13

မိဘကျေးဇူးဆပ်ကြပါစို့



တခါတုန်းက ကလေးငယ်တစ်ယောက်ရှိတယ်။ သူဟာ ငယ်ငယ်တုန်းကဆို သစ်ပင်ကြီးတစ်ပင်အောက်မှာ အမြဲတမ်း ကစားလေ့ရှိတယ်လေ။ ကစားတိုင်းလည်း သစ်ပင်ကြီးကပြောတယ် ငါတို့တွေ တူတူကစားရအောင်ကွာလို့ ပြောတော့ ကလေးငယ်လည်း သဘောတူလက်ခံပြီး သစ်ပင်ကြီးနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားကြတာပေါ့။

ဒီလိုနဲ့ နှစ်အနည်းငယ်ကြာလာတော့ ကလေးငယ်ဟာ ကြီးပြင်းလာပြီး အရင်ကလို ကစားတာကိုပဲ သိတဲ့သူ မဟုတ်တော့ဘူးလေ ဒါပေမယ့် သစ်ပင်ကြီးကတော့ငါတို့တွေ တူတူကစားရအောင်ကွာ လို့ပြောတော့ ကလေးငယ်က ငါ အခုမင်းနဲ့ မကစားချင်တော့ဘူး ငါကစားစရာ အရုပ်တွေ လိုချင်တယ် မင်းမှာရှိရင် ငါ့ကိုပေးပါလားကွာ လို့ တောင်းဆိုလာရော...
 
သစ်ပင်ကြီးက ငါ့မှာ ကစားစရာတွေတော့ မရှိဘူး ရှိတာဆိုလို့ အပင်က အသီးတွေပဲရှိတယ် မင်း ခူးသွားပြီး ပိုက်ဆံနဲ့သွားလဲလိုက် ဒါဆိုရင် မင်းလိုချင်တဲ့ ကစားစရာတွေ ရပြီပေါ့ကွာ လို့ပြောလိုက်တော့ ကလေးငယ်လည်း အရမ်းဝမ်းသာသွားပြီး သစ်ပင်ကြီးဆီကအသီးတွေ ခူးလိုက်တယ် ပြီးတော့ ကစားစရာတွေနဲ့ လဲပစ်လိုက်တယ်လေ။
 
နောက်ထပ်နှစ်တွေ ကုန်လွန်လာပြန်တော့သွားတော့ ကလေးငယ်ဟာ အိမ်ထောင်ရက်သားကျပြီးသူဖြစ်လာတယ်လေ။ တစ်နေ့မှာ သူဟာ သစ်ပင်ကြီးအောက် ရောက်လာပြန်တယ်။ သစ်ပင်ကြီးက သူ့ကိုတွေ့တော့ ငါတို့တွေ တူတူကစားရအောင်လေလို့ ခေါ်ပြန်တယ်။ ဒီတစ်ကြိမ်မှာ သူက ငါဟာ အခု ငါ့ကိုယ်ပိုင်အိမ်ထောင်ရေး နဲ့ဖြစ်နေပြီ ငါလောလောဆယ် အိမ်တစ်လုံးလောက်လိုချင်တယ်ကွာ မင်းငါ့ကို ကူညီနိုင်မလား လို့ မေးတယ်။
 
အဲ့ဒီတော့ သစ်ပင်ကြီးက ငါ့မှာတော့ အိမ်မရှိဘူး ဒါပေမယ့် မင်း လိုချင်ရင် ငါ့အပင်ကို ခုတ်သွား ပြီးတော့ မင်း လိုချင်တဲ့အိမ်တစ်လုံးဆောက်လိုက်တော့ လို့ပြောတော့ သူလည်း သစ်ပင်ကြီးပြောတဲ့အတိုင်း လုပ်လိုက်တယ်။ နောက်ဆုံးသစ်ပင်ကြီးဆီမှာ သစ်ငုတ်တိုအဖြစ်နဲ့ပဲ ကျန်ခဲ့တော့တယ်လေ။ ဒီလိုနဲ့ပဲ ရက်တွေ လတွေ နှစ်တွေ ကုန်ဆုံးသွားပြန်ရော..

ရာသီတွေ အလီလီ ပြောင်းလဲပြီးနောက် ဟိုးအရင်ငယ်ငယ်တုန်းက ကလေးငယ်ဟာ အခုတော့ အသက်တွေကြီးပြီး ဇရာအိုအရွယ်တောင် ရောက်လာခဲ့ပါပြီ တစ်နေ့မှာ သူဟာ သစ်ပင်ကြီးရှေ့ကို ရောက်လာတယ် သစ်ပင်ကြီးက သူ့ကိုတွေ့တော့ အခုတော့ ငါ့ဆီမှာ ဘာမှမရှိတော့ဘူး မင်းကိုလည်း မကူညီနိုင်တော့ဘူးကွာ အဲ့ဒီအခါမှာ သူကလည်း ပြောပါတယ် ငါလည်း မင်းဆီက ဘာမှ မလိုချင်တော့ပါဘူး ဒါပေမယ့်အခုတော့ ငါခဏလောက် အနားယူချင်တယ် မင်းကူညီနိုင်ဦးမလားလို့ မေးလိုက်တယ်။

မင်းအနားယူချင်တယ်ဆိုရင်လည်း ငါ့အပေါ်မှာ ထိုင်ပြီး အနားယူနိုင်တယ်လေကွာ တဲ့။ သူလည်း ကောင်းမွန်စွာ အနားယူအပန်းဖြေပြီး သစ်ပင်ကြီးဆီကနေ တဖြည်းဖြည်း ထွက်ခွာလာခဲ့ပါတယ်။

*********************................................*********************

ဒီပုံပြင်လေးကို ဖတ်ကြည့်ပြီး စဉ်းစားကြည့်ရအောင် အမှန်တော့ သစ်ပင်ကြီးဆိုတော့ ကျွန်မတို့ရဲ့ မိဘတွေနဲ့တူပါတယ်။ ကလေးငယ်ကတော့ သားသမီးတွေဖြစ်တဲ့ ကျွန်မတို့တွေပေါ့။ ဒါဆိုရင် မိဘတွေက ကျွန်မတို့ဘ၀တလျှောက်လုံး ငယ်ရာကနေ ကြီးလာတဲ့ အရွယ်ထိ လိုအပ်သမျှတွေ အားလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တာတွေကြီးပဲလေ။ အထူးသဖြင့် ကျွန်မတို့ကို အခုလို အရွယ်ထိရောက်အောင် ကိုးလလွယ်ပြီး ဆယ်လဖွားခဲ့ရတဲ့ မွေးသမိခင် ကျေးဇူးရှင် မေမေပါပဲ။ ငယ်ငယ်တုန်းကဆို ထမင်းစားတဲ့ အခါမှာ ၀ါးပြီးတော့တောင် ခွံ့ကျွေးခဲ့ဖူးတယ်။ အရွယ်ရောက်လာတဲ့အခါကျတော့ အဲ့ဒါတွေကို ရွံစရာလို့ ထင်မြင်ကောင်း ထင်မြင်မိကြမှာပါ။ ပြီးတော့ ပညာတတ်တွေဖြစ်အောင် ကျောင်းထားပေးခဲ့တယ်။ သူများနဲ့တန်းတူ ကျူရှင်တွေ သင်တန်းကျောင်းတွေလည်း တက်ရောက် သင်ကြားခိုင်းတယ်။ လိုချင်တာတွေ အားလုံးလည်း မငြီးမညူလိုက်လျော ၀ယ်ခြမ်းပေးခဲ့တယ်။ မိဘတွေရှာဖွေထားတဲ့ ဥစ္စာပစ္စည်းတွေ အားလုံးဟာ နောက်ဆုံးတော့ သူတို့ သားသမီးတွေ အတွက်ပါပဲ။ သူတို့ရဲ့ စေတနာ၊ မေတ္တာ၊ ဂရုဏာ၊ အနစ်နာတွေအားလုံးဟာ သားသမီးတွေအတွက် ပေးဆပ်ခဲ့တာ ကျွန်မတို့ အခုတသက်တာပဲနော်။ နောက်ဆုံး ကျွန်မတို့တွေ သွားစရာ ပြန်စရာ နေစရာမရှိတော့ရင်တောင် မိဘရင်ခွင်ထဲမှာ နွေးထွေးစွာ ခိုလှုံအနားယူခွင့် ရပါသေးတယ်။ ကျွန်မတို့ ကျေးဇူးပြန်လည်ဆပ်ဖို့ကို မမျှော်လင့်ခဲ့ကြဘူး မတောင့်တခဲ့ကြဘူး ကျွန်မတို့ ကောင်းစားနေတာကို ကြည့်ပြီးတော့တောင် ကြည်နူးဝမ်းသာပီတိတွေဖြစ်နေကြတာပဲ။


