3
One Shot, Double Meaning (2)
ကဲ ဒီတစ်ခါလည်း လာပြန်ပြီ ပုံတစ်ပုံတည်းမှာပဲ အဓိပ္ပါယ် ၂မျိုးရှိတဲ့ပုံတွေနော် ဆက်လက်အားပေးကြပါဦး
Src : do-while.com
အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း
1
One Shot, Double Meaning
ဓါတ်ပုံရိုက်လိုက်တုန်းကတော့ ၁ပုံတည်းပဲ ဒါပေမယ့် အဓိပ္ပါယ် ၂မျိုး သက်ရောက်သွားတဲ့ ပုံတစ်ချို့ပါ photoshop သုံးထားခြင်းလည်းမရှိဘူး မိုက်တယ်နော် ကြည့်ကြည့်လိုက်ပါဦးး-)
Russian people - strange situations 2
Russian people - strange situations 3
Russian people - strange situations 4
Russian people - strange situations 7
စားပစ်မယ် ၀ါးပစ်မယ်
Russian people - strange situations 8
လက်တစ်လုံးစာပဲရှိတာနော် ဟဲဟဲ..
Russian people - strange situations 9
ခြင်းတောင်းနဲ့ကွယ်နေတယ် အရှေ့ကို မမြင်ရဘူး
Russian people - strange situations 10
ကျန်းမာရေးနဲ့ညီညွှတ်အောင် စက်လှေကားကို ခြေကျင် တက်မယ်
Russian people - strange situations 13
Russian people - strange situations 14
Russian people - strange situations 16
ကြံရာပါ စားချင်ပုံရတယ်
Russian people - strange situations 19
Russian people - strange situations 21
တချက်တည်းနဲ့ ပစ်ထည့်လိုက်မယ်
Russian people - strange situations 22
ခေါင်းပျောက်နေပါလား ????
Russian people - strange situations 24
Russian people - strange situations 25
လူလိုလို တိရစ္ဆာန်လိုလိုပဲ နောက်မှာ ဦးချိုကြီးနဲ့ ဟိဟိ
Russian people - strange situations 26
ဒါကတော့ ဌက်ပျောသခွားသီးလား ဘယ်လိုခေါ်ရမှန်းတောင်မသိ
Russian people - strange situations 34
သူ့ကိုကြည့်ရတာ မူးဝေနေပုံရတယ်နော်
:D စိတ်ပြေလက်ပျောက်ပုံများ ကြည့်ခြင်းဖြင့် ဘ၀အမော စိတ်အမောတွေ ပြေပျောက်နိုင်ကြပါစေ.....
မူရင်း ။   ။ Oddee.com
အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း
3
" ရေ "
ရေငတ်သူကို
ရေရှိသူက
ရေကြည်တစ်ပေါက်
ဖေါက်ချပေးသော်
ရေကျိုး ဆယ်ပါး
မတောင်းပြည့်၏
ရေငတ်လေသူ
ရင်ဝယ်ငြိမ်း၏
ဒီကဗျာလေးကတော့ ကိုလဂွန်းအိမ် ရေးစပ်သီကုံးပေးထားတာပါ မြန်မာနိုင်ငံမှာ ရာသီဥတု အပူချိန် စံချိန်တင်မြင့်တက်လျက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်း ဒေသများဖြစ်သော မန္တလေးတိုင်း၊ မကွေးတိုင်းအတွင်းရှိ မြင်းမူ၊ မြင်းခြံ၊ မုံရွာ၊ မကွေး၊ မန္တလေး၊ ညောင်ဦးမြို့ပတ်ဝန်းကျင်တစ်ဝိုက်တွင် ထူးခြားနေ့အပူချိန်များဖြစ်ပေါ်ခဲ့သည့် နည်းတူ အပူဒဏ်ကြောင့် ဆေးကုသခံယူခဲ့ရမှုများလည်း ရှိခဲ့ပြီး ရုတ်တရက် သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရပါတယ်။ အခုလို သေဆုံးမှုများတွင် အသက်အရွယ်ကြီးရင့်သူများ၊ မဆင်မခြင် အရက်သောက်သုံးသူများ၊ သတိလက်လွတ်နေ ထိုင်သူများလည်း ပါဝင်ကြောင်းသိရတယ်လို့ Weekly Eleven သတင်းမှ တဆင့် ကြားသိခဲ့ရပါတယ်။
မြန်မာနိုင်ငံရှိ မြို့အချို့တွင် ဖြစ်ပေါ်ခဲ့သောအပူချိန်
၁၂-၅-၂၀၁၀    ဒီဂရီစင်တီဂရိတ် 
  မြင်းခြံမြို့     ၄၅ ဒသမ ၆
  မုံရွာ     ၄၅
 ညောင်ဦး     ၄၅
 ချောက်  ၄၅
၁၃-၅-၂၀၁၀     ဒီဂရီစင်တီဂရိတ်
 မြင်းခြံ     ၄၆ ဒသမ ၅
  မုံရွာ    ၄၅ ဒသမ ၇
 ညောင်ဦး     ၄၄ ဒသမ ၈
  မကွေး     ၄၅ ဒသမ ၅
 မြင်းမူ     ၄၇
 မန္တလေး      ၄၅
အခုလို သတင်းတွေကြားရပြီဆိုတာနဲ့ သူငယ်ချင်းတို့လည်း တထောင့်တနေရာကနေ ကူညီပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ် ထမင်းအသက် တစ်ရက် ရေ အသက် တစ်မနက်ဆိုတဲ့ စကားအတိုင်း ရေဟာ လူ့ဘ၀ အသက်ဆက်ရှင်နိုင်ဖို့အတွက် အင်မတန်မှ အရေးကြီးတဲ့ အရာတစ်ခုပါ။ လူသားအချင်းချင်း စာနာရိုင်းပင်းကူညီသောအားဖြင့် မိမိတို့ တတ်နိုင်တဲ့ဘက်မှ ရေအလှူဖြစ်ဖြစ် ငွေကြေးအလှူပဲဖြစ်ဖြစ် နည်းတာ များတာ ပဓါန မထားပဲ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြစေရန် ဒီပို့စ်မှတဆင့် နှိုးဆော်တိုက်တွန်းပေးလိုက်ရပါတယ်  
ရေ၏အကျိုး သယ်ပိုးသူများအား ဂုဏ်ပြုပါ၏ 
ဒီကဗျာလေးရေးစပ်ပေးတဲ့ကိုလဂွန်းအိမ်ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း..................
အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း
Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်