ပါယ်၊ ဆီမီးကပ်လှူ၊ ဘုရားရှိခိုးပေးတဲ့၊ မွေးနေ့ဆုတောင်းကို လေလှိုင်းကနေတဆင့် ဖုန်းဆက်ပြီး ပြောကြားသွားတဲ့ ၀ိုင်း သိပ်ချစ်ရတဲ့ ကျေးဇူးရှင် ပါပါးနဲ့မာမားတို့အားလည်းကောင်း၊ စာမေးပွဲရှိလို့ မလာနိုင် ဖုန်းမပြောနိုင်တဲ့ ၀ိုင်း အစ်ကိုရင်း အားလည်းကောင်း၊ အခင်ဆုံးသူငယ်ချင်း မမြသက်ခိုင်၊ အဝေးတစ်နေရာမှ သတိတရ ဖုန်းဆက်လာတဲ့ Li ming အားလည်းကောင်း၊

အွန်လိုင်းကနေတဆင့် ၁၂နာရီထိုးပြီးတာနဲ့ အချိန်မီ ဆုတောင်းပေးခဲ့ကြသော ကိုဝင်းဇော်နိုင်၊ politeness kid ၊ ဒေါက်တာဝင်းကိုကိုသိန်း(ကိုသူရ) တို့အားလည်းကောင်း၊

ဂျီတော့ခ်မှတဆင့် မေးလ်မှတဆင့် မွေးနေ့ ဆုတောင်းပေးကြသော ညီမ တ၀မ်းကွဲအေးမြတ်သူ ၊  郑课长 ၊ 冯祖香၊ တက္ကသိုလ်တူတူတက်ခဲ့ကြသော သူငယ်ချင်း ချစ်ပွင့်၊ ချယ်ရီ၊ မထက်ထက်ထွေး၊  ပိုင်ပိုင်၊ ဘလော့ဂါသူငယ်ချင်းများဖြစ်ကြသော ကိုဖိုးသင်္ကြန်၊ ကိုတောသားလေး၊ ကို rafanquee ၊ ကိုရေတမာ၊ ကိုဝင်းဇော်နိုင်၊ ကိုသားသား၊ မောင်လေးထွန်းလင်းဆန်း၊ မွေးနေ့သီချင်း ၂ပုဒ်ပို့ခဲ့ပေးသော မောင်လေးတလနွန်၊ ကိုယုယ၊ ကိုသီဟသစ်၊ မမေလေး၊ ကိုစိုင်းစိုင်း (ဦးရှင်ကြီး)၊ ကိုတောင်ပေါ်သား၊ ဆောင်းနှင်းရွက် (သဲသဲ)၊ ကို July Dream၊ မကောင်းကင်ပြာ၊ ကိုမင်းအိမ်ဖြူ၊ ကိုရီနိုမာန်၊ ကို TNT၊ မေသူ၊ မိုးခါး၊ မေလေး(ဆုံနိုင်ခွင့်)၊ မပန်းရင့်ရောင်၊ ကိုသက်တန့်ချို၊ မနှင်းဟေမာ၊ မက်မက်၊ မမြရေလျင်၊ ဖြူစင်ကြယ် (Angel Shaper) တို့အားလည်းကောင်း၊

facebook မှာ ဆုတောင်းပေးကြသော ကျောင်းတုန်းက သူငယ်ချင်း အိခင်၊ မွေးနေ့ကဒ် အမှတ်တရပေးသော အစ်မကြီးတို့အားလည်းကောင်း၊ သူငယ်ချင်းများဖြစ်ကြသော ခင်ဇာဖြူခိုင်၊ အစ်မ၀မ်းကွဲခင်ငြိမ်းမြင့်၊ Steven Ke၊ ဇော်ဇော်အောင်၊ Elvin Chaung၊ ကိုထင်သော်ကောင်း၊ ကိုဇော်မျိုးအောင်၊ ကိုထက်အောင်၊ ကိုအောင်ပြည့်ကောင်း တို့အားလည်းကောင်း၊ ဘလော့ဂါသူငယ်ချင်းများဖြစ်သော Star Kingofstar ၊ မောင်လေးသံလွင်၊ မကောင်းကင်ပြာ၊ ကိုရေတမာ၊ ကိုဝင်းဇော်နိုင်တို့အားလည်းကောင်း ၊