ဒီနေ့ 30.12.2009 ဟာ ကမ္ဘာ့အမေများနဲ့ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ၀ိုင်းရဲ့ မာမားကတော့ မြန်မာပြည်မှာပဲ ရှိပါတယ်။ နေ့တိုင်း မာမားကို သတိရတယ်။ တစ်ပတ်ကို တစ်ကြိမ် အွန်လိုင်းမှာ စကားပြောဖြစ်ပါတယ်။ တခါတလေ ၀ိုင်းက ရီစရာတွေ ပြောတတ်တယ် အဲ့ဒီအချိန်ကျရင် မာမားရဲ့ ဟန်ဆောင်မှု ကင်းတဲ့ ရီသံက ၀ိုင်းတို့ရဲ့ ရင်ကို အေးမြစေတယ်လေ။ အခုချိန်ဆို မြန်မာပြည်မှာအေးမြတဲ့ ဆောင်းရာသီကျရောက်လာပြီဖြစ်လို့ သားသမီးတွေနဲ့ ဝေးနေတော့ ကျန်းမာရေးကို အထူးတလည် ဂရုစိုက်ဖို့ပဲ အထပ်ထပ်ပြောနေမိပါတယ်။ အခုအချိန်ထိတော့ မိဘကျေးဇူးကို တတ်နိုင်တဲ့ ဘက်က ဆပ်ခွင့်ရအောင် ကြိုးစားရင်း အမေများနေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့ သားသမီးတိုင်းရဲ့ကိုယ်စား မိဘတိုင်း မိဘတိုင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေလို့ လက်ဆယ်ဖြာယှက်ကာ အဝေးတစ်နေရာကနေ ပူဇော်ကန်တော့လိုက်ပါတယ်ရှင်..........

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

12

မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းရခြင်းအကြောင်း


မွေးနေ့ပွဲများ ကျင်းပသောအခါ မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းသောဓလေ့မှာ မြန်မာတို့၏ ထုံးတမ်းစဉ်လာလည်းမဟုတ်ပါ။ သိပ္ပံအမြင် သိပ္ပံသဘောတရားတို့နှင့် သက်ဆိုင်ခြင်းလည်းမရှိပါ။

အင်္ဂလိပ်လူမျိုးတို့က မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းပေးခြင်းသည် မွေးနေ့ရှင်ကို ဂုဏ်ပြုရာရောက်သည်။ နောင်လာမည့် အသက်တစ်နှစ်တာအတွက် ဖယောင်းတိုင်အလင်းက ကံကောင်းခြင်းလက်ဆောင်များကို ယူဆောင်လာနိုင်လိမ့်မည်ဟု ယုံကြည်ကြ ပါသည်။

မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်ထွန်းသော ဓလေ့ကို ရှေးခေတ်ဂရိလူမျိုးတို့က စတင်ခဲ့သည်ဟု လေ့လာတွေ့ရှိရပါသည်။ ဂရိတို့ ကိုးကွယ်သော ဇုနတ်မင်းကြီးနှင့် ၄င်း၏ကြင်ယာတော် လီတို တို့တွင် အမြွှာညီအစ်မနှစ်ဦးရှိလေသည်။ တစ်ဦးမှာ အပိုလို နတ်သမီး (နတ်သား) ဖြစ်ပြီး ကျန်တစ်ဦးမှာ အာတီးမစ်နတ်သမီး ဖြစ်လေသည်။ အပိုလိုနတ်သမီး (နတ်သား) သည (နေ) ကိုစောင့်ရှောက်သော တာဝန်ကို ယူရပြီး အာတီးမစ် နတ်သမီးသည် အမဲလိုက်သူများနှင့် ကလေးသူငယ်များကို စောင့်ရှောက်သည်ဟု ယုံကြည်ကြပါသည်။ ထို့ကြောင့် အာတီးမစ် နတ်သမီး၏ရုပ်ပုံတွင် လေးနှင့်မြားကို ထည့်သွင်းရေးဆွဲလေ့ရှိပါသည်။

(အမှားပြင်ဆင်ထားပါတယ် အခုလို အမှားရှိတာကို ပြင်ပေးခဲ့တဲ့ ကိုဖိုးသင်္ကြန်ကို ကျေးဇူးတင်ပါတယ် အပိုလိုအကြောင်းအသေးစိတ်ကို ဒီမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်ရှင်)

အဆိုပါ အာတီးမစ်နတ်သမီးကို ကိုးကွယ်သူများသည် လစဉ် လဆန်း ၆ ရက်နေ့တိုင်းတွင် သူမအတွက် ပြုလုပ်ထားသော နတ်ကွန်း၌ ကိတ်မုန့်များကို သွားရောက်လှူကာ ပူဇော်လေ့ရှိကြပါသည်။ ကိတ်မုန့်များကို အ၀ိုင်းပုံပြုလုပ်ထားကြပြီး ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်သေးသေးလေးများကို ထွန်းညှိပူဇော်ခဲ့ကြပါသည်။

အဆိုပါအလေ့အထသည် အလယ်ခေတ်တိုင်အောင် ပျံ့နှံ့လာခဲ့ပြီး ထိုခေတ်က ဂျာမန်လယ်သမားကြီးများသည် မွေးနေ့ကိတ်များတွင် ဖယောင်းတိုင်ထွန်းညှိကြကြောင်း သိရှိရပါသည်။ သူတို့သည် မွေးနေ့ရှင် ကလေးငယ်မနိုးခင် မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင် ထွန်းညှိထားကြပါသည်။ ဖယောင်းတိုင်ကိုလည်း ကလေး၏ လက်ရှိအသက်ထက် တစ်နှစ်ပေါင်းပြီး ထွန်းပေးထားရပါသည်။ ဥပမာ ကလေးအသက် ၆ နှစ်ဖြစ်ပါက ဖယောင်းတိုင် ၇ တိုင် ထွန်းထားပေးရပါသည်။ ၄င်းဖယောင်းတိုင်များကို အခြားအစားအသောက်များ စားသုံးပြီးမှ နောက်ဆုံးကြမှ မီးမှုတ်ရပါသည်။

ဖယောင်းတိုင်မီးမှုတ်ရာတွင်လည်း တစ်ကြိမ်တည်းနှင့် ဖယောင်းတိုင်အားလုံးငြိမ်းအောင် မီးမှုတ်နိုင်မှသာ ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြပါသည်။ ထို့အပြင် မိမိလိုချင်သောဆုတောင်းကို အသံထွက်တောင်းလိုက်လျှင် ဆုတောင်းမပြည့်ဖြစ်တတ်သည်ဟုလည်း ယုံကြည်ခဲ့ကြပါသည်။ နောက်ပိုင်းတွင် ဂျာမန်တို့၏ အဆိုပါမွေးနေ့ကိတ်အလေ့အထသည် တဖြည်းဖြည်းပျံ့နှံ့လာပြီး မွေးနေ့များတွင် မွေးနေ့ကိတ်နှင့် ဖယောင်းတိုင်သည် ခေတ်စားလာခဲ့ပါသည်။

မူရင်း လေးက ဒီမှာပါ။

To celebrate your life...yes everyday should be a celebration, but the day you were born, the day you entered this life. A beautiful life that deserves to be celebrated with family and friends.


History of birthday celebration starts before the rise of Christianity. in some culture it is believed that on the birthday evil spirit visit .It is belief that by creating so much noise is such parties scarce away the spirits.

We blow candles every year when we celebrate our birthday. When we blow out our candles we are following actually a tradition or custom created by the ancient Greeks. In the Greek tradition on the sixth day of every month, the birthday of Goddess of the hunt is celebrated. The ancient Greek in her honour made a honey cake which is topped with burning candles. As they blow out each candle, the people make a wish from Goddess for a present. In the same way as we blow each candle on our birthday it means that we believed that all of our wishes will be granted.

In 1982 .patty smith and Mildred hill wrote a song with the title of "good morning to you" for the school students in Kentucky, USA. But now that tune is sung with the words of "happy birthday to you " now that song is sung throughout the world and it popular in the entire world.
You blow out candles on a birthday cake because, before you blow them out, you make a wish, and if you blow them all out in one try, your wish comes true.

