14 September, 2009

သရေပင်နဲ့ တူတဲ့ အချစ် (သီအိုရီ)


အချစ်ဆိုတာက သရေပင် တစ်ကွင်းနဲ့ တူတယ် အချစ်ဆိုတာကို သရေပင်နဲ့ ခိုင်းနှိုင်းပြောပြချင်ပါတယ်။
ချစ်သူနှစ်ဦး ချစ်မိပြီ ဆိုရင် သရေပင် တစ်ကွင်းကို တစ်ဖက်စီ ဆွဲကြတာနဲ့အတူတူဘဲတဲ့ ။သိပ်ချစ်ကျလေ သရေပင် ကို တင်းတင်း ဆွဲကျလေပေါ့ အရမ်းချစ်လွန်းတော့ သရေပင်ကို အရမ်းတင်းနေအောင် ဆွဲကျတယ်
နောက်ဆုံး အရမ်းတင်းနေတဲ့ သရေပင်က အထိမခံတော့ဘူးလေ နည်းနည်းလေး မှားလိုက်တာနဲ့ ပြတ်တော့မှာ။ ဒါကြောင့် အရမ်းချစ်ခဲ့ကျရင် အမှားမခံတော့ဘူး မှားလိုက်တာနဲ့ ပြတ်ကုန်ကျရောဘဲ
အဲဒီလို တင်းနေတဲ့ အချိန်မှာ သူ့ထက် ခိုင်မာတဲ့ ကြိုးတစ်ချောင်းနဲ့ ထပ် ချည်ထားဖို့တော့လိုလိမ့်မယ်
နောက်တစ်ခုက အဲဒီ သရေပင်ကို ဆွဲထားကြရင်းနဲ့ တစ်ယောက်ယောက်က လမ်းခွဲကျတော့မယ်ဆိုရင်တော့ အချစ်ကို ဆုပ်ကိုင်ထားတဲ့ သူက ခံစားကျရတာဘဲလေ တင်းနေအောင် ဆွဲထားကျရင်းနဲ့ မလိုချင်တဲ့ သူက တစ်ဖက်တစ်ချက်ကို လွှတ်လိုက်ရင် ဆုပ်ကိုင်ထားတဲ့ သူရဲ့လက်ကတော့ နာကျန်ခဲ့မှာဘဲဘယ်လောက်ပဲ ပြိုင်တူ လွှတ်လွှတ် မရဘူး ဟုတ်တယ်မလား
မယုံရင် စမ်းကြည့်ပေါ့.......

သရေပင်ကို လက်နှစ်ဘက်နဲ့ တင်းနေအောင် ဆွဲထားပြီး ကိုယ့်လက်နဲ့ဘဲ ပြိုင်တူ လွတ်ကြည့်ပါလား
မရဘူး တစ်ဘက်ဘက်တော့ နာမှာဘဲလေ မနာအောင် တစ်ဖက်တစ်ချက်ဆီမှာ ရှိတဲ့ လက်တွေကို တစ်ဖြည်းဖြည်းခြင်း လျှော့ချပေါ့ နောက်ဆုံးကျရင် သရေပင်လေးဟာ သူ့ကွင်းလေးအတိုင်း သူ့အနေအထားကို ပြန်ရောက်မှ လွှတ်ကျရင် ဘယ်သူမှ မနာကျတော့ဘူး မဟုတ်လား
ဒီလိုဘဲလေ သံယောဇဉ်ကို ဖြည်းဖြည်းချင်း ဖြတ်ပြီးတော့၊ နောက်ဆုံး ခံနိုင်ရည် ရှိတဲ့ အချိန်ကျမှ လမ်းခွဲကျရင် ပိုကောင်းတာပေါ့.......
နှစ်ဦးနှစ်ဖက်လုံး ခံနိုင်ရည်ရှိဖို့တော့ လိုမယ်နော်။
ဝိုင်းသူငယ်ချင်းတစ်ယောက်ရဲ့ အချစ်ဆိုတဲ့ အရာနဲ့ ပတ်သက်တဲ့ ခံစားချက်လေးပါ။
သူ့ရဲ့ခံစားချက်လေးတွေကို ပို့စ်အဖြစ် တင်ဆက်ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ သင်တို့နဲ့ သဘောထား၊ အယူအဆချင်း၊ ခံစားချက်ချင်း တူချင်မှ တူမှာပါ။
ဒါပေမယ့် ၀ိုင်းကတော့ အချစ်ဆိုတာကို အခုထိ မခံစားဖူးသေးဘူး။ နားလည်း မလည်သေးလို့ပါ။ ချစ်သူတွေ အချင်းချင်း နောက်ဆုံးမှာ သင့်သင့်မြတ်မြတ်နဲ့ ဘ၀လက်တွဲဖော်အဖြစ် ထာဝရ လက်တွဲသွားကြနိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။ ချစ်သူမဟုတ်၊ မဖြစ်ခဲ့ကြရင်လည်း သူငယ်ချင်းအဖြစ်နဲ့ တသက်လုံး တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်း စောင့်ရှောက်ခွင့်လေးတော့ ရှိသင့်တယ်လို့ ၀ိုင်း အနေနဲ့ ယူဆပါတယ်။
အားလုံးကို ခင်မင်လေးစားလျက်

