1

မြန်မာသီချင်းများ စုစည်းရာ (၁)

မြန်မာသီချင်းတွေကို တနေရာတည်းမှာ တစုတစည်းတည်း မိမိကြိုက်နှစ်သက်ရာ သီချင်းတွေ နားဆင်နိုင်ဖို့၊ download လုပ်နိုင်ဖို့အတွက် website name လေးတွေနဲ့ စုဆောင်းပေးထားတာလေးပါ။

(၁)

http://www.myanmarmp3.net/
ဒီဆိုဒ်လေးကတော့ တော်တော်များများနားထောင်ဖြစ်ကြမှာပါ။ ကိုယ်ရှာချင်တဲ့ အဆိုတော်နာမည်တွေ၊ album နာမည်တွေ၊ သီချင်းနာမည်တွေနဲ့ ကြိုက်နှစ်သက်ရာ သီချင်းတွေကို ရှာဖွေနားဆင်နိုင်၊ download လုပ်နိုင်ပါတယ်။download လုပ်ချင်တယ်ဆိုရင်တော့ အရင်ဆုံး register name လေးတစ်ခု တည်ဆောက်ပြီးမှသာ ဒေါင်းလို့ရမယ်နော်။

(၂) Myanmar Mp3 Album

http://myanmarmp3album.com/
နောက်ဆုံးထွက် အခွေသစ်များ၊ တင်ပြီးသမျှ အခွေများ၊ဗယ်လ်တိုင်းဒေး အခွေများ၊ ၀ါသနာရှင် အခွေများ၊ တရားတော်အခွေများ(NEW) ၊International Music Video(MTV)၊Album များစွာုစည်းပေးထားပါတယ်။



(၃)
http://www.myanmarmusic.homeip.net/MyanmarVCD2.html

 သီချင်းများနားထောင်ချင်ရင်တော့ သီချင်းစာသားလေးပေါ်မှာ ကလစ်နှိပ်လိုက်ရုံပါပဲ။ download လုပ်ချင်ရင်တော့ သီချင်းစာသားပေါ် right-click> Save target as လေးကို ရွေးပြီး သိမ်းထားလိုက်ပေါ့နော်။


(၄) FlashBand.net

http://www.flashband.net/assets/music_player.php"/
ဒီဆိုဒ်လေးကတော့ နားထောင်လို့ပဲ ရမှာပါ။ မိမိကြိုက်သလောက် သီချင်းalbum တွေကို selection box မှာ select မှတ်ပြီး Play Select Album ကို ရွေးပြီး နားထောင်ရုံပဲနော်။ အဲ့ဒီထဲမှာ အကျော်ကြားဆုံးသီချင်းခွေဖြစ်တဲ့ Lay Phyu - BOB လေးလည်း ပါတယ်။

http://www.flashband.net/animations/animations.php
ဒါက မြန်မာသီချင်း အချို့ရဲ့ Flash MTV လေးတွေပါ။ ၀ိုင်းကြိုက်တဲ့
ရဲလေးရဲ့ ငါမသိဘူး သီချင်းလည်း တစ်ပုဒ်အပါအ၀င်ပေါ့။ သီချင်းတချို့တ၀က်သာ download လုပ်လို့ရမှာပါ။


(၅)


http://www.yinkhonthanfm.com/

အဆိုတော်တစ်ဦးချင်းရဲ့ Biography အကြောင်းတွေ၊ Member တွေရဲ့ ခံစားမိသော ရင်ခုန်သံ ခံစားချက်၊ ရင်ခုန်သံ အိပ်မက်လေးတွေ အကြောင်း၊ Fan Club ၊ မြန်မာသီချင်းအစုံအလင် ၊ နိုင်ငံခြားသီချင်း မျိုးစုံကို သီချင်းစာသားလေးများနဲ့ အတူဖော်ပြပေးထားတဲ့ နေရာလေးတစ်ခုပါ။



(၆)

http://www.pansagar.com

မြန်မာ အဆိုတော် များစွာရဲ့ သီချင်းများ ပါဝင်စုစည်းထားတဲ့ ဆိုဒ်လေးပါ။ Album အလိုက် သီချင်းလေးတွေ တစ်ပုဒ်ချင်း နားထောင်နိုင်တယ်။