................................*******................................
ပြီးတော့ 29.12.2009 မှာ ကျရောက်တဲ့ ကိုတောသားလေး ရဲ့ မွေးနေ့ အတွက်လည်း အမှတ်တရပါ။ ဘလော့ဂါတွေထဲကနေ အကိုအရင်း တစ်ယောက်လို ခင်မင်မိတာအမှန်ပါပဲ။ ပြီးတော့ fb မှာ ဂိမ်းတူတူ ဆော့ဖော်ဆော့ဖက်ပေါ့း)) ကော်ဖီဆိုင်မှာ စားပွဲလည်းထိုးရ ၊ စားသောက်ဆိုင်မှာလည်း စားဖိုမှူးလုပ်ရ၊ ဘောလုံးအသင်းမှာဆိုလည်း ၀င်ကန်ပေးရသေးတယ်လေ၊အခုဆို သူက level တွေလည်း တော်တော်တက်နေပါပြီ :D ဘလော့အတွက် ၊ နိုင်းဆိုဒ်တွေမှာလည်း လိုအပ်တဲ့ အကူအညီတွေ၊ သိတာတွေ ပြောရင်း၊ အကူအညီပေးရင်းနဲ့ ခင်မင်လာခဲ့ကြတာပါ ဒီနေ့လို ကျရောက်လာတဲ့ မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ တိုင်အောင် မိသားစုတွေ၊ နီးစပ်ရာသူငယ်ချင်းတွေ၊ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေ အားလုံးနဲ့ ပျော်ရွှင်စွာ ဘ၀ခရီးလမ်းကို အောင်အောင်မြင်မြင်နဲ့ အခက်အခဲတွေ ရင်ဆိုင် ကျော်ဖြတ်နိုင်ပြီး အမျိုး၊ ဘာသာ၊ သာသနာအတွက် တတ်နိုင်တဲ့ဘက်ကနေ ဓမ္မစာပေများ ဆက်လက်ဖြန့်ဝေ ရေးသားပေးနိုင်ပါစေ၊ ကိုတောသားလေးတစ်ယောက် ကျန်းမာ၊ ချမ်းသာပြီး မွေးနေ့တိုင်း မွေးနေ့တိုင်း ပျော်ရွှင်စွာနဲ့ ဖြတ်သန်းကာ သာ့သနာအကျိုး ဒီ့ထက်မက ဆက်လက် ထမ်းဆောင်နိုင်ပါစေလို့ အဝေးတစ်နေရာကနေ ဆုတောင်းပေးလိုက်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

3

Public Holidays in Singapore 2010

မကြာသောအချိန်အတွင်းမှာ နှစ်တစ်နှစ် ကုန်ဆုံးလို့ နှစ်သစ်ကို ရောက်လာပါတော့မယ် အရင်ဆုံးကြည့်မိတာကတော့ နောက်နှစ်မှာ ဘယ်နေ့တွေ ဘယ်လို ပိတ်မလဲဆိုတာပါ ဘာရယ်မဟုတ်ပါဘူး နောက်နှစ်အတွက် ပိတ်ရက်လေးတွေကြည့်ပြီး ကြိုပျော်မိနေတာ =)


New Year's Day
Friday, 01 Jan 2010



Chinese New Year
Sunday*, 14 Feb 2010
Monday, 15 Feb 2010
* As Chinese New Year falls on Sunday 14 Feb and Mon 15 Feb, the next day, Tuesday 16 Feb 2010, will be a public holiday.





Good Friday
Friday, 02 Apr 2010




Labour Day
Saturday, 01 May 2010



Vesak Day
Friday, 28 May 2010



National Day
Monday, 09 Aug 2010




Hari Raya Puasa
Friday, 10 Sep 2010




Deepavali
Friday, 05 Nov 2010**
* The date for Deepavali, 5 Nov 2010, needs to be checked against the Indian Almanac when it is available.



Hari Raya Haji
Wednesday, 17 Nov 2010



Christmas Day
Saturday, 25 Dec 2010

ပိတ်ရက်တွေက များသောအားဖြင့် သောကြာနေ့တွေချည်းပဲ၊ စနေ ရုံးတက်စရာ မလိုတဲ့ သူတွေအတွက်တော့ အေးအေးဆေးဆေးပေါ့။ တန်ဖိုးရှိတဲ့ အားလပ်ရက်၊ ပိတ်ရက်တွေကို ပျော်ရွှင်စွာနဲ့ အချိန်ကုန်လွန်နိုင်ကြရင်း ပျော်ရွှင်စွာနဲ့ နှစ်သစ်ကို ကြိုဆိုကြပါစို့ ........

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

4

Merry Christmas

တစ်နှစ်မှာ တစ်ခါ တစ်လမှာ တစ်ရက်ဆိုသလို မကြာခင်မှာ ကျရောက်လာတော့မယ့် ခရစ္စမတ် မှာ သူငယ်ချင်းအားလုံး ပျော်ရွှင်စရာ ဒီဇင်ဘာလနဲ့ ပျော်ရွှင်စရာခရစ္စမတ် အားလပ်ရက်ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း........





e-card ထည့်ပုံ (မသိသေးသူများအတွက်ပါ)

၁။ မိမိပို့ချင်တဲ့ e-card လေးကိုရွေးပါ
၂။ ရွေးပြီးပြီဆိုရင် send this ecard ဆိုတဲ့ button ကို မရွေးပါနဲ့ဦး သူ့အောက်ဖက်နားမှာ Shared this ecard ဆိုတာကို နှိပ်လိုက်ပါ။
၃။ အဲ့ဒီမှာ Embed ဆိုတဲ့နေရာမှာ ကုဒ်ဒင်းတွေ့မယ် အဲ့ဒီကုဒ်ဒင်းတွေ အားလုံး copy ကူးပြီး မိမိတင်ချင်တဲ့ ပို့စ်နေရာမှာ paste ချလိုက်ရုံပါပဲ။ လွယ်တယ်ဟုတ်.....

သိသွားပြီဆိုရင် မိမိကြိုက်နှစ်သလောက် e-card တွေ ကိုယ်ပိုင်နေရာတွေ ကိုယ်ပိုင်ဘလော့တွေမှာ ထည့်လို့ရပြီပေါ့... အားလုံး အဆင်ပြေကြပါစေရှင်။







ဒီဇင်ဘာ ၂၅ရက်နေ့ကတော့ ယေရှုကိုယ်တော်မြတ် ဖွားမြင်ခဲ့တဲ့ နေ့ရက်လည်းဖြစ်ပါတယ်











ဒါတွေကတော့ ခရစ်စမတ်အတွက် ချစ်စရာကောင်းလှတဲ့ Disney Christmas Wallpapers ပုံလေးတွေပါ












သူငယ်ချင်းတို့တွေအတွက် ခရစ်စမတ် လက်ဆောင်တွေ အားလုံးပြင်ဆင်ထားတယ်

Jingle Bell


Post Cards



X'mas Gift


လက်ဆောင်တွေအားလုံးကို ကြိုက်သလောက်သာ ယူသွားတော့နော်။ အခုလို ပျော်ရွှင်စရာ ခရစ္စမတ်မှာ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေ အားလုံးနဲ့ ပျော်ပျော်ပါးပါးကြီး ပျော်ရွှင်နိုင်ကြပါစေ။ ဒီနှစ် ခရစ္စမတ်တော့ ၀ိုင်း KL ကို အလည်သွားမှာပါ။ မသွားခင် ဒီပို့စ်လေးနဲ့ သူငယ်ချင်းအားလုံးကို နှုတ်ဆက်ရင်း အကြိုဆုတောင်းပေးလိုက်ပါတယ်။

…………(¯`O´¯)


…………..*♫*.

………, • '*♥* ' • ,

……. '*• ♫♫♫•*'

….. ' *, • '♫ ' • ,* '

….' * • ♫*♥*♫• * '

… * , • Merry' • , * '

…* ' •♫♫*♥*♫♫ • ' * '

..* , • Christmas' • , * '

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

9

ရေစက်ချ အမျှဝေခြင်းနှင့်ပတ်သက်၍ ဓမ္မ အမေးအဖြေ

မေး။    ။ အရှင်ဘုရား၊ ရေတွင်း၊ ရေကန်၊ ဘုရား၊ ကျောင်း၊ သိမ်၊ ဇရပ်များ ဆောက်လုပ်လှူဒါန်းသည်မှအစ ဆွမ်းကျွေး၊ ပရိတ်နာ၊ ရှင်ပြု၊ သီလခံယူ၊ တရားနာ စသည်၌ နောက်ပိတ်ဆုံး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် ပြုလုပ်ကြသည်များကို တွေ့ရပါသည်။ အကယ်၍များ အထက်ဖော်ပြပါ အလှူဒါနကောင်းမှုများ ပြုလုပ်ပြီး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် မပြုခဲ့ပါလျှင် ၄င်းပြုလုပ်ခဲ့သော အလှူဒါနကောင်းမှုအတွက် ကောင်းကျိုးချမ်းသာ၊ ကုသိုလ်များ မရနိုင်ဘူးလားဘုရား၊ အလှူဒါန အထမမြောက်ခြင်းရော ဖြစ်နိုင်ပါသလားဘုရား၊ ဘာပစ္စည်းလှူလှူ ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ်ပြီးမှ ကုသိုလ်အကျိုး ခံစားရပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

ဖြေ။   ။ ရေစက်ချခြင်းဟူသည်မှာ- အလှူတခု လှူဒါန်းရာ၌

၁။ လှူဒါန်းခြင်း
၂။ ဆုတောင်းခြင်းနှင့်
၃။ အမျှဝေခြင်း ဟူ၍ အပိုင်း ၃-ပိုင်းရှိရာ ဤပစ္စည်း ဤ၀တ္ထုများကို လှူဒါန်းပါ၏။
ဤသို့လှူဒါန်းရသောကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏။ ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တ၀ါတို့ ရရှိကြပါစေ-ဟု စိတ်စေတနာ လေးလေးနက်နက်ဖြင့် အမျှဝေရခြင်းမှာ ဘုရားအလောင်း သူတော်ကောင်းတို့ ပြုရိုးအစဉ်ပင် ဖြစ်ပါသည်။

