6

သေချာလေးစဉ်းစားပေးကြပါ....



ရုံးမှာ ဒီနေ့ညနေပိုင်း အချိန်နည်းနည်းလေးရတာနဲ့ သူငယ်ချင်းတွေရေးထားကြတဲ့ ဘလော့အသစ်တွေ ၀င်ဖတ်ဖြစ်ခဲ့တယ်။ ဘာလိုလိုနဲ့ ဧပြီလ ၁ရက်နေ့ ရောက်ခဲ့ပြီပဲ မနက်ဖြန်ဆို Good Friday (Public Holiday) ဖြစ်လို့ ဒီနေ့ မနက်ကတည်းက ရုံးတက်ချင်စိတ်တွေကုန်နေပြီး ရုံးဆင်းချိန်ကို အမြန်ရောက်ချင်နေခဲ့ပါတယ် နောက်မကြာခင်ကျရောက်လာမယ့် အချိန်ဖြစ်တဲ့ နှစ်သစ်ကူးမြန်မာသင်္ကြန်အချိန်ဆိုတာ ရောက်လာပြန်ဦးမယ် ဒီနှစ်နဲ့ဆို သင်္ကြန်ရေ မဆော့ခဲ့တာ ၃နှစ်ရှိသွားပါပြီ အခါအခွင့်သင့်တိုင်း မြန်မာပြည်ကို အလည်ပြန်ချင်နေခဲ့သူတစ်ယောက်ပါ အခွင့်အရေးတွေ မရခဲ့လို့ အခုအချိန်ထိ ဒီနိုင်ငံမှာပဲ အချိန်တွေကုန်လွန်ပြီး အလုပ်ထဲမှာပဲ လူရော၊ စိတ်ရော၊ အချိန်တွေရော နစ်မြုပ်နေရပါတယ် တခါတလေ စိတ်တွေ အရမ်းမွမ်းကြပ်မိတာအမှန်ပဲ ကိုယ်တိုင် ဘလော့တွေလည်းမရေးဖြစ်၊ သူငယ်ချင်းတွေရဲ့ ဘလော့တွေလည်း မဖတ်နိုင်တဲ့ အခြေအနေဖြစ်နေတယ်လေ ဘာပဲဖြစ်ဖြစ် အချိန်ခဏ ၁မိနစ်ပဲရရ ၅မိနစ်ပဲရရ လက်လှမ်းမီသလောက်တော့ ဘလော့တွေဖတ်ဖြစ်နေပါတယ် အားလုံးကိုလည်း မကြာမကြာ အမြဲသတိရနေပါတယ်

ပျော်ရွှင်စရာ ဧပြီလ ဖြစ်နိုင်ကြပါစေ.....

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်