(၇)ChitSanm-Luxury Music

http://www.chitsanm-luxurymusic.co.cc/
မြန်မာသီချင်း၊ အင်္ဂလိပ်သီချင်း (Pop, Rock, Hip Hop) များကို သီချင်းစာသားနဲ့အတူ သီချင်းများလွယ်ကူစွာ နားဆင် download လို့ရတဲ့ ဆိုဒ်လေးတစ်ခုပါ။

ဆက်ပါဦးမည်.......
သီချင်းလေးတွေ နားဆင်ခံစားကြည့်ကြပါဦးနော်။

အားလုံးကိုခင်မင်လေးစားလျက်

2

အဆုံးမဲ့ မျှော်လင့်ခြင်း အလင်းရောင်

တစ်ခါတုန်းက အခန်းလေး၁ခန်းထဲမှာ မီးထွန်းလင်းနေတဲ့ ဖယောင်းတိုင်လေး ၄တိုင်ရှိပါတယ်။ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်လွန်းလို့ သူတို့တွေရဲ့ စကားပြောသံကိုတောင်ကြားနိုင်ပါတယ်။

နံပါတ်(၁) ဖယောင်းတိုင်က စပြောပါတယ်။ ငါကတော့ ငြိမ်းချမ်းရေး ဖယောင်းတိုင်ပါ။
ဘယ်သူတွေက ဘယ်လောက်ပဲတောက်လောင်အောင်လုပ်လုပ် ငါကတော့ ငြိမ်းသွားရမှာပဲတဲ့။ အဲ့ဒီလိုနဲ့ ငြိမ်းချမ်းရေးမီးတောက်လေးဟာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မီးငြိမ်းသွားခဲ့ပါတယ်။

နံပါတ်(၂) ဖယောင်းတိုင်က ပြောပါတယ်။ ငါကတော့ ယုံကြည်ချက် ဖယောင်းတိုင်ပါ။ ကမ္ဘာပေါ်မှာ ရှိသမျှအရာအားလုံးက တာရှည်ခံ မတည်မြဲပါဘူး။ ငါကလည်းအချိန်ကာလ ကြာအောင် မတောက်လောင်နိုင်ပါဘူး။ ငါသာတောက်လောင်နိုင်ခဲ့မယ်ဆိုရင် ဒါဟာ ခဏတာပဲဖြစ်မှာပါ။ အဲ့ဒီလိုသူပြောပြီးသွားတဲ့အချိန်မှာ လေနုအေးလေးတချက်ဝှေ့လိုက်တော့ ယုံကြည်ချက် မီးတောက်ဟာလည်း ချက်ချင်းငြိမ်းသွားပါတယ်။

အဲ့ဒီလိုနဲ့ နံပါတ်(၃) ဖယောင်းတိုင်လေးကလည်း ၀မ်းနည်းစွာနဲ့ဒီလိုပြောပါတယ်။ ငါကတော့ ချစ်ခြင်း ဖယောင်းတိုင်ပါ။ ငါ့မှာဆက်ပြီးတောက်လောင်ဖို့အတွက် အင်အားတွေ အပြည့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ငါ့ကို သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိနေစေချင်ပေမယ့် ဘယ်လောက်ထိ ငါဟာ အရေးပါလဲဆိုတာကိုနားလည် သဘောပေါက်ခြင်းမရှိကြသေးဘူး။ သူတို့နဲ့ အနီးကပ်ဆုံးမှာရှိတဲ့အရာ(ဥပမာ- မိဘ၊ ဆွေမျိုး၊ မောင်နှမ၊ သူငယ်ချင်း၊ ကျန်းမာရေး၊ပျော်ရွှင်မှု) ဆိုတာတွေကို ဂရုစိုက် တန်ဖိုးထားပြီး ချစ်တတ်ကြဖို့မေ့နေတတ်ကြလို့ပဲ။ အဲ့ဒီတော့ ချစ်ခြင်းမီးတောက်ဟာလည်း သိပ်မကြာခင်အချိန်အတွင်းမှာ မီးငြိမ်းသွားပါတယ်။


