9

How to start ur day with a positive attitude ?

1. Create a new folder on desktop .

2. Name it " Boss "

3. Right Click then select Delete

4. Your PC will ask you, "Are you sure you want to remove Boss to the Recycle Bin?"

5. Answer calmly, "Yes" and press the mouse button firmly....

6. Feel better ????

P.S.  increasing working hour suddenly :(

7

သူငယ်ချင်းတို့အတွက် ခေါင်းအုံးလက်ဆောင်.......


G-Mail icon pillow

Anonymous picture pillow

friend-feed icon pillow



Myspace logo pillow

RSS icon pillow

twitter icon pillow

twitter logo pillow

digg icon pillow

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

8

Sand Drawing

စက္ကူဖြူပေါ် သဲတွေ ဖြူးပြီး သရုပ်ဖော်ပုံ အမျိုးမျိုးရဲ့ သဲပန်းချီဆွဲနည်းမျိုးကို ကြည့်ဖူးကြမယ် ထင်ပါတယ်။ တစ်ပုံနဲ့ တစ်ပုံ မရိုးအောင် ပုံဖော်ပြသ ဆွဲပြသွားတာတွေကို အံ့မခန်းပဲလေ။ ဆွဲပြီးသွားတာတွေ ဖျက်ပစ်လိုက်တာတွေကလည်း နှမျောစရာ ကောင်းပါတယ်။ ဒါတွေကတော့ ၀ိုင်းရဲ့ အကြိုက်ဆုံး သရုပ်ပြကွက်တွေထဲက လင့် တချို့ပါ။ ကြည့်ကြည့်လိုက်ပါဦး။



Link>> http://www.youtube.com/watch?v=mwb1lnebbys&feature=player_embedded






(Love 2008)
Link>>http://www.youtube.com/watch?v=_PQHYXitpYM&feature=related



(Animals show)
Link>> http://www.youtube.com/watch?v=58-xds8FLBY

ဒီ့ထက် ထပ်ပြီး ကြည့်ချင်သေးရင်တော့ Related Video ဆိုတဲ့ နေရာမှာ ကြည့်နိုင်ပါသေးတယ် ဒါကတော့ တော်တော်လေး အသက်ဝင်ပြီး ကြည့်ရှုတဲ့ ပရိသတ်တွေ အားလုံးကို အမြင်အာရုံနဲ့ ဆွဲဆောင်စေနိုင်တဲ့ အတတ်ပညာတစ်မျိုးပါ.. ဘယ်တော့မှ ရိုးအီမသွားတော့ဘဲ ကြည့်ပြီးရင်း ကြည့်ဖြစ်တဲ့ ပြကွက်တချို့ပဲပေါ့။ အီးမေးလ်မှတဆင့် ဖတ်ရှုသူများ မမြင်ရပါက ပေးထားသော လင့်များကို ကလစ်နှိပ်ပြီး ကြည့်လို့ရပါတယ်။
အပျင်းပြေ ကြည့်ရင်းနဲ့ ပြုံးပျော်ရွှင်နိုင်ကြပါစေ.....

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

10

Doomsday

Shaw Theatre မှာ 2012 Doomsday ရုပ်ရှင်ဇာတ်ကား ရုံမှာတင်နေတယ်ဆိုတာနဲ့ အစ်မကြီးရဲ့ သူငယ်ချင်း တွေနဲ့ ၀ိုင်း အပါအ၀င် အားလုံးပေါင်း ၁၇ယောက် အုပ်စုလိုက် သွားကြည့်ကြတယ်။ အဲ့ဒီကားကတော့ သာမန်ကားတွေနဲ့ မတူတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပါပဲ။

ဇာတ်လမ်း အကျဉ်းလေးကတော့-
တစ်နေ့မှာ စာရေးဆရာ Jackson Curtis ဟာ Yellow Stone Park ဆိုတဲ့နေရာကို အားလပ်ရက်တစ်နေ့မှာ သူကွာရှင်းပြီးတဲ့ ဇနီးရဲ့ သမီးနဲ့ သား၂ယောက်ကို ခေါ်ဆောင်လည်ပတ်ခဲ့ပါတယ်။ အရင်အချိန် သူတို့ ဇနီးမောင်နှံသွားခဲ့တုန်းကလောက် အဲ့ဒီနေရာက ပျော်စရာ မကောင်းတော့တာ အမှန်ပါ။ ကန်ရေပြင်တွေလည်း ရေတွေ ခြောက်ခန်းကုန်တယ်။ ပြီးတော့ အဲ့ဒီပန်းခြံနေရာကို တားမြစ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်လိုက်ကြသေးတယ်။ အဲ့ဒီ အနီးမှာ နေတဲ့ ပင်လယ် ဓါးမြဟောင်းတစ်ယောက်ဖြစ်သူ Charle နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ Charle ကပြောတယ် " သဘာဝလောကကြီးရဲ့ သယံဇာတတွေဟာ သားရဲတိရစ္ဆာန်တွေကြောင့်၊ လူတွေရဲ့လောဘရမ္မက်တွေကြောင့် ပျက်စီးတော့မယ်။ ကမ္ဘာမြေပြင်လည်း ငြိမ်သက်နေရာကနေ ပြိုကွဲပျက်စီးလိမ့်မယ်၊ လူသားတွေအားလုံးလည်း မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်ဆိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်။ တချို့ နိုင်ငံတွေကဆို အကြောင်းသိလို့  သဘာဝဘေးအန္တရာယ်ကျရောက်လာရင် ခိုအောင်းလို့ရမယ့် အာကာသယာဉ်တွေတောင် လျှို့ဝှက်ပြီး ဆောက်နေကြပြီ " ဆိုပြီး ခြိမ်းခြောက်သလို ပြောလာပါတယ်။ Jackson က သူဟာ အရူးတစ်ယောက်ပဲလို့ ယူဆပြီး ခပ်ပြုံးပြုံးနဲ့ပဲ ထွက်ခွါလာခဲ့တယ်။

ဒုတိယမြောက်နေ့မှာ သဘာဝဘေးအန္တရယ်ကျရောက်လာပါတော့တယ်။ မြေကြီးတွေ အက်ကွဲ၊ ငလျင်တွေလှုပ်၊ အဆောက်အဦတွေ၊ တံတားတွေ ပြိုကျ၊ ကောင်းကင်ကနေ ဥက္ကာပျံတွေကလည်း တဖွဲဖွဲကျလာရော။ မျက်စိရှေ့မှာတင် လှပတဲ့ အိမ်တွေ၊ အဆောက်အဦတွေဟာ မြေကြီးထဲ နစ်ဝင် ဆုံးရှုံးကုန်တယ်။ ပင်လယ်ရေတွေလည်း တလိမ့်လိမ့်တက်လာပြီး ရှိသမျှအရာအားလုံးကို ဖုံးလွှမ်းတိုက်စားသွားတော့တယ်။ ကမ္ဘာ့ရဲ့ နေရာအသီးသီးမှာလည်း အမျိုးမျိုး အဖုံဖုံ ပျက်စီးနေတာတွေရောပေါ့။ Jackson နဲ့ သူမိသားစုဝင်တွေလည်း အဲ့ဒီ ဘေးရန်တွေကနေ သီသီလေး လွတ်မြောက်ခဲ့ရတာတွေကို ရင်တဖိုဖိုနဲ့ ရိုက်ကူးထားသေးတယ်။ ကားနဲ့ လွတ်အောင်ပြေးလို့မရတော့တဲ့အဆုံး လေယာဉ်နဲ့လွတ်အောင်ပြေးခဲ့ကြတယ်။ နောက်ဆုံးဘယ်ဘက်ကို ထွက်ပြေးရမလဲ မသိတဲ့အချိန် Charle ပြောဖူးခဲ့တဲ့ အာကာသယာဉ်တွေရှိတဲ့ တည်နေရာ မြေပုံဆိုတာကို သွားသတိရလိုက်တယ်။ ဒီလိုနဲ့ပဲတစ်ခုတည်းသောအသက်ရှင်သန်ဖို့ အခွင့်အရေးရှိတဲ့နေရာ ကမ္ဘာ့အရှေ့ဘက်ပိုင်း တရုတ်ပြည်ကို ရောက်သွားခဲ့ပါရော...

နောက်ဆုံး အဲ့ဒီ အာကာသယာဉ်တွေ ရှိတဲ့ နေရာကို ရောက်ခဲ့တယ်ဆိုရင်ပဲ ကမ္ဘာအရပ်ရပ်က ဒီယာဉ်တွေအကြောင်းကို သိလို့ ရောက်လာကြတဲ့ ဒုက္ခသည် လူအုပ်တွေကလည်း ဒုနဲ့ဒေးပါ။ အဲ့ဒီအာကာသယာဉ်အတွင်းထဲမှာတော့ နိုင်ငံ အသီးသီးက သမ္မတတွေ၊ အာဏာရှင်တွေ၊ ချမ်းသာကြွယ်ဝတဲ့ နာမည်ကြီးကုန်သည် တွေ ရောက်နှင့်နေတာပေါ့။ ပင်လယ်ဘက်က လှိုင်းလုံးတွေက တလိမ့်လိမ့်တက်လာနေပြီ ယာဉ်ရဲ့အပြင်ဘက်မှာတော့ ယာဉ်ဖြစ်လာအောင် တည်ဆောက်ခဲ့တဲ့ အလုပ်သမားတွေ၊ တခြားသော တိုင်းပြည်အသီးသီးက သာမန် ပြည်သူလူထုတွေက အထဲဝင်ခွင့်တောင်းနေသံတွေနဲ့........လှိုင်းလုံးကြီးတွေ နီးကပ်လာဖို့ ၁၅မိနစ်လောက်အလိုမှာ  အာဏာရှင်တွေက အကြိတ်အနယ် ဆွေးနွေးတိုင်ပင်ကြပါတယ်။ လူရယ်လို့ဖြစ်လာရင် ဘယ်သူတွေကဖြစ် အသက်ရှင်ရမယ်၊ ဘယ်သူတွေကဖြစ် သေဆုံးကြရမယ် ဆိုပြီး ခွဲခြားထားတာမရှိဘူး။ လူသားတွေဟာ အသက်ကြီး၊ငယ်၊လတ် မရွေး၊ ဆင်းရဲ ချမ်းသာမရွေး အားလုံးဟာ တစ်တန်းစားတည်းပါပဲ။ လူသားအားလုံး အသက်ရှင်သန်ကြရမယ့် အခွင့်အရေး ရှိတယ်။ နောက်ဆုံးမှာတော့ အပြင်ဘက်မှာ ကျန်ရှိနေတဲ့ ပြည်သူတွေ အားလုံးကို ယာဉ်တွေထဲ ၀င်ခွင့်ပေးလိုက်တယ် ..ယာဉ်ထဲမှာ အသက်ရှင်ကျန်ရစ်ခဲ့ကြတဲ့ သူတိုင်း နောင်အနာဂတ်မှာ မျိုးဆက်ပြန့်ပွါးဖို့နဲ့ ကမ္ဘာကြီးပြန်လည် ဖွံ့ဖြိုးဖို့အတွက် တာဝန်ကိုယ်စီဟာ လူသားတိုင်းရဲ့ ရင်ထဲမှာ အစဉ်ကိန်းအောင်းစွာကျန်ရှိရင်း.....

