28 September, 2009

မိမိအီးမေးလ်ကနေတဆင့် ဘလော့တချို့ဖတ်ရှုချင်ရင်.....

ဘလော့တစ်ချို့မှာ ဘလော့တွေဆီသွားစရာမလိုပဲ အီးမေးလ်ကနေ တဆင့် ဖတ်ရှုလို့ရတဲ့ feedburner အကြောင်းလေးပါ။ သိပြီးသားသူတွေလည်း ရှိမှာပါ။ မသိသေးတဲ့ သူများအတွက် ရေးသားပေးလိုက်ပါတယ်။

ပထမဆုံး feedburner ပြုလုပ်နည်းကို မောင်စေတနာဘလော့က ဒီနေရာလေးမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

ပြီးရင် အီးမေးလ်ကနေတဆင့် မိမိဘလော့ကို ဘယ်နှစ်ယောက် ဖတ်ရှုနေလဲဆိုတဲ့ feedcount ပြုလုပ်နည်းအကြောင်းကိုလည်း ဒီနေရာလေးမှာ ဖော်ပြပေးထားတယ်။

ဒါတွေအားလုံး ကိုယ့်ဘလော့မှာ တင်ပြီးပြီဆိုရင် စာဖတ်တဲ့သူတွေက မိမိရဲ့အီးမေးလ်လိပ်စာထည့်ရုံပါပဲ။ ပြီးရင် ၀င်ပါ ဆိုတဲ့ နေရာကို ကလစ်နှိပ်ပါ။

အဲ့ဒီမှာ "Email Subscription Request... Thank you for your request " ဆိုတဲ့စာသားတွေနဲ့အတူ word verfication ကို သူပေးထားတဲ့အတိုင်းထည့်ပြီး Complete Subscription Request ကို နှိပ်လိုက်ရုံပါပဲ။

ပြီးတော့

Email Subscription Request....

Your request has been accepted! 

Please check your inbox for a verification message from “FeedBurner Email Subscriptions”, the service that delivers email subscriptions for WAING. You will need to click a link listed in this message to activate your subscription.

ဆိုပြီး ပေါ်လာပါလိမ့်မယ်။

အဲ့ဒီအဆင့်ထိ ရောက်သွားပြီဆိုရင် အီးမေးလ်ကနေတဆင့် ဖတ်လို့ရပြီလို့ထင်ရပါတယ်။ ဒီနေရာမှာ တဆင့် လိုပါသေးတယ်။ ရောက်သွားတဲ့ အီးမေးလ်ထဲမှာ အရင် ၀င်စစ်ကြည့်ပါ။

"Activate your Email Subscription to: WAING"

ဆိုပြီး ဒီလိုခေါင်းစဉ်လေးနဲ့ မေးလ်ထဲမှာ ၀င်လာပါ့မယ် အဲ့ဒါကို တချက်ဖွင့်ကြည့်လိုက်ရင် ...

Hello there,

You recently requested an email subscription to WAING. We can't wait to send the updates you want via email, so please click the following link to activate your subscription immediately:

http://feedburner.google.com/fb/a/mailconfirm?k=oh24YNrd64lDjHvyI0uvyqMoAK8

အဲ့ဒီမှာ သူအပေါ်မှာပေးထားတဲ့ http://feedburner.google.com/fb/a/................. ဆိုတဲ့လင့်ကို တချက်ကလစ်နှိပ်ဖို့လိုပါတယ်။ လင့်ကို နှိပ်ပြီးနောက် ......

Email Subscription Confirmed!

A message will be delivered to ...............@gmail.com if the publisher has produced new content on that day. No new content, no email for you.

နောက်ဆုံးပေါ်လာမယ့်စာသားတွေပါ။ အဲ့ဒါဆိုရင် မိမိကိုယ်တိုင် အီးမေးလ်ကနေတဆင့် ပို့စ်အသစ်ရေးတိုင်း စောင့်မျှော်ဖတ်ရှုလို့ရပါပြီ။ အထူးသဖြင့် နည်းပညာ IT ပိုင်းရေးတဲ့ ဘလော့ဂါတချို့၊ ဗဟုသုတတွေ အမြဲပေးတတ်တဲ့ ဘလော့တချို့တွေမှာ အခုလို feedburner တွေထည့်ပေးထားကြပါတယ်။ ကိုသံလုံငယ်၊ မောင်စေတနာ၊ ကိုရင်ပြည့်စုံ၊ ကိုဝင်းဇော်နိုင်၊ ကိုလဂွန်းအိမ် ၊ ဧရာဝတီ စာကြည့်တိုက် စတဲ့ ဘလော့ဂါ အချို့ဆီမှာ အီးမေးလ်ကနေ တဆင့် စောင့်မျှော်ဖတ်ရှုလျက်ပါ.... အပေါ်က ရေးထားတဲ့စာတွေကို အတိုချုပ်အနေနဲ့ ပြောရရင် မိမိအီးမေးလ်လိပ်စာထည့်ပြီးတာနဲ့ မေးလ်ထဲဝင်လာလို့ရမယ့် Activate link ကိုသာ ကလစ်နှိပ်ဖို့မမေ့ဖို့ပဲ လိုတာပါ။ မိမိကြိုက်နှစ်သက်ရာ ဘလော့ပို့စ်တွေကို အီးမေးလ်ကနေ စောင့်မျှော်ဖတ်ရှုရင်း ပညာဗဟုသုတများ တိုးတက်နိုင်ကြပါစေ။

အားလုံးကို ခင်မင်လေးစားလျက်

7 comments:

ခရေညို said...

ညီမလေး ဝိုင်းရေကျေးဇူးပါကွယ်

Beauty Studio USA Branded Store said...

မေးလ်ထဲက တဆင့်ဖတ်ရတာဆိုတော့ ပိုပြီးလွယ်ကူသွားတာပေါ့။လေ့လာသွားပါတယ်ညီမရေ။မောင်စေတနာကိုရော၊ ညီမကိုပါ ကျေးဇူးပါ။အားလုံးပျော်ရွှင်ပါစေဗျာ။

ရေတမာ said...

လုပ်မယ်ဆိုပြီး စိတ်ကူးထားပေမယ့် အကောင်အထည် မဖော်ဖြစ်သေးဘူး

စိမ်း... said...

မျှဝေတာ ကျေးဇူး ၀ိုင်း...

ရွှေရတုမှတ်တမ်း said...

Tks ၀ိုင်းရေ
ကြိုးစားပြီးလုပ်ကြည့်ရမှာပဲ

ပုံ့မေ said...

အိမ်းးးး လုပ်ကြည့်ဦးမှ.... ဝိုင်းလေးရေ..... ကျေးဇူးနော်.... :)

Anonymous said...

လုပ်ပေးမလား.. လုပ်ပေးရင်တော့ ခေါင်းမူး သက်သာတာပေါ့ အဟီး..။

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်