တစ်ခါတုန်းက မျက်မမြင်လူကြီးနဲ့ မျက်မမြင်လူငယ် နှစ်ဦးရှိကြပါတယ်။ သူတို့ဟာ  ဘ၀တူတွေဖြစ်လို့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ အတူတူနေကြသတဲ့။ နေ့တိုင်း  သူတို့ဟာ စောင်းတီးတဲ့ အတတ်ပညာနဲ့ ဘ၀အတွက် အသက်ဆက်လက် ရှင်သန်ကာ  စားသောက်နေထိုင်ကြရတယ်။ ရက်တွေ နှစ် လတွေ ကြာတော့ မျက်မမြင်လူကြီးဟာ ဇရာထောက်လာတဲ့  အတွက်ကြောင့် နာမကျန်းဖြစ်ပါတော့တယ်။ အဲ့ဒီလိုနဲ့ လူ့လောကနေ မထွက်သွားခင်တစ်နေ့မှာ  မျက်မမြင်လူငယ်ကို ခေါ်ပြီး "ကလေးရေ ငါ့မှာ လျှို့ဝှက်ချက် တစ်ခုရှိတယ်။  အဲ့ဒီလျှို့ဝှက်ချက်ကြောင့် မင်းရဲ့မျက်စိ အလင်းပြန်မြင်ရလိမ့်မယ်။ အဲ့ဒါကို ငါ  စောင်းလေးထဲမှာ ဖွက်ထားတယ်။ ဒါပေမယ့် မင်းမှတ်ထားရမှာက ဒီစောင်းရဲ့  ကြိုးတစ်ထောင်ပြတ်အောင် တီးနိုင်မှသာ လျှို့ဝှက်ချက်ကို ဒီစောင်းထဲကနေ  ထုတ်ယူရလိမ့်မယ်။ မဟုတ်ရင် မင်းမျက်စိ အလင်းပြန်မြင်ရမှာမဟုတ်ဘူး" လို့ မှာကြားပြီး  ဆုံးပါးသွားခဲ့ပါတယ်။ လူငယ်လေးကလည်း မျက်ရည်တသွင်သွင် စီးကျပြီးပြီး  ဆရာပြောခဲ့တာတွေကို လက်ခံ သဘောတူလိုက်ပါတယ်။
အဲ့ဒီလိုနဲ့ လူငယ်လေးဟာ ဆရာကြီးမသေခင်ပြောခဲ့တဲ့ စကားကိုရင်ဝယ်ပိုက်ကာ  တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် စောင်းတီးတဲ့ ပညာကို မရပ်မနား  ကြိုးစားပမ်းစား လေ့ကျင့်ပါတော့တယ်။ သူလေ့ကျင့်လို့ တီးတဲ့အခါတိုင်းမှာ ပြတ်သွားတဲ့  စောင်းကြိုးလေးတွေကို သိမ်းထားတယ်လေ။ နောက်ဆုံး  စောင်းကြိုးပေါင်းတစ်ထောင်ပြည့်
ဘေးကလူကို စောင်းထဲမှာ ဘာရှိလဲဆိုတာကို ပြောပြခိုင်းပါတယ်။ စောင်းထဲမှာတော့  စာရွက်ဖြူလေးတစ်စောင်ပဲရှိတယ်လေ။ စာရွက်ထဲမှာ ဘာမှကို ရေးမထားပါဘူး။  အဲ့ဒီအချိန်မှာ သူဟာ စာရွက်ကိုကိုင်ပြီး မျက်ရည်တွေ စီးကျလာတယ်။ ပြီးတော့ သူ  ရယ်လိုက်ပါတယ်။ မျက်မမြင်လူကြီးကပဲ သူ့ကိုလိမ်လည်ခဲ့တာလား ?
ဘာမှရေးမထားတဲ့ စာရွက်ကို သူကိုင်ထားပြီး ဘာဖြစ်လို့ရယ်လိုက်တာလဲ ?
အဲ့ဒါကတော့ သူလျှို့ဝှက်ချက်လေးကို ထုတ်လိုက်တဲ့ အချိန်တခဏလေးမှာ ရုတ်တရက် ဆရာ့ရဲ့  ရည်ရွယ်ချက်တွေကို သူနားလည်လိုက်လို့ပါပဲ။ တကယ်တော့ စာရွက်လွတ်လေးတရွက်ပေမယ့်  တကယ့်တကယ်မှာ ဘာမှကို မရှိခဲ့တဲ့ လျှို့ဝှက်ချက်လေးတစ်ခု။ ဘယ်သူမှလည်း  ခိုးယူလို့လည်း မရတဲ့ အရာလေးပါ။ သူဟာ ငယ်ငယ်ကတည်းက ကြီးပြင်းတဲ့အထိ  စောင်းကြိုးပေါင်းတစ်ထောင်ပြတ်အောင် တီးခတ်ခဲ့နိုင်လို့သာ ဆရာကြီးပြောခဲ့တဲ့  လျှို့ဝှက်ချက်ရဲ့ စစ်မှန်တဲ့ သဘောတရားကို သိရှိသွားလို့ပေါ့။
ဆရာကြီးပြောခဲ့တဲ့ လျှို့ဝှက်ချက်လေးကတော့ မျှော်လင့်ခြင်းရဲ့ အလင်းရောင်ပါပဲ။  အမှောင်လမ်းမှာ စမ်းတ၀ါးဝါးနဲ့ အခက်အခဲတွေ ဆူးခလုတ်တွေကြားထဲမှာ  ဖြည်းဖြည်းချင်းဖြတ်ကျော်နေရတဲ့ အချိန်မှာ ဆရာကြီးဟာ သူ့အတွက်  မျှော်လင့်ခြင်းအလင်းရောင်မီးအိ
  