ဆက်လက်ပြီး ဇာတ်လမ်း အသေးစိတ်ကို ကြည့်ချင်သူများအတွက် ဒီလင့် ကနေ တဆင့် ဒေါင်းပြီး  ကြည့်နိုင်ပါတယ်။

တစ်ခါတည်း ကိုတောသားလေး တက်ဂ်ထားတဲ့ ကမ္ဘာပျက်တော့မယ်ဆိုရင် ဆိုတဲ့ တက်ပို့စ်ပါ ရေးပေးလိုက်ပါတယ်။

တကယ်လို့သာ ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်..

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ...

ဝိုင်းရဲ့ မိသားစုနဲ့၊ အချစ်ဆုံး အခင်ဆုံး သူငယ်ချင်းတွေနဲ့ တူတူရှိနေချင်ပါတယ်။ ဒါပေမယ့် သူတို့တွေက အဲ့ဒီအချိန်ထိ ကိုယ့်ဘေးမှာ အမြဲတမ်း ရှိပေးနိုင်ပါ့မလားမသိဘူး။ ကိုယ်တိုင်တောင် ဘယ်နေရာမှာ ရှိနေမှန်းတောင် မသိသေးဘူးလေ။

(၂) ဘာတွေခံစားနေရလဲ...

သေမယ့်အတူတူ ဘာကို မှ မခံစားချင်တော့ဘူး ၀င်သက်ထွက်သက်မှတ်ပြီး ပုံမှန်အတိုင်း နေလိုက်မယ်။

(၃) ဘာတွေပြင်ဆင်ထားမလဲ...

လူတိုင်း တစ်နေ့မှာ သေခြင်းတရားနဲ့ မလွဲမသွေ ရင်ဆိုင် ကြုံတွေ့ရမှာဆိုတော့ အခုလို အသက်ရှင်နေစဉ်မှာ တတ်နိုင်သလောက် ဓမ္မဒါန ကုသိုလ် အလှူတွေ လုပ်နေမယ်။

(၄) ၀မ်းနည်းမိမှာက...

သေတော့မယ့်အချိန်ထိ လူတွေဟာ အတ္တတွေ၊ ကိလေသာတွေရှိတုန်းပဲလေ။ ကိုယ့်အသက်လွတ်မြောက်ဖို့အတွက် သူများအသက်ကို စတေးလိုက်ရမှ အသက်ရှင်သန်ရမယ် ဆိုတဲ့ လူ့ အတ္တသမားတွေအတွက် ၀မ်းနည်းမိတယ်။

ပြီးတော့ လူ့လောကကြီးအတွက် ဘာတစ်ခုမှ အကျိုးပြုနိုင်တဲ့သူတစ်ယောက် မဟုတ်သေး အတွက် နောင်တရနေမိတယ်။ လူ့ဘ၀မှာ ဘာမှမဖြစ်သေး မလုပ်ရသေးခင် သေရတော့မယ်ဆိုတာကိုတွေးပြီး ၀မ်းနည်းစွာခံစားမိပါတယ်။


(၅) ကြောက်လန့်မိတာက...

ဒုက္ခဝေဒနာတွေ ခံစားရပြီးမှ မသေမရှင် ဖြစ်နေမှာကို။ တကယ်လို့ သေသွားပြီးရင်လည်း သာသနာမရှိတဲ့ နေရာ၊ အယူဝါဒလွဲမှားနေတဲ့နေရာမျိုးတွေ ရောက်သွားရင်ရော.......

(၆) ဆောင်ထားချင်တာ...

အနားမှာတော့ ဆက်သွယ်လို့ရမယ့် ဖုန်းတစ်လုံးတော့ ရှိချင်တယ် မသေခင် အားလုံးကို နှုတ်ဆက်စကား ပြောသွားချင်တယ် ( ကိုယ်ချစ်တဲ့ ခင်တဲ့ သူတွေနဲ့ ဝေးကွာနေရတဲ့အခါ သူတို့ကို အလေးထားခဲ့ကြောင်း ချစ်ခဲ့ကြောင်းကိုတော့ သိစေချင်တယ်) အခွင့်အရေး ရခဲ့မယ်ဆိုရင်ပါ...... ရုပ်ရှင်ထဲကလို အဖိုးကြီးက သူ့မိသားစုနဲ့ နောက်ဆုံးအချိန်ထိ စကားပြောဖို့ အခွင့်အရေး မရလိုက်လို့လေ

(၇) ဘာတွေရေးမိမလဲ..

ပုထုဇဉ်ဖြစ်တဲ့အတွက်ကိုယ်ကိုယ်တိုင်တောင်မလွတ်နိုင်သေးတာသူများအတွက်ဘာမှ ထွေထွေထူးထူးရေးမိမှာ မဟုတ်လို့ပါ။

(၈) တွေးမိတွေးရာ...

ဘ၀မှာ ရုန်းကန်လှုပ်ရှားခဲ့သမျှ ငွေကြေး၊ ရာထူး၊ စည်းစိမ်ဥစ္စာ ၊ ဂုဏ်တွေဟာ အခုတော့ ဘာတစ်ခုမှကိုယ့်နောက်ပါတော့မှာ မဟုတ်ဘူးလေ..... အဲ့ဒီတော့ ဘာကြောင့်များ ဒေါသ၊ မောဟ၊ မာန်မာနတွေနဲ့ တစ်ယောက်အပေါ် တစ်ယောက် မနာလို ၀န်တိုပြီး သူများအပေါ် မတရားတာတွေ လုပ်မိတော့မှာလဲ

(၉) ဂုဏ်ယူချင်တာက...

ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်တွေ နာကြားခွင့်ရတဲ့ ဗုဒ္ဓဘာသာလူမျိုးတစ်ယောက်ဖြစ်ခဲ့ရတယ်။

(၁၀) ရှာကြံဖြေသိမ့်မိတာက..

မိသားစုအတွက် တတ်စွမ်းတဲ့ဘက်က ကူညီခွင့် ပေးဆပ်ခွင့်ရခဲ့လို့ပါပဲ။ သာသနာသက္ကရာဇ်မှာ တရားတော်မြတ်တွေ နာကြားခွင့်၊ တတ်နိုင်သလောက် ဓမ္မဒါနအလှူတွေ လုပ်ခွင့်ရခဲ့တဲ့ အတွက်ကြောင့်ပါ။

(၁၁) ကျူးရင့်ချင်တဲ့ဥဒါန်း..

ဒီနေ့ မသေရင် မနက်ဖြန် သေရမယ်။ မနက်ဖြန်မသေရင် သန်ဘက်ခါ သေရမယ်။ တစ်နေ့နေ့တော့ သေဆုံးမယ့် အချိန်ကို ရောက်လာမှာ မလွဲဧကန်ဖြစ်လို့ မသေခင်မှာ လူတိုင်းအပေါ် စိတ်ထားဖြူစင်စွာထားပြီး တရားဓမ္မအလုပ်တွေကို အချိန်ရရင် ရသလို ကြိုးပမ်းအားထုတ်နိုင်သူဖြစ်ချင်ပါတယ်

နောက်ဆုံး အနေနဲ့ ဆရာတော် အရှင် ဆန္ဒာဓိက ရေးသားတဲ့ မသေခင် ဘာလုပ်ကြမလဲ ဆိုတဲ့ အကြောင်းလေး ဖတ်မိပါတယ်။ ဆက်လက်ပြီး ဖြန့်ဝေပေးလိုက်ပါရစေ...

လူသားတွေရဲ့ ဘ၀မှာ စိတ်ဝင်စားစရာ အကောင်းဆုံးအရာဟာ သေခြင်းတရားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သေခြင်းတရားဟာ ဆင်းရဲချမ်းသာမရွေး၊ ဂုဏ်ရှိဂုဏ်မဲ့မရွေး၊ ဥာဏ်နု ဥာဏ်ရင့်မရွေး အသက်ကြီးငယ်မရွေး လူသားအားလုံးနဲ့ တပြေးညီ သက်ဆိုင်နေပါတယ်။ ဘ၀အရည်အသွေးကို ထိပ်တန်းအကျဆုံး မြင့်တင်ပေးမယ့် ဘ၀မေးခွန်းတွေထဲမှာ အချက်အချာအကျဆုံး မေးခွန်းကတော့ မသေခင် ဘာလုပ်ကြမလဲ ဆိုတဲ့ မဟာ မေးခွန်းကြီးပါပဲ။ ကိုယ်တကယ်ပိုင်ဆိုင်တဲ့ မသေခင် တခဏ ဘ၀တိုလေးကို တလေးတစားတန်ဖိုးထားတတ်ဖို့ အလုပ်ပိုနဲ့ အလုပ်လို၊ အကာအလုပ်နဲ့ အနှစ်အလုပ်ကို ခွဲခြားသိမြင်နိုင်ဖို့၊ အလုပ်သင့် အလုပ်ထိုက်ဆုံး အလုပ်တွေကို အရည်အသွေး ပြည့်မီအောင် အပြီး အဆုံး ပေါက်မြောက်အောင် အားထုတ်ဖို့ ရည်ညွှန်းပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနီးကာလမှာ နှစ်ဟောင်းမှာ ငါမသေခဲ့လို့ နှစ်သစ်ကို ရောက်တာနဲ့ ငါ အသက်တစ်နှစ်ကြီးလာပြီ သေဖို့တစ်နှစ်ပိုနီးလာပြီ။ နှစ်သစ်ရဲ့ ရက်စွဲ တစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။ နှစ်ဟောင်းမှာ သေခြင်းတရားကို လွန်မြောက်ခဲ့ပေမယ့် နှစ်သစ်မှာ လွန်မြောက်ချင်မှ လွန်မြောက်မယ် ကိုယ်လုပ်ချင်တဲ့အလုပ်၊ လုပ်သင့်တဲ့ အလုပ်ဆိုတာ မသေခင်ကာလမှာပဲ လုပ်ပိုင်ခွင့်ရှိတာပါ သေပြီးရင် ဘာမှ လုပ်ပိုင်ခွင့် မရှိတော့ပါဘူး
 
