18

ပန်းချီနဲ့ဓါတ်ပုံပေါင်းစပ်ရေးဆွဲထားသော လက်ရာများ











Src : toxel.com

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

0

Myanmar(Burma) singer Tai Shan on Taiwan Super Idol show



http://www.youtube.com/watch?v=iTQrmp0iYG0&feature=related


ဒီဗီဒီယိုဖိုင်ကတော့ ထိုင်ဝမ်မှ လုပ်တဲ့ သီချင်းအဆိုပြိုင်ပွဲ (超级偶像) Super Idol show မှာ မြန်မာပြည်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အသက်၂၉နှစ်အရွယ် ကျောက်ထိုက်ရှန်ဆိုသူပါ။ သူဟာ ထိုင်ဝမ်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ အစမှာတော့ မြန်မာသီချင်း ဇော်ပိုင်ရဲ့ မင်းနဲ့မှချစ်တတ်ပြီပေါ့ ဆိုပြီး စတင်မိတ်ဆက် သီဆိုယှဉ်ပြိုင်ခဲ့တယ် ပြီးတော့ ကွမ်တုံးသီချင်းကိုလည်း အဆိုအပြင် အကနဲ့ပါ တွဲဖက်ပြီး သီဆိုခဲ့တယ် အဲ့ဒီမှာ ဒိုင်လူကြီးတွေရဲ့ ကြိုက်နှစ်သက် ရွေးချယ်ခြင်းကိုခံရပြီး ဇကာတင် ၃၀ဦးရွေးပွဲ၊ နောက် ၂၀ဦးဝင် ရွေးပွဲ၊ ၁၉ဦး၊ ၈ဦးရွေးချယ်ပွဲ တွေတိုင်းမှာ ဒိုင်လူကြီးတွေရဲ့ ပြီးတော့ ပရိသတ်တွေရဲ့ စိတ်အာရုံကို လှုပ်ခတ်နိုင်စွမ်း၊ ဖမ်းစားနိုင်စွမ်းရှိအောင် အဆိုရော အကရော ပိုင်ပိုင်နိုင်နိုင် သီဆို ကပြ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နိုင်ခဲ့တာဟာ တကယ့်ကို ချီးကျူးဂုဏ်ယူလောက်ပါတယ်။ သူဟာ မြန်မာပြည်မှာ စီးရီးခွေ ၂ခွေထုတ်ခဲ့ဖူးသူလည်းဖြစ်တယ်။ သူအခုချိန်ထိအောင်မြင်လာတော့ သူ့ရဲ့ ရင်တွင်းဖြစ်စကားလေးကို နားထောင်ကြည့်ရအောင် "ဒီပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်အောင် အားပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ အိမ်သားများဖြစ်တဲ့ အမေ၊ အစ်မနဲ့တကွ တခြားသော ကျွန်တော့်ကို တခဲနက်အားပေးခဲ့ကြတဲ့ သီချင်းချစ်သူပရိသတ်များ၊ ကျွန်တော့်မှာ ပြောလို့မကုန်နိုင်တဲ့စကားတွေကို ဖော်ထုတ်ခွင့်မရှိပေမယ့် ကျွန်တော့်ရဲ့ ကြိုးစားမှုတွေကို ကျွန်တော်နဲ့ထပ်တူထပ်မျှ နားလည်ခံစားပေးနိုင်မယ့်လို့ မျှော်လင့်ပါတယ် ဆက်လက်ပြီးတော့ ကြိုးစားသွားပါ့မယ် " လို့ ပြောကြားခဲ့ပါတယ်။ သူဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်သီချင်းတချို့ကို ဒီလင့်တွေမှ တဆင့် ခံစားအားပေးလို့ရပါတယ်။

http://www.youtube.com/watch?v=b3BIUNSMYR8&feature=related (半点心)

http://www.youtube.com/watch?v=svMbB2NZV5w&feature=related (爱你一万年)

http://www.youtube.com/watch?v=ccHdOm8_ch8&feature=related (快乐颂)

http://www.youtube.com/watch?v=vwtsyZJzQQU&feature=related (冬季到台北来看雨)

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်