ဝေဿန္တရာမင်းကြီးသည် ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါသည်။ ထိုရေစက်ချ အမျှဝေမှုသည်ပင် မာရ်နတ် စစ်တိုက်လာရာ၌ ဤဗောဓိပင်နှင့် ရွှေပလ္လင်ကို ရရေး (သဗ္ဗညုတဉာဏ်ကိုရရေး) အတွက် ဝေဿန္တရာဘ၀တွင် လှူဒါန်း၍ ရေစက်ချခဲ့သည်ကို ဤမဟာပထ၀ီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုသဖြင့် ပထ၀ီမြေကြီးက သက်သေခံခဲ့ပါသည်။ အလှူရှင်မှာ အခြား အကုသိုလ်အကျိုးပေး၍ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးဝေ ဖူးသည်မဟုတ်လော-ဟု သတိပေး၍ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါသည်။ ထို့ပြင်လည်း ပုညကိရိယ ၀တ္ထု (ကုသိုလ်ကောင်းမှု) ၁၀-ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန) သည်လည်း ဒါနစသော ကုသိုလ်တို့ကဲ့သို့ ကုသိုလ် တမျိုးဖြစ်ရာ ရေစက်ချ၊ အမျှဝေသဖြင့် ကုသိုလ်တမျိုး တိုးနိုင်ပါသေးသည်။ အလှူလှူရာ၌ ဆုတောင်းခြင်းမပြုဘဲ လှူခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်၍ နိဗ္ဗာန်ကို ဆုတောင်းမှ ဒါနပါရမီ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပါရမီဒါန ပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း စသည့် ရေစက်ချမှုကို မပြုမနေ ပြုလုပ်ကြရပါသည်။

................................*******................................

ပဋိပတ္တိ၊ ပရိယတ္တိ အလုပ်များ မနေမနား ပွားများအားထုပ်၍ ဝိပဿနာ တရားစခန်းများကို ဒေသအသီးသီးနှင့် ပြည်တွင်းပြည်ပ နိုင်ငံများသို့ လှည့်လည်ဟောပြလျက် ရှိတော်မူသော ကျေးဇူးတော်ရှင် ပုညာရာမဆရာတော် အရှင်ပုညာနန္ဒသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂရာတွင် ဘဝနတ်ထံပျံတော်မူသွားကြောင်း ဝမ်းနည်းဖွယ်ရာ သတင်းရရှိပါသည်။

ဆရာတော်၏ ဝိပဿနာ အလုပ်ပေးတရားများကို အင်တာနက်စာမျက်နှာ အရှင်ပုညာနန္ဒ (ပုညာရာမကျောင်းတိုက်) တွင် ကြည်ညိုနာယူနိုင်ပါကြောင်း။

ဆရာတော်၏ဆိုဒ်မှ ဓမ္မရေးရာ အမေးအဖြေ တစ်ချို့ကို ကောက်နှုတ်ဖော်ပြပေးခြင်းပါ ။ နောက်ထပ် ဓမ္မစာမျက်နှာများ နှင့် ဓမ္မရေးရာဘလော့များ ကိုလည်း စုံလင်စွာ စုစည်းပေးထားပါတယ်။ ဓမ္မမိတ်ဆွေများ ဓမ္မဒါန အလှူတရားတော်များ ဖြန့်ဝေပေးခြင်းဖြင့် သာသနာ့အလင်း ထာဝစဉ် ထွန်းလင်းတောက်ပနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။


အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

8

Bukit Batok Nature Park



Bukit Batok Nature Park occupies about 36 hectares, covered mostly by natural secondary vegetation. The park is a former granite quarry and has undulating and meandering footpaths leading to scenic look-out points, some more than 10-storeys high. Near the entrance of the park, at the foot of a high cliff wall is a picturesque 1.2 ha pond. The pond runs deep and still - a relic from the mining days of the region. There are also fitness stations, restroom, jogging track and nature trails.

Two memorials, one for Japanese soldiers and the other for Allied soldiers sat on this hill-top site - Bukit Batok Memorial Site

Geologically, the core of Singapore comprises a granite complex called the Bukit Timah Granite. In more central parts of Singapore, including Bukit Batok and Bukit Timah, this granite was exposed during the last century by quarrying. Bukit Batok Nature Park was developed on an abandoned quarry site in 1988 and this feature has been preserved as a tranquil lake, providing a home to native wildlife. 

Bukit Batok used to be a sleepy rural area with forest, farm lands and factories. Granite quarrying was among the early activities there since 1950s. In fact Bukit Batok in Malay means "Coughing Hills" as the blasting made the hills appear to be coughing. 

At the top of Bukit Batok hill, which the MediaCorp's tower now stands, is the site of two memorials built by the Japanese for their war dead as well as for the Allied soldiers. Both were demolished by the Japanese. Today, all that remains are two pillars and 120 concrete steps leading up to the transmission tower. 


 
အထဲကို ရောက်ပြီဆိုတာနဲ့ စပြီးတွေ့ရတာ ကလေးကစားကွင်း

 
 ဒါက အဝေးတစ်နေရာမှ လှမ်းမြင်နေရတဲ့ တောင်စောင်း

 
အနီးကပ်သွားကြည့်ရင် မြင်ရတဲ့ ချောင်းကလေး

 
ထူးဆန်းဖို့ကောင်းတဲ့ သစ်မြစ်ကြီး

 
Bukit Batok Memorial Site ဆိုတဲ့ နေရာ ရောက်ဖို့ လူသွားလမ်းကနေ တဆင့် ရိုက်ထားတဲ့ တောင်စောင်းပုံ

 
Bukit Batok Memorial Site နားရောက်တော့ လှေကားနားမှာ ရှိတဲ့ သတ္ထုပြား စာအုပ်ပုံစံကြီး

အဲ့ဒီနေရာကနေတဆင့် အပြန်လမ်း ကုန်းဆင်းကြီးပါ

ဘာရယ်မဟုတ်ပိတ်ရက်တုန်းက ပျင်းလို့ရောက်သွားခဲ့တဲ့ နေရာပါ။ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်ပြီး အနားယူအပန်းဖြေမယ်။ အပြေးလာလေ့ကျင့်တဲ့သူတွေလည်း ရှိပါတယ်။ မရောက်ဖူးသေးဘူးဆိုရင်တော့ အပန်းဖြေ သွားရောက် လည်ပတ်လို့ရတဲ့ တစ်နေရာတစ်ခုပါလို့

Admission - Free
Open        - Daily
Near MRT - Bukit Batok MRT
Bus No.     - 61, 66, 157, 178, 852 and 985. Alight along Butik Batok Avenue 6 (4 more bus stop from bus interchange)

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

6

သောက ကင်းဝေးနေနိုင်ရေး

အခုရက်ပိုင်း ၀ိုင်း အားလပ်ချိန်မှာ ဖတ်ဖြစ်နေတဲ့ ဆရာကြီးတက်တိုး(1913-2003)ရဲ့ သောကကင်းဝေး နေနိုင်ရေးစာအုပ်လေးပါ။ မူရင်းရေးသားသူ Dale Carnegie ဒေးလ်ကာနေဂျီ - How to stop Worrying and start living စာအုပ်မှ ထဲကနေ ဆရာကြီးရဲ့ ဘာသာပြန်ချက်များ တချို့တ၀က်ကို ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ်။

(၁) တစ်နေ့တစ်ခါနေပါ

နောင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွင် ယနေ့အလုပ်ကို စိတ်ဝင်စားပြီး ကောင်းမွန်အောင်မြင်စွာလုပ်ကိုင်ခြင်းသည် အရေးအကြီးဆုံးဖြစ်သည်။ နက်ဖြန်အတွက် စဉ်းစားပါ။ သို့သော်နက်ဖြန်အတွက် ကြို၍မပူပန်ပါနှင့်။ နက်ဖြန်အတွက် ကြိုတင်ပြင်ဆင်မှုပြုပါ။ သို့သော် နက်ဖြန်ဘာများဖြစ်ပါသလဲ ဟု တွေးတော ကြောင့်ကြခြင်း မရှိပါနှင့်။

အင်္ဂလိပ်သဘာဝစာရေးဆရာကြီး ဂျွန်ရပ်စကင်းသည် စားပွဲပေါ်တွင် ကျောက်တုံးတစ်ခုရှိရာ ထိုကျောက်တုံးပေါ်၌ စာလုံးတစ်လုံးတည်းထွင်းထားသည်။ ထိုစာလုံးကား " ယနေ့ " ဟူ၏။

(၂) သောကပျောက်နတ်ဆေး

သင်သည် ပြဿနာတစ်ခုခု ပေါ်လာလျှင် မရှူနိုင် မကယ်နိုင်ဖြစ်ပြီး သောကမပွေပါနှင့်။ ဤနတ်ဆေးကို အသုံးပြုပါလေ။