သေလွန်ခါနီးအချိန်မှာ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်မလာဖို့အတွက် မသေခင်ကတည်းက ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ အသေကြီးကို ရင်ဆိုင်နိုင်ဖို့အတွက် အသေလေးနဲ့ လေ့ကျင့်ထားရပါမယ်။ အသေကြီးဆိုတာ ဘ၀တစ်ခုလုံးရဲ့ နောက်ဆုံး အပြီးအပြတ် သေလွန်ခြင်းကို ပြောတာပါ ။ အသေလေးဆိုတာကတော့ ဘ၀တစ်နေ့တာရဲ့ နောက်ဆုံး အိပ်စက်ခြင်းကို ပြောတာပါ။ ညအိပ်စက်တာဟာ အသေလေးနဲ့ သေတာပါ။ ညအိပ်တော့မယ်လို့ မျက်စိမှိတ်လိုက်တာနဲ့ ကုသိုလ်အာရုံတွေ ထင်မြင်နေရပါမယ်။ ဒါနအာရုံ၊ သီလအာရုံ၊ သမထအာရုံ၊ ၀ိပဿနာ အာရုံလို့ လေးမျိုးရှိပါတယ်။
 
ဒါန အာရုံ အနေနဲ့ ဒီနေ့ ဒီအချိန်အထိ ဘ၀တစ်သက်တာမှာ ပြုခဲ့တဲ့ ဒါနကောင်းမှုတွေထဲက ကိုယ် အနှစ်သက်ဆုံး၊ ကိုယ်ပီတိအဖြစ်ဆုံး ဒါနကောင်းမှု တစ်ခုခုကို ခုလောလောဆယ် လှူနေရသလို အာရုံထင်မြင်ပြီး ၀မ်းမြောက်ပီတိ ဖြစ်နေရပါမယ်။ ညအိပ်ရာ ၀င်ခါနီးတိုင်း ဘုရားသောက်တော်ရေ အသစ်လဲတဲ့ အကျင့် စွဲစွဲမြဲမြဲလုပ်ပေးပါ။ အိပ်ခါနီး အနီးကပ်ဆုံး ဒါနကုသိုလ်ဖြစ်လို့ အာရုံယူရတာ အလွန်လွယ်ပါတယ်။ အေးချမ်းမှုနဲ့ တစ်နေ့တာကို အဆုံးသတ်လိုက်ရတဲ့ အတွက် ဘ၀တလျှောက်လုံး အစစအရာရာ အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။
 
သီလအာရုံ အနေနဲ့ လူဝတ်ကြောင်တိုင်း မစောင့်မဖြစ် စောင့်ရမယ့် ငါးပါးသီလကို ဆင်ခြင်ရပါမယ်။ ညအိပ်ရာဝင်ခါနီးမှာ ငါးပါးသီလကို အသစ်ခံယူဆောက်တည်ပါ။ ဆောက်တည်ပြီးတဲ့အချိန်ကစပြီး မကျိုးပေါက်ပါစေနဲ့။ အိပ်တော့မယ်ဆိုတော့ ကျိုးပေါက်စရာမရှိတော့ပါဘူး။ ဒါဆိုရင် အခုနောက်ဆုံး ငါးပါးသီလ ယူပြီးတဲ့ အချိန်ကစပြီး ငါးပါးသီလ လုံခြုံနေပြီလို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါတယ်။
 
သမထအာရုံ အနေနဲ့ ကိုယ်အနှစ်သက်ဆုံး၊ အကြည်ညိုဆုံး ဘုရားဂုဏ်တော်တစ်ခုခုကို ပွါးများပါ။ နောက်တစ်ခု သမထအနေနဲ့ မေတ္တာဘာဝနာ ပွါးများနေရပါမယ်။ သတ္တ၀ါ အားလုံး ချမ်းသာကြပါစေလို့ အနည်းဆုံး ၃ခေါက်လောက် ပွါးများရပါမယ်။ ကိုယ်နှစ်သက်ရာ ကိုယ်အားသန်ရာ မေတ္တာပွါးနည်းတွေနဲ့ မေတ္တာပွါးနိုင်ပါတယ်။
 
နောက်ဆုံး ၀ိပဿနာအာရုံ အနေနဲ့ နှာသီးဝ လေထိရာအရပ်မှာ သတိကပ်ပြီး လေ၀င်ရင် ၀င်တယ် လေထွက်ရင် ထွက်တယ်ရှုမှတ်ပြီးနေပါ။ ၀င်လေထွက်လေ ရှုမှတ်ခြင်းဟာ အကောင်းဆုံး အိပ်ဆေးပါပဲ။
 
မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓါနအကျဆုံးကတော့ ကိလေသာခေါင်းပါးရေးအလုပ်၊ အမြစ်ပြတ်ရေးအလုပ်ပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့အမျှ မလုပ်သင့် မလုပ်ထိုက်တာတွေလည်း ရှောင်ကြဉ်နိုင်လာပါတယ်။ လုပ်သင့်တာအားလုံး အကြွင်းမဲ့ဆောင်နိုင်ပြီဆိုရင်တော့ အကြွင်းမဲ့ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အပြီးတိုင် လွတ်မြောက်ပါပြီ။ ဒုက္ခဆိုးတွေက ထာဝရလွတ်မြောက်ပြီး အနှိုင်းမဲ့နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။

အရပ်ဆယ်မျက်နှာ၌ရှိကြသော နတ်လူသတ္တ၀ါအားလုံး ဘေးရန်ရောဂါ ကင်းစင်ကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

12

သင်က ဘာအရောင်လဲ ??



သင်က ဘယ်အရောင် အမျိုးအစားတွေထဲမှာပါလဲ ဆိုတာ သိချင်ရင် ဒီနေရာမှာ ကလစ်နှိပ်လိုက်ပါ။

ဝိုင်းကတော့ အဲ့ဒီက မေးခွန်းတွေ ဖြေရင်းနဲ့ နောက်ဆုံးမှာ အပြာရောင် အမျိုးအစားပါတဲ့။

" Blue "

You give your love and friendship unconditionally. You enjoy long, thoughtful conversations rich in philosophy and spirituality. You are very loyal and intuitive.

ကဲ...သင်တို့လည်း ဘာအရောင်လဲဆိုတာ သိချင်သေး.. မေးခွန်းလေးတွေ ဖြေကြည့်လိုက်ပါဦးနော်....

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

6

Fountain Of Wealth (财富之泉)



The Fountain of Wealth, the largest fountain in the world, is located within the commercial complex of Suntec City in Singapore.

The fountain structure is made of bronze, and consists of a circular ring with a circumference of 66 metres supported on four large slanted columns. The base area of the fountain is 1,683.07 square metres. In the design plan of Suntec City, where the five tower blocks represent the fingers and thumb of a left hand emerging from the ground, the fountain forms the palm of the hand.


Listed by the Guinness Book of Records in 1998

The base of the fountain is located underground, and on its base perimeter lies the main basement restaurant area of Suntec City. The circular ring top of the fountain is visible at ground level. During certain periods of the day, the fountain is turned off and visitors are invited to walk around a mini fountain at the centre of the fountain's base for good luck. At night, the fountain is the setting for a small laser show.




 
 
 

Fountain of Wealth ဆိုတဲ့ အပန်းဖြေ နားနေရာလေးကို City Hall MRT မှ Pennisula Plaza အရှေ့တွင် shuttle bus များ စီးပြီးသော်လည်းကောင်း၊ Suntec City shopping mall basement သို့ ခြေကျင်ဖြင့်လည်းကောင်း သွားရောက်နိုင်ပါတယ်။ ရောက်သွားတဲ့ အချိန်ကတော့ ညဘက်ဖြစ်လို့ laser show နဲ့ပြတဲ့ ရေပန်းပြကွက်နဲ့ သီချင်းငြိမ့်ငြိမ့်လေးတွေတောင် နားဆင်ခဲ့ရသေးတယ်။ ဓါတ်ပုံရိုက်နေရင်းနဲ့ ရေပန်းက ရေထွက်အားကောင်းလွန်းလို့ ကင်မရာရော လူရော ရေတွေတောင် စင်ကုန်တယ်လေ။ စင်ကာပူရောက် သူငယ်ချင်းတွေ အားလုံးအတွက် အပန်းဖြေနားနေစရာကောင်းတစ်ခု အဖြစ် ဓါတ်ပုံနှင့်တကွ အသေးစိတ်အကြောင်းကို ပြန်လည် မျှဝေလိုက်ရခြင်းပါ။ ရောက်ဖူးတဲ့သူတွေလည်း ရှိမှာပါ။ တစ်ခါမှ မရောက်ဖူး၊ အဲ့ဒီနေရာကို မသိသေးတဲ့ သူတွေအတွက် သွားသင့်တဲ့ နေရာလေးတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

5

Top10 WALL-E Hacks



27.06.2008 တုန်းက ရုပ်ရှင်ရုံမှာ တင်ဆက်ပြသသွားတဲ့ နာမည်ကြီး Wall E ဇာတ်ကားလေးကတော့  လူတိုင်းအတွက် အသိပညာပေးကားလေးတစ်ခုပါ။ အဲ့ဒီကားဟာ ၂၀၀၈ခုနှစ်အတွက် ၈၁ကြိမ်မြောက် အကယ်ဒမီ ဆုပေးပွဲမှာ အကောင်းဆုံး Animated Feature ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် Best Original Song, Best Original Score, Sound Mixing, Sound Editing and Best Original Screenplay ဆုတွေအတွက်လည်း စကာတင် စာရင်းသွင်းခံရပါသေးတယ်။


Director Andrew Stanton (Right Side) and Victor Navone holding the Academy Award for best animated feature

ဒီကားလေး ဖြစ်မြောက်ဖို့အတွက် ပါဝင်ခဲ့ကြသူများကတော့ -

Directed by : Andrew Stanton

Produced by : Jim Morris

Written by Story: Andrew Stanton , Pete Docter

Screenplay: Andrew Stanton , Jim Reardon

Starring : Ben Burtt , Elissa Knight, Jeff Garlin, Fred Willard, John Ratzenberger, Kathy Najimy, Sigourney Weaver, MacInTalk

Music by : Thomas Newman

Editing by : Stephen Schaffer

Studio : Pixar Animation Studios

Distributed by : Walt Disney Pictures

Release date : June 27, 2008 (USA),  July 18, 2008 (UK), September 18, 2008 (AUS), (NZ)

Running time : 98 minutes

Country : United States

Language : English

Budget : US$180 million

Gross revenue : $521,268,237
 
ဒါကတော့ ဒီကားလေး ဖြစ်မြောက်ဖို့အတွက် နောက်ကွယ်ကနေ ကြိုးစားခဲ့ကြပုံတွေပါ။
 

 
Top10 WALL-E Hacks

10. WALL-E Laptop



ဒါလေးကို ကြည့်ပြီးသွားရင် သင်ကိုယ်တိုင်ရော သင့်ရဲ့ Laptop မှာ မစမ်းကြည့်ချင်ဘူးလား ? :))

