06 September, 2009

Myanmar Blogger Gathering in SG

05.09.2009 (Sat) 
ဒီနေ့လေးကတော့ ၀ိုင်းတို့စင်ကာပူရောက် မြန်မာဘလော့ဂါမောင်နှမတွေ ပျော်ပျော်ပါးပါးဆုံတွေ့ကြရမယ့်ပွဲနဲ့ ဂျပန်က မ၀ါတို့မိသားစုကို စင်ကာပူရောက်ဘလော့ဂါများက နွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြတဲ့ ပွဲလေးတစ်ခုပါ။ 
ပထမတော့ ဓါတ်ပုံလေးတွေတင်ပြီး အဲ့ဒီနေ့ အကြောင်းလေး ရေးခါနီးမှ ၀ိုင်းရဲ့ကွန်ပျူတာက ပြဿနာတက်နေပါတယ်။ ကင်မရာထဲကနေ ကွန်ပျူတာထဲ ထည့်ဖို့ ဒုက္ခ လာတွေ့နေပါသေးတယ်။ အဲ့ဒါနဲ့နောက်ဆုံးထည့်မရတဲ့ အဆုံး memory card reader ကို နီးစပ်ရာ Ang Mo Kio HUB ထဲမှာ အပြေးသွားဝယ်ရပါတယ်။ အဲ့ဒီတော့မှ ဓါတ်ပုံတွေက ကြည့်လို့ရတယ်လေ။ ခါတိုင်းဆို ဘာမှမဖြစ်ပါဘူး။ ဒီတစ်ခေါက်မှပဲ ဘာဖြစ်မှန်းမသိပါဘူး။ အရေးထဲ ကွန်ပျူတာနဲ့ သွယ်ထားတဲ့ port ကလည်း မကောင်းဖြစ်ပြန်နဲ့။ နောက်ဆုံးတော့ အခုလို အခက်အခဲလေးတွေကြားထဲက အမှတ်တရလေးတွေအကြောင်း ပြောပြချင်ခွင့်ရသွားပါပြီ :)))))
တွေ့ဆုံကြမယ့် နေရာလေးကို အစကတော့ east coast မှာစီစဉ်ထားတာပါ။ နောက်ပိုင်း အစီအစဉ်ပြောင်းသွားပြီး Pasir Ris Park(down town east) မှာ ဆုံဖြစ်ကြပါတယ်။ အဲ့ဒီနေ့မရောက်ခင်ကတည်းက ဘယ်လိုသွားရမယ်ဆိုတာ အွန်လိုင်းကနေ ရှာကြည့်ဖြစ်ပါတယ်။ အနီးစပ်ဆုံးကတော့  Pasir Ris MRT ကနေ ကားနံပါတ် 3, 5, 6, 12, 17, 21, 89, 354, 358 ကြိုက်ရာစီးပြီး ၂မှတ်တိုင်ဆိုရင် ဆင်းလို့ရပါပြီ။ ၀ိုင်းက အဲ့ဒီနေ့  ညနေ၅နာရီကတည်းက down town east ကိုရောက်နေပါတယ်။ အဲ့ဒီထဲမှာ ဓါတ်ပုံတွေ အ၀ရိုက်တယ်။ shopping ထွက်ဖြစ်တယ်။ အစားတွေ စားပြီး စောင့်နေတာပေါ့။ 
ည ၈နာရီဝန်းကျင်လောက်မှာ မကောင်းကင်ပြာက အဖွဲ့တွေ အားလုံး down town east ရောက်နေပြီဆိုပြီး ၀ိုင်းဆီ ဖုန်းဆက်ပါတယ်။ ၀ိုင်းလည်း ချိန်းတဲ့နေရာ ၀င်ပေါက်ဆိုတာကို မနည်းတွေ့အောင်ရှာရပါတယ်။ shopping mall ထဲရောက်နေတော့ ဘယ်နေရာက ဘယ်လိုပြန်ထွက်ရမှန်းတောင် မသိတော့ဘူးလေ။ နောက်ဆုံးတော့ ၀ိုင်းတို့ တွေ့ဖြစ်ကြပြီး မ၀ါနဲ့ အရင်ဆုံး နှုတ်ဆက်စကားပြောဖြစ်ပါတယ်။ အမှတ်တရဓါတ်ပုံကတော့ ၀ိုင်း အလာနောက်ကျသွားတဲ့အတွက် down town east နားမှာ မရိုက်ဖြစ်ခဲ့ပါဘူး။ ပြီးတော့ ၀ိုင်းနဲ့ အတူတူ ဘလော့ဂါသူငယ်ချင်းတချို့ pasir ris bus interchange ထိ ကားစီးပြီး သွားကြပါတယ်။ ပြီးတော့မှ အဲ့ဒီကတဆင့် Pasir Ris Beach ဆီကို လမ်းလျှောက်သွားကြပါတယ်။ Beach နားရောက်ခါနီးမှ အားလုံးနဲ့ လမ်းမှာ ဆုံကြပါတယ်။ ပြီးတော့ မ၀ါ၊ မရောင်တို့နဲ့အတူ တခြားသူတွေနဲ့ပါ ကမ်းခြေကို ရောက်သွားကြတယ်လေ။ ကမ်းခြေရောက်တော့ ခဏတာ အမောဖြေ၊ ရေခဲမုန့်စားကြ၊ အချင်းချင်း စကြ နောက်ကြ၊ ဂီတာတီးပြီး သီချင်းတွေဟစ်ကြနဲ့ပေါ့။ မ၀ါရဲ့ diary စာအုပ်ထဲမှာလည်း အမှတ်တရ စာရေးပေးခဲ့တယ်လေ။ 
 