၁။ ဒီကိစ္စမှာ ငါ ဘယ်အခြေအနေအထိ ရောက်မလဲဟု အဆိုးဆုံးအခြေကိုတွက်ကြည့်ပါ။
၂။ ထို အဆိုးဆုံး အခြေအနေကို လက်ခံနိုင်အောင် ကြိုးစားပါ။
၃။ အဆိုးဆုံး အခြေအနေကို လက်ခံပြီး ထိုအခြေအနေမှစ၍ တိုးတက်လာအောင် စိတ်အေးအေးနှင့် ကြံစည်စဉ်းစားပါ။

(၃) သောက၏ ဆိုးကျိုးများ

" သောကကိုမျှ မတိုက်ခိုက်တတ်သော လုပ်ငန်းရှင်များသည် အရွယ်ငယ်ငယ်နှင့်ပင် သေဆုံးကြရပေမည် "

ဒေါက်တာ အဲလက် ကယ်ရယ်

အောက်ပါအကြောင်းများကြောင့် သွက်ချာပါဒ ဖြစ်တတ်သည်။

၁။ အိမ်ထောင်ရေးပျက်စီးခြင်း
၂။ စီးပွါးရေး ပျက်စီးခြင်း
၃။ အဖော်သဟဲ မရှိခြင်း
၎။ အငြိုးစိတ် မွေးမြူထားခြင်း
၅။ သောက ထွေပြားခြင်း စသည်တို့သည် စိတ်နှင့်ဆိုင်သော သောကမှ ဖြာထွက်လာသော အကြောင်းများဖြစ်သည်။

သောကကြောင့် သွားကျိုးလွယ်သည်ကို သတိပြုမိကြပါသလား။ မဆီမဆိုင် သောကများတာနဲ့ သွားကျိုးလွယ်တယ်၊ မဖြစ်နိုင်ကောင်းဟု ဆိုကောင်းဆိုပါမည်။ သွားဘက်ဆိုင်ရာ နာမည်ကျော် ဒေါက်တာ မက္ကဂေါနီဂီက သောက ထွေပြားမှုကြောင့်လည်းကောင်း၊ ကြောက်စိတ်ကြောင့်လည်းကောင်း သွားတွင်ရှိသော ကယ်လ်စီယမ်ဓါတ် (ထုံးဓါတ်) မှာ ပျက်စီးချို့ယွင်းကာ နောက်ဆုံး၌ သွားများ ကျိုးပဲ့ပျက်စီးတတ်သည်ဟု သွားစိုက်ဆရာဝန်များ အစည်းအရုံးတွင် မိန့်ဆိုဖူးသည်။ ထို့ပြင်ဆရာဝန်ကြီးတစ်ဦး၏ ဆေးခန်းနံရံတွင် ချိတ်ဆွဲထားသော ကတ်ပြား၌ ရေးထားသည်ကိုတွေ့ရသဖြင့်လည်း ကူးယူခဲ့ပါသေးသည်။ ဖတ်ကြည့်ပါဦးနော်...

အညောင်းအညာဖြေနည်း

ကိုယ်အညောင်း၊ စိတ်အညောင်းဖြေနည်းမှာ ဘာသာတရား၊ အအိပ်၊ တူရိယာနှင့် ရယ်ရွှင်မှုပင်ဖြစ်သည်။
ဘာသာတရားကိုင်းရှိုင်းပါ စိတ်သက်သာမှုရသည်။ ကောင်းကောင်းအိပ်စက် အနားယူပါ ကိုယ်ကျန်းမာမှုရသည်။ ငြိမ့်ညောင်းချိုသာသော တူရိယာသံကို နားဆင်ပါ ။ ဘယ်အရာတွင်မဆို ရယ်မောနိုင်စရာအကွက်ကိုရှာပါ။ ဤနည်းကို လိုက်နာသူများ ကျန်းမာပျော်ရွှင်မှုကို ရလိမ့်မည်။

(၄) သောက ပြဿနာကို ဘယ်သို့စစ်ဆေးပြီး ဘယ်ပုံ ဖြေရှင်းမည်နည်း။

ကျွန်ုပ်တို့တွင် ဆရာ (၆) ဦးရှိပါသည်။ သူတို့သည် ကျွန်ုပ်အား ပညာ အလုံးစုံ သင်ပြသည်။ သူတို့အမည်ကား-

၁။ ဘယ်ဟာ၊ ၂။ ဘာကြောင့်၊ ၃။ ဘယ်သောအခါ၊ ၄။ ဘယ်သူ၊ ၅။ ဘယ်လို၊ ၆။ ဘယ်မှာ တို့ပင်ဖြစ်သည်။
ရုဒ်ယဒ် ကစ်ပလင်း

ဘယ်ကိစ္စမျိုးမဆို ချတွက်ပြီး အပြီးအပိုင် ဆုံးဖြတ်ချက်ချတာ အကောင်းဆုံးပဲ သောကကို ဟောတဲ့ လမ်းလေးသွယ်နဲ့ ထိုးစစ်ဆင်ပြီး ချေမှုန်းပစ်လိုက်တာပဲ
ပထမလမ်း - ဖြစ်နေတဲ့ သောကနဲ့ ပတ်သက်တဲ့ အကြောင်းကို အတိအကျရေးချတယ်
ဒုတိယလမ်း - ဒါဆို ငါဘာတတ်နိုင်သလဲဆိုတဲ့ မေးခွန်း အဖြေကို ရေးချတယ်
တတိယလမ်း - လုပ်နိုင်မယ့် နည်းလမ်းတွေထဲက ဘယ်နည်းက လိုက်မယ်ဆိုတာ အသေအချာစဉ်းစားပြီး ပိုင်းဖြတ်လိုက်တယ်
စတုတ္ထလမ်း - ဆုံးဖြတ်ပြီးတဲ့နည်းအတိုင်း အမြန်ဆုံး လုပ်တော့တာပဲ

(၅) သင့်အလုပ်ကိစ္စနှင့် စပ်လျဉ်းသည့် သောကကို တ၀က်ဖြတ်ပစ်နည်း

၁။ အကြောင်းစုံရအောင်ရှာပါ
၂။ အကြောင်းများကို စိစစ်ဝေဖန်ပြီါ် ဆုံးဖြတ်ချက်ချပါ
၃။ သေသေချာချာ ပြင်ဆင်ပြီး ချမှတ်လိုက်သော ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပါ။
၎။ အလုပ်ကိစ္စနှင့်စပ်လျင်း၍ သောကထွေပြားလာလျှင် အောက်ပါ မေးခွန်းများ ရေးဖြေကြည့်ပါ။

၁။ ဘာပြဿနာလဲ
၂။ ပြဿနာအကြောင်းရင်းက ဘာလဲ
၃။ ဖြေရှင်းနည်း ဘယ်နှစ်မျိုးရှိသလဲ
၎။ ဘယ်နည်းက အကောင်းဆုံးလဲ

(၆) သောကကို သင့်စိတ်ထဲက တွန်းထုတ်နည်း

" စိတ်မချမ်းမြေ့ရခြင်း အကြောင်းရင်းမှာ သင့်ကိုယ်သင် ပျော်မပျော် စစ်ဆေးနေဖို့ အချိန်ပိုရခြင်းကြောင့်ဖြစ်သည်။ အချိန်ပိုဟူ၍ မထားပါနှင့် "

စာရေးဆရာကြီး ဘားနဒ်ရှော

အလုပ်ကို မအားအောင်လုပ်ပါ။ အချိန်ပိုမထားပါနှင့်။ သောကရှင်သည် အလုပ်ထဲတွင် စိတ်ကို စုံးစုံးမြုပ်အောင် ၀င်စားအပ်လှသည်။ သို့မဟုတ်ပါက သောက မွှေ၍ ကြေမွသွားချေမည်။

(၇) နောက်ချေးပိုးတွေက သင့်ကို မလှဲစေနဲ့

ဆိုလိုသည်မှာ အသေးအဖွဲကိစ္စတွေကြောင့် သောကအဖြစ်မခံဘဲ အာရုံပြောင်း၍ နေတတ်ရမည်ဖြစ်သည်။ ဂရုမထားလောက်သည့် အသေးအဖွဲကိစ္စများကို အကြောင်းပြ၍ ဒုက္ခ အရောက်မခံပါနှင့်

" အသက်တာသည် တိုတောင်းလှသဖြင့် အသေးအဖွဲများကို အရေးမပေးနိုင်ဟူတေသာ စကားရပ်များကို မမေ့ပါနှင့် "

(၈) သင့်သောကများကို ပစ်ပယ်မည်းနည်းဥပဒေ

အကြောင်းအကျိုး စုံစမ်းကြည့်သေးတာပေါ့ ဟူ၍ အမြဲစုံစမ်းပါ။ ထို့နောက် ပျမ်းမျှခြင်း သဘောတရားအတိုင်း ဆိုလျှင် ငါစိုးရိမ်နေတာ ဖြစ်ဖို့ နည်းသလား၊ များသလား ဟု မေးကြည့်ပါ။