9. LEGO WALL-E (WALL-E စက်ရုပ်ဆက်ကြမယ်)




8. WALL-E made from Wood


7. WALL-E VEX Robot



6. WALL-E Mini Computer



mini-computerလေးကတော့ touch screen အဖြစ် အသုံးပြုလို့ရပြီး သီချင်းများနားထောင်လို့ရခြင်း ၊ သူ့မျက်လုံးနေရာကနေ web cam ဖြင့် ချပ်တင်းပြုလုပ်နိုင်ခြင်းပြုလုပ်လို့ရပါသေးတယ် အသေးစိတ်ကို ဆက်ကြည့်နိုင်ပါတယ်။



5. Stock WALL-E Robot Hack







4. WALL-E Made from stack of CD-ROM Drives



3. WALL-E Builders Club Creations





2. WALL-E Wood (Home Made) Model Robot




1. WALL-E Case Metal Mod



Wall-E Robot တည်ဆောက်ပုံ : Homebuilt Project Step By Step Digest

Src : Hacked gadgets , http://en.wikipedia.org/wiki/WALL-E

ဒီကားကို မကြည့်ရသေးသူများအတွက် ဒီနေရာလေး ကနေ စတင်ဒေါင်းပြီး ကြည့်နိုင်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

7

ချိတ်.......ချိတ်ကြမယ်ဟေ့ကောင်းကောင်း

ဒီဇိုင်းအသစ်အဆန်းနဲ့ အမြင်ဆန်းစေတဲ့ နံရံကပ်ချိတ်လေးတွေပါ.....ကြည့်ကြည့်ပါဦး

(၁)  ကလေးငယ်ရဲ့ လက်၊ ခြေပါတဲ့ ချိတ်



(၂) Flip Flop ချိတ်



(၃) သေနတ်ပုံနဲ့ ချိတ်


(၄) လက်ပုံနဲ့ချိတ်



(၅) ကြံ့ခေါင်းပိုင်းနဲ့ နောက်ပိုင်း


(၆) Joystick


(၇) ဓါးတွေနဲ့



(၈) လူပုံလေ



(၉) ချစ်စဖွယ် ပါပီလေးတွေရဲ့ကိုယ်ခန္ဓာနောက်ပိုင်း




(၁၀) PushPin



(၁၁) Tea cup tile


(၁၂) Teddy Bear



အင်တာနက်ကနေတဆင့် ရှာဖွေတွေ့ရှိတဲ့ပုံလေးတွေပါ။

Src : Oddee

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

စိတ်ရှည်ပါရဲ့လား???

ဒီလင့် လေးကတော့ သင့်ရဲ့ စိတ်ဘယ်လောက်ရှည်လဲဆိုတာ စမ်းကြည့်လို့ရတယ်နော်
ပြီးရင် ကွန်းမန့်တွေမှာ ဘယ်လိုမျိုးများ ရေးကြဦးမလဲလို့ သိချင်ပါသေးတယ် :)))

အားလုံးကို ပျော်ရွှင်စေချင်တဲ့
ဝိုင်း

8

Color Wheel - အရောင်စက်ဝိုင်းကြီး

အရောင်ရဲ့အဓိပ္ပါယ်တွေကို မပြောခင် အရင်ဆုံး အရောင်စက်ဝိုင်းကြီး (Color Wheel)ကို နည်းနည်းပြောပြဦးမယ်လေ.. အရောင်စက်ဝိုင်းမှာ အခြေခံအရောင်က ၃ ရောင်ပဲရှိပါတယ်.. အဝါ အနီနဲ့ အပြာပါ..သူက အရောင်ရဲ့ပြင်းအားအတိုင်း အစဉ်လိုက်ခေါ်တာမို့လို့ အပြာ အနီ အဝါလို့ ပြောင်းပြန်ခေါ်လို့မရဘူး.. အဲ့ဒီအခြေခံ ၃ ရောင်ပေါင်းပြီးမှာ တခြားအရောင်တွေ ဖြစ်လာပါတယ်.. အောက်က ပုံကိုကြည့်လိုက်ရင် သဘောပေါက်မှာပါ..


အဲ့ဒီမှာမှ အဝါနဲ့ မရမ်းကို အလယ်မျဉ်းထားပြီး ဟိုဘက်ဒီဘက်ခွဲမယ်ဆိုရင် ဒီဘက်က အနီတွေလိမ္မော်တွေ ပါတာက အပူအုပ်စုဖြစ်ပြီး၊ ဟိုဘက်က အပြာတွေ အစိမ်းတွေနဲ့က အအေးအုပ်စုဖြစ်ပါတယ်.. အလယ်လို့သတ်မှတ်ပိုင်းခြားထားတဲ့ အဝါနဲ့ မရမ်းကတော့ ကြားရောင်တွေပေါ့..သူတို့က အပူထဲလည်းဝင်လို့ရ အအေးလို့လည်းပြောလို့ဖြစ်တဲ့ အရောင်တွေပါ..ပြီးတော့ ကာလာစက်ဝိုင်းမှာပြထားသလို မျက်နှာချင်းဆိုင်အရောင်တွေဟာ ဆန့်ကျင်ဘက်တွေဖြစ်ပါတယ်.. ဥပမာ အနီနဲ့အစိမ်း.. လိမ္မော်နဲ့အပြာ.. ကပ်လျက်အရောင်တွေကိုတော့ လိုက်ဖက်ရောင်လို့သတ်မှတ်ပါတယ်.. ဥပမာ အဝါနဲ့အစိမ်း.. အနီနဲ့မရမ်း.. ဒါကြောင့် အဝါနဲ့အစိမ်းတွဲဝတ်ရင် သူဟာ harmony အတွဲဝတ်ထားတာဖြစ်ပြီး.. အဝါနဲ့မရမ်းတွဲဖက်ဝတ်ရင် contrast ဝတ်တယ်လို့ပြောလို့ရပါတယ်.. ဖက်ရှင်တွေ ဒီဇိုင်းတွေမှာတော့ harmony တွဲတာဟာ static ဖြစ်တယ်.. ငြိမ်သက်တယ် ပြေပြစ်တယ်.. contrast color တွေဟာတော့ dynamic ပဲ.. ထိုးဖောက်တယ် လှုပ်ရှားတယ်ပေါ့..

အိုကေ .. ဒါဖြင့် အရောင်တွေရဲ့ ကိုယ်စားပြုအဓိပ္ပါယ်တွေကို စပြောကြမယ်..

အနီရောင် - သူကတော့ လှုပ်ရှားတက်ကြွတာ.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတာ.. သတ္တိနဲ့ ခွန်အားဗလကို ကိုယ်စားပြုပါတယ်.. တရုတ်တွေအတွက်တော့ မင်္ဂလာအရောင်ပေါ့.. ပြီးတော့ သွေးရဲ့အရောင် စိတ်လှုပ်ရှားစေတာ အချစ်.. စစ်ပွဲ စတာတွေနဲ့လည်း သက်ဆိုင်ပါသေးတယ်.. နီလိမ္မော်ကတော့ စိတ်စွမ်းအင် ရမက်ဆန္ဒတွေပါတဲ့..

ပန်းရောင် - အချစ်နဲ့ အလှအပကို ကိုယ်စားပြုပါတယ်.. မိန်းကလေးတွေရဲ့အရောင်လို့လည်း သတ်မှတ်ကြသေးတယ်လေ..

အညို - သူကတော့ မြေကြီးကို ကိုယ်စားပြုတယ်.. လေးလံထိုင်းမှိုင်းတာ အထီးကျန်တာတွေလို့လည်းပြောကြပါတယ်..

လိမ္မော် - သတ္တိအရောင်အနီနဲ့ ပျော်ရွှင်ခြင်းအရောင် အဝါတို့ပေါင်းထားလို့ လိမ္မော်ဟာ ဆွဲဆောင်မှု.. ဆုံးဖြတ်နိုင်စွမ်း.. လှုံ့ဆော်မှု.. တီထွင်ဥာဏ်.. ခွန်အားဗလနဲ့ တာရှည်ခံတာ.. ပြီးတော့ လှုပ်ရှားထိုးဖောက်တာတွေရဲ့ အရောင်ပါ.. လိမ္မော်ရောင်ဟာ ဦးနှောက်ရဲ့ အောက်စီဂျင်နှုန်းကို တိုးမြှင့်ပေးနိုင်ပါတယ်တဲ့.. ဒါကြောင့်မို့ စားသောက်ကုန်တွေနဲ့ ကလေးကစားစရာတွေမှာ အသုံးပြုဖို့ အရမ်းကိုသင့်တော်တာပေါ့..

ရွှေရောင် - ချမ်းသာခြင်း အောင်မြင်ခြင်းတွေ.. ပြီးတော့ ပညာဥာဏ်ကိုလည်း ဆိုလိုပါသေးတယ်..

အဝါ - ပျော်ရွှင်ခြင်း စိတ်ကူးဥာဏ်ထက်သန်ခြင်းတို့အပြင် အဝါရင့်ရောင်ဟာ မနာလိုခြင်းကိုလည်း ကိုယ်စားပြုတယ်ပြောပါတယ်.. အဝါဟာ အနက်နဲ့တွဲရင် ပိုပြီးထင်ရှားတောက်ပလာတတ်ပေမယ့် ဝမ်းနည်းကြေကွဲခြင်းသရုပ်သဏ္ဍာန်ကို ပိုပြီးပေါ်လွင်သွားစေပါတယ်.. အဝါရောင်အခန်းတွေထဲမှာဆိုရင် ကလေးတွေဟာ ပိုပြီးငိုတတ်ကြပါသတဲ့.. ဒါပေမယ့်လည်း အဝါနုရောင်ဟာ နွေးထွေးခြင်းနဲ့တောက်ပခြင်းဂုဏ်သတ္တိရှိလို့ ကျောင်းသားကျောင်းသူအသုံးအဆောင်တွေမှာ အဝါကို အသုံးပြုကြလေ့ရှိပါတယ်..

အစိမ်း - သူကတော့ သဘာဝတရား နွေးထွေးကြင်နာတာ ဖွံ့ဖြိုးတာ နောက်ပြီး ကျန်းမာရေးရဲ့အရောင်ပါ.. ကြီးထွားခြင်း လတ်ဆတ်ခြင်းတို့ကို ကိုယ်စားပြုတဲ့ အစိမ်းရောင်ဟာ လုံခြုံခြင်းကိုလည်း ခံစားရစေပါတယ်.. သစ်ပင်စိမ်းများ မြက်ခင်းစိမ်းများကိုကြည့်ပေးတာဟာ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါသတဲ့.. အစိမ်းရင့်ရောင်ကို ငွေကြေးရောင်လို့သတ်မှတ်လေ့ရှိပြီး အစိမ်းနုနုတောက်တောက်ကတော့ သတ္တိကြောင်တာကိုလည်း ဆိုလိုပါသေးတယ်.. သံလွင်စိမ်းရောင်ကတော့ ငြိမ်းချမ်းခြင်းလို့ သတ်မှတ်ထားကြပါတယ်…

အပြာ - ငယ်ရွယ်ခြင်း ရှင်သန်ခြင်း ငြိမ်းချမ်းစစ်မှန်ခြင်းတို့အပြင် ယောက်ျားလေးများရဲ့အရောင်လို့ သတ်မှတ်ကြပါတယ်.. ကောင်းကင်နဲ့ ပင်လယ်ကြီးရဲ့အရောင်ဖြစ်လို့ အပြာကို သစ္စာတရားနဲ့ ကောင်းကင်ဘုံအတွက်သတ်မှတ်ထားပါသေးတယ်.. ပြီးတော့ အပြာဟာ အစာစားချင်စိတ်ကိုလည်း ဖြစ်စေပြီး လူတွေရဲ့စိတ်တည်ငြိမ်မှုအတွက်လည်း အထောက်အကူပေးပါသေး..