ရုံးမှ လောင်ပန်နဲ့တကွ တခြားသော လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလည်းကောင်း၊

ဒါကတော့ မေးလ်ဖြင့် လက်ခံရရှိခဲ့သော မွေးနေ့လက်ဆောင် အမှတ်တရ ပုံတွေပါ........


facebook မှတဆင့် အစ်မကြီးပေးတဲ့ လက်ဆောင်


ကို ranfanquee ရဲ့ အမှတ်တရ မွေးနေ့လက်ဆောင်



ဒါကတော့ မက်မက်ပေးတဲ့ မွေးနေ့လက်ဆောင်
[ ဆုတောင်းစကား - မွေးနေ့မှ စပြီး ထာဝရ ပျော်ရွှင်ပါစေ...
မွေးနေ့လက်ဆောင်က အာဝါးးး အမြှောက်တစ်သိန်းနော်... :D ]



ကိုသက်တန့်ချိုရဲ့ မွေးနေ့လက်ဆောင်


[ ဆုတောင်းစကား - ၀ိုင်းရေ....မွေးနေ့မှာပျော်ရွှင်ပါစေနော်......နှစ်ပေါင်း ၁၂၀ ထိတိုင်အောင် ချစ်သော သူငယ်ချင်းတွေနဲ့ အသက်ထက်ဆုံးနေထိုင်နိုင်ပါစေ..........]

ecard နဲ့လည်း ပို့လာသေးတဲ့ ကိုသက်တန့်ချိုရဲ့ လက်ဆောင်ပါ

 
 


မပန်းရင့်ရောင်ရဲ့ မွေးနေ့လက်ဆောင်တချို့ပါ

ဝိုင်းအတွက် မွေးနေ့ အမှတ်တရ ကဗျာလေးပါ

ခင်တယ်ဆိုတာ
အချိန်ကာလနဲ့ မဆိုင်ပါဘူး
လူနှစ်ဦး တစ်နေရာရာမှာ
တွေ့ဆုံကြပြီး
ခင်မင်သွားကြနိုင်ပါတယ်...
ခဏလေးပဲတွေ့လို့
သိပ်မခင်ဘူးဆိုတာ
ငယ်ငယ်တည်းကခင်လို့
အရမ်းခင်တာတွေဆိုတာ
ခင်မင်မှုအတိုင်းအတာကို
ပိုင်းဖြတ်နိုင်တဲ့
စည်းမဟုတ်ပါဘူး....
နားလည်မှုတွေ
ပျော်ရွှင်မှု
မျှဝေခံစားပေးမှုတွေနဲ့
တည်ဆောက်ထားတဲ့
ခင်မင်မှု အတိုက်အမြုံလေးပါပဲ.....

ဝိုင်း မွေးနေ့မှာပျော်ရွှင်ပါစေ။လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ပါစေ လို ဆုတောင်းပေးလျှက်.....
ခင်မင်မှု များစွာနဲ့ ပန်းရင့်ရောင်

Ning ဆိုဒ်မှ အမှတ်တရ မွေးနေ့ကဒ်လက်ဆောင် အမြောက်အမြားပေးကြသော ကိုတောသားလေး၊ ငွေဦး၊ ကိုပြေ၊ VKO ၊ ကိုဟိန်းထက်ဇော်၊ ကို kyoe ၊ ကိုနတ်လူမုန်း၊ မဆောင်းတို့အားလည်းကောင်း အထူးပင် ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်ရန် ကျန်ရှိခဲ့သော နာမည်များရှိခဲ့ရင် ခွင့်လွှတ်သည်းခံပေးကြပါရန် တောင်းပန်ပါတယ်။