(၉) ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ

မဖြစ်နိုင်သည်ကို ဖြစ်နိုင်ရမည်ဟူသော သဘောနှင့် ဇွတ်တိုးလုပ်လျှင် လုပ်နိုင်သော သတ္တိအင်အား လူ၏သန္တာန်၌ မရှိသဖြင့် မဖြစ်နိုင်ချေ။ ဖြစ်နိုင်သည့်တိုင်အောင် ရှိသမျှ အင်အားကို ကုန်ခန်းအောင် အသုံးပြုရမည် ဖြစ်သဖြင့် အခြား ဘ၀ ကိစ္စများအတွက် သုံးစရာ အင်အားစု မရှိတော့ဘဲ နေခေမည်။ ဥပမာ လေမုန်တိုင်းနှင့် အလိုက်သင့် ယမ်းလိုက်သော ပဲ့ပြားသည် ကျိုးပဲ့ ပျက်စီးခြင်းမရှိပေ။ ကြံ့ကြံ့ခံနေသော သစ်ပင်ကြီးသည်ကား နောက်ဆုံး၌ လေမုန်တိုင်းဒဏ်ကို မခံနိုင်ဘဲ ခါးလယ်မှ ကျိုးကျရလေတော့သည်။

"မတတ်နိုင်လျှင် ပျော်ပျော်လက်ခံ" ဟု ဂရိပညာရှိကြီး ဆိုကရေတီးက ဆိုသည်။ ဤ ဆိုသောစကားအတိုင်းသာ ပြုကျင့်နိုင်ပါက ကမ္ဘာပေါ်ရှိ သောကများသည် တ၀က်မက ပျောက်ကွယ်သွားကြပေလိမ့်မည်။

(၁၀) သင့်သောကကို ကန့်သတ်လိုက်ပါ

သောကက သင့်ကို မချေမှုန်းမီ၊ သင်က သောကဖြစ်စေတတ်သော အလေ့ကို ချေမှုန်းလိုက်စမ်းပါ။ ထို့ကြောင့် သောကဖြစ်မည်ဆိုလျှင် အောက်ပါမေးခွန်းများကို မေးကြည့်ပါ။

၁။ ယခုသောကဖြစ်နေသည့် အကြောင်းအရာသည် မိမိအတွက် မည်မျှ တန်ဖိုးရှိသနည်း ?
၂။ သောကကို မည်သည့်နေရာတွင် ကန့်သတ်ပြီး မေ့ပျောက်လိုက်ရမည်နည်း ?
၃။ သောက မပိုသင့်ပါလျက်နှင့် ပိုနေသလား ?

ဒီအချက် (၁၀)ချက်ထဲမှာ တစ်ချက်ချင်းဆီကို နောက်ထပ် အသေးစိတ် ဥပမာ သာဓကများနှင့် အကျယ်တ၀င့် ရှင်းပြထားတာတွေ ရှိပါသေးတယ်။ ဆက်လက် ဖတ်ချင်သေးတယ်ဆိုရင် ဒီမှာ ဒေါင်းလုပ် လုပ်လို့ရပါတယ်။ စာဖတ်သူများ အထက်ပါ အချက်တွေကိုဖတ်ပြီး မိမိတို့ရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း လုပ်ငန်းထဲမှာ ကြုံတွေ့နေရတဲ့ သောကတွေကနေ အားလုံး အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေ။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

4

Some amazing show of America's got Talent Programme

(1) Quick Change Artists



http://www.youtube.com/watch?v=-p40L8amjjA
(တခါတလေများ အဲ့ဒီလို ပညာလေးတတ်ရင်ကောင်းသားနော် ရုံးသွား နောက်မကျတော့ဘူးပေါ့ :P )

(2) Clever funny dog



http://www.youtube.com/watch?v=1kKnNyJvRAY

တီဗီကနေ အပတ်စဉ် ဗုဒ္ဓဟူးညတိုင်းလာနေကျ အစီအစဉ်ကောင်းတစ်ခုထဲက ကြိုက်နှစ်သက်ရာတွေကို youtube ကနေရှာပြီး တင်ဆက်ပေးလိုက်ပါတယ်။ ဒီ့ထက်ကောင်းတာတွေလည်း အများကြီးကျန်ပါသေးတယ်။ ဆက်လက် ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

9

လူ့ဘ၀ရဲ့သခါင်္ရ

တခါတလေမှာ လူ့လောကဟာ တွေးကြည့်ရင်တော့ သခါင်္ရ သဘောတရားတွေပါပဲ။ တချို့အရာတွေကတော့ ရှောင်လွဲလို့မရတဲ့ လူ့လောကရဲ့ သဘာဝအတိုင်း ဖြစ်နေ ပျက်နေမြဲပဲ။ လိုတာကိုမရ ရတာကို မလိုတဲ့ အခါမျိုးတွေနဲ့လည်း ကြုံဖူးကြမှာပါ။ အတိတ်မှာဖြစ်ပျက်ခဲ့တာတွေကို တခါတလေ ပြန်လည်တမ်းတနေမိတတ်ကြသေးတယ်။ မမြင်ရတဲ့ အနာဂတ်မှာလည်း ကြိုတင်ပူပန် စိုးရိမ်နေကြတာ လူ့လောကရဲ့ ဓမ္မတာတွေပဲနော်။ အခုဖော်ပြမယ့် စာပိုဒ်လေးကတော့ ယခုလက်ရှိ လူသားတွေဟာ ကိုယ်ပိုင်ဆိုင်နေတဲ့အချိန်ကနေ ၁၀နှစ်မတိုင်မီတုန်းကနဲ့ ၁၀နှစ်ကြာသွားပြီးတော့ ကြုံတွေ့နေရတဲ့ ဘ၀အစိတ်အပိုင်းအကြောင်းအချို့ကို တင်ဆက်ပေးထားပါတယ်။

မိဘ

၁၀နှစ်မတိုင်မီ ကျွန်မတို့ဟာ မိဘတွေရဲ့ သားသမီးတွေဖြစ်ခဲ့ကြတယ်။
၁၀နှစ်ကြာပြီးနောက် ကျွန်မတို့ဟာ သားသမီးတွေရဲ့ မိဘဖြစ်လာတယ်။

၁၀နှစ်မတိုင်မီ ကျွန်မတို့ဟာ အိမ်ရဲ့ နွေးထွေးမှုကို မသိခဲ့ဘူး။
၁၀နှစ်ကြာပြီးနောက် ကျွန်မတို့ဟာ အိမ်ရဲ့ နွေးထွေးမှုကို ခံစားနားလည်လာမိတယ်။

၁၀နှစ်မတိုင်မီတုန်းက ကျွန်မတို့ အိမ်နဲ့ဝေးတဲ့တစ်နေရာကို ထွက်သွားချင်တယ်။
၁၀နှစ်ကြာပြီးနောက် ကျွန်မတို့ အိမ်နဲ့ဝေးတဲ့တစ်နေရာကနေ ပြန်လာနိုင်ဖို့ မျှော်လင့်ခဲ့တယ်။

၁၀နှစ်မတိုင်မီ ကျွန်မဟာ အဖေ အမေတို့နဲ့ စကားများတယ်၊ သူတို့ရဲ့ဆူပူမှုတွေ ခံခဲ့ရတယ်။
၁၀နှစ်ကြာပြီးနောက် ကျွန်မဟာ အဖေ အမေတို့ရဲ့ အဆူခံရဖို့ မျှော်လင့်ခဲ့တယ်။

အချစ်ရေး

၁၀နှစ်မတိုင်မီ မင်းဟာ ကိုယ့်ရဲ့ အနီးစပ်ဆုံး နေရာမှာ အမြဲတမ်းရှိနေခဲ့တယ်။
၁၀နှစ်ကြာပြီးနောက် မင်းဟာ ကိုယ့်ရဲ့ဘေးနားကနေ အမှတ်တမဲ့ ထွက်သွားခဲ့တယ်။
၁၀နှစ်မတိုင်မီ မင်းဟာ ကိုယ်နဲ့ သီချင်းတွေ အတူတူ ဆိုခဲ့ဖူးတယ်။
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ မင်းနဲ့ သီချင်းအတူတူ သီဆိုချင်နေတယ်

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ ဘ၀အတွက်အရေးကြီးဆုံးဖြစ်တဲ့ စာမေးပွဲဆိုတာ ရင်ဆိုင်ခဲ့ကြရတယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့ဟာ စာမေးပွဲကလွဲလို့ လောကကြီးမှာ ကြုံတွေ့ရသမျှ အခက်အခဲ အတားအဆီးတွေကို ရင်ဆိုင်ကြရတယ်

၁၀နှစ်မတိုင်မီ ကိုယ်ဟာ မင်းနဲ့ မင်္ဂလာဆောင်ဖို့ပဲ စိတ်အားထက်သန်ခဲ့တယ်။
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ နောက်တစ်ကြိမ် မင်းကို ချစ်ခွင့်ပန်ဖို့ပဲ မျှော်လင့်ခဲ့တယ်။

၁၀နှစ်မတိုင်မီ ကိုယ်ဟာ အချစ်ဆိုတာ မျှော်လင့်ခဲ့ပေမယ့် အချစ်ရဲ့ အဓိပ္ပါယ်ကို နားမလည်ခဲ့ဘူး
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ အချစ်ဆိုတာ နားလည်လာပေမယ့် ထပ်ပြီး မပိုင်ဆိုင်ချင်ပြန်ဘူး