ခရမ်း - တော်ဝင်တာ သစ္စာရှိတာ.. စည်းစိမ်ရှိတာ.. မှော်ဆန်တာတွေအတွက် သုံးပါတယ်.. စစ်တမ်းတွေအရတော့ ဆယ်ကျော်သက်အရွယ်အများစုဟာ ခရမ်းရောင်ကို ကြိုက်တတ်ကြပါတယ်တဲ့.. ခရမ်းဟာ သဘာဝပတ်ဝန်းကျင်မှာ သိပ်ရှားပါးတဲ့အရောင်ဖြစ်ပါတယ်.. ဒီတော့သူ့ကို အတုအယောင်အဖြစ်လည်း သတ်မှတ်ကြပါသေးတယ်.. ပြီးတော့ ခရမ်းရောင်ကြိုက်သူတွေကို လျှို့ဝှက်တတ်သူ ကြေကွဲတတ်သူ စိတ်ပျက်လွယ်သူတွေလို့လည်း ပြောတတ်ကြသေးတယ်..

အဖြူ - အလင်းနဲ့သက်ဆိုင်တဲ့ အရောင်ဖြစ်တဲ့ ဒီအရောင်က ဖြူစင်ကြည်လင်တာ သန့်ရှင်းတာတွေအပြင် နှင်းပွင့်တွေလိုပဲ အေးချမ်းခြင်းကိုလည်း ဖော်ပြပါတယ်.. ဆေးရုံဆေးခန်းတွေမှာ အဖြူရောင်တွေကို အသုံးများတာဟာ လူ့ရဲ့စိတ်ကိုကြည်လင်စေရုံမကဘဲ အေးချမ်းမှုလည်းရစေလို့ပါ..

အနက် - ငြိမ်သက်တာ ခိုင်မြဲတာ.. မကောင်းဆိုးဝါး.. လျှို့ဝှက်နက်နဲတာ.. ပြီးတော့ သေခြင်းရဲ့အရောင်ပါ.. (သေခြင်းလောက်ခိုင်မြဲတာလည်း ဘာမှမရှိတော့ဘူးနဲ့တူပါတယ်နော်).. ဖက်ရှင်လောကမှာတော့ အနက်ဟာ ဆွဲဆောင်အားသိပ်ပြင်းတာ သေသပ်လှပတာဆိုတဲ့ အဓိပ္ပါယ်ပါ.. အနက်ကို လိမ္မော်တို့ အနီတို့လို အရောင်တောက်တောက်နဲ့တွဲသုံးတဲ့အခါမှာ အင်မတန်မှ ဆွဲအားပြင်းတဲ့ အရောင်အတွဲအစပ်ကို ဖြစ်စေတော့တာပေါ့..

မီးခိုး - ဝမ်းနည်းပူဆွေးခြင်း လုံခြုံခြင်း ရင့်ကျက်တည်ငြိမ်ခြင်းတို့အပြင် ပျင်းရိဖွယ်တွေကိုလည်း ဖော်ပြပါတယ်..

ကဲ ဒီလောက်ဆို အရောင်တွေနဲ့ပတ်သက်ပြီး သိလောက်ရောပေါ့နော်။ မိမိနဲ့လိုက်ဖက်မယ့် အရောင်များ တွဲဖက် ရွေးချယ်ပြီး ဖက်ရှင်ဒီဇိုင်းကျကျ လှပကျော့ရှင်းစွာ ၀တ်ဆင်နိုင်ကြပါစေ။

Src : Myanmar Student Organisation Forum

အားလုံးကိုခင်မင်လေးစားလျက်
ဝိုင်း

9

ကိုယ်ယုံကြည်ရာ....

“People say they love truth, but in reality they want to believe that which they love is true.”

( By - Robert J. Ringer)


လူသားတွေအတွက် ယုံကြည်မှုဆိုတာ အရေးပါတဲ့ နေရာတစ်နေရာပါပဲ ...
တစ်ချို့က ဘုရားသခင်ကို ယုံကြည်တယ် ...
တစ်ချို့က ကံကိုယုံကြည်တယ် ...
တစ်ချို့က ကိုယ့်ကိုယ်ကို ယုံကြည်တယ် ... ဒီလိုပါပဲ ကိုယ်ယုံကြည်ရာအပေါ်ကို ယုံကြည်နေကြတယ်။


ယုံကြည်မှုဆိုတဲ့နေရာမှာ မျှော်လင့်ချက်တစ်ခုတော့ ပါဝင်နေပါတယ်။ တစ်နည်းပြောရရင်တော့ အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခုအပေါ်မှာ ယုံကြည်မှုတွေ ရပ်တည်ရှင်သန်နေတယ်။ အဲဒီလို ဖြစ်လာခဲ့ရင် ယုံကြည်မှုတွေ ပိုတိုးတိုးလာစေပြီး မဖြစ်လာခဲ့ရင်တော့ ကိုယ့်ရဲ့အားထုတ်မှုလိုသေးလို့ဆိုပြီး အပြစ်ဖို့စရာ ရမယ်ရှာတတ်ကြပါတယ်။ ဒီအတွက် ကိုယ့်စိတ်ကိုယ်စစ်ပြီး ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်သိဖို့က အဓိကကျပါတယ်။ ဒါမှပဲ အတွေးအခေါ်၊ အတွေ့အကြုံရင့်ကျက်လာတာနဲ့ အမျှ ဘာကိုယုံပြီး ဘာကိုမျှော်လင့်ရမယ်ဆိုတာ အလိုလိုသိလာပါလိမ့်မယ်။

ဝိုင်းကတော့ ယုံကြည်မှုကိုမြတ်နိုးတယ်။ ယုံကြည်ပေးရတာကိုလည်း နှစ်သက်တယ်။ အဲဒီလို ယုံကြည်ပေးလိုက်ရတာ ကိုယ်တိုင်လည်း လုံခြုံသွားသလို ခံစားရတယ်။ သူများအပေါ်မှာလည်း ပိုလေးစားတတ်လာသလိုပဲ။ သူတဖက်သားရော ကိုယ်ကိုယ်တိုင်ရော သံသယတွေ ရှင်းနေစေချင်တယ်။ ဘာပဲပြောပြော ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်မှုက အရေးကြီးဆုံးပါ။ နိုင်ငံအချင်းချင်းကြားက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ ပတ်သက်တဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအချင်းချင်း ယုံကြည်မှုက စလို့ နောက်ဆုံး သူငယ်ချင်းနှစ်ယောက်ကြားက ယုံကြည်မှုအထိ ယုံကြည်မှုဆိုတာကတော့ အရာအားလုံးကို ခိုင်မာနွေးထွေးစေတဲ့ ဆက်ဆံရေးတစ်ခုရဲ့ အခြေခံအုတ်မြစ်ဖြစ်လို့ပါပဲ။ အဲ့ဒီလို တစ်ဦးအပေါ် တစ်ဦး ယုံကြည်နိုင်ဖို့အတွက် တမင်တည်ဆောက်ယူလို့ရတာတွေလည်းရှိတယ်။ အလိုအလျောက်ဖြစ်တည်လာတာတွေလည်း ရှိပါတယ်။

ဝိုင်းက ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ဦးဖြစ်တဲ့အတွက် အနန္တော အနန္တ ငါးပါး ကို ယုံကြည်ပါတယ်။

(၁) မြတ်စွာဘုရား

(၂) မြတ်စွာဘုရား ဟောကြားဆုံးမတော်မူခဲ့တဲ့ တရားဒေသနာတော်များ

(၃) သီလကိုလုံခြုံအောင် စောင့်ထိန်း၍ ၀ိပသနာဘာဝနာ ပွားများအားထုတ်နေသော သံဃာတော်မြတ်များ

(၄) မိဘနှစ်ပါး ( ၀ိုင်းတို့ သားသမီးတွေအပေါ်ထားတဲ့ စေတနာ၊ မေတ္တာ၊ အနစ်နာ၊ ဂရုဏာတွေဟာ အတိုင်းအဆမရှိ ကြီးမားလွန်းလို့ပါပဲ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်အခြေအနေပဲရောက်ရောက် မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သားသမီးတိုင်းကို အချစ်မပိုခဲ့သလို လျော့လည်း လျော့မသွားတော့လို့ပါပဲ)

(၅) အတတ်ပညာ အသိပညာများကို သင်ကြားပြသ ပို့ချပေးသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ

ဒါ့အပြင် ကိုယ့်ထက် ကြီးသူ၊ လေးစားအားထားရတဲ့သူ တွေရဲ့ ဆုံးမစကား တွေကိုလည်း ယုံကြည်လက်ခံပါတယ်။ သူတို့တွေဟာ ကိုယ့်ထက်ဝါရင့်ပြီး အတွေ့အကြုံ အတွေးအခေါ် ပိုပြီး ရင့်ကျက်သူများဖြစ်လို့ပါပဲ။ အမှားအမှန် အဆိုးအကောင်းတွေကို အကျိုးအကြောင်းခိုင်လုံစွာနဲ့ လမ်းမှန်ရောက်အောင် ညွှန်ကြားပြသပေးလို့ပဲဖြစ်ပါတယ်။

ကံကံ၏ အကျိုးပေးခြင်း ကိုလည်း ယုံပါသေးတယ်။ ကိုယ်ကိုယ်တိုင်က ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးကို ခံစားရမှာအမှန်ပါ။ လူတိုင်းအပေါ်မှာ ကောင်းတဲ့ စိတ်ထားမွေးပြီး စေတနာသန့်သန့်ရှင်းရှင်းနဲ့ တစ်ဖက်သားအပေါ် ကူညီမေတ္တာပွားလိုက်တယ်ဆိုရင် ဒါဟာ သူများအတွက်ရော၊ မိမိအတွက်ပါ ကောင်းတဲ့ အကျိုးကို လုပ်ဆောင်ခြင်းလည်း ဖြစ်တယ်။

ဒီနေရာမှာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တချို့ဟာ အယူဝါဒ လွဲမှားစွာနဲ့ နတ်များကို ယုံကြည်ကိုးကွယ်မှု ပြုလုပ်နေတာကို တွေ့ရပါတယ်။ သူခိုး ဓါးပြတွေ ရိုက်နှက် လုပ်ကြံမှာကို စိုးရိမ်ပြီး ရှိခိုးပူဇော် ကိုးကွယ်နေကြတာတွေဟာ ဗုဒ္ဓဘာသာဝင်တို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မဟုတ်လို့ မကိုးကွယ်သင့်ပါဘူး။ အမှန်တကယ်ကိုးကွယ် ယုံကြည်အားထားရာ အမှန်ကတော့ ဘုရား၊တရား၊ သံဃာ ရတနာမြတ်သုံးပါးသာလျှင်ဖြစ်ပါတယ်။ နောက်ပြီး ဗေဒင်၊ ယတြာ၊ နက္ခတ်ပညာ၊ ထီထိုးခြင်းတွေကိုလည်း ယုံကြည်စရာမရှိပါဘူး။ ဗေဒင်တွေ၊ ယတြာတွေယုံပြီး ဗေဒင်တွေမေး၊ ယတြာတွေချေလိုက်လို့ မကောင်းတာတွေ အားလုံးပျောက်သွားတယ်ဆိုရင် မကောင်းမှုတွေပဲလုပ်မိပြီး ဗေဒင်တွေ၊ ယတြာတွေပဲ လုပ်မိနေတော့မှာပေါ့။ နောက်ပြီး ပြောပါသေးတယ်။ ဒါလုပ်လိုက်ရင် စာမေးပွဲအောင်မှာ၊ ကျန်းမာရေးကောင်းမှာ၊ စီးပွါးဥစ္စာတွေ တက်မှာဆိုပြီး လူတွေအပေါ် လိမ်လည် လှည့်စားနေကြတဲ့ လူလိမ်တွေလည်း အများကြီးပါ။ ပြီးတော့ ထီတို့၊ ကံစမ်းမဲတို့ဆိုတာတွေလည်း ရှိပါသေးတယ်။ ထီထိုးတိုင်းသာ ဆုမဲပေါက်ကြေးဆိုရင် အားလုံး စီးပွားမရှာတော့ပဲ ဆုမဲပေါက်ဖို့ကိုပဲ အကြိမ်ကြိမ်မျှော်လင့်စောင့်စားရင်း ရှိပြီးသား စည်းစိမ်ဥစ္စာတွေလည်း ပျောက်ဆုံး၊ မရသေးတဲ့ စည်းစိမ်ဥစ္စာတွေလည်း ပေါ်လာတော့မှာ မဟုတ်ပါဘူး။ ကံသည် အလုပ်ဖြစ်ပါသည်။

ဒါ့ကြောင့် မိမိတို့ ပတ်ဝန်းကျင်မှ ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းအသင်းများကို စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓဘာသာအယူအဆများဖြင့် မှန်ကန်သော လမ်းကို ရွေးချယ်စေပြီး မွန်မြတ်တဲ့ သာသနာအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြစေရန် နှိုးဆော်လိုက်ပါတယ်။

နောက်ပြီး စိတ်တန်ခိုး အစွမ်းထက်တယ် ဆိုတာလည်း ယုံကြည်ပါတယ်။ မိမိကိုယ်တိုင် အလုပ်တစ်ခုခုကို လုပ်ချင်တယ်ဆိုပါတော့။ ဒီအလုပ် လုပ်ကိုလုပ်ရမယ် မဖြစ်မနေ ရအောင် လုပ်မယ်ဆိုတဲ့ ထက်သန်တဲ့ စိတ်စွမ်းအားတွေ စိတ်ထဲမှာ ကိန်းအောင်းနေတယ် ဆိုရင် ဘယ်ကိစ္စမဆို အခက်အခဲတွေကို အောင်မြင်စွာ တွန်းလှန်ကျော်ဖြတ်နိုင်မှာပါ။ ဒါကတော့ ၀ိုင်းရဲ့ ကိုယ်တွေ့ခံစားချက်ပါပဲ။ ဒီလို စိတ်တန်ခိုးတွေ ဖြစ်ပေါ်လာနိုင်ဖို့ အရေးကြီးဆုံး တစ်ချက်ကတော့ မိမိကိုယ်ကို ယုံကြည်ခြင်း အပြည့်အ၀ ရှိဖို့ပါပဲ။ မိမိကိုယ်ကို ယုံကြည်ခြင်း ရှိခဲ့လို့ အောင်မြင်သွားခဲ့ရတဲ့ ရှေးကလူတွေ၊ သာဓကတွေကတော့ အများကြီးပါ။ ၀ိုင်း ဖတ်ခဲ့ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။


တက္ကသိုလ်ဝင်တန်း မအောင်တဲ့ မိန်းကလေးတစ်ယောက်က တောရွာတစ်ရွာမှာ ဆရာမသွားလုပ်ခဲ့တယ်။ ကျောင်းသားတွေ နားလည်အောင် စာကို ရှင်းမပြတတ်တော့ အလုပ်ထုတ်ခံလိုက်ရတယ်။ ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်တွေကို အမေက ပွတ်သပ်ပေးရင်း "သမီးနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုတော့ ရှိမှာပါ" လို့ သူ့ကို နှစ်သိမ့်ခဲ့တယ်။
အဲဒီနောက် သူငယ်ချင်းတွေနဲ့ မြို့ပေါ်တက်ပြီး အလုပ်သွားလုပ်ခဲ့တယ်။ မကြာဘူး.. အင်္ကျီစညှပ်ရာမှာ နှေးကွေးလွန်းတယ် ဆိုပြီး အလုပ်ထုတ်ခံလိုက်ရပြန်တယ်။ "မကျွမ်းကျင်သေးတဲ့ အလုပ်မှာ စစချင်း နှေးကွေးတာ ဘာမှမဖြစ်ဘူး။ သမီးက ဘာမှ မလုပ်ဖူးဘဲ ကျောင်းပဲတက်ခဲ့လို့ ဖြစ်လိမ့်မယ်" လို့ အမေက သူ့ကို နှစ်သိမ့်ပြန်တယ်။
အလုပ်ပေါင်းစုံ သူလုပ်ခဲ့တယ်။ အလုပ်တိုင်း တစ်ဝက်တစ်ပျက်နဲ့ ထုတ်ခံလိုက်ရတာချည်းပဲ။ စိတ်ပျက်အားငယ်ပြီး အိမ်ပြန်လာတဲ့ သူ့ကို အမေက အပြစ်မတင်ဘဲ အမြဲနှစ်သိမ့် အားပေးခဲ့တယ်။
သူအသက် ၃ဝမှာ တတ်ထားတဲ့ ပညာလေးနဲ့ ဆွံအ နားမကြားကျောင်းမှာ ဝင်လုပ်ခဲ့တယ်။ အဲဒီနောက် မသန်မစွမ်း ကလေးတွေအတွက် ကျောင်းတစ်ကျောင်း ဖွင့်နိုင်ခဲ့တယ်။ နောက်ထပ် မသန်မစွမ်းသူတွေ သုံးစွဲနိုင်တဲ့ ပစ္စည်းတွေကို ဖြန့်ဝေခဲ့တယ်။ အခုဆိုရင် သူဟာ အောင်မြင်တဲ့ သူဌေးတစ်ဦး ဖြစ်ခဲ့ပါပြီ။
တစ်နေ့မှာ အောင်မြင်တဲ့ သမီးတစ်ဦးက အိုမင်းနေတဲ့ အမေရှေ့မှာ ထိုင်ပြီး နှစ်ရှည်လကြာ သူသိချင်ခဲ့တဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို မေးခဲ့တယ်။ အဲတာက သူကျရှုံးနေတဲ့အချိန်၊ အနာဂတ်တွေ မဲမှောင်နေတဲ့အချိန်၊ ရှေ့ဆက်ဖို့ လမ်းတွေ ပျောက်နေတဲ့အချိန်မှာ အမေက ဘာအကြောင်းကြောင့် သူ့အပေါ် ယုံကြည်မှုတွေ ရှိနေသေးသလဲ? ဆိုတာဖြစ်တယ်။
အမေရဲ့ အဖြေက ရိုးရိုးလေးပါ။ အမေက ပြောတယ်.. " မြေတစ်ကွက်မှာ ဂျုံစိုက်လို့ မဖြစ်ထွန်းရင်၊ ပဲပြောင်းစိုက်ကြည့်ပါ။ ပဲစိုက်လို့လဲ မဖြစ်ထွန်းရင် နေကြာ စိုက်ကြည့်ပါ။ နေကြာစိုက်လို့လဲ အဆံတွေ မပြည့်ခဲ့ရင် တစ်ခြားအပင် ပြောင်းစိုက်ကြည့်ပါ။ ပန်းပွင့်မှာတော့ သေချာတယ်။ မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးပင်တစ်ပင်တော့ ရှိပါတယ်။ နောက်ဆုံးမှာ အောင်အောင်မြင်မြင်နဲ့ ရိတ်သိမ်းနိုင်ပါလိမ့်မယ်"
အမေ့ရဲ့ စကားကိုကြားတော့ သူငိုမိတယ်။ မိခင်ရဲ့ မေတ္တာ၊ ယုံကြည်မှုနဲ့ အားပေးမှုတွေက မျိုးမသန်တဲ့ ပျိုးတစ်ပင်ကိုတောင် အညှောင့်ပေါက်စေကြောင်း သူနားလည်လိုက်တယ်။

မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးတစ်ပင်တော့ ရှိပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ ရှားစောင်းပင်တွေတောင် လှပတဲ့အပွင့်နဲ့ ရှင်သန်ပေါက်ရောက် နိုင်သေးတယ်။ ဘယ်နေရာ၊ ဘယ်ဒေသပဲ ရောက်ရောက် ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုတော့ ရှိပါတယ်။ သင့်တော်တဲ့ နေရာမှာ ကိုယ်တတ်စွမ်းသလောက် လှပတဲ့ အပွင့်တွေကို ဖူးပွင့်ကြရအောင်....