သူငယ်ချင်းတို့ရဲ့ ဘ၀တွေမှာလည်း တစ်ချိန်ချိန် အခက်အခဲ အတားအဆီးတွေ တွေ့ဆုံလာရတဲ့အခါမှာ ယုံကြည်ချက် အပြည့်အ၀နဲ့ တစ်နေ့မှာ အောင်မြင်ကျော်လွှားနိုင်ရမယ်လို့ မျှော်လင့်ထားမယ်ဆိုရင် အမှောင်တွေပျောက်ပြီး အလင်းတွေ ထာဝရရောက်ရှိလာမှာ အမှန်ပါပဲနော်။
  
အားလုံးကို ခင်မင်လေးစားလျက်
သူငယ်ချင်းတို့ရဲ့ ဘ၀တွေမှာလည်း တစ်ချိန်ချိန် အခက်အခဲ အတားအဆီးတွေ တွေ့ဆုံလာရတဲ့အခါမှာ ယုံကြည်ချက် အပြည့်အ၀နဲ့ တစ်နေ့မှာ အောင်မြင်ကျော်လွှားနိုင်ရမယ်လို့ မျှော်လင့်ထားမယ်ဆိုရင် အမှောင်တွေပျောက်ပြီး အလင်းတွေ ထာဝရရောက်ရှိလာမှာ အမှန်ပါပဲနော်။
အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း ဘာသာပြန်ဆို ရေးသားသည်။
မူရင်း......瞎子的秘方
 
 




6 comments:
ဝိုင်းရေ
မှတ်သားစရာလေးပါပဲ
Thanks
ဟေးးး လမင်းကြီးးး(ဝိုင်းဝိုင်းစက်စက်လမင်းလေ ဟိဟိ) ဖတ်တယ်နော် ဗဟုသုတလေး ရသွားတယ်တိရား ဟိဟိ ကျေးဂျူးးးးးးးးး ဘိုင်တာ့တာ
အစ်မရေ...ဖတ်သွားတယ်ဗျ
ဆရာဆိုတာဆရာပါပဲ
တတပည့်တွေကို တတ်မြောက်စေချင်တဲ့စေတနာနဲ့ပေါ့နော
ကောင်းတယ်
ပျော်ပါစေ
စာရွက်ထဲမှာဘာမှရေးမထားတာ မျက်မမြင်က ဘယ်လိုသိလဲ
ကိုကျော်
Good Idea ဘ၀ကို ကြံ့၂ခံနိုင်အောင် ဇွဲတွေနဲ့ ကြိုးစားဖို့ဖော်ပြထားတဲ့ပို့စ်လေးက သိပ်ကောင်းပါတယ်...
Post a Comment