ဘဝ

၁၀နှစ်မတိုင်မီ ကိုယ်ဟာ အိမ်ပြန်လမ်းပေါ်မှာ စက်ဘီးစီးရင်း လေချွန်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ ကာမဂုဏ်အာရုံလမ်းပေါ်မှာ ကိုယ်ပိုင်ကားမောင်းပြီး ၀င်လာသမျှဖုန်းတွေကို အဆက်မပြတ် နားထောင်နေရတယ်။

၁၀နှစ်မတိုင်မီ ကြယ်ငါးလုံး အဆင့်ရှိတဲ့ ဟိုတယ်မှာ နေထိုင်နိုင်ဖို့ မျှော်လင့်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် အဲ့ဒီလို ဟိုတယ်မှာ နေထိုင်နေရပေမယ့် အိမ်ကိုပဲ ပြန်ချင်နေခဲ့တယ်

၁၀နှစ်မတိုင်မီ ကိုယ်ဟာ လေယာဉ်ပျံ တစ်ကြိမ်လောက် စီးဖူးချင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ရဲ့ အကြောက်ဆုံးအရာကတော့ လေယာဉ်စီးရမယ် ဆိုတာပဲ

၁၀နှစ်မတိုင်မီ ကိုယ်ဟာ ဘောလုံးကန်ပြီးတဲ့ အချိန် ကော်ဖီဆိုင်ရှေ့ကဖြတ်လျှောက်နေကျလေ။ အဲ့ဒီကော်ဖီဆိုင်မှာ ကော်ဖီထိုင်သောက်နေတဲ့ မိန်းကလေးရဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေချင်တဲ့သူဟာ ကိုယ်ဖြစ်လိုက်ရင် ကောင်းမှာပဲလို့ စိတ်ကူးမိတယ်။
၁၀နှစ်ကြာပြီးနောက် ကော်ဖီဆိုင်ရှေ့က ဖြတ်လျှောက်ခဲ့ပေမယ့် ဘောလုံးကန်နေတဲ့ ကလေးငယ်တွေထဲက တစ်ယောက်ဟာ ကိုယ်ဖြစ်နေရင် ကောင်းမှာပဲလို့ တွေးမိပြန်တယ်။


၁၀နှစ်မတိုင်မီ ကိုယ်တို့တွေဟာ စာသင်စားပွဲခုံရှေ့မှာ ဆရာသမားတွေရဲ့ ဆူပူကြိမ်းမောင်းမှုတွေ နားထောင်ခဲ့ရဖူးတယ်
၁၀နှစ်ကြာပြီးနောက် သူတို့ဆူပူကြိမ်းမောင်းမှုတွေ နားထောင်ချင်ပေမယ့် စာသင်စားပွဲခုံဆိုတာလည်း မရှိတော့ဘူးလေ

၁၀နှစ်မတိုင်မီ ဟိုတယ်ရှေ့က တံခါးနားမှာ အရက်မူးသမားတွေ မူးနေတာကိုတွေ့တော့ အော့နှလုံးနာပြီး ဒီတစ်သက် အရက်မသောက်တော့ဘူးလို့ သစ္စာပြုခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ ဟိုတယ်ရှေ့က တံခါးနားမှာ အရက်မူးနေခဲ့တယ်

၁၀နှစ်မတိုင်မီ ကိုယ်ဟာ လမ်းအဝေးကြီးမလျှောက်ချင်လို့ ကိုယ်ပိုင်ကားတစ်စီးလောက် လိုချင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ပိုင်ကား မမောင်းချင်တော့ပဲ လမ်းပဲလျှောက်ချင်နေတော့တယ်

၁၀နှစ်မတိုင်မီ ရင့်ကျက်တည်ငြိမ်တဲ့ မျက်နှာမျိုး ပေါ်နေချင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် မျက်နှာပြင်ဆိုင် သွားပြီး အမြဲတမ်းနုပျိုချင်တယ်

၁၀နှစ်မတိုင်မီ စားသမျှ ထမင်းနပ်တိုင်းကို အသားတွေနဲ့ပဲ စားချင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ထမင်းနပ်တိုင်းကို အရွက်တွေနဲ့ပဲ စားချင်တယ်

အလုပ်အကိုင်

၁၀နှစ်မတိုင်မီတုန်းက ဖုန်းလေးတစ်ခါ ဆက်ဖို့အတွက် အများသုံးတယ်လီဖုန်းကို နေရာအနှံ့ လိုက်ရှာခဲ့ရတယ်
၁၀နှစ်ကြာပြီးနောက် ကိုယ့်အနားမှာ အမြဲတမ်း ဖုန်းရှိပြီး နေရာအနှံ့မှာ လှုပ်ရှားရုန်းကန်နေရတယ်

၁၀နှစ်မတိုင်မီ ကိုယ့်ရဲ့ လစာမျှော်မှန်းချက်ဟာ သောင်းဂဏန်းပဲ သတ်မှတ်ထားတယ်
၁၀နှစ်ကြာပြီးနောက် လစာဟာ သိန်းဂဏန်းအထက် ဖြစ်ပေမယ့် ပျော်ရွှင်မှုဆိုတာ မရရှိခဲ့ဘူး

၁၀နှစ်မတိုင်မီ အကြောက်ဆုံးအရာက ကိုယ့်ကို ဝေဖန်ခံရမှာပဲ
၁၀နှစ်ကြာပြီးနောက် ကိုယ့်ကို ဝေဖန်ခံရမှုဟာ ရှားပါးသလောက် ဖြစ်လာတယ်

၁၀နှစ်မတိုင်မီ တစ်လကို ပိုက်ဆံ ၂၀၀၀ သုံးဖြုန်းနိုင်ခဲ့တယ်
၁၀နှစ်ကြာပြီးနော် ပိုက်ဆံ ၂၀၀၀ ရှိမှပဲ ထမင်းတစ်နပ်စားလို့ရတယ်

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ ကျောင်းဝတ်စုံတူညီစွာဝတ်ပြီး ရိုးသားမှုတွေကြားမှာ ပျော်ရွှင်နေခဲ့ကြတယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့ဟာ နာမည်ကြီး တံဆိပ်မျိုးစုံရဲ့ ၀တ်စုံတွေ ၀တ်ပြီး ချမ်းသာကြွယ်ဝမှု ဂုဏ်ဒြပ်တွေကြားမှာ မွန်းကြပ်မှုတွေ ခံစားနေရတယ်

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ စာသင်ကျောင်းကို ဘိုသီဘတ်သီ ချွေးသံရဲရဲနဲ့ သွားခဲ့ဖူးတယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့ဟာ ကျော့ရှင်းသပ်ရပ်စွာ ၀တ်ဆင်ပြီး မျက်နှာပေါ်မှာ အပြုံးတွေနဲ့ အလုပ်သွားရတယ်

ပြန်လည်တမ်းတ သတိရခြင်း

၁၀နှစ်မတိုင်မီ ကိုယ်ဟာ အချိန်ဆိုတာ ဖြုန်းလို့ရတဲ့ အရာတစ်ခုလို့ သတ်မှတ်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်ဟာ အချိန်ကလွဲလို့ အရာအားလုံးကို ဖြုန်းတီးပစ်လို့ ရတယ်လို့ သိလိုက်တယ်

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ ငယ်ရွယ်နုပျိုမှုအတွက် နောင်တမရခဲ့ဘူး
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့မှာ ငယ်ရွယ်နုပျိုမှုဆိုတာ မရှိတော့ဘူး

၁၀နှစ်မတိုင်မီ ကိုယ်တို့ဟာ ဘ၀ဆိုတာ ဂိမ်းတစ်ခုပဲ လို့ မြင်ခဲ့တယ်
၁၀နှစ်ကြာပြီးနောက် ကိုယ်တို့ဟာ ဘ၀ရဲ့ ဂိမ်းကစားခြင်းမှာ ပါဝင်နေကြတယ်


ဒီစာတွေ ဖတ်ပြီးနောက်ပိုင်း လူသားတိုင်းဟာ ဟိုး ငယ်စဉ်ကလေးဘ၀ကနေ အသက်အရွယ်ကြီးလာတဲ့အထိ အတွေးအခေါ်၊ အနေအထိုင်၊ အစားအသောက်၊ အလုပ်အကိုင်၊ ပတ်ဝန်းကျင်၊ စိတ်နေစိတ်ထားတွေ အရာအားလုံးဟာ ပြောင်းလဲလာခဲ့တယ်။ ကိုယ်ကိုယ်တိုင်လည်း အရင် ၁၀နှစ်တုန်းကနဲ့ မတူတော့ဘဲ ပြောင်းလဲလာတာတော့ အမှန်ပဲ။ အခုလက်ရှိအချိန်မှာတော့ ကလေးငယ်တွေလို ဖြူစင် အပြစ်ကင်းတဲ့ နုနယ် ငယ်ရွယ်တဲ့ဘ၀ကို ပြန်မရတော့ပေမယ့် တခါတရံမှာတော့ ပြန်လည် သတိရ တမ်းတနေမိတယ် ကုန်ဆုံးသွားတဲ့ အချိန်တွေကို မရတော့မယ့်အတူတူ မမြင်ရသေးတဲ့ မိမိရဲ့ရှေ့ရေးအနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားရှင်သန် ရပ်တည်ရင်း ပျော်ရွှင်စွာနဲ့ဘ၀ခရီးလမ်းကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အားလုံးကိုခင်မင်လေးစားလျက်
ဝိုင်း