8 comments:

chocothazin said...

သြော် သရေပင်တဲ့လား။ မှတ်သားသွားတယ် ဝိုင်းရေ။

သံလွင် HeRo said...

နောက်ထက်အချစ်ဆိုတာကို
ဖော်ပြတဲ့သာဓကအသစ်ပေါ့ဗျာ...
မှတ်သားလောက်ပါပေတယ် :)

ရွှေပြည်သူ (ShwePyiThu) said...

သားရေပင်နဲ့ နှိုင်းယှဉ်တွေးတဲ့ သူငယ်ချင်းရဲ့ စိတ်ကူးလေးက အင်မတန်သင့်တော်သလို အဲဒါကို ပြန်ရေးပြတဲ့ ဝိုင်းရဲ့အရေးအသားကလည်း ဖတ်နေတဲ့သူတွေကို ပိုပြီးမြင်သာစေပါတယ်... အတွေးကောင်းနဲ့ အရေးကောင်းလေးပါ။

Nge Naing said...

ရွှေပြည်သူ ပြောသလိုပဲ ဥပမာလေးသိပ်ကောင်းတယ်။ ရေးသား တင်ပြပေးတဲ့သူကလည်း တင်ပြတာ သိပ်ကောင်းပါတယ်။ ဒီဥပမာလေးကို လက်ခံတယ်။ ဒါပေမယ့် လက်တွေ့ဘ၀မှာ သားရေကွင်းကို လျှော့သလို တဖြည်းဖြည်းလျှော့နေရင်းနဲ့ တဘက်ဘက်က ပိုမိုခိုင်မာတင်းကြပ်တဲ့ သံယောဇဉ်တွေ ဖြစ်ကြပြီး ပိုပြီးအနာတရ ဖြစ်တာတွေလည်း ရှိပါလိမ့်မယ်။

flowerpoem said...

ညီမလေးဖော်ပြတဲ့ သရေပင် ဥပမာလေးက တကယ်ကောင်းပါတယ် :)

Anonymous said...

သရေပင်ကိုအကြာကြီးဆွဲပြီး(နှစ်တွေကြာပြီး)မှလွှတ်ချ(သို့)လွှတ်လိုက်ရင်နှစ်ဖက်လုးံခံနှိင်ရ

ည်ရှိလို့ပဲဖြစ်ဖြစ်သရေပင်ကိုလျော့လိုက်လို့ပဲဖြစ်ဖြစ်နှစ်ဖက်စလုးံမနာကျင်ရင်တောင်သရေပင်လေးကတော့ပုံပျက်ပန်းပျက်နဲ့အက်ကြောင်းလေးတွေထင်ပြီးကျန်ခဲ့လိမ့်မယ်။အဲဒီလိုပဲသရေပင်ဆိုတဲ့အချစ်ဟာလည်း....
မှတ်ချက်....ခဏတာဆိုရင်တော့မပြောလိုပါ။ဝေဖန်ချင်း,ဆရာလုပ်ချင်းမဟုတ်ပါ။ကျွန်တော့၏အယူဆကိုတင်ပြချင်းသာဖြစ်ပါသည်။
ခင်တဲ့
T.W
. ခေတ္တမြန်မာရွာ

Anonymous said...

ချင်း=ခြင်း
ကျေးဇူးပြု၍ပြင်ဖတ်ပေးပါ။

T.W

Anonymous said...

ချင်း=ခြင်း
ကျေးဇူးပြု၍ပြင်ဖတ်ပေးပါ။
ခင်တဲ့
T.w

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်