မ၀ါရေ အဲ့ဒီပုံလေးတွေက နေ့ဘက်မြင်ရတဲ့ပုံလေးတွေနော် : D
 
ပြီးတော့ ဦးဥာဏ်နဲ့ အတူတူ ဘလော့ဂါမောင်နှမတွေ အားလုံးစုပြီး ဘီယာ၊ အဖျော်ရည်တွေနဲ့ (ကမ်းပေး) လုပ်ကြပါတယ်။ ကမ်းပေး လုပ်ပြီးကြတဲ့အခါ တစ်ယောက်ချင်းစီ စတင်မိတ်ဆက်ကြပါတယ်။ အရင်ဆုံး မဲပေါက်သွားသူကတော့ မရောင် (မေတ္တာရောင်ပြန်) ပါ။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ဘလော့အကြောင်းလေးတွေ မိတ်ဆက်ကြပါတယ်။ အချိန်ကလည်း နှောင်းနေပြီ။ အားလုံးလည်း မနက်ကတည်းက sentosa ကို သွားခဲ့ကြလို့ ပင်ပန်းနေကြပြီလေ။ နောက်ဆုံး အမှတ်တရ သီချင်းလေးတွေ ဆိုပြီး ဘလော့ဂါမောင်နှမတွေအားလုံးနဲ့ ပျော်ပျော်ပါးပါးကြီး ဓါတ်ပုံ စုရိုက်ဖြစ်ခဲ့တယ်လေ။ မိုးကလည်း တော်တော်ချုပ်နေပြီဖြစ်လို့ အားလုံး အိမ်ပြန် လမ်းခွဲကြဖို့ အချိန်ရောက်ပြီပေါ့။ အပြန်လမ်းမှာ ၀ိုင်းရယ်၊ မေသူရယ်၊ နောက်ဘလော့ဂါအမစုံတွဲတို့အဖွဲ့နဲ့ ၀ိုင်းတို့ ရှေ့ပြေး သုတ်ခြေတင်ပြီး MRTကို ရောက်ပြီး အသီးသီး နှုတ်ဆက် အိမ်ပြန်ခဲ့ကြပါတယ်လေ။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြတဲ့ အချိန်လေးက ခဏတာလေးဆိုပေမယ့် ဘလော့ဂါတစ်ယောက်ချင်းဆီကို ၀ိုင်းအနေနဲ့ သိခွင့်ရခဲ့ပါတယ်။ အရမ်းလည်း ၀မ်းသာပီတိဖြစ်မိပါတယ်။ အဲ့ဒါတွေကို ၀ိုင်း ရိုက်ခဲ့တဲ့ အမှတ်တရ ပုံလေးတွေမှာသာ ကြည့်လို့ရအောင် တင်ပေးထားပါတယ်။ မ၀ါသမီးလေး ခိုင် ကတော့ တချက်ကလေးတောင်လုံးဝ မညည်းဘူးနော်။ ကလေးဆိုပေမယ့် အများကြီး ပင်ပန်းတဲ့ဒဏ်ကို ခံနိုင်တယ်။ ၀ိုင်းငယ်ငယ်ကနဲ့ ကွာလိုက်ပုံများ :)) သူ့ကိုတော့ တကယ်အတုယူသင့်တယ်။ သူနဲ့တောင် အမှတ်တရ ဓါတ်ပုံရိုက်ခဲ့သေးတယ်လေ။


သူငယ်ချင်းတွေ အားလုံးပင်ပန်းနွမ်းနယ်နေကြပေမယ့် ပြုံးပျော်နေကြတဲ့ ချစ်စရာ ပုံရိပ်လေးတွေပါ။ တကယ့်ကို ပျော်ရွှင်ဖွယ်ညလေးတစ်ညပေါ့။ ဘလော့ဂါသူငယ်ချင်းများနဲ့ အတူတူ ကြည်နူးပြုံးပျော်ခဲ့ရတဲ့ အချိန်တွေကို အားလုံးရဲ့ ရင်ထဲမှာတော့ မမေ့နိုင်တဲ့ အမှတ်တရနေ့လေး တစ်နေ့အဖြစ် အစဉ်အမြဲ ကျန်ရှိနေခဲ့မှာတော့ အမှန်ပါပဲလေ..............