ဒီလိုပါပဲ။ ဘ၀မှာ အရှုံးတွေနဲ့ ဘယ်လောက်ပဲ ရင်ဆိုင်ခဲ့ရပါစေ။ ကိုယ်ကိုယ့်ကို ယုံကြည်မှုရှိရင် ဘယ်အရာမဆို အောင်မြင်နိုင်တယ်ဆိုတာကို သာဓက အနေနဲ့ ပြသွားတာပါပဲ။

နောက်တစ်ခုကတော့ မနိုင်းနိုင်းစနေ ရေးသားခဲ့တဲ့ မိမိကိုယ်ကို ယုံကြည်မှု ဆိုတဲ့ ဘာသာပြန် ဇာတ်လမ်းလေးပါ။
မွေးဖွားရာဒေသ၊ နိုင်ငံ စတာတွေကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ပါဘူး။ ဒါပေမယ့် လူ့ဘဝကို ပိုတန်ဖိုးရှိဖို့ ရွေးခွင့်တော့ ကျွန်မတို့မှာရှိခဲ့ပါတယ်။ ဆင်းရဲခြင်းက အရာအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မတို့ကို ခွန်အားနဲ့ ရဲစွမ်းသတ္တိတွေ ပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဆင်းရဲတဲ့မိသားစုက သင်မွေးဖွားခဲ့ရင် ဝမ်းမနည်းပါနဲ့။ ဒါဟာ သင်ပိုကြံ့ခိုင်နိုင်ဖို့ ဘုရားသခင်ကပေးသနားတဲ့ ဆုလာဘ်လို့ ခံယူလိုက်ပါ။ ဒါမှ ပိုကောင်းတဲ့ မနက်ဖြန်တွေက သင့်ကို ဆီးကြိုနေမှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူကမှ အောင်မြင်မှုသရဖူကို ဆောင်းနိုင်မှာဖြစ်တယ်။

ဒီစာပိုဒ်လေးကတော့ ကိုယ်ကိုယ်တိုင် ယုံကြည်မှုတွေ ကျဆင်းလာတဲ့ အချိန်တွေမှာ အကြိမ်ကြိမ် ဖတ်မိခဲ့ပါတယ်။ စိတ်ဓါတ် အတွေးအခေါ်တွေရင့်ကျက်လာအောင် အများကြီး ကြိုးစားရဦးမှာပါ။  

ဒါကတော့ မပန်းရင့်ရောင် တက်ဂ်ထားတဲ့ ယုံကြည်မှု ဆိုတဲ့ တက်ဂ်ပို့စ်လေးပါ။ နောက်ကျမှ ရေးပေးနိုင်တာ စိတ်မရှိပါနဲ့ပန်းရင့်ရေ..... အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေနဲ့ ရှုပ်နေလို့ပါဆိုပြီးလည်း မပြောချင်တော့ပါဘူး။ ကိုတောသားလေးရဲ့ ကမ္ဘာပျက်တော့မယ် ဆိုရင် တက်ဂ်ကိုတော့ နောက်တစ်ခေါက် စောင့်ပါဦးနော်။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

5

Very Useful for website collection (2)

အားလုံး အသုံးဝင်မယ့် website တချို့ရဲ့ လင့်များကို စုစည်းတင်ပြပေးထားပါတယ်။

မိမိတို့ Blog မှာ Widget လှလှလေးတွေ ထည့်ချင်ရင်
http://abowman.com/google-modules/

Templates အစုံရနိုင်တဲ့ နေရာများ
1. http://www.finalsense.com/services/blog_templates/

2. http://mashable.com/2008/05/17/70-plus-new-and-beautiful-blogger-te...

3. http://mashable.com/2007/09/13/blogger-templates/

4. http://www.blogcrowds.com/resources/blogger_template.php

5. http://btemplates.com/

6. http://www.jackbook.com/

7. http://www.charmskins.com/

8. http://blogspottemplates.blogspot.com/

9. http://www.mmblogtheme.blogspot.com/

10. http://www.pyzam.com/bloggertemplates

11. http://blogger-templates.blogspot.com/

12. http://www.bloggertemplates.org/

13. http://freeskins.blogspot.com/

14. http://psyc.horm.org/ (free template generator)

15. http://www.pannasmontata-templates.net/


Free PDF and CHM books Download
http://freepdfbookdownload.blogspot.com/


Origami (Paper Folding)
1. Origami Club (English)

2. Origami Gallery

3. Origami Instructions

4. Origami USA

5. Robert J. Lang Origami


ဘာသာစကားအမျိုး (၃၀) ဘာသာပြန်နိုင်တဲ့ Website
http://www.nicetranslator.com/


English စာ လေ့လာလိုသူများအတွက် 
http://www.famouspeoplelessons.com/ ( Downloads : Word Doc, PDF, MP3 Listening, Online Exercise)


ကိုယ့်ရဲ့ အင်္ဂလိပ်စာအသံထွက်မှန်မမှန်သိရအောင် စစ်ကြည့်မယ်
http://free-translator.imtranslator.net/speech.asp#
(မိမိသိလိုသော စာများ၊ စာပိုဒ်များကို လေးထောင့်ကွက်ထဲတွင် ရိုက်ထည့်ပြီး  "Say it" button ကိုနှိပ်ရုံပါပဲ။ Translation, Speed နဲ့ Language နေရာတွင် ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်)

Online Radio FM Station
http://www.eainmathlaing.com/ (အိပ်မက်လှိုင်း)

http://89.238.146.148/APYTZ (အဖြူရောင်သံစဉ်)
http://www.radioguide.fm/internet_radio_Singapore/yamc_sg
(YAMC - Yet Another Myanmar Community)


Singlish Dictionary
http://www.talkingcock.com/html/lexec.php?op=LexView&lexicon=lexicon

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

15

မွေးနေ့ အမှတ်တရနှင့် ကျေးဇူးတင်လွှာ (3.11.09)

နံရံမှကပ်ထားတဲ့ နာရီမှ စက္ကန့်လက်တံ မိနစ်လက်တံတွေက တရွေ့ရွေ့လှုပ်ရှားနေသည်။ ကွန်ပျူတာ ဖန်သားပြင်ရဲ့ ညာဘက်ထောင့်မှ မိနစ်ကလည်း တဖြည်းဖြည်းပြောင်းလဲနေသည်။ မိနစ်လေးများကို လှမ်းလှမ်းကြည့်ရတာ အမော။ အမှတ်တရများကို ဘလော့ပို့စ်ရေးရင်း အွန်လိုင်းလည်း ဖွင့်ထားရင်း သူငယ်ချင်းတွေရဲ့ မွေးနေ့အကြို ဆုတောင်းများကို ကျေးဇူးတင်ကြောင်းပြန်လည်ပြောကြားရင်းနှင့်.....၁၂နာရီထိုးဖို့ အချိန်က နီးသထက်နီးရင်း..........

***** 7 *****

***** 6 *****

***** 5 *****

***** 4 *****

***** 3 *****

***** 2 *****

***** 1 *****

" Happy Birthday..........."


၂၀၀၉ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့


 ဒီနေ့ကတော့ ၀ိုင်း အတွက် အမှတ်တရနေ့တစ်ရက်ပါပဲ။ အလည်လာကြသော သူငယ်ချင်းများအားလုံး မွေးနေ့အထိမ်းအမှတ်အနေနဲ့ အားရပါးရ သုံးဆောင်သွားကြပါဦး။


 
 
 



မြန်မာအစားအစာ ကြိုက်နှစ်သက်သူများအတွက်ကတော့....



 



မွေးနေ့အကြို တုန်းက ကျွေးတဲ့ မုန့်ဟင်းခါး (မစားရသေးသူများအတွက်၊ စားပြီးသားသူများလည်း ထပ်သုံးဆောင်နိုင်ပါတယ်)



ကောက်ညှင်းပေါင်း


ထမင်းနဲ


ကရေကရာ


ခေါပြင်


အသားမှာ ၀က်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်တဲ့ 
လက်ဖက်သုပ်လေးလည်း သုံးဆောင်သွားကြပါဦး

ကျေးဇူးတင်လွှာ

မွေးနေ့မတိုင်မီ အိမ်မှာ အလှူလုပ်တုန်းက ရှိခဲ့ကြသော အစ်မကြီး၊ အစ်မလတ်နှင့် အခန်းဖော် မဂျူဂျူး၊ မွေးနေ့ပွဲကိုလာရောက်သွားခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းမှ သူငယ်ချင်း အိဖြူ၊ 阿雪 ၊ 吴世祥 ၊ အလုပ်ကိစ္စများကြောင့် မအားလပ်ဘဲ မလာနိုင်ကြသော သူငယ်ချင်းများအား လည်းကောင်း၊

နောက်ပြီး မွေးနေ့ပွဲအကြိုအတွက် ဘလော့ဂါမောင်နှမတွေ စုပြီး ဖိတ်ကျွေးခဲ့ပါတယ်။ မွေးနေ့ပွဲအတွက် အလုပ်တွေရှိရက်နဲ့ မအားလပ်တဲ့ ကြားထဲမှ မပင်မပန်း အားလပ်ချိန်တွေ ပေးပြီး မွေးနေ့ပွဲကို ကိုယ်တိုင်လာရောက်ဆုတောင်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေအားလုံး၊ ပိတ်ရက်မဟုတ်ပဲ ကြားရက် ဖြစ်နေလို့ မအားလပ်ဘဲ မလာနိုင်ကြသောသူများ၊ မေးလ်ပို့တဲ့အချိန် နောက်ကျသွားလို့ မေးလ်ရရှိချိန် နောက်ကျပြီးမှ သိကြတဲ့ ဘလော့ဂါသူငယ်ချင်းများအားလည်းကောင်း၊ မွေးနေ့အကြိုအမှတ်တရများ ဆိုတဲ့ ပို့စ်အောက်မှ ကွန်းမန့်ရေးပေးသွား၊ မွေးနေ့ဆုတောင်းပေးသွားကြသော HOK ၊ ကိုဝင်းဇော်နိုင်၊ ကိုလင်းကြယ်ဖြူ၊ ကိုတောသားလေး၊ ကိုရီနို၊ မငယ်နိုင်၊ မမိုးခါး၊ မခရေညို၊ ကိုရေတမာ၊ နွေးနေခြည်၊ ကိုတလနွန်၊ နှင်းဆီပန်းချစ်တဲ့ ကောင်မလေး၊ ကိုမြစ်ကျိုးအင်း၊ ကိုတောင်ပေါ်သား၊ ကိုသားကြီး၊ ဖြူစင်ကြယ် (Angle Shaper) ၊ မပန်းရင့်ရောင်၊ မကိ တို့အားလည်းကောင်း၊ စီဘောက်စ်မှ ဆုတောင်းပေးသွားကြသေးသော ဆောင်းနှင်းရွက် (သဲသဲ)၊ ကိုတောသားလေး၊ ကိုဏီလင်းညို၊ တလနွန်၊ ကိုမြစ်ကျိုးအင်း၊ ဖြူစင်ကြယ်နှင့် နောက်ထပ်ပြီး ကွန်းမန့်မှာရော၊ စီဘောက်စ်မှာ ဆုတောင်းပေးကြမည့်သူများကိုလည်း ကျေးဇူးတင်ရှိပါတယ်။