ဝိုင်းအတွက်တော့ ဒီနေ့ဟာ  အမြဲတမ်း အမှတ်တရရှိနေမယ့်နေ့လေးတစ်ရက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ ၀ိုင်းဝန်းပြီး မွေးနေ့ဆုတောင်းပေးကြတာဟာ ၀ိုင်းအတွက်တော့ အတိုင်းမသိ ကြည်နူးဝမ်းသာ ပီတိ မျက်ရည်ဝဲမိပါတယ်။ အထူးသဖြင့် ဘလော့ကို ၂၀၀၉ခုနှစ် မေလ ၁၄ရက်ကနေ စတင် တည်ထောင်ခဲ့ပြီး ဗဟုသုတရဖွယ်များပို့စ်များ စတင်ရေးသားခဲ့ပါတယ်။ ၀ိုင်းရဲ့ ဘလော့ကို လာလည်ကြသူများ၊ အီးမေးလ်မှ တဆင့် ဖတ်ရှုနေကြသူများ၊ ကွန်းမန့်များ၊ စီဘောက်စ်များတွင် အမှတ်တရများ ရေးပေးသွားကြသော ဘလော့ဂါ မောင်နှမတွေ အားလုံးနဲ့ နိုင်ငံအသီးသီးမှ တခြားသော ဘလော့ဂါမောင်နှမများအားလုံး အားလုံးကို ဆက်လက်ပြီး စာပေဗဟုသုတ အသိပညာတွေ ပေးနိုင်ပြီး စာကောင်းပေမွန်တွေ ဖတ်ရှုလေ့လာ မှတ်သားခြင်းဖြင့် ပညာအလင်း ထွန်းလင်းတောက်ပကာ ဘ၀ခရီးလမ်း ဖြောင့်ဖြူးသာယာ ချောမွေ့နိုင်ကြပါစေကြောင်း အကြိမ်ကြိမ် ထပ်တလဲလဲ ဆုတောင်းပေးနေမိမှာပါ။ မွေးနေ့ဆုတောင်းများ နောက်ကျပြီးမှ ဆုတောင်းပေးကြသော်လည်း ၀ိုင်းရဲ့ ရင်ထဲမှာတော့ သူငယ်ချင်း တစ်ယောက်စီ တစ်ယောက်စီတိုင်းဟာ အမြဲတမ်း နံပါတ်(၁) နေရာမှာ ရှိနေမှာပါနော်။

ဒီပို့စ်လေးကို ရုံးကနေ မအားလပ်တဲ့ ကြားထဲက ရေးထားပါတယ် မနက်ကတည်းက ညနေ ရုံးဆင်းချိန်အထိ အားလပ်တဲ့အချိန်ကို လုပြီး ရေးသားလိုက်ရတဲ့အတွက် အမှားအယွင်းများ တစုံတရာ ပါရှိခဲ့ပါက ခွင့်လွှတ်သည်းခံပေးကြပါရန် ထပ်လောင်းပြောကြားချင်ပါသေးတယ်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ....

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

15 comments:

လင်းကြယ်ဖြူ said...
This comment has been removed by the author.
လင်းကြယ်ဖြူ said...

ယနေ့မှစ လို့ နောင်နှစ်ပေါင်းများစွာတိုင်
ချင်ခင်ရသူများနဲ့ အတူတကွ
သာယာဖြောင့်ဖြူးသော ခရီးလမ်းကို
အေးချမ်းအောင်မြင်မှုများနဲ့ လှမ်းဆက်နိုင်ရင်း
ပျော်ပါစေ
လင်းကြယ်ဖြူ
*.*.*
မုန့်တွေကတော့ အများကြီးပဲ ဒီတော့ အဆင်ပြေတာပဲ
ရွေးစားသွားတယ်နော...း-)
Happy Birthday !!!

မိုးခါး said...

ဘာပဲဖြစ်ဖြစ်အောင်မြင်သွားတာပဲ ..း))
ပျော်ပါစေ ၀ိုင်းရေး)

flowerpoem said...

Happy birthday ပါ ၀ိုင်းရေ
အစားတွေကတော့ ရှယ်ပဲ အရမ်းမိုက်တယ်. .
အားရပါးရ၀ါးသွားပါတယ်.
မွေးနေ့နှင့်အတူကျန်တဲ့နေ့တွေပါ အမြဲပျော်ရွှင်ချမ်းမြေ့ပါစေရှင်.

ညီညီ said...