အားလုံးကို ခင်မင်လေးစားလျက်

16 comments:

Libratun said...

Really Happy Ending!
ပုံတွေက တော်တော်ကောင်းတာပဲ။
ရပါတယ်။ ခွင့်ပြုပါတယ်။ ဘာဖြစ်တာမှတ်လို့။

တောင်ပေါ်သား said...

း) ပျော်ရွှင်စရာ ကောင်းပါတယ် အမှတ်တရပေါ့း)

လေးစားလျက်
တောင်ပေါ်သား

ရေတမာ said...

ပုံတင်လို့ရပါတယ် နာမည်မရေးရင် ပြီးတာပဲ :P ပုံတွေကြည့်ပြီး မနေ့က ညကိုတောင် ပြန်သတိရသွားတယ်။ ကျနော့်ရဲ့ လူမူရေးညံဖျင်းမှုအတွက်လည်း တောင်းပန်ပါတယ်

အဆိပ်ခွက် said...

ပျော်စရာလေးတွေပေါ့ဗျာ.. နောက်လဲထပ်ဆုံကြတာပေါ့

ခင်မင်လျှက်
အဆိပ်ခွက်

ဖိုးသင်္ကြန် said...

တွေ့တဲ့လူတွေများလွန်းတော့ ဘယ်သူက ဘယ်သူမှန်းတောင် မသဲကွဲတော့ပါဘူးအေ။
ဒါနဲ့ ဝိုင်းဆိုတာက...??

မေလေး said...

ဝိုင်းရေ
အဲဒီညက လူတွေကများလွန်းတော့ စကားသေချာမပြောဖြစ်ဘူး။ ဆောတီးနော်။ ပျော်စရာနေ့လေးပါဘဲ။ နောက်လဲ အခွင့်အရေးရရင် ထပ်ဆုံသေးတာပေါ့ ။

ခင်မင်လျှက်
မေလေး(ဆုံနိုင်ခွင့်)

မေဇင် said...

ပျော်စရာကြီးနော်... လွမ်းတောင် လွမ်းသွားတယ်..။း))

Dr. Nyan said...

တကယ့်ကိုပျော်စရာကောင်းတဲ့အချိန်လေးပါ။ အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။ ပုံတွေတင်ပေးထားတဲ့ဝိုင်းကိုလည်းကျေးဇူးတင်တယ်။

ဝက်ဝံလေး said...

ပျော်စရာကြီးနေမှာနော် ဝိုင်းရေ ဟိဟိ

ပုံ့မေ said...

ဝိုင်းရေ အမှတ်တရရေးပေးတာ ကျေးဇူး။ အမြဲ ခွင့်လွှတ်ပြီးသား။ :P

Anonymous said...

ဝိုင်းရေ....
ဒီပွဲလုပ်ဖြစ်တာ ကျွန်တော်မသိလိုက်ဘူး..သိလိုက်ရင် ဘယ်လွတ်မလဲဗျ.... အခုတော့ ဘလော့ဂါမောင်နှမတွေနဲ့ တွေ့ဖို့အခွင့်အရေးတခု လွတ်သွားတာပေါ့... နောက်တစ်ခေါက်လုပ်ဖြစ်ရင် သံချောင်းလေးခေါက်ပါဦးနော်...

ငှက်ငယ်လေး said...

pyaw sa yar kyi pot

ငှက်ငယ်လေး said...

pyaw sa yar kyi pot

သံလွင် HeRo said...

မဝိုင်းက တစ်ယောက်တည်းဟိုဘက်မှာ
ဆွေးနေတာဆိုတော့...ဘယ်ကောင်းကောင်း
စကားပြောဖြစ်မလဲ... :P
ခွင့်ပြုဒယ် ခွင့်ပြုဒယ် ဟီးဟီး

mabaydar said...

မနှစ်ကတော့ သိလိုက်တယ်... ဒီနှစ်တော့ မသိလိုက်ဘူး... အော်.. လာတဲ့လူတွေတောင် ပြောင်းသွားကြပြီ... :) ... pasir ris မှာလုပ်တာဆိုနီးနီးလေးပဲ... သိရင်လာခဲ့ပါသေးတယ်... :) ..

Anonymous said...

It isn't hard at all to start making money online in the underground world of [URL=http://www.www.blackhatmoneymaker.com]blackhat seo world[/URL], Don’t feel silly if you don't know what blackhat is. Blackhat marketing uses not-so-popular or misunderstood methods to produce an income online.

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်