3.11.2009 မွေးနေ့ရောက်လို့ မနက်အစောကြီး msg ဖြင့် ပို့လာသော ၀ိုင်းရဲ့ အစ်မလတ်နှင့် အစ်မကြီး၊ HOK ၊ အဝေးကနေပြီး မနက်စောစော ဘုရားသွားပြီး ၀ိုင်းရဲ့ မွေးနံထောင့်မှာ ရေသပ္ပါယ်၊ ဆီမီးကပ်လှူ၊ ဘုရားရှိခိုးပေးတဲ့၊ မွေးနေ့ဆုတောင်းကို လေလှိုင်းကနေတဆင့် ဖုန်းဆက်ပြီး ပြောကြားသွားတဲ့ ၀ိုင်း သိပ်ချစ်ရတဲ့ ကျေးဇူးရှင် ပါပါးနဲ့မာမားတို့အားလည်းကောင်း၊ စာမေးပွဲရှိလို့ မလာနိုင် ဖုန်းမပြောနိုင်တဲ့ ၀ိုင်း အစ်ကိုရင်း အားလည်းကောင်း၊ အခင်ဆုံးသူငယ်ချင်း မမြသက်ခိုင်၊ အဝေးတစ်နေရာမှ သတိတရ ဖုန်းဆက်လာတဲ့ Li ming အားလည်းကောင်း၊

အွန်လိုင်းကနေတဆင့် ၁၂နာရီထိုးပြီးတာနဲ့ အချိန်မီ ဆုတောင်းပေးခဲ့ကြသော ကိုဝင်းဇော်နိုင်၊ politeness kid ၊ ဒေါက်တာဝင်းကိုကိုသိန်း(ကိုသူရ) တို့အားလည်းကောင်း၊

ဂျီတော့ခ်မှတဆင့် မေးလ်မှတဆင့် မွေးနေ့ ဆုတောင်းပေးကြသော ညီမ တ၀မ်းကွဲအေးမြတ်သူ ၊  郑课长 ၊ 冯祖香၊ တက္ကသိုလ်တူတူတက်ခဲ့ကြသော သူငယ်ချင်း ချစ်ပွင့်၊ ချယ်ရီ၊ မထက်ထက်ထွေး၊  ပိုင်ပိုင်၊ ဘလော့ဂါသူငယ်ချင်းများဖြစ်ကြသော ကိုဖိုးသင်္ကြန်၊ ကိုတောသားလေး၊ ကို rafanquee ၊ ကိုရေတမာ၊ ကိုဝင်းဇော်နိုင်၊ ကိုသားသား၊ မောင်လေးထွန်းလင်းဆန်း၊ မွေးနေ့သီချင်း ၂ပုဒ်ပို့ခဲ့ပေးသော မောင်လေးတလနွန်၊ ကိုယုယ၊ ကိုသီဟသစ်၊ မမေလေး၊ ကိုစိုင်းစိုင်း (ဦးရှင်ကြီး)၊ ကိုတောင်ပေါ်သား၊ ဆောင်းနှင်းရွက် (သဲသဲ)၊ ကို July Dream၊ မကောင်းကင်ပြာ၊ ကိုမင်းအိမ်ဖြူ၊ ကိုရီနိုမာန်၊ ကို TNT၊ မေသူ၊ မိုးခါး၊ မေလေး(ဆုံနိုင်ခွင့်)၊ မပန်းရင့်ရောင်၊ ကိုသက်တန့်ချို၊ မနှင်းဟေမာ၊ မက်မက်၊ မမြရေလျင်၊ ဖြူစင်ကြယ် (Angel Shaper) တို့အားလည်းကောင်း၊

facebook မှာ ဆုတောင်းပေးကြသော ကျောင်းတုန်းက သူငယ်ချင်း အိခင်၊ မွေးနေ့ကဒ် အမှတ်တရပေးသော အစ်မကြီးတို့အားလည်းကောင်း၊ သူငယ်ချင်းများဖြစ်ကြသော ခင်ဇာဖြူခိုင်၊ အစ်မ၀မ်းကွဲခင်ငြိမ်းမြင့်၊ Steven Ke၊ ဇော်ဇော်အောင်၊ Elvin Chaung၊ ကိုထင်သော်ကောင်း၊ ကိုဇော်မျိုးအောင်၊ ကိုထက်အောင်၊ ကိုအောင်ပြည့်ကောင်း တို့အားလည်းကောင်း၊ ဘလော့ဂါသူငယ်ချင်းများဖြစ်သော Star Kingofstar ၊ မောင်လေးသံလွင်၊ မကောင်းကင်ပြာ၊ ကိုရေတမာ၊ ကိုဝင်းဇော်နိုင်တို့အားလည်းကောင်း ၊

ရုံးမှ လောင်ပန်နဲ့တကွ တခြားသော လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလည်းကောင်း၊

ဒါကတော့ မေးလ်ဖြင့် လက်ခံရရှိခဲ့သော မွေးနေ့လက်ဆောင် အမှတ်တရ ပုံတွေပါ........


facebook မှတဆင့် အစ်မကြီးပေးတဲ့ လက်ဆောင်


ကို ranfanquee ရဲ့ အမှတ်တရ မွေးနေ့လက်ဆောင်



ဒါကတော့ မက်မက်ပေးတဲ့ မွေးနေ့လက်ဆောင်
[ ဆုတောင်းစကား - မွေးနေ့မှ စပြီး ထာဝရ ပျော်ရွှင်ပါစေ...
မွေးနေ့လက်ဆောင်က အာဝါးးး အမြှောက်တစ်သိန်းနော်... :D ]



ကိုသက်တန့်ချိုရဲ့ မွေးနေ့လက်ဆောင်


[ ဆုတောင်းစကား - ၀ိုင်းရေ....မွေးနေ့မှာပျော်ရွှင်ပါစေနော်......နှစ်ပေါင်း ၁၂၀ ထိတိုင်အောင် ချစ်သော သူငယ်ချင်းတွေနဲ့ အသက်ထက်ဆုံးနေထိုင်နိုင်ပါစေ..........]

ecard နဲ့လည်း ပို့လာသေးတဲ့ ကိုသက်တန့်ချိုရဲ့ လက်ဆောင်ပါ

 
 


မပန်းရင့်ရောင်ရဲ့ မွေးနေ့လက်ဆောင်တချို့ပါ

ဝိုင်းအတွက် မွေးနေ့ အမှတ်တရ ကဗျာလေးပါ

ခင်တယ်ဆိုတာ
အချိန်ကာလနဲ့ မဆိုင်ပါဘူး
လူနှစ်ဦး တစ်နေရာရာမှာ
တွေ့ဆုံကြပြီး
ခင်မင်သွားကြနိုင်ပါတယ်...
ခဏလေးပဲတွေ့လို့
သိပ်မခင်ဘူးဆိုတာ
ငယ်ငယ်တည်းကခင်လို့
အရမ်းခင်တာတွေဆိုတာ
ခင်မင်မှုအတိုင်းအတာကို
ပိုင်းဖြတ်နိုင်တဲ့
စည်းမဟုတ်ပါဘူး....
နားလည်မှုတွေ
ပျော်ရွှင်မှု
မျှဝေခံစားပေးမှုတွေနဲ့
တည်ဆောက်ထားတဲ့
ခင်မင်မှု အတိုက်အမြုံလေးပါပဲ.....

ဝိုင်း မွေးနေ့မှာပျော်ရွှင်ပါစေ။လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ပါစေ လို ဆုတောင်းပေးလျှက်.....
ခင်မင်မှု များစွာနဲ့ ပန်းရင့်ရောင်

Ning ဆိုဒ်မှ အမှတ်တရ မွေးနေ့ကဒ်လက်ဆောင် အမြောက်အမြားပေးကြသော ကိုတောသားလေး၊ ငွေဦး၊ ကိုပြေ၊ VKO ၊ ကိုဟိန်းထက်ဇော်၊ ကို kyoe ၊ ကိုနတ်လူမုန်း၊ မဆောင်းတို့အားလည်းကောင်း အထူးပင် ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်ရန် ကျန်ရှိခဲ့သော နာမည်များရှိခဲ့ရင် ခွင့်လွှတ်သည်းခံပေးကြပါရန် တောင်းပန်ပါတယ်။

ဝိုင်းအတွက်တော့ ဒီနေ့ဟာ  အမြဲတမ်း အမှတ်တရရှိနေမယ့်နေ့လေးတစ်ရက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ ၀ိုင်းဝန်းပြီး မွေးနေ့ဆုတောင်းပေးကြတာဟာ ၀ိုင်းအတွက်တော့ အတိုင်းမသိ ကြည်နူးဝမ်းသာ ပီတိ မျက်ရည်ဝဲမိပါတယ်။ အထူးသဖြင့် ဘလော့ကို ၂၀၀၉ခုနှစ် မေလ ၁၄ရက်ကနေ စတင် တည်ထောင်ခဲ့ပြီး ဗဟုသုတရဖွယ်များပို့စ်များ စတင်ရေးသားခဲ့ပါတယ်။ ၀ိုင်းရဲ့ ဘလော့ကို လာလည်ကြသူများ၊ အီးမေးလ်မှ တဆင့် ဖတ်ရှုနေကြသူများ၊ ကွန်းမန့်များ၊ စီဘောက်စ်များတွင် အမှတ်တရများ ရေးပေးသွားကြသော ဘလော့ဂါ မောင်နှမတွေ အားလုံးနဲ့ နိုင်ငံအသီးသီးမှ တခြားသော ဘလော့ဂါမောင်နှမများအားလုံး အားလုံးကို ဆက်လက်ပြီး စာပေဗဟုသုတ အသိပညာတွေ ပေးနိုင်ပြီး စာကောင်းပေမွန်တွေ ဖတ်ရှုလေ့လာ မှတ်သားခြင်းဖြင့် ပညာအလင်း ထွန်းလင်းတောက်ပကာ ဘ၀ခရီးလမ်း ဖြောင့်ဖြူးသာယာ ချောမွေ့နိုင်ကြပါစေကြောင်း အကြိမ်ကြိမ် ထပ်တလဲလဲ ဆုတောင်းပေးနေမိမှာပါ။ မွေးနေ့ဆုတောင်းများ နောက်ကျပြီးမှ ဆုတောင်းပေးကြသော်လည်း ၀ိုင်းရဲ့ ရင်ထဲမှာတော့ သူငယ်ချင်း တစ်ယောက်စီ တစ်ယောက်စီတိုင်းဟာ အမြဲတမ်း နံပါတ်(၁) နေရာမှာ ရှိနေမှာပါနော်။

ဒီပို့စ်လေးကို ရုံးကနေ မအားလပ်တဲ့ ကြားထဲက ရေးထားပါတယ် မနက်ကတည်းက ညနေ ရုံးဆင်းချိန်အထိ အားလပ်တဲ့အချိန်ကို လုပြီး ရေးသားလိုက်ရတဲ့အတွက် အမှားအယွင်းများ တစုံတရာ ပါရှိခဲ့ပါက ခွင့်လွှတ်သည်းခံပေးကြပါရန် ထပ်လောင်းပြောကြားချင်ပါသေးတယ်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ....

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်