မ၀ိုင်းရေ.
~~~***"HaPPy BIrthDay"****~~~~
ပါ. နောင်မွေးနေ့ပေါင်းများစွာ ချစ်သောခင်သော သူများနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပြီး အရာရာ အောင်မြင်ပြီးပြည့်စုံသော ဘ၀ ကို ရရှိပါစေ.။

ခင်မင်လေးစားတဲ့

ညီညီ(အနာဂါတ်သံစဉ်)

Kyaw Htin said...

မွေးနေ့ပွဲမှာ မုန့်လာစားချင်လိုက်တာ :)
မုန့်တွေမြင်ရတာနဲ့ကို သရေကျနေပြီ
လာလည်သွားတယ်နော်သူငယ်ချင်း
ယနေ့မွေးနေ့ရက်မြတ်မှစပြီး ထာဝရပျော်ရွှင်နိုင်သော သူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးသွားတယ်နော်
မောင်ပညာ

ဆွေလေးမွန် said...

ဝိုင်းရေ ၁၂ နာရီမကျော်ခင် မွေးနေ့ဆုတောင်းလေးလာပေးသွားပါတယ်..
ယနေ့ကျရောက်သောမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ၀ိုင်းတစ်ယောက် စိတ်ချမ်းသာ..ကိုယ်ကျန်းမာနဲ့ အေးချမ်းသောဘ၀ကို
ပိုင်ပိုင်နိုင်နိုင်ကြီး ရပါစေကွယ်။

မေလေး said...

ပျော်ရွှင်ပါစေ ဝိုင်းရေ။
ဒါနဲ့ စနေနေ့လဲ ဝိုင်းကမွေးနေ့ တူတူလုပ်ချင်လို့ဆို

Nge Naing said...

Happy Birthday ပါဝိုင်း။
ဘ၀တလျှောက်လုံး အစစအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ။
မနေ့က မကျက်သေးလို့ မစားခဲ့ရတဲ့ မုန့်ဟင်းခါးတွေ စားသွားတယ်နော့်။

ခရေညို said...

ညီမလေးဝိုင်း ရေအမကတော့ မုန့်ဟင်းခါးနဲ့ လက်ဖက်ပဲအဝစားသွားတယ် (မျက်စိနဲ့)

HaPpy bIrThDaY tO YoU................
HaPpy bIrThDaY tO YoU....................

နွေးနွေးသဲမွန် said...

Happy Belated Birthday Wine!!! :-D

စည်သူ said...

ဘာပြောပြော..
ကျွန်တော်ကတော့ ဘာမှကို ဆုမတောင်းပေးလိုက်ရလို့ စိတ်မကောင်းဘူး..

စိတ်မကောင်းခြင်းများစွာနဲ့ပဲ.. နှစ်ပန်ကန် စားလိုက်တယ်..းP

အမရေ.. ထွေထွေထူးထူး မပြောတတ်လို့ပါနော်..
အပေါ်က အကို အမတွေ ပြောသွားတဲ့ စကားတွေ အားလုံးကို ကျွန်တော် ပြောသွားတာပါလို့ သဘောထားလိုက်နော်..

ပျော်ရွှင်ဖွယ် မွေးနေ့မှသည် ဘဝတစ်လျှောက် လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝ ပြည့်စုံပါစေဗျာ..

ခင်မင်စွာဖြင့်
စည်သူ။

An Asian Tour Operator said...

မင်္ဂလာ မွေး နေ့ ဖြစ် ပါ စေ။

Dream said...

ဟယ်.... ဒီမက်မက်လေးက တော်တော်ဆိုးတာပဲ..
မွေးနေ့ကိုနောက်ကျမှ ရောက်လာတယ်...ဟိဟိ...

ဗိုက်ဆာဆာနဲ့ အပီဆွဲသွားလိုက်တယ် တီဝိုင်းရေ.....

အာဝါးးးးးးးးးးးးးးးးးးးးး

မအားလို့ အခုမှ လာစားတာ...ဟိဟိ...

Welcome said...

အသိနောက်ကျခဲ့ပေမယ့်
ပျော်ရွှင်တဲ့ မွေးနေ့ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်