8

ဂုဏ်တော် (၁၀၀၀) ပုတီးစိပ်နည်း

ဂုဏ်တော်တစ်ပါးတည်းကို၁၀၀၀ပြည့်အောင်စိပ်ခြင်း(သို့)ဂုဏ်တော်၉ပါးလုံးကို၁၀၀၀ပြည့်အောင်စိပ်ခြင်း။

စိပ်နည်း(၁)
သောဘဂ၀ါ ဣတိပိ အရဟံ=ပုတီးတစ်လုံး(မှ) သောဘဂ၀ါ ဣတိပိ ဘဂ၀ါ=ပုတီးတစ်လုံး(ထိ)စိပ်ပါ။
(ပုတီး၉ပတ်ပြည့်သောအခါ ဂုဏ်တော်၁၀၀၀ကိုရသည်။)

စိပ်နည်း(၂)
သောဘဂ၀ါ ဣတိပိ အရဟံ=ပုတီးတစ်ပတ်(မှ)
သောဘဂ၀ါ ဣတိပိ ဘဂ၀ါ=ပုတီးတစ်ပတ်(ထိ)စိပ်ပါ။
(ဂုဏ်တော်၉ပါး ၉ပတ်ပြည့်သောအခါ ဂုဏ်တော်၁၀၀၀ကိုရသည်။)

စိပ်နည်း(၃)
သောဘဂ၀ါ ဣတိပိ အရဟံမှဘဂ၀ါ ထိ=ပုတီးတစ်လုံး စိပ်ပါ။
(၁၀၈လုံးပုတီးတစ်ပတ်ပြည့်သောအခါ ဂုဏ်တော်၁၀၀၀ကိုရသည်။)

မှတ်ချက်။ ။ဂုဏ်တော်၉၇၂ပါးကိုပင်လျှင် ဂုဏ်တော်၁၀၀၀ဟုခေါ်ဆိုခြင်းဖြစ်သည်။ ပုတီးစိပ်တဲ့အခါ အချိန် ပေးပြီး တသမတ်တည်း အာရုံစိုက် စိပ်ပေးနိုင်ရင် အကောင်းဆုံးပါ။ ပုတီးစိပ်နည်း တွေထဲကမှ အစွမ်းထက်တဲ့ ဂုဏ်တော် (၁၀၀၀) ပုတီးစိပ်နည်းဖြင့် ရှုမှတ်ပွားများနိုင်ကြစေရန် ရည်ရွယ်ပြီး တင်ဆက်လိုက်ရပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

10

If your BIRTHDAY is .......

December 23rd ~ January 1st = Red

January 2nd ~ January 11th = Orange

January 12th ~ January 24th = Yellow

January 25th ~ February 3rd = Pink

February 4th ~ February 8th = Blue

February 9th ~ February 18th = Green

February 19th ~ February 28th = Brown

March 1st ~ March 10th = Aqua

March 11th ~ March 20th = Lime

March 21st = Black

March 22nd ~ March 31st = Purple

April 1st ~ April 10th = Navy

April 11th ~ April 20th = Silver

April 21st ~ April 30th = White

May 1st ~ May 14th = Blue

May 15th ~ May 24th = Gold

May 25th ~ June 3rd= Cream

June 4th ~ June 13th = Grey

June 14th ~ June 23rd = Maroon

June 24th = Grey

June 25th ~ July 4th = Red

July 5th ~ July 14th = Orange

July 15th ~ July 25th = Yellow

July 26th ~ August 4th = Pink

August 5th ~ August 13th = Blue

August 14th ~ August 23rd = Green

August 24th ~ September 2nd = Brown

September 3rd ~ September 12th = Aqua

September 13th ~ September 22nd = Lime

September 23rd = Olive

September 24th ~October 3rd = Purple

October 4th ~ October 13th = Navy

October 14th ~ October 23rd = Silver

October 24th ~November 11th = White

November 12th ~ November 21st = Gold

November 22nd ~ December 1st = Cream

December 2nd ~ December 11th = Grey

December 12th~ December 21st = Maroon

December 22nd = Teal

 

RED
 


Cute and lovable type, You are picky but always in love... and liked to be loved. Fresh and cheerful, but can be "moody" at times. Capable with people nice, soft, and that can love you for the way you are. Likes people that are easy to talk to, and can make you feel. comfortable. 

****************************
Orange



You are responsible for your own actions, and you know how to treat people.You always have goals to reach and you really work hard to get there, you are competitive. Your friends are really important to you and you appreciate what you have, you sometimes over react that's because you are sensitive. comfortable.

****************************
 Yellow



You are sweet and innocent. Trusted by many people, and have a strong leadership towards relationships. You make good decision and make the right choice at the right time. And always dreaming of Romantic Relationship.

****************************
Blue  



You may have low self-esteem, and can be very picky. You are artistic and like to fall in love, but you let your love pass by, by loving with your mind, not your heart. relationship.

 ****************************

 Pink



You are always trying your best in everything, and like to help and care for other people. But you are not easily satisfied. You have negative thoughts, and you look for romantic love like in a fairytale. relationship.

 ****************************
Green 




 You get along well with new people. You are not really a shy person, but sometimes you can hurt people's feelings by your words... You like to be loved and noticed by your lover, but mostly you are single, waiting for the right person.


****************************
Brown 



You are active and sportive. It's hard for other people to become close with you, but you fall in love easily. But once you find out you can't get something, you give up and let go easily as well.

****************************
Aqua  



Your feelings change suddenly and easily. You are always lonely, and like traveling. You are truthful, but listen and believe other people too easily. It's hard to find love for you, and get lost in love easily, Sometimes get hurt by love.

****************************
Lime 



You are calm, but easily stressed out. You get jealous easily, and complain over little things. You can't get stuck into one thing, but you have a capable personality for everyone to trust you and like you.

****************************
Black 



You are challenging, and have the "guts". But you don't like changes in your life. And once you make a decision, you keep it that way for a long time. Your love life is also challenging, and different.

****************************
Purple



You are Mysterious, never selfish and get interested in things easily. Your day can be Sad or Happy depending on your mood.You are popular between friends but you can act stupid at times,and forget things easliy.You go for a person that's trustworthy.

****************************
Navy  



You are attractive, and love your life.You have a strong feeling towards everything. And very easily distracted.Once you get angry at someone, its hard for you to forgive them.

****************************
Olive 


You are warm and light hearted.You seem to flow well with friends and family. You don't like Violence and know what's right.You are Kind and cheerful but don't evny other people. 

****************************
Silver



You are imaginative and fun, You love trying new things.You like to challenge yourself and you learn things easily, you're easy to talk to and give good advice.When comes to friendship, you find it hard to trust someone, but once you find the right friend, you trust them forever.

****************************
Gold 


You know what's right and what's wrong. You are cheerful and out going. It's hard for you to find the one you want, but once you find the right person, you won't be able to fall in love again for a long time.

****************************  
Cream

 
Competitive and sportive. Don't like losing and always cheerful! You are trustworthy, and very out going. You choose love carefully, and don't fall in love easily. But once you find the right one, you don't let go or a long time.
        
****************************
Grey  
You are attractive, and active. You never hide your feelings, and express everything that's inside. But can be selfish at times. You want to be noticed, and don't like to be treated unequally. You can brighten up peoples day. You know what to say at the right time, and you have a good sense of humor.


****************************
Maroon


You are intelligent, and know what's right. You like to make things go your way, which can sometimes cause trouble for not thinking about other people's feelings. But you be patient when it comes to love.. Once you get a hold of the right person, it's hard for you to find a better love.


****************************
White


You are shiny person,cute and intelligent Person. You like to make friendship with your higher persons, which can sometimes cause trouble.
Your Strength is Your Love towards friends.You always looks to love somebody and u be loved by somebody. Your Intelligence may lead to success in your life 

**************************** 

မိမိရဲ့ မွေးနေ့အလိုက် အရောင်များကို ရွေးချယ် ဖတ်ရှုနိုင်ပါတယ်။ ကိုယ်က ဘယ်နေ့ထဲမှာ ပါဝင်ပြီး ဘယ်အရောင်အမျိုးအစားလဲဆိုတာ သိနိုင်တာပေါ့။ အင်္ဂလိပ်လိုတော့ ဘာသာမပြန်တော့ပါဘူး အားလုံး လွယ်လွယ်လေးတွေပဲ ရေးထားလို့ပါ ၀ိုင်းကတော့ အဖြူရောင် အမျိုးအစားထဲကပါတဲ့...


အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း   

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်