ရုတ်တရက် ကလေးငယ်လေးတယောက်ဟာ အခန်းထဲကို ၀င်လာပါတယ်။ ဖယောင်းတိုင်လေး၃တိုင် မီးစာ ငြိမ်းနေတာကို မြင်လိုက်ရတော့ "ငါထင်တာ ဖယောင်းတိုင်ဆိုတာ ဖယောင်းကုန်သွားမှ မီးစာငြိမ်းသွားမယ်လို့ အခုတော့ ဘာတွေဖြစ်ကုန်ပြီး မီးငြိမ်းသွားရတာလဲ " ။ ပြောရင်းနဲ့ ကလေးငယ်လေးက ငိုပါတော့တယ်။

အဲ့ဒီမှာ နောက်ဆုံး နံပါတ်(၄) ဖယောင်းတိုင်လေးကတော့ တောက်လောင်နေတုန်းပါပဲ။ သူက ကလေးငယ်ကို ပြောပါတယ်။ " ဘာမှ မစိုးရိမ်ပါနဲ့။ ငါလောင်ကျွမ်းနေသရွေ့တော့ တခြားဖယောင်းတိုင်တွေကို အလင်းရောင်ပြန်ပေးနိုင်ပါတယ်လေ။ ငါကတော့မျှော်လင့်ခြင်း ဖယောင်းတိုင်ပါတဲ့။ "ကလေးလေးဟာ တောက်ပတဲ့ မျက်လုံးတွေနဲ့ မျှော်လင့်ခြင်း ဖယောင်းတိုင်လေးယူပြီး တခြား ဖယောင်းတိုင်၃တိုင်ကိုလိုက်ထွန်းလိုက်ပါတော့တယ်။

ဒီပုံပြင်လေးကို ဖတ်ပြီး ဘ၀မှာ မျှော်လင့်ခြင်းဆိုတာရှိနေသရွေ့ ယုံကြည်ချက်တွေ၊ ငြိမ်းချမ်းခြင်းတွေ၊ ချစ်ခြင်းတွေဟာလည်း ထပ်တူဆက်လက် တည်ရှိနေမှာပါ။ ဘယ်တော့မှ အဆုံးသတ် မသွားတဲ့ မျှော်လင့်ခြင်းတွေသာ ပိုင်ဆိုင်ထားကြမယ်ဆိုရင် အရာအားလုံးဟာ ကိုယ်နဲ့ အနီးအနားမှာ ရှိနေမှာပဲလေ။ သူငယ်ချင်းတို့ ဘ၀တွေမှာ မျှော်လင့်ခြင်းတွေ ထာဝရပိုင်ဆိုင်နိုင်ကြပါစေ.....

ဘာသာပြန်ဆိုရေးသားသည်။

ခင်မင်လေးစားလျက်

4

A friend is ......




သူငယ်ချင်းဆိုတာ.....

သင်ရပ်တန့်နေချိန်မှာ ........ တွန်းအားပေးသူ

သင်ရှာဖွေနေချိန်မှာ......... လမ်းညွှန်ပေးသူ

သင်ပျော်ရွှင်နေချိန်မှာ........ တေးဆိုပေးသူ

သင်အဖော်မဲ့နေချိန်မှာ......... အားပေးစကားပြောဆိုသူ

သင်ဝမ်းနည်းနေချိန်မှာ......... အပြုံးခွန်အားပေးသူ ။ ။



A friend is :

A push - when you are stopped

A guide - when you are searching

A song - when you are glad

A word - when you are lonely

A smile - when you are sad......

အားလုံးကို ခင်မင်လေးစားလျက်

2

ဝိုင်းရဲ့ အိမ်သစ်လေးပါ

ဝိုင်းရဲ့အိမ်သစ်လေးမှ ကြိုဆိုပါတယ်
လာရောက်လည်ပတ်သူများအား အထူးပင်ကျေးဇူးတင်ရှိပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်